no

Font
Theme

Ch-4 :အလုပ်။

“အစ်ကိုကြီး၊ညီမလေးက…” ယင်ထောင်က ယင်ဟောင်၏စကားပြောခြင်းကို ငြင်းတော့မည်ဖြစ်သည်။

“ယင်ထောင်၊အမျှော်အမြင်ရှိရှိတွေးတောစမ်းပါဦး၊ယင်နင်းက ယင်မိသားစုရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်များစွာနှင့် တွေ့ဆုံခဲ့ပြီးပြီ၊မင်း အစ်မတစ်ယောက်အနေနဲ့ အဖေ့မွေးနေ့ပွဲကိုမတက်ရောက်လို့မဖြစ်ဘူး” ယင်ဟောင်က ယင်ထောင်၏ ရဲ့ တုံ့ပြန်မှုကို မစောင့်ဘဲ ကားမောင်းထွက်သွားတယ်။

"ဝိုး..နင့်အစ်ကိုက အရမ်းချောတာပဲဟယ်”ပိုင်လော်က ယင်ဟောင် ထွက်သွားသည့်လမ်းကြောင်းကိုကြည့်ရင်း သက်ပြင်းချသည်။

“အဲအစ်ကိုကို နင့်ကိုပေးမယ် ယူမလား?” ယင်ထောင် စိတ်တိုလာသည်။ ဒီတပတ်ပိတ်ရက်ကို မရှောင်နိုင်တော့ပုံပင်။

“မယူချင်ဘူး!" ပိုင်လော်က အဲဒါကို တွေးပြီး ရယ်သည်။ “ငါနင့်ယောင်းမဖြစ်နိုင်တယ်လို့ထင်တယ်!"

ယင်ထောင် သည် မျက်ခုံးပင့်ကာ စဉ်းစားလိုက်သည်။ ဝတ္ထုထဲက ဇာတ်ကွက်က ယင်နင်း၏ဆက်ဆံရေးနှင့် အဓိက ပတ်သက်နေတယ်။ယင်ဟောင်တွင် တရားဝင်လက်တွဲဖော်မရှိသေး၊သူက ရင့်ကျက်တည်ငြိမ်ပြီး လှည့်စားလေ့မရှိ။ အစ်ကိုကြီးသည် အမှန်ပင် ခင်ပွန်းကောင်းအမျိုးအစားဖြစ်ပေသည်။

“ကလေးမ သွားကြမယ်!” ယင်ထောင်က လက်ထဲက ကဒ်ကိုကြည့်၍ ပိုင်လော်ကိုပြောသည်။ “သွားစို့!တစ်ယောက်ယောက်က ငွေရှင်းပေးမှတော့ အဝတ်အစားပိုဝယ်ကြစို့”

ယင်ဟောင်က ဝတ္ထုထဲတွင် အကောင်းမြင်သော ဇာတ်ကောင်တစ်ဦးဖြစ်သည်ကို ယင်ထောင် သတိရမိသည်။ မူလယင်ထောင် အရသာမရှိသော ဇာတ်ကောင်များနှင့် တွေ့ဆုံခဲ့ပြီး ယင်ဟောင်က ပြဿနာများစွာကို ဖြေရှင်းပေးခဲ့သည်။ သို့သော်လည်း ယင်ဟောင်က သူမခံစားမိသောကြောင့် မူလယင်ထောင်က သူနှင့်ဘယ်တော့မှအဆင်မပြေခဲ့ပေ။နောင်တွင် ချမ်းသာသော အကိုကြီးနှင့် ပေါင်းသင်းရန် ကြိုးစားကြည့်သင့်ပုံပေါ်သည်။

ယင်ထောင်နှင့်ပိုင်လော်တို့ ပစ္စည်းအများကြီးမဝယ်ခဲ့ပါ။ပိုင်လော်၏မိသားစုသည် ကောင်းမွန်စွာလုပ်ဆောင်နိုင်သောကြောင့် စတင်ကတည်းက များစွာဝယ်ယူဖို့မလိုအပ်ပါ။သူမတွင် အခြားသူများအပေါ် အခွင့်ကောင်းယူရန် ရည်ရွယ်ချက်မရှိပေ။ယင်ထောင်၏လက်ထဲတွင် မုန့်ဖိုးများစွာရှိသောကြောင့် မွေးနေ့လက်ဆောင်အဖြစ် သူ့အဖေယင်ဒေါင်အတွက် တန်ဖိုးကြီးသော လည်စည်းဝယ်ရန် ယင်ဟောင်၏ကဒ်ကိုအသုံးပြုခဲ့သည်။

အိပ်ဆောင်ကိုပြန်ရောက်သောအခါ ယင်ထောင်သည် အိပ်မပျော်ခြင်း ဝေဒနာခံစားရလိမ့်မည်ဟုထင်ခဲ့တယ်။သို့ပေမဲ့ သူမက လိုက်လျောညီထွေရှိလွန်းသောကြောင့်လား သို့မဟုတ် မောပန်းလွန်းသောကြောင့်လားတော့မပြောတက် ထိုညတွင် ထူးထူးခြားခြား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

နောက်နေ့မနက်မှာတော့ ယင်ထောင်ကို သူမရဲ့ဆရာစုမင်က ခွဲစိတ်ခန်းကို ခေါ်သွားတယ်။ ဒါဟာ ကူးပြောင်းနေထိုင်ပြီးနောက်ပိုင်း သူမရဲ့အလုပ်နဲ့ ပထမဆုံးအကြိမ် ထိတွေ့ခွင့်ရခြင်းဖြစ်သည်။

“မင်းရောက်လာပြီပဲ”စုမင် သည် အသက်၃၀ကျော်ရှိပုံပေါ်သည်။သူသည် အရပ်ရှည်ပြီး တောင့်တင်းပြီး အနားမရှိသော မျက်မှန်တစ်စုံကို ၀တ်ထားသည်။ယင်ထောင်ကိုမြင်သောအခါတွင် သူ့မျက်နှာပေါ်တွင် လေးနက်သောအမူအရာရှိနေသည် ။ သူက ယင်ထောင်ကို သူ့ဘေးနားက ပိန်ပိန်ပါးပါး မှုခင်းဆရာဝန်နဲ့ မိတ်ဆက်ပေးတယ်။ "ကျောင်းယွမ်၊သူမက ယင်ထောင်၊သူမက ငါ့လက်အောက်က အလုပ်သင်တစ်ဦးပါ၊ဒီနေ့က သူမအလုပ်ရဲ့ပထမဆုံးနေ့”

“ဟယ်လို၊ဆရာကျောင်း!” ယင်ထောင်က ကျောင်းယွမ်အား နာနာခံခံဦးညွတ်သည်။

“ငါ့ကို ဒေါက်တာကျောင်းလို့ခေါ်ပါ၊မင်းရဲ့ဆရာနဲ့ငါက အတန်းဖော်ဟောင်းတွေလေ၊မစိုးရိမ်ပါနဲ့” ဝဖိုင့်ဖိုင့်အမျိုးသားမှုခင်းဆရာဝန်က ပြုံးသည်။ သူကစုမင် ထက် အများကြီး ပိုချစ်ဖို့ကောင်းတယ်။ သူက လှည့်၍ ယင်ထောင်ကို နွေးနွေးထွေးထွေးပြောသည်။ “မင်းက ငယ်သေးတယ်၊အလုပ်ကြိုးစားရမယ်၊ဆရာတို့အလုပ်မှာ မင်းလို ချောမောလှပတဲ့ မိန်းကလေးတွေ အများကြီးမရှိဘူး”

“ဒီနေ့က ပထမနေ့၊သူမ ခံနိုင်ရည်ရှိမရှိ ပြောဖို့ခက်တယ်” စုမင်၏လေသံသည် အလွန်အေးစက်သည်။သူ့တွင် ယင်ထောင်နှင့်ပတ်သက်၍ မျှော်လင့်ချက်ကြီးကြီးမားမားမရှိတာ ထင်ရှား၏။ “အဝတ်အစားသွားလဲ၊maskသွားတပ်၊မင်း ကံမကောင်းဘူး၊မင်းရဲ့အလုပ်သင်ပထမဆုံးနေ့မှာ အတော်လေးခက်ခဲတဲ့ကိစ္စတစ်ခုရှိနေတယ်၊နောင်ကျ သေချာမှတ်သားထားချည်”

ယင်ထောင်က ခေါင်းညိတ်၍ အဝတ်အစားလဲဖို့ထွက်သွားသည်။စုမင်၏အထင်အမြင်ကိုပြောင်းလဲဖို့ သိပ်စိတ်မပူပါ၊ယင်ထောင်သည် သူမ၏အရည်အချင်းတွေအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်သည်။ မူလယင်ထောင် သည် ဤအလုပ်ကို မနှစ်သက်သော အလုပ်သင်တစ်ဦးသာဖြစ်ပြီး သူမသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော အရည်အချင်းပြည့်မီသောမှုခင်းဆရာဝန်တစ်ဦးဖြစ်သည်။

သူမ၏အဝတ်အစားများလဲ၍ အလောင်းစစ်ဓာတ်ခွဲခန်းသို့ဝင်ရောက်ပြီးနောက် သူမကံမကောင်းဘူးဟု စုမင်က ကဘာကြောင့်ပြောသည်ကို နားလည်သွားသည်။

သူမ အရှေ့မှာ ရေစိမ်ထားတဲ့ အလွန်ပုပ်ပွနေတဲ့ အလောင်းတစ်လောင်းရှိတယ်။မူလယင်ထောင်သာဆို သူမ လန့်သွားပေလိမ့်မည်။

“သေဆုံးသူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အလေးချိန်တစ်ခု ချိတ်ဆွဲထားတယ်။ အဆုတ်ထဲ ရေမရှိသလို သွေးယိုစီးမှုလည်း မရှိဘူးလို့ ဆုံးဖြတ်ထားတာကြောင့် ရေနစ်ခြင်း မရှိကြောင်း သိရတယ်။ ဝမ်းဗိုက်မှာ သေတဲ့ဒဏ်ရာက ပြစ်မှုကျုးလွန်းပြီးနောက် အလောင်းကိုစွန့်ပစ်ထားတာထင်ရှားတယ်” စုမင်က အလောင်းကို လှန်လိုက်ပြီး စက်ဆုပ်ဖွယ် အရိပ်အယောင် မရှိဘဲ ဂရုတစိုက် ကြည့်လိုက်သည်။

ယင်ထောင်ကလည်း ရှေ့သို့ လျှောက်သွားကာ သေဆုံးသူ၏အဝတ်အစားများကို စစ်ဆေးကြည့်သည်။ သူမသည် သူမ၏ ကင်မရာကို ကိုင်ဆောင်ကာ အလောင်း၏ အင်္ဂါရပ်များကို မှတ်သားရင်း ဓာတ်ပုံများကို ကျွမ်းကျင်စွာ ရိုက်ကူးသည်။

ကျောင်းယွမ်က မှုခင်းအစီရင်ခံစာကိုဖတ်ရင်း ဘေးနားရပ်ကာ စုမင် အားပြောလာသည်။ “လူသတ်သမားက သေသေချာချာ ကိုင်တွယ်ခဲ့တယ်။သေဆုံးသူက ဘယ်သူဘယ်ဝါဆိုတာ သက်သေပြနိုင်တဲ့အရာမရှိဘူး”

“သေဆုံးတဲ့ အချိန်နဲ့နေရာကို ရဲတပ်ဖွဲ့က မဆုံးဖြတ်နိုင်သလို သေဆုံးသူရဲ့ အမည်ကို အတိအကျ မသိနိုင်ဘူး၊” စုမင်က သက်ပြင်းချ၍ “အလောင်းတစ်လောင်းရဲ့ အထောက်အထားကို မဆုံးဖြတ်နိုင်တာ စိတ်အနှောက်အယှက်ဖြစ်ရတယ်၊သေသေချာချာ ခွဲစိပ်ကြည့်ရအောင်။"

စုမင်နှင့်ကျောင်းယွမ်က ယင်ထောင်ကို ဘာမှမလုပ်စေချင်တာ ထင်ရှားသည်။အလုပ်သင်မပြောနဲ့ ပရော်ဖက်ရှင်နယ် အမျိုးသမီးမှုခင်းဆေးဆရာဝန် ဖြစ်ရင်တောင်မှ သူတို့ ပြိုကျပျက်စီးနေသောအလောင်းကိုမကြည့်စေချင်ပါ။

ဓားဖြင့် လှီးဖြတ်လိုက်သည့်အခိုက်တွင် အစိမ်းရောင်နက်မှောင်သောအရည်များ ထွက်ကျလာပြီး အလောင်း၏ အနံ့အသက်မှာ ပို၍ပင် ထူထပ်လာကာ သူတို့၏ မျက်နှာများ လာရိုက်ခတ်သည်။Mask ကတဆင့် အနံ့ကိုအနံ့ခံမိလေသည်။ ကျောင်းယွမ်၏ အမူအရာမှာ လည်း မကောင်းပေ။ သူက ခေါင်းကိုလှည့်၍ ယင်ထောင်အားပြောလာသည်။ “ရှောင်ထောင်၊အဝေးကနေ မှတ်စုမှတ်ချည်၊ပထမဆုံးနေ့မှာ မင်း အရမ်းကြိုးစားနေဖို့မလိုပါဘူး”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment