no

Font
Theme

About This Novel

ဒါက အခုလက်ရှိမှာ Miel ဘာသာပြန်လက်စ Flowers Are Bait နဲ့ ဒရာမာဘက်မှာ နာမည်ကြီးခဲ့တဲ့ When The Phone Rings တို့ကို ရေးခဲ့တဲ့ author-nim ရဲ့ နောက်ထပ်ဆုရထားတဲ့ လက်ရာပါ။ Tension တွေ၊ suspense တွေနဲ့ ဇာတ်အိမ်ဖန်တီးတာကလည်း တော်တော်ကျင်လည်ပြီး ဆွဲဆောင်မှုရှိပါတယ်။ သူ့ရဲ့ signature ဖြစ်တဲ့ mystery မှာ romance ရောတဲ့ vibe နဲ့ another masterpiece ပေါ့နော်။ 2025 ၁လပိုင်း ၁ရက်နေ့က သူ့ရဲ့manhwa လည်း ထွက်ထားပါတယ်။ Art ကလည်းအလန်း၊ plot ကလည်း အလန်းပဲ။


ဒီမှာ male lead က black agent တစ်ယောက်။ လက်ထပ်ရမယ်ဆိုတဲ့ သူ့ရဲ့ mission ပြီးသွားတော့ သူက ပျောက်သွားလိုက်ရော။ သူ့မိန်းမက သူ့ကို လိုက်ရှာပေမဲ့ သူက ကိုယ်ရောင်ဖျောက်တဲ့နေရာ၊ ရုပ်ပြောင်းရုပ်လွှဲလုပ်တဲ့နေရာမှာ တအားတော်တယ်။ ပရိယာယ်ကြွယ်တယ်၊ ဉာဏ်များတယ်။ ပြီးတော့ identity တွေလည်း အများကြီးရှိတယ်။ ဒီတော့ လွယ်လွယ်နဲ့ ရှာလို့မရခဲ့ဘူးပေါ့နော်။ 


Female lead က မျက်ကြည်လွှာပျက်စီးထားတဲ့ မျက်မမြင်။ မျက်မမြင်ဆိုပေမဲ့ မွေးရာပါမဟုတ်ဘူး၊ နာတာရှည်မဟုတ်ဘူး။ အရင်က သူနာပြုလုပ်ခဲ့ဖူးပေမဲ့ မျက်လုံးကွယ်သွားတော့ အလုပ်နားလိုက်တယ်။ ပြီးတော့ male lead နဲ့ အိမ်ထောင်ကျပြီး သာမန် အိမ်ရှင်မလေးအဖြစ်နဲ့ နေတယ်ပေါ့နော်။ ဒါပေမဲ့ female lead က စိတ္တဇ ဖြစ်နေတာ။ အစွဲအလမ်းလည်းကြီးတယ်။ Trauma ရှိပြီး ငယ်ငယ်ကတည်းက ကုထုံးပညာရှင်နဲ့ ပုံမှန်ပြနေရတဲ့သူ။ ဒါပေမဲ့ လက်ထပ်လိုက်တဲ့အတောအတွင်းမှာ စိတ်ချမ်းသာပြီး ရောဂါက နည်းနည်းငြိမ်သွားတယ်။ ဒါပေမဲ့ သူ့ယောက်ျားက သူ့ကို ထားသွားပြီး ပျောက်သွားတော့ စိတ်ကပြန်ဖောက်လာရော။ အချစ်ကြီး၊ အစွဲအလမ်းကြီးတဲ့သူဆိုတော့ ယောက်ျားက ဒီလိုထားသွားတာကို ဘယ်လိုမှ မခံစားနိုင်ဘူးပေါ့နော်။ 


အဲ့ဒီလိုနဲ့ သူ့ယောက်ျားက အေးဂျင့်တစ်ယောက်ဖြစ်ပြီး mission သဘောနဲ့ သူ့ကို လက်ထပ်ခဲ့မှန်းလည်းသိရော ဘယ်လိုမှထိန်းမရတော့ဘူး။ ဒီတော့ မျက်မမြင်ဆိုက်ကိုမလေးက ကိုယ်ဖျောက်တော်တဲ့ သူ့ယောက်ျားကို ရှာဖို့အတွက် ဘာတွေလုပ်မှာလဲ၊ သူ့ယောက်ျားကရော ဘာအကြံတွေရှိနေမှာလဲ၊ နှစ်ယောက်တွေ့ကြရင်ရော ဘာတွေဖြစ်ကြမလဲဆိုတာကို ဒီဝတ္ထုမှာ ဖတ်ကြည့်ကြတာပေါ့နော်။ ဇာတ်လမ်းက twist တွေနဲ့ အရမ်းဆွဲဆောင်မှုရှိမှာတော့ စိတ်သာချ။ နောက်ပြီး smut ဆိုလို့ 19+ အခန်းတွေချည်းပဲ မထင်ပါနဲ့နော်။ သူက ထုံးစံအတိုင်း plot ကောင်းကောင်းမှာ smut က ပါးပါးလေးပါလာမှာပါ။ 


ဒီတော့ စီးမျောခံစားကြည့်ကြပါဦး။


~~~~~ 


Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment