Ch-16 : နှလုံးသားနွေးထွေးသွားခဲ့တယ်။
“ကျွန်တော်မြင်တယ်။ သူ တိတ်တဆိတ်ဓာတ်ပုံရိုက်လိုက်တာ!” အနက်ရောင် မျက်မှန်တပ်ထားသည့် အမျိုးသားတစ်ဦး ကြည့်ရှုသူများထဲမှ ထွက်လာခဲ့သည်။ ထိုအမျိုးသားသည် အသက် 30ကျော်ရှိပြီး၊အဝါရောင်ဂျာကင်အင်္ကျီနဲ့ အနက်ရောင် ဂျင်းဘောင်းဘီကို ၀တ်ထား၏။ထိုသူသည် အရပ်ရှည်ပြီး စိတ်အားထက်သန်နေ၏။
“ကောင်းပြီ၊ အခု ငါတို့မှာ သက်သေရှိလို့ မင်းရဲ့ဖုန်းကိုထုတ်ပေးပါ။ မဟုတ်ရင် ရဲစခန်းကို တိုက်ရိုက်သွားရမယ်!” ပိုင်လော်လည်း ထိုလူကိုဖမ်းဆုပ်ထားသည်။သူမက မိန်းမတွေကို မလေးစားတဲ့ လူယုတ်မာတွေကို အမြဲမုန်းတီးတယ်။
"မင်း!" ထိုလူက အဝါရောင်ဂျာကင်အင်္ကျီဝတ်ထားသည့် အမျိုးသားကို ကြည့်လိုက်သည်။ "ကိုယ့်အလုပ်ကိုယ် စိတ်ထဲထည့်ထားတာ ပိုကောင်းတယ်! မဟုတ်ရင် မင်း ဒုက္ခရောက်လိမ့်မယ်!"
"မင်းဘယ်သူကို ခြိမ်းခြောက်နေတာလဲ!" ရှကျင်း လည်း ထိုလူ၏ပခုံးကို ဖိထားသည်။ "မင်းမပူးပေါင်းရင် ငါတို့ ရဲစခန်းကို သွားမယ်။"
အဝါရောင်ဂျာကင်အင်္ကျီဝတ်ထားသော အမျိုးသားသည် ထိုယောကျာ်းကိုခြိမ်းခြောက်နေသည်ကိုမြင်သောအခါ လုံးဝစိတ်မပူပေ။ အဲဒီအစား သူကအနားကို လျှောက်လာတယ်။ သူ့မျက်မှန်နောက်က အကြည့်တွေက အလွန်စူးရှ၏။ သူက ငုံ့ပြီး တိုးတိုးပြောတယ်။ “မင်းလို လူယုတ်မာတစ်ယောက်ကအသက်ရှင်ဖို့ မထိုက်တန်ဘူး။ ငယ်ရွယ်တဲ့ ကောင်မလေးတွေကို အနိုင်ကျင့်တာ မင်းက ဘာလဲ!”
ယင်ထောင် ရဲစခန်းကိုဖုန်းဆက်လိုက်သည်။ ပိုင်လော် နှင့် ရှကျင်းတို့သည် ရဲအရာရှိများဖြစ်ကြသော်လည်း၊ ဤအရပ်ဘက်အငြင်းပွားမှုမျိုးသည် စုံထောက်များ၏ လက်အောက်တွင်မရှိပေ။
သူ့ရှေ့က အဝါရောင် အင်္ကျီဝတ်ထားတဲ့ အမျိုးသားကို ကြည့်လိုက်ရာ ယင်ထောင် အနည်းငယ်ရင်းနှီးနေသလို ခံစားရတယ်။ သူသည် အလွန်နူးညံ့သိမ်မွေ့သော်လည်း သူမကို စိတ်မသက်မသာဖြစ်စေသည်။ အရင်က ဘယ်မှာတွေ့ဖူးလဲဆိုတာ မမှတ်မိတော့ပါ။
“ကျွန်မ ရဲကို ခေါ်ထားတယ်။ နောက်မှ ရဲတွေရောက်လာရင် ရဲစခန်းကိုခေါ်သွားရုံပဲ” ယင်ထောင်က လှည့်၍ တိတ်တဆိတ်ဓာတ်ပုံရိုက်ခံရတဲ့ မိန်းကလေးနှစ်ယောက်ကို ပြောလိုက်သည်။"နောက်တစ်ခါ ဒီလိုမျိုးကြုံရင် အန္တရာယ်မဖြစ်အောင် ရဲကို တိုက်ရိုက်ဖုန်းဆက်တာ အကောင်းဆုံးပဲ"
တစ်စုံတစ်ယောက်က ရဲကိုခေါ်လိုက်တာကိုကြားတော့ ရှကျင်း ချုပ်နှောင်ထားသော အမျိုးသားက ရုတ်တရက်ထွက်ပြေးလာကာ ယင်ထောင်နဲ့ ကောင်မလေးနှစ်ယောက်ဆီကို ဒေါသတကြီး ပြေးဝင်တယ်။ "စိတ်ညစ်စရာ ကောင်မလေးတွေ! အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်!"
"ရှောင်ထောင်! သတိထား!"
"အစ်မရှောင်ထောင်!"
ပိုင်လော် နဲ့ ရှကျင်းတို့သည် သတိမထားမိဘဲ ယင်ထောင်နှင့် ခပ်ဝေးဝေးတွင် ရှိနေခဲ့သည်။
သူမဆီသို့ လှမ်းထိုးလာသော ဓားသေးသေးလေးမှာ သူ့လက်ထဲတွင် ရှိနေသည်ကို ယင်ထောင်သတိပြုမိသည်။ သူမသည် မိန်းကလေးနှစ်ယောက်ကို အလျင်စလိုတွန်းထုတ်၍ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရာ တစ်စုံတစ်ယောက်၏ရင်ဘတ်ကို ထိသွားသည်ကို ခံစားလိုက်ရသည်။ သူမဆီသို့ ရောက်ရှိလာသော ဓားသေးသေးလေးကို ကြည့်ရင်း သူမ၏ ဦးခေါင်းကို ကာကွယ်ရန် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ယင်ထောင် သည် သူမမျှော်လင့်ထားသည့် နာကျင်မှုကို မခံစားရပေ။ သူ့ရှေ့ကလူရဲ့အော်သံကိုကြားတော့ မျက်လုံးဖွင့်ကြည့်လိုက်ရာ အဲဒီလူက အရိုက်ခံထားရသည်။သူ မြေပြင်ပေါ်သို့ လဲကျသွားပြီး ရှကျင်းနဲ့ပိုင်လော်တို့က ချက်ချင်း ထိန်းထားနိုင်ခဲ့တယ်။
လှည့်ကြည့်လိုက်ရာ အနောက်ကလူကို ယင်ထောင် တွေ့လိုက်သည်။
ဖန်ကျင်း?သူဘာလို့ဒီမှာရှိတာလဲ။သူက သူမကို ကယ်တင်ခဲ့တယ်။
“မင်းရဲ့ရာဇဝတ်မှုကို အရှိန်မြှင့်ဖို့ တောင်းဆိုနေတာလား။ မင်းမှာ အဲလိုစိတ်ဓာတ်ရှိတယ်!" လင်းကျား သည် မြေပြင်ပေါ်ရှိလူကို တစ်ချက်ကြည့်လိုက်သည်။ သူက ဖန်ကျင်းအနားတွင် ရပ်လိုက်ပြီး ယင်ထောင်ကို ဖော်ရွေစွာ ပြုံးပြသည်။ “ညီမလေးရှောင်ထောင်၊ တကယ့်ကို တိုက်ဆိုင်တာပဲ။ ငါတို့ ထမင်းစားဖို့ ထွက်လာတုန်းက မင်းရဲ့ ရဲရင့်တဲ့ လုပ်ရပ်ကို ဖန်ကျင်းနဲ့ငါ မျက်မြင်သက်သေအနေနဲ့မြင်ခဲ့တယ်လို့တွေးလို့ရတယ်နော်”
ရှက်ရွံ့သော အပြုံးဖြင့် ယင်ထောင်က လင်းကျားနှင့်ဖန်ကျင်းအား ရှင်းပြသည်။ “ဒါကို ရဲရင့်တဲ့ လုပ်ရပ်အဖြစ် ဘယ်လို ယူဆနိုင်မလဲ။ ကျေးဇူးတင်ပါတယ် အစ်ကိုဖန်ကျင်း။ မဟုတ်ရင် အခု ကျွန်မ ဆေးရုံတက်ရမှာ စိုးရတယ်”
"ဘာမှမဟုတ်ပါဘူး။" ဖန်ကျင်း၏ လေသံက အေးစက်သွားသည်။ သူ့မျက်နှာက ထုတ်ဖော်မပြတတ်သလို သူ့ခံစားချက်တွေကို ဖတ်လို့ မရပေ။
လင်းကျား ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။ သူ့အစ်ကိုက တကယ့်ကို သစ်သားတုံး။
"ကျေးဇူးအရမ်းတင်ပါတယ်!" ကောင်မလေးနှစ်ယောက် ရုတ်တရက် အဖြစ်အပျက်ကြောင့် အနည်းငယ် စိတ်ရှုပ်သွားသော်လည်း ကူညီပေးကြသူများစွာနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းသာနေခဲ့တယ်။
“မကြာခင် ရဲတွေ ရောက်လာတော့မယ်၊ဒီကအစ်ကိုက မျက်မြင်သက်သေအနေနဲ့ဆို အဆင်ပြေလား?” ပိုင်လော်က အဝါရောင် အကျီဝတ်ထားတဲ့လူကို မေးရင်း တရားခံကိုမြေပြင်ပေါ်ကို ဖိလိုက်တယ်။
"ငါမသွားဘူး။ သူ့ဖုန်းထဲမှာ ဓာတ်ပုံတွေ ရှိရမှာပဲ” အဝါရောင် အကျီဝတ်ထားသော အမျိုးသားသည် သူ့မျက်နှာတွင် ပြုံးနေသော်လည်း ယင်ထောင်သည် ဤယောကျာ်းသည် လက်သီးများကိုဆုပ်ထားပြီး အနည်းငယ် ကြောက်ရွံ့နေပုံပေါ်သည်ကို သတိထားမိသည်။
“ညီမတို့ ကျေးဇူးတင်ပါတယ်!”လျို့ဝှက်ဓာတ်ပုံရိုက်ခံရသည့် မိန်းကလေးနှစ်ယောက်က အဝါနုရောင်အင်္ကျီဝတ်ထားတဲ့ အမျိုးသားကို ကျေးဇူးတင်ကြောင်း ပြောတယ်။ “အစ်ကိုလိုဖြောင့်မတ်တဲ့လူသာမရှိရင် ကျွန်မတို့ တိုက်ရိုက် ခုခံဖို့ သတ္တိရှိမှာ မဟုတ်ဘူး။"
"အင်း၊ ဘာမှမဖြစ်ဘူး။" ထိုအမျိုးသားသည် မိန်းကလေးနှစ်ဦးကို ယဉ်ကျေးစွာ ပြုံးပြပြီး ရဲများမရောက်မီ အခင်းဖြစ်ပွားရာနေရာမှ ထွက်သွားတယ်။
ယင်ထောင်က ထိုယောကျာ်းထွက်သွားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးရင်း ထိုယောကျာ်း၏ နောက်ကျောကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ နှလုံးခုန်သံများ မြန်လာသည်။ “ဒါတိုက်ဆိုင်တာမဟုတ်လောက်ဘူးမလား…”
ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ပိုင်လော် နဲ့ ရှကျင်းတို့သည် သူတို့ကိုယ်သူတို့ဖော်ထုတ်၍ အခြေအနေကို သတင်းပေးခဲ့သည်။ ရဲတပ်ဖွဲ့က မိန်းကလေးနှစ်ဦးနှင့်လျှို့ဝှက်ဓာတ်ပုံရိုက်ခဲ့သူကို ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်။
"မင်းသူငယ်ချင်းတွေက ရဲတွေလား" ပိုင်လော်နဲ့ရှကျင်းတို့သည် ငယ်ရွယ်သော်လည်း ရဲအရာရှိများဖြစ်နေသည်ကို လင်းကျား နည်းနည်းအံ့အားသင့်သွား၏။
"ဟုတ်တယ်၊ သူတို့က စုံထောက်တွေ။" ယင်ထောင် အနည်းငယ်စိတ်ရှုပ်သွားသည်။ သူမ၏မိသားစုက ပြင်ပလူတွေကို သူမရဲ့ အလုပ်အကိုင်အကြောင်း မသိစေချင်သည်ကိုသိတဲ့အတွက် လင်းကျား မှ သူမ၏အလုပ်အကြောင်း မေးလာမည်ကိုကြောက်လာသည်။
“အဲလိုလား?ဖန်ကျင်း?မင်းတို့နှစ်ယောက်လုံးက City A ၊တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးကြဘူးလား?” လင်းကျားက သူ့ဘေးနားမှ တိတ်ဆိတ်နေသော လူတစ်ယောက်ကို ကြည့်လိုက်သည်။