Ch-7 : မွေးနေ့
ဒီအမှု သည် တကယ်ကို တိုးတက်မှု မရှိသေး။ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ မိသားစုကို ရှာဖွေတွေ့ရှိခဲ့တယ်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ မိသားစုသည် အလုပ်သမားလူတန်းစားဖြစ်ပြီး ရန်သူများမရှိကြောင်း သိခဲ့တယ်။
ပိုင်လော် ၏ စုံထောက်အဖွဲ့သည် တစ်ညလုံး ဆက်တိုက် အလုပ်ချိန်အပိုလုပ်ခဲ့သည်။ ယင်ထောင်သည် မူလက တနင်္ဂနွေနေ့တွင် မွေးနေ့ပွဲကို ကျော်ဖြတ်ရန် အကြောင်းပြချက်တစ်ခုအဖြစ် အလုပ်ကိုအကြောင်းပြချင်ပေမဲ့ အချိန်အတော်ကြာစဉ်းစားပြီးနောက် ယင်ဟောင်ကိုဖုန်းမခေါ်ရဲပေ။
ဟိုတယ်အဝင်ဝမှာ ရပ်နေတဲ့ ယင်ထောင်က လက်ထဲတွင်လက်ဆောင်ဘူးကို ကိုင်၍ အသက်ပြင်းပြင်းရှူပြီး အထဲကို ဝင်လာခဲ့တယ်။ဒါတွေက အလောင်းကို ခွဲစိပ်စစ်ဆေးတာထက် သူမအတွက် ပိုနာကျင်စေတယ်။
"ရှောင်ထောင်,ရောက်လာပြီပေါ့!" ယင်ထောင် မွေးနေ့ပွဲကျင်းပသောအခန်းကို ရောက်တာနဲ့ ဝင်ပေါက်မှာ ယင်ဟောင် ကို တွေ့လိုက်တယ်။
"အစ်ကိုကြီး" ယင်ထောင်က သူ့ကို လှမ်းနှုတ်ဆက်သည်။ ယင်ဟောင် လက်ရာမြောက်သော မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်ကို သူမမြင်သောအခါတွင် သူမသည် သူမ၏ ပေါ့ပေါ့ပါးပါး ၀တ်စုံကို ကြည့်ပြီး ခေါင်းငုံ့ကာ ရယ်မောမိသည်။
"ဘာလို့ သပ်သပ်ရပ်ရပ်ဝတ်စားမလာတာလဲ?" ယင်ဟောင် သည် အဖြူရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီ ဝတ်ထားသည့် သူ့ညီမကို ကြည့်ကာ အနည်းငယ် အားကိုးရာမဲ့ ဖြစ်နေသည်။ ဒီမိန်းကလေးတွင် ကလေးမျက်နှာလေးရှိပြီး အခုအထက်တန်းကျောင်းမပြီးသေးတဲ့ ကျောင်းသားတစ်ယောက်နှင့်တူသည်။
“ညီမလေးက ဒီပွဲမှာ အဓိကဇာတ်လိုက်မှမဟုတ်ပဲ၊အဖေ့မွေးနေ့ကို ကျင်းပဖို့ရောက်နေတာလေ” ယင်ထောင်သည် ဇာတ်လိုက်များစုရုံးသည့်အချိန်မျိုးတွင် ပေါ်လွင်ထင်ရှားမနေချင်သောကြောင့် တမင်တကာ ၀တ်ဆင်လာခဲ့တယ်။
"ကောင်းပြီ မင်းမငယ်တော့ဘူး။ နောက်မှ ကြိုက်တဲ့ ကောင်လေး ရှိလား ကြည့်ကြည့်၊ကြိုက်တဲ့လူရှိရင် အစ်ကို မိတ်ဆက်ပေးမယ်” ယင်ဟောင် သည် သူ့ရှေ့မှ ယင်ထောင်ကိုကြည့်ကာ သူမ များစွာပြောင်းလဲသွားတယ်လို့ ခံစားရသည်။ အရင်တုန်းကတော့ ဒီလိုအချိန်မျိုးတွေမှာ သူမက သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားတာ သေချာတယ်။
“အိုး…” ယင်ထောင်က ခေါင်းငုံ့ပြီး အားပျော့စွာ ပြန်ဖြေသည်။
"အစ်ကိုကြီး!" နူးညံ့ချိုသာသော အသံတစ်ခု အနောက်မှ ထွက်ပေါ်လာသည်။ ယင်ထောင်သည် ယင်နင်း နှင့် ကျောင်းယွဲ့ ဖြစ်ရမယ်ဟု သံသယမရှိသိနေသည်။
“အဖေက အထဲမှာ။ အမေနဲ့နင်းနင်းတို့အရင်ဝင်နှင့်” ယင်ဟောင်က ထိုသားအမိ ဝတ်ဆင်ထားသည်ကိုမြင်သောအခါ မအံ့သြပေ။
"အားဟောင်၊နောက်ကျရင် ရှီဖန် ကို နင်းနင်းနဲ့ မိတ်ဆက်ပေးဖို့ မမေ့နဲ့။ နောက်ဆုံးစုဝေးပွဲမှာ နင်းနင်းက ရှီဖုန်းက မဆိုးဘူးလို့ ပြောတယ်…” ကျောင်းယွဲ့က ယင်ဟောင်အား တိုးတိုးပြောသော်လည်း ယင်နင်းက မခို့တရို့ ဟန့်တားလေသည်။
“အမေ၊ အစ်ကိုကြီးကိုမပြောလို့မရဘူးလား?”
ယင်နင်း သည် ချောမောလှပသော ၀တ်စုံနှင့်ငွေဖြူပိုးထည်ရှည် ၀တ်စုံကို ၀တ်ဆင်ထားသည်။ ရှည်လျားသော ၀တ်စုံ၏ ပုံသဏ္ဌန်နှင့် ယှဉ်လိုက်သောအခါ သူမ၏ ဖြူစင်သော အသားအရေသည် ပို၍ပင် လှပနေသည်။
ဟန်ဆောင်သားအမိကိုကြည့်ရင်း ယင်ထောင်၏ မျက်လုံးထောင့်များ တုန်လှုပ်သွားသည်။ ထိုသို့သော အနေအထားမျိုးတွင် သူမက အမှန်တကယ် နေရာမှားရောက်လာတယ်နှင့်တူနေခဲ့တယ်။
"ယင်ဟောင်! မင်္ဂလာပါ အန်တီ!” မနီးမဝေးမှ အရပ်ရှည်ရှည် လူသုံးယောက် ဖြတ်လျှောက်လာသည်။ ယင်ထောင်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ထောင့်နားက သန့်စင်ခန်းဆီသို့အမြန်ထွက်သွားတော့သည်။
" ရှီဖန်၊ကျင်းချန်း ၊လင်းကျား၊ မင်းတို့ရောက်ပြီပေါ့" ယင်ဟောင် က သူတို့ဆီ လျှောက်သွားသည်။ ယင်ထောင်ကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခါနီးမှာ ယင်ထောင်ပျောက်နေတာကို သိလိုက်တယ်”
“ဒီကောင်မလေး…” ယင်ဟောင် က အားကိုးရာမဲ့ ပြုံးပြီး ကျောင်းယွဲ့ နဲ့ ယင်နင်း ကို လှည့်ကြည့်တယ်။ "နင်နင်း၊ မင်း နောက်ဆုံးတွေ့ဆုံမှုမှာ ရှီဖန် နဲ့ ကျင်းချန်း ကိုတွေ့ခဲ့တယ်မလား၊သူက City A က မြို့တော်ဝန်ရဲ့ လက်ထောက်-လင်းကျားပါ။”
ယင်နင်း သည် သူမရှေ့က လူကိုကြည့်နေသည်။ ရှီဖန် လောက်တော့ မချောပေမယ့် သူ့မျက်နှာမှာ နူးညံ့တဲ့ အပြုံးနဲ့ ပညာရှင်တစ်ယောက်ရဲ့ ယဉ်ကျေးတဲ့ စိတ်ထားရှိတယ်။ ယင်နင်း သည် သူမ၏ယခင်ဘဝတွင် ရှီဖန် အကောင်းဆုံးလုပ်ဆောင်ခဲ့သည်ကို သတိရမိသော်လည်း လင်းကျားသည် လျစ်လျူမရှုသင့်သော ကြီးမားသောရိုက်ချက်ဖြစ်တယ်။
"မင်္ဂလာပါ အစ်ကိုလင်းကျား" ယင်နင်း၏မျက်နှာပေါ်တွင် ချိုမြသော အပြုံးတစ်ခု ရှိနေပြီး လင်းကျားက သူမကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။
ပွဲသို့ လိုက်သွားပြီးနောက် ကျင်းချန်းက ပတ်ဝန်းကျင်ကို လှည့်ကြည့်ကာမေးတယ်။ "အားဟောင်၊ မင်းမှာ နောက်ထပ် ညီမတစ်ယောက်ရှိတယ်မဟုတ်ဘူးလား?”
“အိုး၊ရှောင်ထောင်ကလည်း ငါ့ညီမလေးပဲလေ၊သူမမှာတက်ကြွတဲ့ကိုယ်ရည်ကိုယ်သွေးရှိတယ်၊သူမ ဘယ်ထွက်သွားသလဲ ငါလည်းမသိဘူး” ယင်ဟောင် က ယင်ထောင်ကိုလိုက်ရှာနေပေမယ့် ဒီကောင်မလေးက တမင်ပုန်းနေခဲ့တာထင်ရှားလို့နေတယ်။
“ဟူး..အားဟောင်မှာ ညီမလေး ၂ယောက်ရှိတာ တကယ်ကံကောင်းတယ်၊ငါတို့မှာတော့ ခေါင်းကိုက်အောင်လုပ်တက်တဲ့ညီငယ်တွေပဲရှိတာ” ကျင်းချန်းက ယင်းနင်က လှပတယ်လို့ အမှန်တကယ် ခံစားမိသော်လည်း ရှီဖန်၊လင်းကျားနှင့်လိုက်ဖက်သည်ဟု ယုံကြည်ချက်မရှိပါပေ။
"ရှီဖန် မင်းမှာလည်း ညီမလေးရှိတယ်မဟုတ်ဘူးလား?” လင်းကျားက အညိုရင့်ရောင် ၀တ်စုံဝတ်ထားသော သူ့ဘေးကလူကို ပြုံးပြသည်။
"ဟုတ်တယ်၊ ဒါပေမယ့် သူမ က မူလတန်းကျောင်းတက်တုန်းပဲ" ရှီဖန် က ပြုံးပြီး ပြန်ဖြေတယ်။ သူက ယင်နင်း ကို အမှတ်မထင် ကြည့်လိုက်ရာ သူမ သူ့ကို စိုက်ကြည့်နေမှန်း သိလိုက်သည်။
"ယိုး ..မင်းကတော့ အားဟောင်ရဲ့ယောက်ဖ ဖြစ်တော့မယ်ထင်တယ်!” ကျင်းချန်း သည် ယင်နင်း ၏ အကြည့်ကို မြင်ပြီး ရှီဖန် ကို တမင်တကာစနောက်သည်။
“ငါ့ယောက်ဖဖြစ်တာ ဘာမှားလို့လဲ?” ယင်ဟောင် က ကျင်းချန်း ၏ ပခုံးကို ပုတ်ကာ ပြုံး၍ မေးသည်။
“ဟုတ်ပါတယ်၊ ဒါပေမယ့် မင်းမှာ ညီမနှစ်ယောက်ပဲရှိတာလေကွာ။ ရှီဖန် နဲ့လင်းကျားတို့က ဝိုင်းပြီး အဆင့်သတ်မှတ်လို့ မရဘူး။” ကျင်းချန်းတွင် လှပသော မက်မွန်ပွင့်မျက်လုံးတစ်စုံရှိသည်။ ရှီဖန် နှင့်လင်းကျားတို့နှင့် နှိုင်းယှဥ်ကြည့်လျှင် သူက ပို၍ နိမ့်ကျပုံပေါ်၏။
“ငါ့ကို ဒီကနေ လွှတ်စမ်းပါ၊ငါက ရုပ်ရည်အရတော့ ရှီဖန် ဒါမှမဟုတ် ဖန်ကျင်းနဲ့ ယှဉ်လို့မရဘူး”လင်းကျားက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။