Ch-18:သံသယရှိသူ။
"အချိန်တော်တော်ကြာပေမယ့် မနေ့တနေ့ကအတိုင်းပဲခံစားရတယ်” ဖန်ကျင်း၏မျက်နှာသည် ညိုမှိုင်းနေပြီး သူ၏သွယ်လျပြီး နက်နဲသောမျက်လုံးများကို မီးခိုးရောင်အလွှာဖြင့် ဆိုးထား၏။
“အဲဒီတုန်းက မင်းအစ်ကိုကြီးက မင်းကို ကယ်ခဲ့တယ်။ သူသေမှာကို သေချာပေါက် မင်းကိုမမြင်စေချင်ဘူး”လင်းကျားက ဖန်ကျား၏ပခုံးကို ညင်သာစွာပုတ်ပေးလိုက်သည်။
“ငါအဆင်ပြေတယ်” ဖန်ကျင်းက စိတ်လျော့ဟန်ဆောင်၍ ပြောလိုက်သည်။ “အခုအဆင်ပြေတယ်မဟုတ်ဘူးလား? ငါ City A ကိုပြောင်းလာရင် ငါ့အမေက ငါ့ကို မတွေ့ရတော့ စိတ်ဆိုးမှာ မဟုတ်ဘူး။”
လင်းကျားသည် ဖန်ကျင်းကိုကြည့်ရင်း နှလုံးသားထဲနာကျင်သွားလေသည်။ “အန်တီက မင်းအပေါ် အပြစ်တင်နေသေးတာလား?”
“လုံးဝအပြစ်မတင်ဘူး၊ငါ့အစ်ကိုကြီး ဆုံးပါးသွားတဲ့ အဖြစ်မှန်ကို ရှောင်နေတာလည်း ဖြစ်နိုင်တယ်။" ဖန်ကျင်းက သက်ပြင်းချသည်။ “သူမ ငါ့ကိုမတွေ့ရင် ငါ့အစ်ကိုကြီးသေတာကို သတိမရတော့ဘူး။ မဆုံတာပိုကောင်းပါတယ်ကွာ”
“အကူအညီလိုရင် ငါ့ကိုဆက်သွယ်၊ငါက City A အကြောင်းကောင်းကောင်းသိတယ်၊ငါကူညီနိုင်လောက်တယ်” လင်းကျားက ဖန်ကျင်း ဤအမှုကို ဖြေရှင်းဖို့ ဆုံးဖြတ်ထားသည်ကို မတားနိုင်မှန်းသိသောကြောင့် အကောင်းဆုံးကူညီပေးမည်ဖြစ်သည်။
“ကျေးဇူး၊ညီအစ်ကို၊မင်းအတွက် ယင်ထောင်ကို ကြည့်ပေးမယ်” ဖန်ကျင်းက ပြုံး၏။လင်းကျားက ဒီနှစ်ပိုင်းအတွင်း မိန်းကလေးအကြောင်းစဉ်းစားသည်ကိုမမြင်ဖူးပါပေ။ထို့ကြောင့် သေချာစေဖို့ သူ ကူညီပေးရမည်။
“အိုကေ၊မင်းအမှုကို စောင့်ကြည့်ဖို့ ငါကူညီပေးမယ်၊မင်းက ငါရည်းစားရအောင် ကူညီပေးပေါ့၊ငါတို့ ညီအစ်ကိုတွေ အတူတူ အနိုင်ရလိမ့်မယ်။" လင်းကျားက ပြုံး၍ပြောတယ်။ “သွားကြရအောင်။ ငါတို့ရဲ့အောင်မြင်မှုကို ကြိုပြီး ဂုဏ်ပြုဖို့ မင်းကို ထမင်းကျွေးမယ်။"
လင်းကျားနှင့်ဖန်ကျင်း၏ အနက်ရောင်ဂျစ်ကားသည် ညဘက်တွင်ပျောက်ကွယ်သွားလေ၏။ယင်ထောင်နှင့် ကျန်တဲ့သူတွေလည်း ရဲစခန်းကို ပြန်လာခဲ့ကြတယ်။
“ရှကျင်း၊မင်း ကုန်တိုက်ကနေ ကူးယူထားတဲ့ စောင့်ကြည့်ဗီဒီယိုမိတ္တူကို အစ်မဆီပို့ပေးပါ" ယင်ထောင်က အိပ်ဆောင်သို့မပြန်ခင် ရှကျင်းအားပြောခဲ့သည်။
“အိုကေ၊အစ်မရှောင်ထောင် လည်း စောစောအနားယူသင့်တယ်" ရှကျင်းသည် ပိုင်လော်နဲ့ယင်ထောင်ကို နှုတ်ဆက်ပြီးနောက် အိပ်ဆောင်သို့ ပြန်လာခဲ့သည်။
“ရှောင်ထောင်၊ စောင့်ကြည့်ဗီဒီယိုမှာ ပြသာနာရှိနေလို့များလား?အိပ်ဆောင်သို့ပြန်ရောက်သည်နှင့် ယင်ထောင်က သူမ၏ကွန်ပြူတာကို အမြန်ဖွင့်ထားသည်ကို မြင်သောအခါ ပိုင်လော်က အံ့အားတကြီးမေးသည်။
“အဲဒီအချိန်က ကြည့်တဲ့သူကို စစ်ဆေးကြည့်ချင်လို့” ရှကျင်းပေးပို့လိုက်သော ဗီဒီယိုကိုကြည့်ရင်း ယင်ထောင်ပြောလိုက်တယ်။
"တွေ့ပြီ!" ယင်ထောင် ၏ အသံမှာ အနည်းငယ် တုန်လှုပ်နေ၏။ပိုင်လော်လည်း လှည့်ကြည့်သည်။
"ဒီလူ?" ပိုင်လော်က ယင်ထောင် ချဲ့ထားတဲ့ပုံကို ကြည့်လိုက်တယ်။အနက်ရောင် မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်၏။
"ဒီနေ့ အသားကင်ဆိုင် အဝင်ဝမှာ တွေ့ခဲ့တဲ့လူမလား?” ပိုင်လော်က အဝါရောင် အင်္ကျီဝတ်ထားသည့် အမျိုးသားကို ပြန်သတိရပြီး အနည်းငယ် အံ့သြသွားသည်။
"မှန်တယ်။ ဒီနေ့ သူ့ကိုတွေ့တော့ နည်းနည်းရင်းနှီးနေသလို ခံစားရတယ်။” ယင်ထောင်က ဗီဒီယိုကို စခရင်ရှော့ရိုက်ယူ၍ ထိုလူကို မှတ်ထားလိုက်သည်။
"ဒါပေမယ့် ဒါက သက်သေပြနိုင်လို့လား?သူက စိတ်အားထက်သန်ပြီး အရာရာတိုင်းမှာ အမြဲပါဝင်နေတာဆိုရင်ကော?” ပိုင်လော် သည် ထိုလူအပေါ် အထင်မြင်ကောင်းရှိပြီး သူ့မှာ အမှားအယွင်းရှိမည်ဟု မထင်ထားပါ။
“တကယ်တော့ သက်သေမရှိဘူး” ယင်ထောင်က ခဏလောက်စဉ်းစား၍ ပိုင်လော်ကိုလှည့်ကြည့်သည်။ “ဒါပေမဲ့ ဒီနေ့လျို့ဝှက်ဓာတ်ပုံရိုက်တဲ့သူကို ဖမ်းမိတုန်းက သက်သေထွက်ဆိုခဲ့တဲ့သူက နည်းနည်းတော့ ထူးဆန်းတယ်။”
“သူ နည်းနည်း တုန်လှုပ်သွားတယ်လို့ ငါခံစားရတယ်..”ယင်ထောင်က ထိုယောက်ျား၏ အမူအရာကို တွေးရင်း ပြောတယ်။“အဲဒီမိန်းမပျိုနှစ်ယောက်ကို လုံးဝမသိပေမယ့် လျို့ဝှက်ဓာတ်ပုံရိုက်သူကို အရမ်းမုန်းနေတယ်လို့ခံစားရတယ်၊ဓာတ်ပုံရိုက်သူကို အသက်ရှင်ဖို့မတန်ဘူးလို့ သူကပြောခဲ့တယ်၊သူ့ရဲ့ တုံ့ပြန်မှုက အနည်းငယ် ပြင်းထန်လွန်းတယ်လို့ ငါထင်တယ်”
“မကောင်းမှုကို ရွံရှာတဲ့သူနေမယ်၊ တချို့လူတွေက တရားမျှတမှု အားကောင်းတယ်။” ပိုင်လော် ထိုသူက တစ်စုံတစ်ရာ အမှားအယွင်းရှိသူဟု မထင်ထားပါ။ ထိုအချိန်တုန်းက သူမ လျို့ဝှက်ဓာတ်ပုံရိုက်သူကို အထင်သေးခဲ့တယ်။
“ဖြစ်နိုင်တယ်၊ဒါပေမဲ့ ရဲတွေလာနေတယ် ဆိုတာကြားတော့ သူကြည့်ရတာ နည်းနည်းထိတ်လန့်သွားပုံပဲ” ယင်ထောင်က တစ်ခုခုမူမမှန်ဘူးဟု ခံစားမိဆဲဖြစ်သည်။
"တကယ်လား?သူက ရဲစခန်းမှာ အချိန်အများကြီး ဖြုန်းမိမှာကို စိုးရိမ်နေလို့များလား? ပိုင်လော် သည် သက်သေခံရန် ဆန္ဒမရှိသော သက်သေများစွာကို တွေ့ဖူးသည်။လူတော်တော်များများဟာ သူစိမ်းတွေအတွက် သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို စတေးမည်မဟုတ်ပေ။
“ငါ အဲယောကျာ်းအပေါ် အထင်အမြင်ကောင်း မရှိရုံပါ” ယင်ထောင် အနည်းငယ်မောပန်းလာပြီး နာကျင်နေသော မျက်လုံးများကို ပွတ်သပ်လိုက်သည်။ “ငါ အတွေးလွန်နေတာ ဖြစ်နိုင်တယ်။ဒါပေမဲ့ မနက်ဖြန် နင် အဲယောကျာ်းရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်ကို စစ်ဆေးဖို့ ကူညီပေး၊ပြောရရင် ငါတို့မှာ ဒီအမှုအတွက် ဘာတစ်ခုမှမရှိသေးဘူး၊သဲလွန်စတွေကို လက်လွှတ်မခံဖို့ကြိုးစားရမယ်”
“ဟုတ်ပြီ၊မနက်ဖြန် နင့်တွေ့ရှိမှုကို ငါ့ဆရာကိုပြောလိုက်မယ်၊အခု ငါတို့တပ်ခွဲ ၂ တစ်ခုလုံး ဒီကိစ္စကြောင့် ဒုက္ခရောက်နေတာ။ သဲလွန်စတွေကိုတကယ်လက်မလွှတ်နိုင်ဘူး။” ပိုင်လော်ကလည်း ယင်ထောင် ရဲ့ ထင်မြင်ချက်ကို သဘောတူတယ်။တခါတရံမှာ ပင်ကိုယ်စိတ်မပါဘဲ ဖြေရှင်းလို့မရတာတွေရှိသည်။
နောက်နေ့မနက်တွင် ပိုင်လော်နဲ့ယင်ထောင်တို့ ရဲစခန်းကို အတူတူသွားကြတယ်။ပိုင်လော် က အချက်အလက်ကို စစ်ဆေးရန် မှတ်တမ်းခန်းသို့သွားကာ ယင်ထောင်က ခေါင်းဆောင်ချန်းကို ရှာဖို့ အစည်းအဝေးခန်းသို့ တစ်ယောက်တည်းသွားခဲ့သည်။
“ဒေါက်တာယင်၊ရှာဖွေတွေ့ရှိမှုအသစ်တွေရှိလို့လား?ဘာလို့ ရဲစခန်းကိုအစောကြီးရောက်နေတာလဲ?” ခေါင်းဆောင်ချန်း သည် အစည်းအဝေးခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေသည်။ လူသတ်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များ စားပွဲဝိုင်းတွင် ပြန့်ကျဲလျက်ရှိ၏။သူကြည့်ရတာ သိပ်ကြည့်မကောင်းပေ။သူ့မေးစေ့တွင် အစိမ်းရောင် အမှိုက်စတစ်စရှိနေ၏။သူ့တွင် နောက်ထပ်အိပ်မပျော်ညများရှိခဲ့ပုံပင်။