no

Font
Theme

အပိုင်း ၁၈

'ဇီးကွက်က... ဟုတ်တယ်၊ ဇီးကွက်က ဒီမှာ အလုပ်လုပ်နေတာပေါ့။'

—ဧကန္တ...တွေ့ခဲ့သေးတာလား။

သတိထားပြီး မေးလာသည့်အသံကြောင့် အီဝူရှင်း ပါးစပ်ပိတ်နေမိသည်။ တွေ့ရုံတင်မက။

—ဒါပေမဲ့ မမှတ်မိလောက်ပါဘူးနော်။ ဂင်ဟျွန်းက masker မဟုတ်လား။

"ဟုတ်တယ်။"

လည်စေ့က သိသိသာသာ လှုပ်ရှားသွားသည်။ နောက်ဆုံးတော့ အမှန်တရားက တစ်ခုပဲရှိ၏။ ဟန်ဆောယောင်း သူ့ကို မမှတ်မိဘူးဟူသောအချက်။ အီဝူရှင်းက အသက်ရှူသွင်းကာ တည်ငြိမ်အောင် ပြန်ထိန်းချုပ်လိုက်သည်။

—ဇီးကွက်… မျက်နှာက ထိခိုက်မထားပါဘူးနော်။

"ဘာ။"

—အဲ့ဒါက...

ချီတုံချတုံဖြစ်နေသော အသံကြောင့် သူက နှာခေါင်းရှုံ့ရယ်လိုက်သည်။

'အလကားနေရင်း စေတနာတွေထားပြီး ဒီလိုမျိုး သွားလာနေတာကို အေးဂျင့်အလုပ် ဘယ်လိုများ လုပ်ဦးမှာပါလိမ့်။'

အရည်အချင်းမှလွဲ၍ ကျန်တာအားလုံး အားနည်းသည့် နာဝမ်ချန်းတစ်ယောက် သာမန်အစိုးရဝန်ထမ်း ဖြစ်သွားသည်ကမှ တော်ဦးမည်ဟု ပြော၍ရ၏။

—အဲ့၊ အဲ့ဒါက အဖွဲ့မှူးက ဇီးကွက်အကြောင်း အစီရင်မခံဖို့ပြောထားတော့...

"အဲ့ဒီတော့ ဘာဖြစ်လဲ။"

—ဟိုတလောကပဲ ဇီးကွက်က မြောက်ကိုရီးယားကို ထွက်ပြေးဖို့ကြိုးစားတုန်း အဖမ်းခံခဲ့ရတာပါ။

"…ဘာ။"

သူ၏ နှာတံမြင့်မြင့်က မညှာမတာ ရှုံ့မဲ့သွားတော့သည်။ နားကြားမှားခြင်းများလား။ ချက်ချင်းနားလည်နိုင်စရာမရှိသော အဓိပ္ပာယ်မဲ့သည့် စကားပင်။

အီဝူရှင်းက ထိုအတိုင်း တောင့်တင်းသွားကာ စက္ကန့်ပိုင်းလောက်ကြာအောင် မလှုပ်ရှားနိုင်ခဲ့။

ဘာ…ဖြစ်တယ်။ ဘာလုပ်ခဲ့တယ်။

"ဇီးကွက်က... ဘာလုပ်ခဲ့တယ်။"

—...မြောက်ကိုရီးယားကို ထွက်ပြေးခဲ့တာပါ။

"..."

—အဖွဲ့မှူးကို... ဟင့်အင်း...ဂင်ဟျွန်းကို...သူလျှိုလို့ စွပ်စွဲပြီးတော့။

"…"

—အဲ့ဒါကြောင့် မြောက်ကိုရီးယားကို ထွက်ပြေးပြီး ဂင်ဟျွန်းကိုလည်း စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့တာပါ။

ခဏလောက် စကားမပြောနိုင်တော့။ ဇီးကွက်က…ထိုသို့လုပ်ခဲ့သတဲ့လား။ ထိုသို့သော လုပ်ရပ်ကို လုပ်ခဲ့သတဲ့လား။

ဇီးကွက်အကြောင်း အစီရင်ခံစာက သူ၏ စိတ်နေစိတ်ထားကဲ့သို့ တစ်သမတ်တည်း ရိုးစင်းလှသည်။ ထူးခြားမှု ဘာတစ်ခုမှမပါသော သာမန်ဝါကျများ စုစည်းမှုပင်။ အထီးကျန်ပြီး ကြင်နာတတ်သော အမျိုးသမီး။

အရွယ်ရောက်သည်နှင့် လူမှုရေးပတ်ဝန်းကျင်ထဲသို့ ဝင်ရောက်ကာ အလုပ်တစ်ခုတည်းကိုသာ တစ်သမတ်တည်းလုပ်ခဲ့သော သူက ငြီးငွေ့ဖွယ်ဘဝကို မကျေနပ်ချက် တစ်စုံတစ်ရာမရှိဘဲ ဖြတ်သန်းခဲ့၏။ အလုပ်ကြိုးစားကာ ထိုနေရာတွင် တတ်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။ ထိုမျှအထိ နာခံတတ်ပြီး အနေအေးသူတစ်ယောက်က ဘယ်လိုများ ဤသို့သော ပြဿနာမျိုးကို ဖန်တီးခဲ့လေသနည်း။

"သူက အဲ့ဒီလိုလုပ်နိုင်တဲ့ မိန်းမမျိုးမှမဟုတ်တာ။"

စောစောကလည်း ထိုအတိုင်းသာ။ မာရေကျောရေရှိသော စကားအပြောအဆို၊ မတွန့်မဆုတ် ကန်လိုက်သည့်ခြေထောက်၊ ပြီးတော့ အပူလောင်နိုင်မှန်း သိလျက်နှင့် ရေဖွင့်လိုက်သည့် အပြုအမူ။ သူသိထားသော ဇီးကွက် မဟုတ်တော့သလိုပင်။

ထို့အပြင် တောင်မတ်နေသော လိင်တံကို စိုက်ကြည့်နေသည့် အကြည့်။ ထိုအကြောင်းအရာကို တွေးမိသွားတော့ အီဝူရှင်းတစ်ယောက် စိတ်ပျက်စွာ စုတ်သပ်လိုက်မိသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုသို့သောအချိန်မျိုးမှာမှ ဘာကြောင့်များ လိင်တံက ထောင်လာရသလဲ။

အမြဲတမ်း ဂင်ဟျွန်းကို ခန့်မှန်းပြီးရှာဖွေရန်အတွက် ညှပ်ရိုးနားတစ်ဝိုက်မှာသာ လှည့်လည်နေခဲ့သော မျက်ဝန်းများ။

သံဖြင့် မလွဲစေဘဲအရိုက်ခံရသလို ခိုင်မာပြတ်သားသော အကြည့်တို့က အစိမ်းသက်သက်ဖြစ်နေသည်။

မျက်လုံးများကတော့ ယခု ပြန်ကောင်းလာသည့်ပုံပင်။ စောစောကတည်းက စိတ်ထဲတွင် မသိမသာ အနှောင့်အယှက်ဖြစ်နေသဖြင့် ဂင်ဟျွန်းက သူ၏ မျက်ခုံးကြားကို ပွတ်သပ်လိုက်သည်။

—ဟုတ်ပါတယ်… ဒါပေမဲ့ ခင်ပွန်းဖြစ်သူ ပျောက်ဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ နည်းနည်း…

"..."

—ခံနိုင်ရည်မရှိဘူး ထင်ပါတယ်။

ကျိန်းသေပေါက် စိတ်ဒဏ်ရာလည်းရကာ သံသယမေးခွန်းများလည်း မေးလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် ကြင်နာတတ်ပြီး သည်းခံတတ်သူဖြစ်၍ ဂင်ဟျွန်းကို နာကြည်းမုန်းတီးရာမှ တစ်ဖန်ပြန်ကာ နာလန်ထူနိုင်လိမ့်မည်ဟု သံသယမရှိ ယုံကြည်ခဲ့မိ၏။

အီဝူရှင်းက ဆူပွက်နေသော ရေနွေးပူပူနှင့်  တိုက်ရိုက်ထိမိ၍ စပ်ဖျဉ်းဖျဉ်းဖြစ်နေသော နဖူးကို ကျုံ့လိုက်သည်။

'ဒါပေမဲ့ မြောက်ကိုရီးယားကို ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်တဲ့လား။'

ထူးဆန်းသည်ဟု ခံစားရလောက်သည့် အစွဲအလမ်းကြီးမှုကြောင့် အီဝူရှင်း၏မျက်နှာတွင် တဒင်္ဂ အမူအရာပျောက်သွားတော့၏။ နာဝန်ချန်းက ထိုကဲ့သို့ အေးစက်သော တိတ်ဆိတ်မှုကို အဆူခံရတော့မည့် အရိပ်အယောင်ဟုတွေးကာ စကားလမ်းကြောင်းကို အလျင်စလို လွှဲလေသည်။

—တော်သေးလို့ မြောက်ကိုရီးယားကို ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ ကိစ္စက ဖျက်ဆီးမှုလောက်ပဲ အကျုံးဝင်ပြီး ဒဏ်ကြေးဆောင်ရုံလောက်နဲ့ ပြီးသွားပါတယ်...

"..."

—အဲ့ဒီနောက်ပိုင်း သူ့ရဲ့သွားလာမှုလမ်းကြောင်းကို သတိထားနေသင့်တယ်ဆိုပေမဲ့ အထက်က အမိန့်အထူးအထွေ မရှိလို့… ကျွန်တော်လည်း ပစ်ထားခဲ့မိတာပါ။ ကျွန်တော့်အမှားပါပဲ။ တောင်းပန်ပါတယ်။

သို့သော် ဤနေရာတွင် ဇီးကွက်ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမှပြောင်းလဲသွားမည် မဟုတ်ပေ။ သူ့တွင် မပြောင်းလဲဘဲတည်မြဲသည့် စည်းကမ်းတစ်ခုကိုပြပါဆိုလျှင် ပြီးဆုံးသွားသောမစ်ရှင်က လက်ရှိမစ်ရှင်ကို သက်ရောက်မှုမရှိစေရဟူသော စည်းကမ်းပင်။

အီဝူရှင်းက လည်ပင်းကို တဒေါက်ဒေါက်မြည်အောင်ချိုးကာ တောင့်တင်းနေသောပခုံးများကို ဖြေလျှော့လိုက်သည်။ ငယ်ထိပ်အထိ တက်နေသောအပူများလည်း နည်းနည်းချင်းစီ အေးစက်လာ၏။

အခြေအနေကို ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက်တွင် သူ၏ စိတ်လှုပ်ရှားမှုများက အလိမ်အညာတစ်ခုလိုပင် ချက်ချင်း တည်ငြိမ်သွားတော့သည်။ ထိုအခိုက်အတန့်တွင် ဝန်ချန်းက အားပြန်တက်လာသောအသံနှင့် ပြောလာ၏။

—အဲ့ဒီလိုဆိုပေမဲ့လည်း မကြာခဏ ဆုံနေရမှာမဟုတ်ပါဘူး...။ ဌာနချင်းလည်း လုံးဝ မတူဘဲ ဘာပဲဖြစ်ဖြစ် မှတ်တောင်မမှတ်မိဘူးဆိုတော့။ ဇီးကွက်က ဂင်ဟျွန်းကလွဲပြီး ဘယ်သူ့ကိုမှ စိတ်မဝင်စားလို့ အဲ့ဒါနဲ့တင် တကယ် တော်ပါသေးရဲ့...

သူ့မျက်ခုံးများ တွန့်သွားတော့သည်။ ဗိုက်ထဲကို တစ်ခုခုက ဝှစ်ခနဲခြစ်သွားသလိုခံစားရသော်လည်း ဖြတ်သွားသည့်အလျင်က မြန်လှ၍ ဘာမှန်းသေချာမသိခဲ့။ အီဝူရှင်း သိသည်က အလုပ်သစ် ပြန်ရနေပြီဖြစ်သော ဇီးကွက်အကြောင်း အချက်အလက်များ လိုအပ်သည်ဟူသောအချက်ပင်။

"စုံစမ်းထားလိုက်။"

—ဟုတ်ကဲ့။

သို့သော် သူ ဘာတွေတွေးနေသလဲ၊ လက်ရှိအခြေအနေက ဘယ်လိုရှိသလဲ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေက ဘယ်လိုရှိသလဲ၊ ခင်ပွန်းနှင့်ပတ်သက်သော ပြဿနာကို ဘယ်လိုဖြေရှင်းနေသလဲ အစရှိသည့်အချက်များကတော့ ရိုးရိုးစုံစမ်းရုံနှင့် လုံလောက်မည်မဟုတ်ပေ။

"ဖြစ်နိုင်ရင် မျက်စိရှေ့ကနေ ရှင်းလိုက်တာ ပိုကောင်းမယ်။"

~~~~

မနှစ်မြို့ဖွယ်ခံစားချက်က ကောင်းသည့်ခံစားချက်ထက် အများကြီးပို၍ကြာရှည်ခံကာ အချိန်အကြာကြီး စွဲမြဲနေတတ်သည်။

ဆောယောင်းက မုန်လာဥနီကို ပြင်ဆင်ရင်း ထိုအခိုက်အတန့်ကို ထပ်တွေးလိုက်မိ၏။ တွေးစရာများ အများအပြားရှိနေလျက်ကပင် ထိုလူ၏ခန္ဓာကိုယ်က ရှုပ်ထွေးနေသော သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။

ပြန်တွေးကြည့်လျှင်ပင် ထူးဆန်းလှသော တက်တူးနှင့် တင်းမာပြီး ကြီးမားသည့်အရာ။ ဆောယောင်းတစ်ယောက် ထိုအတွေးများကို ဖယ်ထုတ်ပစ်ရန်ကြိုးစားရင်း လက်ထဲတွင် ဆုပ်ကိုင်ထားသည့် မုန်လာဥနီကို အခွံခွာဓားဖြင့် ခြစ်လိုက်သည်။

အချိန်အတော်ကြာ အမြင်အာရုံ ချို့ယွင်းခဲ့၍ပဲဖြစ်လေမလား၊ မြင်တွေ့လိုက်ရသည့် အမြင်အာရုံကြောင့် ဤမျှအထိ ပြင်းထန်သော သက်ရောက်မှုမျိုး ရှိနေလိမ့်မည်ဟု ထင်မထားမိခဲ့။

ထို့အပြင် ထိုလူ၏ ယဉ်ကျေးမှုမရှိသော ပေါ့ပြက်ပြက်အပြုအမူ၊ တစ်ဖက်သတ် ပြောဆိုမှုများကိုလည်း မနှစ်မြို့ပေ။ မုန်လာဥနီ၏မျက်နှာပြင်ကို ခြစ်နေသည့်နှုန်းက တဖြည်းဖြည်း မြန်လာတော့၏။

"အာ..."

ထိုစဉ်မှာပင် သူ့လက်များ ရုတ်တရက် ရပ်တန့်သွားလေသည်။ တိုးညင်းသော အာမေဋိတ်သံလည်း လိုက်ပါလာ၏။

အဲ့ဒီလူရဲ့…ဟိုဟာကလည်း အပေါ်ကို ကွေးနေတာပဲ…

နောက်ကျမှ သတိထားမိသွားသည့်အချက်ကြောင့် သူ့မျက်နှာက တင်းသွားတော့သည်။ ရေချိုးခန်းထဲမှ ရူးကြောင်ကြောင်နှာဘူး၏ လိင်တံကလည်း နည်းနည်းလေး အပေါ်သို့ ကွေးနေတာ သေချာ၏။

ဂင်ဟျွန်းက သူ၏လိင်တံပုံစံကြောင့် သိမ်ငယ်စိတ်ဝင်ရသည်ဟုပြောကာ ရှက်ရွံ့တွန့်ဆုတ်နေတတ်သည်။ လိင်တံ၏ထိပ်ဖျားက ချိတ်တစ်ခုအလား အထက်သို့ကွေးနေခြင်းက အခြားသူများနှင့်မတူဘဲ ထူးခြားနေသဖြင့် ရှက်သည်ဟု တိုးတိုးလေးပြောခဲ့သည်ကို နားထဲတွင် ရှင်းရှင်းလင်းလင်း ကြားနေရဆဲပင်။

အရှိန်အဟုန်ဖြင့် ဝင်လာသော အမှတ်တရများကြောင့် ကျောရိုးတစ်လျှောက် စိမ့်တက်သွားရတော့သည်။

"ဆောယောင်း..."

ထိုစဉ် စားဖိုမှူးက ပုံထားသော ထမင်းဘူးများအရှေ့မှ သူ့ကို ခေါ်ခဲ့သည်။

"အားတော့နာပေမဲ့ ငါ့ကို တစ်ချက်လောက်လေး ကူညီပေးလို့ရမလား။ အခု လက်အားတဲ့သူမရှိလို့လေ။"

"ဟုတ်ကဲ့။"

ဆောယောင်းက မုန်လာဥနီကိုချကာ လက်ကို အေပရွန်တွင် သုတ်လိုက်သည်။

"စုစုပေါင်း အထုပ်သုံးဆယ်ရှိတယ်။ ဟွာဂျင်းစက်ရုံဘက်ကို ပို့ပေးပြီး ပြန်လာခဲ့ရုံပဲ။"

"သိပါ​ပြီ။"

"မိန်းဂိတ်ပေါက်ရှေ့ကို ထွက်သွားလိုက်ရင် ကားတစ်စီးရှိနေလိမ့်မယ်။ စက်ရုံရောက်တာနဲ့ ငါတို့ဘက်က ဝန်ထမ်းက နင့်ကို မှတ်မိမှာပဲ။"

ထမင်းဘူးများကို အိတ်ကြီးထဲသို့ တစ်ဘူးပြီးတစ်ဘူး ထည့်ပေးနေသည့် စားဖိုမှူးက ရုတ်တရက် သတိပေးခဲ့သည်။

"အဲ့ဒီမှာ အခု ဆန္ဒပြနေကြတာဆိုတော့ အတတ်နိုင်ဆုံး မြန်မြန်လေးသာ ပြန်ထွက်လာခဲ့နော်။"

လက်နှစ်ဖက်စလုံးဖြင့် အိတ်များကိုဆွဲကာ အပြင်ထွက်လာတော့ စားဖိုမှူးပြောသည့်အတိုင်း ဗန်ကားလေးတစ်စီး ရောက်နှင့်နေပေပြီ။

အလိုအလျောက် ပွင့်လာသော ကားနောက်ဖုံးထဲသို့ ထမင်းဘူးအိတ်များကို အရင်ဆုံး စီရရီ ထည့်လိုက်သည်။ ထို့နောက် နောက်ခန်းတံခါးကို ဖွင့်လိုက်သော်လည်း ပွင့်မလာပေ။

ပုံမှန်ဆို ဒီလိုကားမျိုးက ဒီကဝန်ထမ်းတွေ အများကြီး တင်တတ်တာကို...

အချည်းနှီး ထပ်ဆွဲဖွင့်ကြည့်သော်လည်း တံခါးက မလှုပ်ရှားခဲ့။ ကားနောက်ဖုံးက ချက်ချင်းပွင့်ခဲ့သော်လည်း ဤနေရာတွင်တော့ အလိုက်ကန်းဆိုးမသိသည့် ယာဉ်မောင်းသူပင်။

ဆောယောင်းလည်း အလဟဿ အင်အားကို မဖြုန်းတီးလိုသဖြင့် ခရီးသည်ထိုင်ခုံဘေးမှ တံခါးကို အသာလေး ဖွင့်လိုက်သည်။ တော်သေး၍ တံခါးက ချက်ချင်းပွင့်သွားသော်လည်း သူ့မျက်နှာထားကတော့ တင်းနေပေပြီ။ အကဲဆတ်နေပြီးသားစိတ်နှင့် ဝင်ထိုင်လိုက်ရ၏။

"Mask ဘယ်ရောက်သွားလဲ။"

"…"

နူးညံ့သော်လည်း နိမ့်သည့်အသံကြောင့် တံခါးပိတ်ရန်ပြင်နေသော ဆောယောင်းတစ်ယောက် တုံ့ခနဲရပ်သွားတော့သည်။ တစ်ဖက်ကို လှည့်ကြည့်လိုက်တော့ စောစောကလေးတင် ဆုပ်ကိုင်ထားသော မုန်လာဥနီ...ဟင့်အင်း...လူ ရှိနေ၏။ ပြောရလျှင်၊ လိင်တံတွင် တက်တူးထိုးထားသော ထိုလူပင်။

သူက စတီယာရင်ဘီးပေါ်တွင် တံတောင်ဆစ်ကို တင်ထားကာ သာမန်အတိုင်း နှုတ်ဆက်လာသည်။ ယနေ့တော့ မီးခိုးရောင်မဟုတ်ဘဲ အနက်ရောင်မျက်လုံးများဖြစ်နေ၏။

"…ဒီမှာ ဘာလုပ်နေတာလဲရှင့်။"

"ဒီမှာ ကိစ္စလေးလည်းရှိလို့လေ။ ဟွာဂျင်းစက်ရုံကို သွားရင်ရပြီလား။"

"..."

"ဒါမှမဟုတ် တခြားလမ်းကနေ သွားရမလား။"

ဆောယောင်း ကားတံခါးကို အပြည့်မပိတ်ဘဲ မလှုပ်မယှက်ရှိနေတော့ သူက အကျင့်ဖြစ်နေသည့်အလား ဆောယောင်းအနားသို့ ကပ်လာကာ တစ်ဝက်ပွင့်နေသောတံခါးကို ပိတ်ပြီး 'ခါးပတ်' ဟု တိုပြတ်ပြတ် ပြောလာ၏။

ခရီးသည်ထိုင်ခုံဘက်သို့ ကျူးကျော်ပြီး အနားကပ်လာလိုက်၊ ခွာသွားလိုက်လုပ်ရာမှ ရုတ်တရက် မရင်းနှီးသောရနံ့တစ်ခု ထွက်လာသည်။ ပထမဆုံးအကြိမ် ရဖူးခြင်းဖြစ်သည့် ထူးဆန်းသောရနံ့ပင်။ ဆောယောင်းလည်း မျက်မှောင်ကြုတ်ပြီး ခါးပတ်ကို ပတ်လိုက်သည်။

"အခု ကားစက်နှိုးလိုက်ပါပြီ။"

သူက ကားစက်နှိုးရင်း ပြောခဲ့သည်။ 'ဘယ်သူက မေးလို့လဲ' ဟု ဆောယောင်းက စိတ်ထဲမှ နှာခေါင်းရှုံ့ရင်း ညည်းတွားလိုက်၏။

အနက်ရောင်ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းထားသဖြင့် သူ့နှာတံပေါ်တွင် အရိပ်ကျနေသည်။ ပေါ့ပေါ့ပါးပါးအပြုအမူအရ အေးအေးလူလူ နေတတ်သူတစ်ယောက်လိုပင်။ သို့သော် အမူအရာကင်းမဲ့သည့် မျက်နှာထားက ထင်မထားလောက်အောင် ခြောက်ကပ်ကပ်နိုင်ကာ အေးစက်သည့်အသွင်ကိုဆောင်နေသည်။

'အာ...ဘာကြောင့်မှန်းမသိ ရေချိုးခန်းထဲမှာကတည်းက ရင်းနှီးသလိုလိုရှိနေပါတယ်လို့။'

"အဲ့ဒီမတိုင်ခင် ကျွန်တော် ဘယ်သူမှန်း သိလား။"

"ဟုတ်ကဲ့။"

မတွန့်မဆုတ် ဖြေလိုက်တော့ သူက ထူးဆန်းသည့်ပုံစံနှင့် မျက်တောင်ခတ်ကာ ရုတ်တရက် ပြောလာသည်။

"ကျွန်တော်က ဘယ်သူလဲ။"

"…အထူးလုံခြုံရေးအဖွဲ့ကို အသစ်ရောက်လာတဲ့၊ အဲ့ဒီပုဂ္ဂိုလ်ထင်ပါတယ်။"

"…အာ..."

သူက ရုတ်တရက် ကြောင်သွားသလိုမျက်နှာနှင့် ဦးထုပ်ကို ချွတ်လိုက်၊ ပြန်ဆောင်းလိုက်လုပ်ခဲ့သည်။

ထိုသို့ကြည့်လိုက်လျှင် ကျောင်းသားတစ်ယောက်နှင့်တူသော်လည်း ပေါ်လွင်ထင်ရှားသော ခန္ဓာကိုယ်အပေါ်ပိုင်းကြောင့် စစ်သားတစ်ယောက်မှန်း သိသာနေ၏။ လည်ပင်းအထိ ပိတ်နေသော အင်္ကျီက ဆောယောင်း လျှော်နေကျ အဖွဲ့ဝင်များ၏ လေ့ကျင့်ရေးဝတ်စုံများအနက်မှ တစ်စုံဖြစ်သည်။

ဒီအတိုင်း စကားသာမပြောဘဲနေပါ...

ဆောယောင်း စိတ်ထဲမှ တွေးလိုက်မိ၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment