Ch-2 : ထွက်ခွာခြင်း။
“ထားလိုက်တော့၊ငါပြန်လို့မှမရပဲ၊ဒီပြဿနာကို အရင်ဖြေရှင်းကြရအောင်။” မှုခင်းဆရာဝန်တစ်ဦး၏ ကျွမ်းကျင်မှုသည် ယင်ထောင် အား အကျပ်အတည်းတစ်ခု ရင်ဆိုင်ရချိန်တွင် ထူးထူးခြားခြား ငြိမ်သက်သွားစေသည်။
ခဏလောက်စဉ်းစားပြီးနောက် ယင်အိမ်ကနေ အရင်ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ယင်ထောင် သည် ယခု ရဲစခန်းတွင် အလုပ်သင်တစ်ဦးဖြစ်နေပြီဖြစ်သောကြောင့် အိပ်ဆောင်လျှောက်ထားနိုင်သည်။
“ဇာတ်လိုက်မင်းသမီးရဲ့လမ်းမှာ ငါပြသာနာမရှာသရွေ့ ဒီလိုတွေဖြစ်လာမှမဟုတ်ဘူး …” ယင်ထောင် သည်ခဏစဉ်းစားပြီး ခရီးဆောင်အိတ်ကို စတင်ထုပ်ပိုးသည်။သူမ ယင်အိမ်တွင်သာ ဆက်နေမည်ဆိုပါက၊ ဇာတ်လိုက်မင်းသမီးနှင့်ဆန့်ကျင်ဘက်ဖြစ်နေမည် (ဒါမှမဟုတ်)မြင်နေရဦးမည်။ အဝေးမှာ ပုန်းနေလိုက်တာ ပိုကောင်းတယ်။
အချိန်အတော်ကြာ အလုပ်ရှုပ်ပြီးနောက် ယင်ထောင် သည် သူမ၏ ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီး အခြေခံနေ့စဉ်သုံးပစ္စည်းများကို ယူဆောင်လာခဲ့သည်။သူမသည် သူမ၏ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး အကောင့်စကားဝှက်ကို အမှန်တကယ် မှတ်မိနိုင်ကြောင်း သဘောပေါက်လိုက်သည်။ မူလယင်ထောင်၏ မှတ်ဉာဏ်အစိတ်အပိုင်းသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေပုံပင်။
“ဒါက ပိုလွယ်ကူစေတယ်…” သူမ၏ ဘဏ်အကောင့်ထဲက ယွမ်ထောင်ပေါင်းများစွာကို ကြည့်လိုက်ရင်း ယင်ထောင်ပြုံးမိသည်။မူလယင်ထောင်ရဲ့မိသားစုက ယင်ထောင်ကိုမကြိုက်ပေမဲ့ ချမ်းသာတဲ့ မိသားစုဖြစ်လို့ သူမကို အရမ်း ရိုင်းစိုင်း ဆက်ဆံလေ့ မရှိကြပါ။
ရဲစခန်းက နေရာထိုင်ခင်းနှင့်အစားအသောက်၊ လက်ထဲက ပိုက်ဆံအနည်းငယ်နဲ့ မူလယင်ထောင် က သူမနဲ့ တူညီတဲ့ အလုပ်အကိုင်နဲ့ရှိသောကြောင့် ကူးပြောင်းသွားသည်မှာ သိပ်တော့ မဆိုးပါ။ယင်ထောင်က ခါးခါးသီးသီးပြုံး၍ သက်ပြင်းချရင်း သူမရဲ့ ခရီးဆောင်အိတ်ကို အောက်ထပ်သို့ဆွဲချလာသည်။
“မင်း ဒီတခေါက် ဘာလုပ်ပြန်ပြီလဲ?” ယင်ထောင် ခရီးဆောင်အိတ်ကို လှေကားထစ်မှ ဆွဲချလာသည်ကို မြင်သောအခါ ကျောင်းယွဲ့၏မျက်နှာညိုးငယ်သွားသည်။ မူလက ပျော်ရွှင်ပြီး သဟဇာတဖြစ်ခဲ့ကြသော အမေနှင့်သမီးနှစ်ယောက်သည် ယင်ထောင်ရှိနေခြင်းကြောင့် တင်းမာလာသည်။
“ကျွန်မ တခါတလေ အလုပ်နောက်ကျတက်လို့၊အဆင်ပြေအောင် အဆောင်မှာပြောင်းနေမလို့ပါ” ယင်ထောင်က သူမအရှေ့က အမေနှင့်သမီးအပေါ် ခံစားချက်မရှိသောကြောင့် သူ့လေသံကအနည်းငယ်မာကျောသည်။
"မင်း ဒီမကောင်းတဲ့အလုပ်ကနေ အမြန်ဆုံးထွက်ပြီး မင်းအဖေရဲ့ကုမ္ပဏီမှာ အလုပ်လုပ်သင့်တယ်လို့ ငါပြောထားပြီးသားပဲ၊ ဒါမှမင်းရဲ့အနာဂတ်မှာ အိမ်ထောင်ပြုဖို့ မခက်မှာ!"ကျောင်းယွဲ့ သည် ယင်ထောင်၏အလုပ်အကြောင်းတွေးတိုင်း ခေါင်းကိုက်လာသည်။ သူမရဲ့ ပင်ကိုယ်စရိုက်က မကောင်းပါ၊ ဒီလိုအလုပ်မျိုးနဲ့ ဘယ်ယောက်ျားက သူမကိုလက်ထပ်ချင်မှာလဲ?
"အမေ စိတ်ပူစရာမလိုဘူး။ မှုခင်းဆရာဝန်ရဲ့ အသက်မွေးဝမ်းကြောင်းက အရမ်းကောင်းတယ်၊ကျွန်မလည်း ကြိုးကြိုးစားစားလုပ်နေတာပဲဟာ!”ယင်ထောင်က ကျောင်းယွဲ့ကိုလစ်လျုရူထားသည်။ သူမ ထွက်ခါနီးတွင် အနောက်မှ ယင်နင်း၏အသံကိုကြားရသည်။ “အစ်မ၊အမေက နင့်ကိုစိတ်ပူလို့ပါ၊ အဖေရော အမေရော နင့်ရဲ့အလုပ်ကို မကြိုက်ဘူးဆိုတာ နင်သိသားနဲ့!”
ယင်နင်းက စိုးရိမ်ဟန်ဆောင်နေသည်ကိုတွေ့ရသောအခါ ယင်ထောင် အနည်းငယ် အံ့သြသွားတယ်။ ဒီဝတ္ထုကိုဖတ်တုန်းက ဇာတ်လိုက်မင်းသမီးက အနည်းငယ်ဟန်ဆောင်တက်သည်ကို နားမလည်ခဲ့ပါ။
“ညီမလေး၊နင့်ကိစ္စပဲ နင့်စိတ်ထား၊ကံကောင်းပါစေ!” ယင်ထောင်က ယင်နင်း၏ပခုံးကိုပုတ်ရင်း ပြုံးသည်။ထိုသို့ပြောပြီးနောက် သူမ ယင်မိသားစုဗီလာကိုပြန်မကြည့်ပဲထွက်လာခဲ့သည်။
“ဒီမိန်းမက အတော်ဆိုးလာတာပဲ!”ကျောင်းယွဲ့က ယင်ထောင်ထွက်သွားသည်ကိုကြည့်ရင်း ကော်ဖီစားပွဲပေါ်မှ ခွက်ကို ဒေါသတကြီး ရိုက်ချိုးလိုက်သည်။
ယင်နင်း၏မျက်လုံးများ မှေးမှိန်သွားကာ ကျောင်းယွဲ့ကို နှစ်သိမ့်ပေးသည်။ “အမေ၊ အစ်မရဲ့အပြုအမူက နည်းနည်းတော့မူမမှန်ဘူးလို့မထင်ဘူးလား?”
"သူမကအတူတူပဲ မဟုတ်ဘူးလား! ငါ့ကို အမြဲတမ်း စိတ်ပူစေတယ်!” ကျောင်းယွဲ့ သည် ဒေါသတကြီးဖြစ်နေကာ တစ်စုံတစ်ရာ လွဲချော်နေသည်ဟု မခံစားရပေ။
“အရင်က အမေ သူမကိုရာထူးကနှုတ်ထွက်ခိုင်းတိုင်း အစ်မကဘာမှသိပ်မပြောဘူးလေ” သူမ၏မိခင် တည်ငြိမ်သွားသည်ကိုကြည့်ရင်း ယင်နင်းက ဆက်ပြောသည်။ “အစ်မက ဒီမူခင်းဆရာဝန်အလုပ်ကိုမကြိုက်ဘူး၊အမေက အဖေ့ကုမ္ပဏီမှာ အစ်မကိုအလုပ်သွားခိုင်းတာကို အစ်မက မကျေနပ်ရုံတင်လေ”
“ငါမသိတာမဟုတ်ဘူး၊သူမက ငယ်ငယ်တည်းက ရူထောင့်တိုင်းမှာ နင်နဲ့ရန်ဖြစ်အောင်လုပ်သူလေ!” ကျောင်းယွဲ့က သက်ပြင်းချ၍ ပြောသည်။ “ဒါပေမဲ့ သူနဲ့သမီးကို ဘယ်လိုလုပ်ယှဉ်လို့ရမှာလဲ!”
ယင်နင်း သည် ကျောင်းယွဲ့၏စကားကိုကြားသောအခါ သူမ၏စိတ်အခြေအနေအနည်းငယ်မျှတိုးတက်သွားသည်။ယင်ထောင်က သူမနှင့်နှိုင်းယှဉ်မည်ကို သူမ မစိုးရိမ်ပါ။ယင်ထောင်၏မဆင်မခြင်မိုက်မဲမှုက သူမကို နူးညံ့သိမ်မွေ့၍အသိဥာဏ်ရှိသည့်ပေါ်စေသည်။
သို့သော် စောနက ယင်ထောင်၏အကြည့်က ယင်နင်းကိုအလွန်မသက်မသာဖြစ်စေသည်။သူမ၏ သာမာန် မနာလိုမှုနှင့် မုန်းတီးမှုများနှင့် နှိုင်းယှဉ်ပါက သူမသည် သူစိမ်းတစ်ဦးကို ကြည့်နေသလိုမျိုး ငြိမ်သက်အေးဆေးနေသည်။ထို့အပြင်၊ သူမသည် မှုခင်းဆရာဝန်၏ ကျွမ်းကျင်မှုကိုခံနိုင်ရည်မရှိတော့ပုံရပြီး အမှန်တကယ် အလုပ်ကြိုးစားရန် စီစဉ်နေပုံပေါ်သည်။
ယင်နင်း သည် ပြန်လည်မွေးဖွားပြီးနောက် ဇာတ်လမ်းက အမြဲတမ်းသူမ၏ထိန်းချုပ်မှုအောက်တွင်ရှိသောကြောင့် ယင်ထောင်၏မူမမှန်မှုက သူမကိုစိတ်မသက်မသာဖြစ်စေသည်။အရင်ဘဝက အဖြစ်ဆိုးက သူ့အလိုလို ပြန်ဖြစ်လာမှာကို သူမ အနည်းငယ် စိုးရိမ်နေမိသည်။
ယင်နင်းသည် မျက်မှောင်ကြုံ့၍ အောက်နှုတ်ခမ်းကိုကိုက်ထားမိသည်။ဤဘဝတွင် သူမက အပြောင်းအလဲတစ်ခုကို လုပ်နိုင်သူ တစ်ဦးတည်းသာဖြစ်သည်။
ယင်ဗီလာမှ ထွက်လာခဲ့ပြီးနောက် ယင်ထောင်သည် မူလယင်ယောင်၏မှတ်ဥာဏ်အတိုင်း ရဲစခန်းသို့ ချောမောစွာ ရောက်ရှိလာခဲ့သည်။
ရဲစခန်းသည် မြို့ထဲတွင် တည်ရှိပြီး ယင်ဗီလာနှင့် ဝေးကွာသည်။ယင်နေအိမ်မှ ထွက်ခွာရန် သူမ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည်ဟု ယင်ထောင် ခံစားမိသည်။ ဒုက္ခဘေးမှ ကင်းဝေးနိုင်ရုံသာမက ရဲစခန်းတွင် တာဝန်ထမ်းဆောင်ရန်လည်း ပိုမိုအဆင်ပြေသည်။
ရဲစခန်းထဲရောက်တာနဲ့ ရင်ထောင် သည် မူလယင်ထောင်၏ဆရာကို ဆက်သွယ်ဖို့ ဖုန်းကိုထုတ်လိုက်သည်။ ဝတ္ထုထဲတွင် ယင်ထောင်၏ဆရာစုမင် သည် အလွန်အတွေ့အကြုံရှိသော မှုခင်းဆရာဝန်ဖြစ်သည်။ သူသည် သူ၏အလုပ်ကို အလေးအနက်ထား၍ ဖြောင့်မတ်သူဖြစ်သည်။ မူလယင်ထောင် ကို အတော်လေး ကောင်းကောင်း ဆက်ဆံဖူးသော်လည်း မူလယင်ထောင် သည် သူမ၏ အလုပ်တွင် ပေါ့ပေါ့ပါးပါးနေထိုင်သောကြောင့် လေးနက်သောစုမင်သည် သူမအပေါ်တွင် အထင်မြင်ကောင်းမရှိပေ။
ယင်ထောင် သည် သူမအပေါ် လူတိုင်း၏ အထင်အမြင်ကို ပြောင်းလဲရန် တိတ်တဆိတ် ဆုံးဖြတ်ခဲ့သည်။ ဝတ္ထုပါ အဓိကဇာတ်ကောင်များနှင့် ပတ်သက်ရန် သူမပြင်ဆင်ထားသော်လည်း သူမသည် မှုခင်းဆရာဝန်တစ်ဦးအဖြစ် သူမ၏အလုပ်ကို တန်ဖိုးထားဆဲဖြစ်ပြီး ၎င်းကို အလေးအနက်ထားရပေမည်။
ဖုန်း၏ခေါ်ဆိုမှုမှတ်တမ်းတွင် နံပါတ်ကိုတွေ့ရှိခဲ့ပြီး ဖုန်းခေါ်ဆိုတော့မည့်အချိန် တောက်ပသောအပြုံးဖြင့် မိန်းကလေးငယ်တစ်ဦး သူမဆီသို့အပြေးရောက်လာသည်။
“ရှောင်ထောင် နင် ဒီနေ့အိမ်မှာအနားမယူဘူးလား?ဘာလို့ ရဲစခန်းကိုလာတာလဲ?”ထိုမိန်းကလေးက အရပ်မရှည်ပေမယ့် အသံက အရမ်းကျယ်တယ်။
“အိုး၊ငါ အိပ်ဆောင်လျှောက်ဖို့ရောက်လာတာ”ယင်ထောင် သည် အရှေ့က ကောင်မလေးကိုဂရုတစိုက်ကြည့်၍ နိုဗယ်ထဲက ဇာတ်ကောင်တိုင်းကိုမှတ်မိအောင်အကောင်းဆုံးကြိုးစားခဲ့သည်။သူမသည် ဇာတ်ပို့ဇာတ်ကောင်တစ်ဦးဖြစ်သောကြောင့် ရဲစခန်းတွင် သူမနှင့်စကားပြောနိုင်သည့် တစ်ဦးတည်းသောလူမှာ အတိုချုံးဖော်ပြခံရသော လူသစ်စုံထောက်ဖြစ်နိုင်သည်။
“ပိုင်လော်?”ယင်ထောင်က အစမ်းသဘောဖြင့်ပြောလေသည်။ဤမိန်းကလေး၏အမူအရာမှာ ထူးထူးခြားခြား တစ်စုံတစ်ရာမရှိသည်ကို သူမမြင်သောအခါ သူမကဆက်ပြောသည်။ “အခု ရဲစခန်းမှာအဆောင်အပိုရှိသေးလား?”