no

Font
Theme

Ch-106 :  ရုပ်ပျက်ဆင်းပျက် 


“ရွယ်န ရဲ့ အခြေအနေက အတော်လေး တည်ငြိမ်တယ်။ သူမခင်ပွန်းက အပတ်တိုင်း သူမဆီလာလည်တယ်။”

 

သူနာပြုသည် ရွယ်န၏ ဆေးမှတ်တမ်းကို လှန်ကြည့်ကာ ဖန်ကျင်း နဲ့ ယင်ထောင်ကို အခန်းနံပါတ် ၂၁၇ သို့ ခေါ်သွားပေးခဲ့သည်။ သူမက သူတို့ကို ညွန်ကြားသည်။ “သူမကို စိုက်ကြည့်ဖို့မကြိုးစားနဲ့၊ သူမရဲ့အခြေအနေက ထူးခြားတယ်၊ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရင် ပိုကောင်းမယ်။"

  

“ဘယ်လိုဖြစ်ပြီး ရောဂါကို ခံစားရတာလဲ? ကျွန်မကို ပြသပေးလို့ရမလား?” ယင်ထောင် သည် မှုခင်းဆရာဝန်တစ်ဦးဖြစ်သော်လည်း ပြောရရင် သူမ သည်  ဆေးကျောင်းသားဖြစ်ခဲ့သည်။ ရွယ်န၏ရောဂါအကြောင်းရင်းကို သူမ နားလည်သဘောပေါက်ပြီး ရွယ်န ၏စိတ်ကျန်းမာရေးပြဿနာများကို ပိုမိုကောင်းမွန်စွာခွဲခြမ်းစိတ်ဖြာနိုင်သည်။

  

သူနာပြု သည် ရွယ်န၏ ဆေးမှတ်တမ်းကို ယင်ထောင် ထံ ပေးအပ်ခဲ့ပြီး ရွယ်န ၏အခြေအနေကို အသေးစိတ်နားလည်နိုင်ခဲ့သည်။ ၎င်းသည် နောက်ပိုင်းတွင် သူမနှင့် တွေ့ဆုံရာတွင်လည်း ၎င်းတို့ကို ကူညီနိုင်မည်ဖြစ်သည်။

  

“စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှုရောဂါ…” ယင်ထောင် က ရွယ်န ရဲ့ ဆေးဘက်ဆိုင်ရာအစီရင်ခံစာကို လျင်မြန်စွာဖတ်ခဲ့ပြီး သူမ၏ရောဂါသည် မျိုးရိုးလိုက်ခြင်းကြောင့်မဟုတ်ပဲ ထို့အစား လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဆက်တိုက်ဖြစ်ပေါ်သော ‌ရောဂါဟု မှတ်ချက်ချထားသည်။

  

ရွယ်နရဲ့ဆေးမှတ်တမ်းရှိ ဓာတ်ပုံကိုမြင်သောအခါ ယင်ထောင်၏မျက်လုံး တုန်ယင်သွားသည်။ 

 

“သူမရဲ့မျက်နှာက…?” ယင်ထောင် တင်းတင်းကြပ်ကြပ်မျက်မှောင်ကြုံ့သွားသည်။ ရဲစခန်းတွင် ရွယ်နရဲ့ ၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို စုံစမ်းစစ်ဆေးသောအခါ ယင်ထောင် သည် ရွယ်န ၏ ID ဓာတ်ပုံကို မြင်တွေ့ခဲ့သည်။

  

သူမ ဟာ စုန့်ရီ လောက်မလှသလို ကျောင်းရူလောက်မတင့်တယ်ပေမယ့်လည်း သူမဟာ ကြည့်ကောင်းသောအမျိုးသမီးတစ်ဦးဖြစ်နေဆဲဖြစ်သည်။ သို့သော် ဆေးမှတ်တမ်းရှိ ဓာတ်ပုံသည် ဆုံးပါးသွားသော စုန့်ရီ ၏ ရောင်ရမ်းနေသော မျက်နှာကို သတိရစေသည်။ 

   

“ဒါက ပလပ်စတစ်ဆာဂျရီခွဲစိတ်မှုကြောင့်လို့ ကျွန်မ ကြားတယ်။ ဆေးဘက်ဆိုင်ရာ မတော်တဆမှုလို့ ယူဆလို့ရတယ်” 

 

သူနာပြုဆရာမ က ယင်ထောင်ရဲ့ ထိတ်လန့်တုန်လှုပ်သောအမူအရာကိုမြင်သောအခါ ရှင်းပြသည်။ “အဲလူနာက တော်တော်သနားစရာကောင်းတယ်။ မအောင်မြင်တဲ့ ပလပ်စတစ်ဆာဂျရီရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက အရမ်းပြင်းထန်တယ်လို့ ကြားတယ်။ အဲအချိန်တုန်းက သူမရဲ့အသက် ဆုံးရူံးလုနီးပါးဖြစ်ခဲ့တာ၊ ဒါပေမဲ့ သူမ အမှန်တကယ်ကို ထိုးနှက်ချက်ကို မခံနိုင်တော့ပဲ စိုးရိမ်စိတ်နဲ့ဒေါသထွက်တာတွေ တိုးလာခဲ့တယ်။ နောက်ဆုံး သူမဟာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကို ခံစားခဲ့ရတယ်”

     

ဖန်ကျင်း သည် ယင်ထောင် ဘက်သို့လျှောက်လာပြီး ဆေးမှတ်တမ်းရှိ ရွယ်န၏ ဓာတ်ပုံကိုကြည့်လိုက်သည်။ သူ့တွင် ဒီကိစ္စနှင့်ပတ်သက်လို့ မကောင်းသော ခံစားချက်ရှိနေတယ်။ 

 

"ဝင်ကြည့်ရအောင်။" ဖန်ကျင်း က သူနာပြုကို တံခါးဖွင့်ပေးဖို့ လက်ဟန်ပြတယ်။ ယင်ထောင် က အတွေးတွေဝေဝါးလျက် ဘေးမှာရပ်နေသည်။

  

ရုပ်ပျက်ဆင်းပျက်၊ ပလပ်စတစ်ဆာဂျရီမအောင်မြင်သော အလောင်းတစ်လောင်းသည် မကောင်းဆိုးဝါးတစ်ကောင် အဖြစ် ရက်ရက်စက်စက် ပြောင်းလဲသွားခဲ့တယ်…။ 

 

ဤကိစ္စများသည် သေချာပေါက် ဆက်စပ်နေသည်ဟု ယင်ထောင် ခံစားမိသည်။

 

သူနာပြု၏ ဦးဆောင်မှုအောက်တွင် ယင်ထောင် နဲ့ ဖန်ကျင်းတို့  ရွယ်န နဲ့ တွေ့ဆုံခဲ့သည်။ 

 

တစ်စုံတစ်ယောက်ဝင်လာသည်ကိုမြင်လိုက်ရတော့ ပြတင်းပေါက်နားမှာထိုင်နေသော ရွယ်န က ဖြေးဖြေးချင်းလှည့်ကြည့်သည်။ သူမ၏ ပိန်လှီသော ကျောပြင်သည် အလွန်ပျော့ပျောင်းနေပုံရပြီး သူမ အလွန်ပင် စိတ်ဓာတ်ကျနေသည်။

   

ရွယ်န ရဲ့ မျက်နှာဟာ ဆေးမှတ်တမ်းစာအုပ်ထဲက ဓာတ်ပုံထဲကလောက် ရောင်မနေပေမယ့် ကြောက်စရာကောင်းနေတုန်းပဲ။ သူမ၏ နဂိုက ဖြူစင်သော အသားအရေပေါ်တွင် ရှည်လျားသော အမာရွတ်များစွာ ရှိနေပြီး သူမ၏ မျက်နှာအသွင်အပြင်မှာ ပုံပျက်နေကာ ဒီဂရီ အမျိုးမျိုး ကွဲလွဲနေလေသည်။ သူမ၏ မျက်ခွံပေါ်ရှိ အမာရွတ်များက သူမ၏ မျက်လုံးများ ပိတ်ဆို့နေကာ တစ်ဝက်တစ်ပျက်သာ ဖွင့်နိုင်သည်။ သူမ ကြည့်တာတောင် နာကျင်မည့်ပုံပေါ်သည်။ 

     

အနီးကပ်ကြည့်လိုက်ရာ သူမမျက်နှာက ဓာတ်ပုံထဲကထက် ပိုဆိုးနေပုံလေ၏။

  

"ရွယ်န၊ မကြောက်နဲ့။ သူတို့က မင်းကို မေးခွန်းနည်းနည်းမေးချင်နေကြတယ်၊ သူတို့က ဘာအန္တရာယ်မှ မရှိဘူး”


သူနာပြုဆရာမက ရွယ်န အနားကို လျှောက်သွားပြီး စိတ်ရှည်ရှည်နဲ့ နှစ်သိမ့်ပေးတယ်။ ရွယ်န ​ခေါင်းညိတ်​တာကိုမြင်​ပြီး​နောက်​ ဖန်ကျင်း နဲ့ ယင်ထောင်တို့ မေးခွန်းမေးဖို့ရာ အဆင်ပြေသွားခဲ့သည်။ 

  

“ဟဲလို၊ ရွယ်န၊ ကျွန်မတို့ စုန့်ရီ အကြောင်းမေးဖို့ ရောက်နေကြတာ” ရွယ်နက သူမကို ကြည့်လာပေမဲ့ သဘောမကျတာ ယင်ထောင် နားလည်သွားသည်။ သူမ ကြောက်လို့လား ဒါမှမဟုတ် ရွံရှာနေသလားမသိပေမယ့် ရွယ်နက ဖန်ကျင်း နဲ့ သူနာပြုဘက်သို့ ယိုင်ကျထားကာ ယင်ထောင်ကို နောက်ကျောပေးထားသည်။ 


ယင်ထောင် ပြောပြီးသည်နှင့် ရွယ်နက ဘာမှ မကြားသကဲ့သို့ လုံးဝမတုံ့ပြန်ပေ။ 

 

ဤအခြေအနေကိုကြည့်ရင်း ဖန်ကျင်းက ရွယ်န အား အလားတူမေးခွန်းထုတ်ရန်ကြိုးစားခဲ့သည်။


"စုန့်ရီက ကျွန်မရဲ့သူငယ်ချင်း…” 


ဖန်ကျင်းရဲ့ စကားမဆုံးခင်တွင် ရွယ်န က ဖြေးဖြေးချင်း ပြန်ဖြေသည်။ 


ယင်ထောင် က သူမကို လစ်လျုရူထားသော ဤအမျိုးသမီးကို အံ့အားတကြီး ကြည့်နေသည်။ ယေဘုယျအားဖြင့် ပြောရလျှင် လှုံ့ဆော်မှုခံရသော လူနာများသည် အမျိုးသားများထက် အမျိုးသမီးများကို ဂရုစိုက်မှု အလွန်နည်းပါသည်။

    

သို့သော်လည်း ရွယ်န သည် သူမအား လျစ်လျူရှုခဲ့ပြီး ဖန်ကျင်းနှင့် သူနာပြုကိုသာ ကြည့်နေခဲ့သည်။


ဖန်ကျင်း လည်း ထိုပြဿနာကို သတိပြုမိပြီး “မင်းက သူနဲ့ အရမ်းခင်တဲ့ သူငယ်ချင်းလား” လို့ ဆက်မေးတယ်။

 

ရွယ်န၏အကြည့်များ ရုတ်တရက်ပြောင်းသွားကာ သူမ၏ပါးစပ်ထောင့်များသည် သဘာဝမကျစွာ ကွေးကောက်သွားလျက် ရုပ်ဆိုးပြီး ရုပ်ဆိုးသောအပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ “ဟုတ်တယ် သူငယ်ချင်း။ ကျွန်မတို့က အမြဲတမ်း သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့တယ်။”

   

ရွယ်န က ရူးနေပုံမပေါ်ပဲ ထို့အစား သူမဟာ အထီးကျန်ဆန်တဲ့ အမူအရာလေးတွေနဲ့ ကြည့်နေတယ်။ သူမ တည်ငြိမ်နေသရွေ့ မေးခွန်းအချို့ကို ဖြေနိုင်သေးသည်။

   

"သူမ အခုဘယ်မှာနေလဲသိလား" ဖန်ကျင်းက ရွယ်နရဲ့မျက်လုံးတွေကို ကြည့်လိုက်သည်။ သူမရဲ့ မျက်နှာသွင်ပြင်ဟာ အလွန်ကို ပုံပျက်ပန်းပျက် ဖြစ်နေပေမယ့် ဂရုတစိုက် စောင့်ကြည့်နေသရွေ့တော့ သူမရဲ့ ခံစားချက်အစစ်အမှန်ကို မြင်နိုင်ပါသေးတယ်။ 


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment