no

Font
Theme

Ch-20: အမြင့်မှပြုတ်ကျခြင်း။

မင်းဆိုလိုတာက မျက်မှန်တပ်ထားတဲ့လူက လူသတ်သမားရဲ့ ကိုယ့်ကိုယ်ကို ဖြောင့်မတ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ စရိုက်တွေနဲ့ ကိုက်ညီနေတယ်ပေါ့။” ခေါင်းဆောင်ချန်း၏အမူအရာမှာ ပို၍ လေးနက်လာသည်။

“ဒါတင်မကဘူး။” ယင်ထောင်က ခဏလောက်စဉ်းစားပြီး ဆက်ပြောတယ်။ "သူက လူသတ်သမားရဲ့ ရုပ်သွင်ပြင်နဲ့ ကိုက်ညီတယ်။ သူက အရပ်ရှည်ပြီး အရမ်းစမတ်ကျတယ်။ဒါ့အပြင် သူ့နေ့စဉ်ဘဝက မြို့သစ်ခရိုင်အနီးမှာ လည်ပတ်နေတာ၊တတိယသားကောင်ကျန့်ဝေ အသက်ရှင်စဉ်အချိန်တုန်းက သူ ရှိနေခဲ့တယ်”

ယင်ထောင် ခဏလောက်စဉ်းစားပြီး အမှုသုံးခုရဲ့ အစီရင်ခံစာတွေကို ကောက်ယူလိုက်တယ်။ “လူသတ်သမားက အရမ်းထက်မြက်ပြီး စေ့စပ်သေချာတယ်။ဒါ အဲဒီလူက ကျွန်မကို ပေးခဲ့တဲ့ ခံစားချက်ပဲ၊ သူ ရဲတွေအပေါ် မုန်းတီးမှု တစ်ခုခု ရှိနေတာကို ကျွန်မတွေ့ခဲ့တယ်။သူက လူသတ်သမားမဟုတ်ရင်တောင် သူရဲ့ စရိုက်လက္ခဏာအချို့က သေချာပေါက် လူသတ်သမားနဲ့ကိုက်ညီနေတယ်။ နောက်ထပ် အလားတူ သံသယရှိသူတွေကို ကျွန်မတို့ စစ်ဆေးနိုင်တယ်။”

ခေါင်းဆောင်ချန်း၏စိတ်ဝင်စားမှုက လုံးဝမပျောက်သွားပေ။ “အိုကေ၊ငါ ဂရုတစိုက်စုံစမ်းလိုက်မယ်၊အခုအမှုက သဲလွန်စအတော်နည်းတယ်၊သံသယရှိသူကို လက်လွတ်မခံဘဲ သတိနဲ့သေချာလုပ်ရမယ်”

“ကျွန်မ ပိုင်လော်ကို အဲဒီလူရဲ့ အလုပ်အကိုင်နဲ့ နောက်ထပ် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စစ်ဆေးဖို့ တောင်းဆိုပြီးပြီ။ သူရဲ့အခြားရှုထောင့်တွေကလည်း လူသတ်သမားနဲ့ပတ်သက်တဲ့ ကျွန်မတို့ရဲ့ ခန့်မှန်းချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ သူ့ရဲ့လုပ်ရပ်တွေကို ပိုပြီးအာရုံစိုက်သင့်တယ်” ယင်ထောင်၏စကားမဆုံးခင် ပိုင်လော် ပြေးဝင်လာသည်ကို မြင်လိုက်တယ္။

"တွေ့ပြီ!" ပိုင်လော်က ခေါင်းဆောင်ချန်းနှင့်ယင်ထောင် ရှေ့တွင် ပုံနှိပ်စာရွက်တစ်အုပ်ကို ချထားလိုက်သည်။ ထို့နောက် သူမ က အသက်ရူသွင်းရင်း ပြောပြတယ်။ “အဲလူနာမည်က ကျန်းကျင်း၊အသက် ၃၅နှစ်၊ ဗဟိုဆေးရုံမှာ ခွဲစိတ်ဆရာဝန်ပါ။"

ပိုင်လော် ၏စကားကိုကြားတော့ ယင်ထောင်နှင့်ခေါင်းဆောင်ချန်းတို့ အနည်းငယ် ထိတ်လန့်သွားကြ၏။

“ကိုက်ညီတယ်” ခေါင်းဆောင်ချန်းက ထိုလူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ဂရုတစိုက်လှန်ကြည့်သည်။ “သူက လူ့ခန္ဓာဗေဒကို နားလည်တယ်၊ ပညာတတ်ပြီး လိမ္မာပါးနပ်တဲ့ ပြစ်မှုတွေကို လုံးဝကျူးလွန်နိုင်စွမ်းရှိတယ်။”

ယင်ထောင် လည်း အနည်းငယ် အံ့သြသွား၏။ ထိုလူက အမှန်တကယ်ကို ခွဲစိတ်ဆရာဝန်တစ်ဦးဟု သူမ ထင်ခဲ့တယ်။ ကျန်းဝေ၏ ခန္ဓာကိုယ်ပေါ်ရှိ ဓားဒဏ်ရာကို တွေးရင်း၊ ယင်းက သူမ၏ ယခင် ခန့်မှန်းချက်ကို ပိုအတည်ပြုနိုင်ခဲ့တယ်။

"ကောင်းပြီ၊ပိုင်လော် စုံစမ်းရေးအဖွဲ့ကို ကျန်းကျင်းရဲ့လှုပ်ရှားမှုကို စုံစမ်းဖို့ပြောလိုက်ပါ” ခေါင်းဆောင်ချန်းက ပိုင်လော် ဘက်သို့လှည့်၍ ညွန်ကြားသည်။ “ရန်သူကို သတိမထားစေနဲ့။မင်းနဲ့ရှကျင်း ရိုးရိုးအဝတ်အစားဝတ်ပြီး ဗဟိုဆေးရုံကိုသွားပြီးတော့ ကျန်းကျင်းရဲ့ဘဝနဲ့လှုပ်ရှားမှုတွေကို တိတ်တဆိတ်စောင့်ကြည့်ပါ”

“ဟုတ်ကဲ့၊ဆရာ” ပိုင်လော် အမိန့်ကို လက်ခံရရှိပြီး အစည်းအဝေးခန်းမှ ထွက်သွားတယ်။

“ဒေါက်တာယင်၊တကယ်လို့ ကျန်းကျင်သာ လူသတ်သမားဆိုရင် မင်း ကောင်းမွန်တဲ့ဝန်ဆောင်မှုကိုလုပ်ပေးခဲ့တာပဲ” ခေါင်းဆောင်ချန်းက ယင်ထောင်ကို သိသိသာသာ လေးလေးနက်နက် ကျေးဇူးတင်စွာဖြင့် ကြည့်နေလေသည်။

"ကျွန်မက ရိုင်းစိုင်းတဲ့ မှန်းဆချက်တစ်ခု လုပ်ခဲ့တာပါ။" ယင်ထောင် ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။ "ကံကောင်းထောက်မစွာနဲ့ ကျွန်မတကယ်ကူညီ နိုင်ခဲ့ရင် ကောင်းတာပေါ့”

“ဒေါက်တာစုနဲ့ ဒေါက်တာကျောင်းက မင်းကို အရည်အချင်းရှိပြီး ယုံကြည်စိတ်ချရတဲ့အတွက် အမြဲချီးမွမ်းနေတာ အံ့သြစရာမရှိတော့ဘူး၊မင်းက အသက်ငယ်ပေမဲ့ အလွန်နှိမ့်ချတက်ပြီး အောင်မြင်မှုကိုရယူဖို့ ချီတုံချတုံဖြစ်နေတာပဲ၊ဘယ်လောက်ရှားလိုက်သလဲ !"

ခေါင်းဆောင်ချန်း၏ချီးကျူးမှုကြောင့် ယင်ထောင် နည်းနည်းရှက်သွား၏။ အစည်းအဝေးခန်းမှ ထွက်လာသောအခါ ယင်ထောင် ပိုင်လော်ကို ရှာ၍ ဗဟိုဆေးရုံသို့ သွားတော့မည့်အချိန် စုမင်ဆီမှ ဖုန်းခေါ်ဆိုမှုလက်ခံရရှိခဲ့တယ်။

“ယင်ထောင်၊၆၃လမ်းမှာ အမျိုးသားအလောင်းကို တွေ့လို့။ ငါ အခု အခင်းဖြစ်နေရာမှာ ရှိနေတယ်။"စုမင်၏ အသံသည် အလွန်လေးနက်၏။ ယင်ထောင်သည် ၆၃လမ်းဆီသို့ တက္ကစီဖြင့် ကမန်းကတန်းထွက်လာခဲ့တယ်။

စုမင်က အသေးအဖွဲကိစ္စများကို အလုပ်သင်မှုခင်းဆရာဝန်တစ်ဦးဖြစ်သော ယင်ထောင်ထံသို့ မလွှဲပြောင်းပေးပေ။ အဲဒီ့အစား လူသတ်မှုကိစ္စဖြစ်တိုင်း သူမကို ဖုန်းဆက်တယ်။ယင်ထောင်က သူမ၏ဆရာ သူမအပေါ် ပိုပိုပြီး ယုံကြည်လာတယ်လို့ ခံစားရတယ်။

၆၃လမ်းသည် မြို့လယ်မှာရှိတာကြောင့် ယင်ထောင် အခင်းဖြစ်ပွားရာနေရာကို မရောက်ခင် ကြည့်ရှုသူအများအပြားကို တွေ့ခဲ့တယ်။

“ဆိုးလိုက်တာ အဆောက်အဦးပေါ်ကနေ ခုန်ချသွားတယ်ထင်တယ်...”

"ငါ့ကို ထိလုနီးပါးပဲ ကြောက်စရာကောင်းတယ်။"

“သူ့အသက်က ၂၀လောက်ပဲရှိမယ်ထင်တယ်။ သနားစရာပဲ…"

ယင်ထောင် သည် လူတွေရဲ့ ဆွေးနွေးမှုတွေကို ကြားပြီး ဒါဟာ မတော်တဆမှုတစ်ခုလို့ အကြမ်းဖျင်း နားလည်ခဲ့တယ်။ သို့သော်လည်း အလောင်းကို မတွေ့မချင်း မတော်တဆမှုလား၊ လူသတ်မှုလားဆိုတာ သူမ သေချာမသိနိုင်ပေ။

ရဲတွေ ကြိုးတားထားသည်ကိုမြင်သောအခါ ယင်ထောင်က ရှေ့ကို တိုးလာပြီး သူ့ကိုယ်သူ ဖော်ထုတ်လိုက်တယ်။

“ကျွန်မက ဒေါက်တာ စုမင်ရဲ့ကျောင်းသားပါ၊ကျွန်မရဲ့ဆရာ မှတ်တမ်းတင်ဖို့ အခင်းဖြစ်ပွားရာနေရာကို လာခိုင်းထားပါတယ်” အခြေအနေကို ရှင်းပြပြီးနောက် ယင်ထောင် သည် မှုခင်းဖြစ်ပွားရာနေရာကို အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။

"ဆရာ!"

ဓာတ်ပုံရိုက်နေသော စုမင် က ယင်ထောင်ကိုမြင်သောအခါ ကင်မရာကို သူမထံ အပ်တယ်။

"လာကြည့်"စုမင် သည် ယင်ထောင်ကို အလောင်းလာစစ်ဆေးဖို့ လက်ယက်ခေါ်သည်။

စုမင်က ယင်ထောင်ကို စမ်းသပ်စစ်ဆေးနေကြောင်း ယင်ထောင်သိပြီး အလောင်းကို လေးလေးနက်နက် စတင်စစ်ဆေး၏။

အဆောက်အအုံတစ်ခုမှ ခုန်ချသေဆုံးခြင်းသည် များသောအားဖြင့် ခန္ဓာကိုယ်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေ၏။ သေဆုံးသူမှာ အသက်နှစ်ဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်သည်။ သူ့နောက်ကျောနှင့်အောက်သို့ကျသောကြောင့် သူ့နောက်ကျောက လုံးဝကွဲသွားခဲ့တယ်။ မီးခိုးရောင်ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ သွေးများရောနှောက်လျက် ဦးနှောက်အမှုန်အမွှားများ စီးကျလာသည်။ ကြေကွဲဖွယ်မြင်ကွင်းဖြစ်နေခဲ့သည်။

လူအများစုသည် အဆောက်အဦးတစ်ခုမှ မခုန်မချမီ ခြေထောက်နှစ်ဖက်ကို စုထားကာ ယေဘုယျအားဖြင့် ၎င်းတို့၏ကိုယ်ခန္ဓာသည် မြေနှင့်ထိတွေ့သည့်အခါ မတ်တတ်နေကာ ကြွက်သားများ အလွန်တင်းမာနေတတ်သည်။

သို့သော် ဤခန္ဓာကိုယ်သည် အလွန်သာယာသော အခြေအနေတွင် ရှိနေသည်မှာ ထင်ရှားသည်။ သေဆုံးသူသည် သေရန် စိတ်ပိုင်းဖြတ်ထားပြီး အလွန်ပြင်းထန်သော စိတ်ဆန္ဒမရှိပါက၊ ထိုကဲ့သို့ တည်တည်ငြိမ်ငြိမ် အခြေအနေကို ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment