Ch-14 : စီစီတီဗွီ
“ကျန်းဝေက ကျွန်မတို့ဝန်ထမ်းဆိုပေမဲ့ ကျွန်မတို့နဲ့သိပ်မရင်းနှီးဘူး” ယင်ထောင်၏အမေးကို ကြားတော့ မန်နေဂျာ၏ မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။
"မင်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဘာမှ ဖုံးကွယ်ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။" ပိုင်လော်က မန်နေဂျာ၏ မူမမှန်မှုနှင့်အနည်းငယ် မာကျောသော လေသံကိုလည်း သတိပြုမိသည်။
“ဒါက ယုတ်မာတဲ့ကိစ္စပါ။ ရဲတပ်ဖွဲ့ကလည်း ဒီအမှုကို အမြန်ဆုံး နှိမ်နင်းဖို့ သဲလွန်စတချို့ ပေးစွမ်းနိုင်ဖို့ မင်း အစွမ်းကုန် ကြိုးစားဖို့ မျှော်လင့်ပါတယ်။” ယင်ထောင်က ပိုင်လော်နဲ့ရှကျင်းတို့ထက် စကားပြောရလွယ်မှန်း သိသာသည်။
ဆိုင်မန်နေဂျာက ယင်ထောင် အား မပြောခင် တခဏတုန့်ဆိုင်းနေလေသည်။
“အိုကေ၊ဒီမှာဖောက်သည်တွေအများကြီးရှိတယ်။ကျွန်မနဲ့အတူ ဧည့်ခန်းကို လိုက်ခဲ့ပေးပါ။"
သူတို့ ဝန်ထမ်းဧည့်ခန်းထဲ လိုက်သွားပြီး မန်နေဂျာက တံခါးကို ပိတ်လိုက်တယ်။ မန်နေဂျာက သူတို့ကို ယဉ်ကျေးစွာ ရေဖြင့် ဧည့်ခံသည်။
“ကျန့်ဝေ သေသွားပြီမို့ ကျွန်မ တကယ်မပြောသင့်ပေမဲ့ ရဲတွေက လူသတ်သမားကို အမြန်ဆုံး ဖမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်" မန်နေဂျာက ယင်ထောင်နှင့်တခြားသူတွေ တဖက်တွင် ထိုင်နေသည်။သူက သက်ပြင်းချ၍ ဖြေးဖြေးချင်းပြောလာသည်။ “ကျန့်ဝေရဲ့စရိုက်က အရမ်းဆိုးတယ်၊တကယ်တော့ သူမက ဝန်ဆောင်မှုလုပ်ငန်းအတွက် လုံးဝမသင့်တော်ဘူး”
ယင်ထောင်နဲ့အခြားသူများ ဒါကိုကြားတော့ မအံ့ဩမိပါ။သူမ သေဆုံးပြီး တစ်လကျော်ကြာအောင် မည်သူမျှ သူမကို ရှာဖွေမတွေ့ရှိခြင်းသည် သေဆုံးသူတွင် သူငယ်ချင်းများစွာမရှိကြောင်း သက်သေပြရန် လုံလောက်သည်။
"ကျန့်ဝေက သိပ်ကိုကျိုးကြောင်းမသင့်သလို အလုပ်မှာ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးတဲ့အခါ ဒေါသကြီးတယ်။ သူမ အသက်ရှင်နေစဥ်အချိန်က တိုင်ကြားချက်များစွာကို လက်ခံရရှိခဲ့တယ်။” မန်နေဂျာက နည်းနည်းစိတ်ရူပ်နေ၏။သူမ သေဆုံးသွားပြီဖြစ်သည့်လူတစ်ယောက် အကြောင်း အများကြီးမပြောချင်တာ ထင်ရှားသည်။
"သူမကို ကုန်တိုက်ကနေ ထုတ်ပယ်ခဲ့တယ်လို့ ကြားတယ်" ယင်ထောင်က မန်နေဂျာကို ဆက်ပြောဖို့အချက်ပြသည်။
“အင်း၊သူမမိသားစုနောက်ခံက သိပ်မကောင်းသလို၊မိသားစုနဲ့လည်း သိပ်အဆက်အသွယ်မရှိဘူး၊သူ့ဘာသာသူ နေရဖို့က မလွယ်ဘူးလို့ အရင်က ခံစားခဲ့ရတယ်၊ အဲဒါကြောင့် တိုင်ကြားချက်တချို့ရခဲ့ပေမယ့် သူမကို အလုပ်မထုတ်ခဲ့ဘူး။” မန်နေဂျာက အလွန်လေးလံသောလေသံဖြင့် ပြောပြီး သူမက ကြင်နာတတ်သူဖြစ်ကြောင်း ထင်ရှားသည်။
“ဒါပေမယ့် သူမသေဆုံးခင် တစ်ပတ်အလိုမှာ..ဟူး…သူမက တကယ်ကိုကုန်တိုက်ကနေ အလုပ်ထုတ်ခံခဲ့ရတယ်”
"သူမ ဘာလုပ်လိုက်လို့လဲ?” ပိုင်လော်က မေးသည်။
“ဖောက်သည်က ရိုးရိုးရှင်းရှင်းဝတ်စားထားတဲ့အပေါ် ရိုင်းပြတယ်လေ၊ဖောက်သည်က သူမနဲ့ငြင်းခုန်တဲ့အချိန် သူမကတကယ်ကို ဖောက်သည်ကို တွန်းခဲ့တယ်”
မန်နေဂျာ၏ မျက်ခုံးမွှေးများ မျက်မှောင်ကြုံ့နေလျက် သူမ၏ မျက်နှာသည် ကြည်ကြည်လေးနက်နေသည်။ ရှင်းပါတယ်၊ ဝန်ဆောင်မှုလုပ်ငန်းမှာ ဒီလိုမျိုး ဖြစ်ပျက်သည်မှာ မမှန်ကန်ပါ။
“ဖောက်သည်ရဲ့ပုံစံက?” ရှကျင်းက အတိုချုံးမှတ်စုယူရင်း မေးလိုက်တယ်။
“အရမ်းနှိမ့်ချစွာ ၀တ်ဆင်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးပါ။ ကျန့်ဝေက အနည်းငယ်မိုက်မဲပြီး ထိုကဲ့သို့ဖောက်သည်တွေအပေါ်ကို ဝန်ဆောင်မှုပေးဖို့ အမြဲအထင်သေးတာ၊ဒါပေမဲ့ အဲအချိန်တုန်းက ဆိုင်ထဲက တခြားဝန်ထမ်းတွေမှာ ဝန်ဆောင်မှုပေးရန်လိုအပ်သော ဖောက်သည်များရှိနေတာကြောင့် ထိုအမျိုးသမီးက အဝတ်အစားများနှင့်ပတ်သက်၍ ကျန့်ဝေကို မေးခွန်းအချို့မေးခဲ့ပေမဲ့ ကျန့်ဝေက ရိုင်းရိုင်းစိုင်းစိုင်းငြင်းပယ်ခဲ့တယ်လေ”
“ဒီလို ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းကို အလုပ်ထုတ်သင့်တယ်။” ပိုင်လော်က စတိုးဆိုင်မန်နေဂျာကိုမေးသည်။ "ကျန့်ဝေကို အလုပ်ထုတ်ပြီးနောက် သူမ ရှင်နဲ့စကားများခဲ့လား?”
“မများခဲ့ဘူး၊ကျွန်မတို့ ဘယ်တုန်းကမှမရင်းနှီးခဲ့ဘူး၊ဒါပေမဲ့ မဆိုးဝါးခဲ့ပါဘူး၊ဒါက ကုန်တိုက်ရဲ့ဆုံးဖြတ်ချက်ပါ၊သူမ ဒေါသတကြီးနဲ့လျှောက်လုပ်ရင်တောင် အသုံးမဝင်ဘူး” မန်နေဂျာက သက်ပြင်းချ၍ ပြောလာလေသည်။ “ကျန့်ဝေရဲ့ပင်ကိုယ်စရိုက်က သိပ်မကောင်းပေမယ့် သူမလည်း သနားစရာကောင်းသူတစ်ယောက်ပါ။သူမက A City မှာအလုပ်လုပ်ဖို့ ရောက်လာတဲ့တခြားနယ်ကလူလေ၊သူမဆီမှာ သူငယ်ချင်းအများကြီးမရှိဘူး”
“အိုကေ၊ရှင်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်။" ပိုင်လော်က မတ်တပ်ထရပ်ပြီး ယင်ထောင်ကို တချက်ကြည့်၍ စတိုးဆိုင်မန်နေဂျာဆီကြည့်သည်။ "ကျေးဇူးပြုပြီး စောင့်ကြည့်ခန်းဆီ ခေါ်သွားပါ။ကျန်းဝေ ဖောက်သည်နဲ့စကားများတဲ့နေ့တုန်းက စောင့်ကြည့်ရေးကင်မရာကို စစ်ဆေးဖို့လိုပါတယ်”
မန်နေဂျာ၏ ဦးဆောင်မှုအောက်တွင်၊ ယင်ထောင်နှင့် အခြားသူများသည် ကုန်တိုက်၏ စောင့်ကြည့်ရေးဗီဒီယိုကို လျင်မြန်စွာ သုံးသပ်ခဲ့ကြသည်။
“ဒါက အဲဒီနေ့ကစောင့်ကြည့်နေတဲ့ ဗီဒီယိုပါ။ကျွန်မတို့ ကုန်တိုက်ကစောင့်ကြည့်ရေးဌာနက အလွန်ပြည့်စုံပါတယ်၊စောင့်ကြည့်ကင်မရာတွေရဲ့ကွယ်ရာ မရှိပါဘူး၊” မန်နေဂျာသည် ယင်ထောင် နှင့် အခြားသူများကို စောင့်ကြည့်ဖို့ အရှင်းလင်းဆုံး ထောင့်နေရာရှိ ကရိုက်ကူးထားသော ဗီဒီယိုကိုပေးတယ်။ဆိုင်ရှိလူတိုင်းကို ဗီဒီယိုထဲမှာ မြင်နိုင်တယ်။
“ကျွန်မ ဆိုင်ထဲကနေ သိပ်အကြာကြီးမထွက်သွားခဲ့ပါဘူး၊အရင်ကြည့်ကြည့်ပါ၊မေးစရာရှိရင် လာရှာပါ” မန်နေဂျာသည် စောင့်ကြည့်ရေးခန်းမှ မထွက်မီ ယင်ထောင် နှင့် အခြားသူများကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြခဲ့တယ်။
ယင်ထောင် သည် ထောက်လှမ်းရေး ဗီဒီယိုကို စေ့စေ့ကြည့်သည်။ ငြင်းခုံမှုတစ်ခုလုံးသည် ခုနစ်မိနစ်မှ ရှစ်မိနစ်ခန့်သာ ကြာသော်လည်း တစ်စက္ကန့်မျှ မလွတ်ခဲ့ပေ။
ပိုင်လော် နဲ့ ရှကျင်းတို့လည်း ဗီဒီယိုကို သေချာစွာကြည့်ရှုပြီး ၎င်းတို့သည် သံသယရှိသူ ဟုတ်မဟုတ် သိရှိရန် ဗီဒီယိုတွင် ရှိနေသူအားလုံးကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။
"ဘယ်လိုလဲ?ရှောင်ထောင်?” ပိုင်လော် ထူးခြားတာသတိမပြုမိပေ။ဗီဒီယိုတွင် ရိုးရိုးရှင်းရှင်း အငြင်းအခုံတစ်ခုသာရှိသည်။ ထို့အပြင် မန်နေဂျာ ပေါ်လာပြီးနောက်တွင် အဆိုပါ ငြင်းခုံမှုကို အလွန်ကောင်းမွန်စွာ ဖျန်ဖြေပြီး ဖြေရှင်းခဲ့သည်။