no

Font
Theme

Ch-9 : အဒေါ်။

လင်းကျားက ယင်ထောင်၏မျက်နှာပေါ်ကအကြည့်ကိုမြင်သောအခါ မထိန်းနိုင်ပဲ ရယ်တော့သည်။ သူက ယင်ဟောင်ကို ပြောသည်။ “အားဟောင်၊မင်းရဲ့ညီမလေးက တော်တော်ရယ်ရတယ်"

ယင်ဟောင်က ယင်ထောင်၏ခေါင်းကိုပုတ်၍ ရှင်းပြသည်။ “ငါ့အဖိုးအဘွားတွေက ရှောင်ထောင်ကို ပျိုးထောင်ကြတာလေ၊သူမက နည်းနည်းစိတ်တိုတက်ပြီး ရက်စက်တယ်။”

ယင်ထောင် သည် လူတိုင်း၏အမူအရာကို လျစ်လျူရှုကာ ဟင်းပွဲစားပွဲကို စိုက်ကြည့်နေသည်။ သူမ ဗိုက်ဆာနေပြီ။

နောက်ပိုင်းတွင် ယင်ထောင် သည် သူမရှေ့တွင် အစားအသောက်များကို စားသောက်ရင်း အလုပ်များနေပြီး ယင်နင်း သည် သူ့ကိုယ်သူ ဂုဏ်ပြုကာ လူတိုင်းနှင့် စကားစမြည်ပြောလျက် ရယ်မောနေလေသည်။

နှိုင်းယှဉ်ကြည့်လျှင် ယင်ထောင်သည် ယင်နင်းလို ရင့်ကျက်ပြီး ဉာဏ်ပညာရှိသူမဟုတ်။ ဒါပေမယ့် အရည်အချင်းပြည့်မီတဲ့ ဇာတ်ပို့မင်းသမီး၊ ယင်ထောင်သည် နှိုင်းယှဉ်ခံရတာကို လုံးဝဂရုမစိုက်ပါ။ အားလုံးက ယင်နင်း ကို သဘောကျကြသည်။ ယင်ထောင်က မီးမောင်းထိုးပြခြင်းမှ လွတ်လွတ်လပ်လပ် နေထိုင်နိုင်သည်။

အလုပ်များနေသော ယင်ထောင်သည် ကျင်းချန်းမှ အလောင်းကို မြို့သစ်ခရိုင်တွင် တွေ့ရှိသည့် အလောင်းကိစ္စနှင့် ပတ်သက်၍ ပြောနေသည်ကို ကြားသောအခါတွင် သူမ၏ တူများကို ချလိုက်သည်။

“ရှီဖန်၊မင်း မြို့သစ်ခရိုင်မှာ ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ယူထားတာမဟုတ်လား?ဒီလူသတ်မှုနှစ်ခုက မင်းရဲ့စီးပွားရေးကို ထိခိုက်စေလား?”

ရှီဖန်က ကျင်းချန်းကို ကြည့်၍ ဖြေးဖြေးချင်းပြောသည်။ "ဒါက ကြီးကြီးမားမားတော့ မဟုတ်ဘူး၊ ငါတို့ရှိတဲ့နေရာနဲ့ မနီးဘူး၊ ဒါကြောင့် ငါတို့ကို အများကြီး မထိခိုက်စေလောက်ဘူး”

“ဟူး..မြို့သစ်ခရိုင်က အမြဲတမ်း ဖရိုဖရဲ ဖြစ်နေတာလေ၊အရင်တုန်းကတော့ မှောင်ခိုဈေးကွက်မှာ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု စတဲ့ ရောင်းဝယ်ဖောက်ကားသူတွေ အများကြီးရှိခဲ့တယ်။” ကျင်းချန်းက ဖန်ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး “အစ်ကိုဖန် မင်းက စုံထောက်မဟုတ်ဘူးလား။ မြို့သစ်ခရိုင်အမှုတွဲတွေကို ကိုင်တွယ်နေသလား?မစိုးရိမ်ရရင် ဖရိုဖရဲဖြစ်နေတုန်း ကျွန်တော် မြေကွက်တစ်ကွက်ဝယ်ချင်လို့”

“မဟုတ်ဘူး၊ငါ A Cityကို ပြောင်းလာရုံပဲရှိသေးတာ၊ငါ ဘယ်အမှုမှမကိုင်ဘူး” ဖန်ကျင်း၏လေသံက အေးစက်ပြီး ခေါင်းမထောင်ပေ။သို့သော် လူတိုင်းက သူ့စိတ်သဘောထားကို ကျင့်သားရနေပြီဖြစ်သည်။

ပွဲရဲ့အငွေ့အသက်က မဆိုးပါ။ယင်ဒေါက်က ကိတ်မုန့်ကို လှီးဖြတ်ပြီးနောက် ကျေးဇူးတင်စကားပြောခဲ့သည်။ မရပ်မနားစားနေတဲ့ ယင်ထောင်နှင့်ဖန်ကျင်းကလွဲ၍ လူတိုင်းက မနားတမ်းစကားပြောဆိုခဲ့တယ်။

ပွဲက အဆုံးသတ်ဖို့နီးလာသည်။ လူတိုင်းက ယင်ဒေါင် အား လက်ဆောင်များနှင့် ဆုမွန်ကောင်းများ ပေးအပ်ကြသည်။ယင်ထောင်တောင် ခြွင်းချက်မရှိပါပေ။

ကျောင်းယွဲ့ နှင့် ယင်နင်းတို့သည် ဝတ္ထုထဲတွင် သူမကို မကြိုက်သော်လည်း ယင်ဒေါင် သည် ယင်ဟောင်နှင့်မူလယင်ထောင်တို့ကို ကောင်းမွန်စွာ ဆက်ဆံသည်ကို ယင်ထောင်သတိရမိသည်။ထို့ကြောင့် ယင်ဒေါင် နှင့် စကားပြောသောအခါ ယင်ထောင်၏သဘောထားသည် အလွန်ကောင်းပေသည်။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ၊အဖေ”

ယင်ထောင်က စောစောက သူပြင်ဆင်ထားတဲ့ နက်ကတိုင်ကို ယင်ဒေါင် ကိုပေးလိုက်ရာ ဖခင်ဖြစ်သူယင်ဒေါင် တော်တော် သဘောကျနေတာကို သတိထားမိလိုက်တယ်။

“ကောင်းပြီ၊မင်း ဒီလက်ဆောင်ကို အထူးပြင်ဆင်ထားတယ်လို့ အားဟောင် ဆီက အဖေကြားတယ်။ အရမ်းကြင်နာတက်တာပဲ၊ကျေးဇူးတင်ပါတယ်” ယင်ဒေါင်က ယင်ထောင်၏ပခုံးကိုပုတ်၍ “အိမ်ပြန်လာခဲ့၊အဆောင်က အခြေအနေတွေက မကောင်းဘူး။”

“မလိုပါဘူး အဖေ။သမီး အိပ်ဆောင်မှာ နေရတာ အဆင်ပြေတယ်" ယင်ထောင် သည် သူမရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်ရာ သူမ၏ နှလုံးသားထဲတွင် နွေးထွေးသွားသည်။

“မင်း…” ယင်ဒေါင်က ကူရာမဲ့စွာသက်ပြင်းချသည်။ “အဲအလုပ်ကိုတကယ်လုပ်မှာလား?”

"ဟုတ်​ကဲ့ ​သမီးကောင်း​ကောင်းလုပ်​နိုင်​မယ်​ထင်​တယ်​" ယင်ထောင်၏ လေသံ တင်းမာသည်။

အမြဲတစေ စိတ်ဆန္ဒရှိခဲ့သော သူ့သမီးသည် အနည်းငယ်ကွာခြားသည်ဟု ယင်ဒေါင် ခံစားမိသည်။ သူက စိုးရိမ်တကြီးနဲ့ပြောဆဲဖြစ်သည်။“မင်းကို စဉ်းစားဖို့ အချိန်တစ်ခုပေးမယ်။ မင်းရဲ့အမေ ကို စိတ်မဆိုးပါနဲ့။ အချိန်မရွေး အိမ်ပြန်လာလို့ရတယ်။"

ယင်ထောင်က ယင်ဒေါင်ကိုပြုံးပြသည်။တကယ်တော့ သူမက ကျောင်းယွဲ့ကို ဒေါသထွက်နေတာမဟုတ်ကြောင်း ကျောင်းယွဲ့က သူမကိုဘယ်လိုပဲဖြစ်ဖြစ် သည်းမခံနိုင်တာဖြစ်ကြောင်း ပြောပြချင်မိသည်။

“ထောင်ထောင်?”

ယင်ဒေါင်နှင့် စကားပြောပြီးသောအခါ ယင်ထောင်သည် လက်ဝတ်ရတနာများ ၀တ်ဆင်ထားသော ချမ်းသာသော အမျိုးသမီးတစ်ဦး ပြုံးလျက် သူမဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

"မတွေ့တာကြာပြီ။ထောင်ထောင် မင်းက ဘာလို့ ဒီလောက် ကိုယ်အလေးချိန် ကျသွားတာလဲ။ ထိုအမျိုးသမီးက ယင်ထောင်၏လက်ကို ချစ်ခင်စွာ ဆုပ်ကိုင်ထားပြီး စိုးရိမ်စိတ်ဖြင့် မေးသည်။

ယင်ထောင် သည် သူမ၏မှတ်ဥာဏ်ကိုရှာဖွေခဲ့တယ်။ သူမ အရှေ့ရှိ အမျိုးသမီးသည် ကျောင်းယွဲ့၏အစ်မအကြီးဆုံး ကျောင်းလင်း၊မူလပိုင်ရှင်၏အဒေါ်အကြီးဆုံးဖြစ်ပေသည်။

သူမ သည် ကျောင်းယွဲ့လောက် မာနမကြီးပါ။ကျောင်းလင်း သည် စီးပွားရေးသမားဖြစ်သည်။ သူမသည် ကြင်နာတတ်ပြီး မူလယင်ထောင် ကို ကောင်းစွာ ဂရုစိုက်ခဲ့တယ်။

"အကြီးဆုံးအဒေါ်" ယင်ထောင်က ကျောင်းလင်းကို ချိုသာစွာ ပြုံးပြလိုက်တယ်။ အေးစက်စက် မထီမဲ့မြင်ပြုတတ်သော မိခင်နှင့် နှိုင်းယှဉ်ပါက သူမအပေါ် ကြင်နာ၍ ချစ်တတ်သော ဒီအဒေါ်ကို ပိုသဘောကျသည်။

“မင်း မှုခင်းဆရာဝန်ဖြစ်ဖို့ အခိုင်အမာပြောနေတယ်လို့ မင်းအမေဆီက ကြားတယ်။ မိန်းကလေးတစ်ယောက်အတွက် မှုခင်းဆရာဝန်ဖြစ်ဖို့က အရမ်းခက်ခဲတယ်။ မင်းဘယ်လောက်ပိန်သွားလဲ ကြည့်စမ်း။" ငြိမ်သက်နေသောယင်နင်းနှင့် ယှဉ်လျှင် ကျောင်းလင်း သည် ရိုးဖြောင့်သော စကားပြောသည့် ယင်ထောင် ကို သဘောကျသည်။ ကျောင်းလင်း သည် တည့်တိုးဆန်သောလူဖြစ်သည်။

“မခက်ပါဘူး အဒေါ်။ သမီး အဲဒီအလုပ်ကို တော်တော်ကြိုက်တယ်။” ယင်ထောင် သည် သူမ၏အဒေါ်က ကျောင်းယွဲ့ကဲ့သို့ သူမအပေါ် မထီမဲ့မြင်ပြုတာ မဟုတ်ဟု ခံစားမိသည်။ အဒေါ်က သူမ ဒုက္ခရောက်မည်ကို အမှန်ပင် စိုးရိမ်နေခြင်းဖြစ်သည်။

“မင်း မကိုင်တွယ်နိုင်ရင် အဒေါ့်ကုမ္ပဏီမှာ အလုပ်လာလုပ်။ မင်းအမေစကားနားမထောင်နဲ့။ အဒေါ်ရဲ့ ကုမ္ပဏီမှာ ဘယ်ရာထူးကိုမဆို ရွေးလို့ရတယ်။” ကျောင်းလင်းက ယခင်က ယင်ထောင်ကို သူ့မိသားစု၏ ကုမ္ပဏီသို့ လာရန် အလိုရှိခဲ့သော်လည်း ယင်ထောင်၏ အရည်အချင်းသည် ချို့တဲ့နေပြီး အခက်အခဲများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ကျောင်းယွဲ့ က အမြဲပြောခဲ့တယ်။

ကျောင်းလင်းက ယင်ထောင်သည် မှုခင်းဆေးပညာ ဆရာဝန်တစ်ယောက်အနေနဲ့ အခုလို ခက်ခက်ခဲခဲ ကြိုးစားလုပ်ဆောင်နိုင်ရင် ပိုဆိုးလာနိုင်သည်ဟုမထင်ချေ။

"အစ်မ!" ကျောင်းယွဲ့ သည် ကျောင်းလင်းက ယင်ထောင်ကို ကိုင်ထားသည်ကိုမြင်သောအခါ မပျော်မရွှင်မျက်မှောင်ကြုံ့သွားသည်။ “သူမကို အခုလိုအလိုလိုက်လို့မဖြစ်ဘူး!”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment