အပိုင်း ၁ 🔞
ဒီနေ့ကျမှ ခင်ပွန်းဖြစ်သူ ဂင်ဟျွန်းတစ်ယောက် ထူးဆန်းနေသည်။
ပူနွေးမာကျောသည့် အသားချောင်းကြီးက အောက်ပိုင်းမှ တရစပ် ပင့်ထိုးနေ၏။ စိုစွတ်နေသည့် အတွင်းသားများ အညှာအတာမဲ့စွာ ထိုးသွင်းခံနေရသည့်အတွက် ဆောယောင်း၏ ခြေတံများက သဘာဝကျကျ ကားသွားခဲ့သည်။
အသိစိတ်လွတ်နေသည်မှာ သေချာပါသည်။
မဟုတ်လျှင် အိမ်ထောင်သက်တမ်းတစ်လျှောက်လုံး နူးညံ့ညင်သာပြီး ပျင်းစရာကောင်းသော sex မျိုးကိုသာ လုပ်တတ်သည့် သူက ယခုကဲ့သို့ ပြောင်းလဲသွားစရာ အကြောင်းမရှိ။
ရမ္မက်မီးတောက်စွာ တဖတ်ဖတ်ရိုက်နေသည့် ပေါက်ခွကြားမှ မကြားဝံ့မနာသာအသံက ပျံ့လွင့်ပေါ်ထွက်လာတော့သည်။ သူက တကယ်ပဲ တခြားလူတစ်ယောက် ဖြစ်သွားသည့်အလား အောက်ပိုင်းကို တအားဆောင့်နေခဲ့သည်။ အညှာအတာမဲ့စွာ ဆောင့်သွင်းခံနေရသည်နှင့်အမျှ ဆောယောင်း၏ တစ်ကိုယ်လုံးလည်း တုန်ယင်လာရတော့၏။
"ဟား...ဟင့်..."
ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်လာကာ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ကျဉ်တက်သွားတော့သည်။ သူက သာယာမှုဇုန်ကို ထပ်ကာတလဲလဲ လာဆောင့်သည်တွင် နဂိုက မမြင်ရသည့် အမြင်အာရုံက ထပ်ပြီးဝေဝါးကာ မူးရိပ်ရိပ်ဖြစ်လာသလိုပင်။ ပူပြင်းလှသည့် ခံစားချက်ကြောင့် အာခေါင်ခြောက်လာတော့သည်။ ထိုအဖြစ်ကို ဘယ်လိုသိသွားသလဲမသိ ချက်ချင်းဆိုသလို စိုစွတ်သည့်လျှာက အထဲဝင်လာ၏။
"ဟင့်...အင့်..."
သူက တွယ်စပ်နေသည့် ဦးခေါင်းကို ဟိုလှည့်ဒီလှည့်လှည့်ကာ အလောတကြီးနှင့် လျှာကိုစုပ်ခဲ့သည်။ အမှန်တကယ်ကို ပုံမှန်နှင့်မတူသည့် အနမ်းပင်။ စိတ်ကြွနေသည့် သူက လည်ချောင်းအတွင်းသို့ လိင်တံကိုထည့်နေသည့်အလား လျှာကိုထည့်ခဲ့သည်။
အနမ်းက နူးညံ့ညင်သာပြီး ခံစားချက်ကောင်းရမှာမဟုတ်ဘူးလား။ ဆောယောင်းတစ်ယောက် အနည်းငယ် မသတီစရာကောင်းပြီး အရိုင်းဆန်သည့်ခံစားချက်ကြောင့် တုန်လှုပ်ချောက်ချားလာတော့သည်။
ဤသည်ကား သာယာမှုလား၊ မသာယာမှုလား မကွဲပြား။ ထူးဆန်းသည်မှ အင်မတန် ထူးဆန်းပေသည်။ သို့သော် ဆောယောင်းက နည်းနည်းလောက်လေးဖြစ်ဖြစ် ခုခံဖို့ပြင်လိုက်လျှင် ခင်ပွန်းဖြစ်သူက လွှမ်းမိုးပိုင်စိုးမှုကိုပြသကဲ့သို့ လည်တိုင်ကလေးကို ကိုက်ပေတော့သည်။
"အွတ်..."
သူက ဆောယောင်း မလှုပ်ရှားနိုင်ရအောင် လက်ကောက်ဝတ်နှစ်ဖက်အား ဖိချုပ်ထား၏။ Sex စလုပ်ကတည်းက ထိုသို့လုပ်နေသောကြောင့် ယခု လက်ကောက်ဝတ်တစ်ဝိုက်က တဆစ်ဆစ်နာကာ ထုံလာရပေပြီ။
"အင်း...လက်ကိုလွှတ်ပေးပါ။ နာတယ်ရှင့်..."
သို့ရာတွင် ထိုကဲ့သို့ မသက်မသာ ညည်းနေသည့်တိုင် ခင်ပွန်းဖြစ်သူက ဂရုမစိုက်ခဲ့။ ထောင်ကြွနေသည့် နို့သီးလေးများကိုကိုက်ကာ အပြစ်ပေးနေသည့်အလား ကြိတ်၍ဝါးခဲ့သည်။
မျက်မမြင်ဇနီးသည်အား စာနာထောက်ထားကာ တစ်ခါလေးတောင် လက်လွတ်စပယ် ပြုမူဖူးခြင်းမရှိသော ခင်ပွန်းနှင့် ဘယ်လိုမှမတူသည့် အပြုအမူပင်။
"ဟင့်...အင်း...ဟင့်...."
သူကား အမြဲတစေ ယဉ်ကျေးရည်မွန်ကာ သတိထားတတ်သည့်သူပင်။ ဇနီးဖြစ်သူအပေါ် လက်လွတ်စပယ် ဆက်ဆံဖူးခြင်းမျိုး အလျဉ်းမရှိခဲ့။ သို့သော် သူက တစ်ခါထပ်၍ ကြိုတင်သတိပေးခြင်းမရှိဘဲ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ဟာ့....ဟူ၍ နှုတ်မှ တိုပြတ်ပြတ် ပင့်သက်ရှိုက်သံ ထွက်သွားရ၏။
"ဟျွန်းလေး...ဟား...ခဏလေး ရပ်..."
"မဖြစ်ဘူး၊ အချိန်မရှိဘူး။"
ကြမ်းရှရှ ခပ်အက်အက်အသံက တိုးညင်းညင်း ထွက်လာခဲ့သည်။
အချိန်။ ဘာအချိန်လဲ။
သို့သော် အကြာကြီး မတွေးနိုင်ခဲ့။
တင်ပါးဆုံက သူနှင့် တရစပ် သွားဆောင့်မိနေသည်။ တုတ်ခိုင်သည့် သူ၏လိင်တံကား ဆောယောင်း၏ အတွင်းထဲတွင် အညှာအတာမဲ့စွာ ဆောင့်နေဆဲဖြစ်ကာ ကြမ်းတမ်းသည့် ဆောင့်ချက်များကြောင့် ခပ်လှမ်းလှမ်းအထိ တဖတ်ဖတ် ရိုက်ခတ်သံများ ပဲ့တင်သွားတော့၏။
ဤကဲ့သို့ ကြမ်းတမ်းလှသည့် ချစ်တင်းနှောမှုမျိုး တစ်ခါမှ မလုပ်ဖူးခဲ့သောကြောင့် ခန္ဓာကိုယ်က အလိုလို ဆတ်ခနဲဆတ်ခနဲ တုန်နေခဲ့သည်။ ဝင်ပြီးထွက်သွားသလောက် လမ်းကြောင်းတစ်လျှောက် နီရဲတောက်လောင်ကာ ပူပြင်းနေသလိုပင်။
"ဟင့်..."
အသက်ရှူ ရပ်ရပ်သွားကာ မျက်ရည်များဝိုင်းတက်လာသည့်အတွက် အမြင်လွှာသည်လည်း ဝေဝါးသွားရသည်။ သာယာမှုက တအားပြင်းထန်လွန်းလျှင် မျက်ရည်ပြွန်များ ထိန်းချုပ်မရအောင် လှုံ့ဆော်ခံရတာပါလားဟူသည့်အချက်ကို ယနေ့မှပင် ပထမဆုံးအကြိမ် သိလိုက်ရ၏။
သူ၏ တောင့်တင်းသည့် တင်ပါးဆုံက ဆောယောင်းအား အကြိမ်ကြိမ် ထပ်ပြန်တလဲလဲ လာဆောင့်ခဲ့သည်။ အားပြင်းပြင်းဆောင့်ချက်များကြောင့် ဒီအဆုံးသတ်က ရှင်သန်ခြင်းလား၊ သေဆုံးခြင်းလား မသိနိုင်ရလောက်အောင် ပြုတ်ကျသွားသလို ခံစားချက်မျိုးကို ပေးနေတော့သည်။
Sex လုပ်နေရင်း ယခုကဲ့သို့ ချွေးရွှဲနစ်ရလောက်သည်အထိ ဖြစ်ခဲ့ဖူးတာမျိုး ဘယ်နှကြိမ်ရှိမလဲ။
ဒီနေ့ ခင်ပွန်းဖြစ်သူက တကယ်ကို ထူးဆန်းနေသည်။
ခန္ဓာကိုယ်ချင်း ရိုက်ခတ်သည့်အသံ ထွက်နေခြင်းက မည်မျှကြာသွားခဲ့ပြီဆိုသည်ကို ပြောရန်ခက်လှ၏။ ဖိကြိတ်ရင်း ထိစပ်နေသည့်နေရာက အပူကို ထုတ်လွှတ်ရင်းကပင် ဆက်တိုက်ဆောင့်ကာ ဖိပွတ်နေတော့သည်။
"ကိုယ်မရှိတဲ့အခါ ဒါမျိုးလုပ်လို့ မဖြစ်ဘူးနော်။"
ထိုအခိုက်အတန့်တွင် ဂင်ဟျွန်းက ကိုယ်ကိုနှိမ့်ကာ ဆောယောင်း၏ မျက်ရည်များကို လျှာဖြင့်သပ်ပေးခဲ့သည်။
"ဒီလိုမျိုး ခြေတံတွေကားပေးလို့ မဖြစ်ဘူး။"
"ဟင့်....အခု ဘာစကားတွေ...ဟင်း..."
"ငါ-ိုး...ဟား..."
တင်ပါးဆုံကို ဆုပ်ကိုင်ပြီး အောက်ပိုင်းကို အားဖြင့် တဖတ်ဖတ် ပင့်ဆောင့်နေသည့် သူက ယခင် တစ်ခါမှ မလုပ်ဖူးသည့် ဆဲဆိုခြင်းကိုပါ လုပ်နေလေသည်။
"ဟား...အင့်...ထူးဆန်းတယ်၊ ဟျွန်းလေးက ဆဲလည်းဆဲနေတယ်...ထူးဆန်းတယ်။"
"တောင်းပန်ပါတယ်၊ ဒီတစ်ညလေးပဲ အချစ်က သည်းခံပေးနော်။ ဒီတစ်ညလေးပဲ။"
"ဟင်း..."
သူက ဆောယောင်း၏ ဖူးဖူးရွရွ အောက်နှုတ်ခမ်းလေးကိုကိုက်ကာ ရုတ်တရက် လျှာကို ပါးစပ်ထဲသို့ နက်နက်ရှိုင်းရှိုင်း သွင်းခဲ့သည်။ သဘာဝကိုယ်သင်းနံ့နှင့်သိပ်မကွာသော လတ်ဆတ်သည့် သူ့ရေမွှေးနံ့ကြောင့် စိတ်က အနည်းငယ် တည်ငြိမ်လာရ၏။
"ဒါဆို လက်ပဲဖြစ်ဖြစ် နည်းနည်း...လျှော့ပေးပါ။"
"ဟင့်အင်း။"
"နာတယ်လို့။"
"အမှတ်ရာ အကြာကြီးကျန်ခဲ့အောင်လုပ်ဖို့ဆိုရင် နာမှပိုကောင်းတာပေါ့။"
သူက နားမလည်နိုင်စရာစကားများပြောရင်း ဆောင့်ချက်များကလည်း ပိုကြမ်းလာတော့သည်။ ယနေ့က နောက်ဆုံးအကြိမ်ဖြစ်သလိုပင်။ ဆောယောင်း၏ ပခုံးလေးတွင် သူ့နဖူးကိုပွတ်သပ်ပြီး နမ်းနေရာက ရုတ်တရက် သွားကိုစိုက်ထည့်ကာ နာကျင်စွာ ညည်းခဲ့သည်။
ဤကဲ့သို့သော အချိန်မျိုးတွင် သေသေချာချာမမြင်ရသည့် မျက်လုံးများကို မကျေမနပ်ဖြစ်မိရ၏။ သူ့မျက်နှာထားက ဘယ်လိုရှိမလဲ သိချင်မိသည်။ သူ့အား အပြည့်အဝ ထွေးပွေ့ချင်သော်လည်း အမြင်အာရုံက ဝေဝါးလျက်သာ ရှိနေ၏။
ဝိုးတဝါးမြင်ရသမျှက လှုပ်ရှားနေသည့် သူ့ခန္ဓာကိုယ်၏ မပီမပြင်ကောက်ကြောင်းမျှသာ။
မျက်ကြည်လွှာ တဖြည်းဖြည်းပျက်စီးရခြင်း၏ အစသည် တစ်ခုသောနေ့၏ ကံမကောင်းအကြောင်းမလှသည့် အဖြစ်ပင်။
သို့သော် ယင်းအဖြစ်၏နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူနှင့် ဆုံတွေ့နိုင်ခဲ့သည့်အတွက် လောက၌ ကြုံဆုံရသည့်အဖြစ်များကား အကောင်းအဆိုး မျှပေသည်ဟု တွေးခဲ့မိသည်။
မြူခိုးဝေသည့် အကျဉ်းထောင်လို မှုန်ဝါးဝါး အမြင်လွှာတွင် ပိတ်မိခဲ့သော်လည်း ဘယ်တုန်းကမှနှင့်မတူအောင် အေးချမ်းပြီး ကျေနပ်ရောင့်ရဲစရာ အချိန်ကလေးပင်။
မည်သို့ပင်ဖြစ်စေ မျက်လုံးမပျက်စီးခင်မှာလည်း မျှော်လင့်ချက်မဲ့သလို ခံစားချက်မျိုးနှင့် စိတ်မပါလက်မပါ နေလာခဲ့သည်ဆိုတော့...ထိုသို့ကြည့်ပါက ဂင်ဟျွန်း ကျွန်မဘေးတွက်ရှိနေခြင်းကား ယင်းရောဂါနှင့်ယှဉ်လိုက်မည်ဆိုလျှင် ဘာမှမဟုတ်သေး။
ဤယောက်ျား ပေါ်လာပြီးသည့်နောက်တွင် အရာအားလုံး ပြောင်းလဲသွားသောကြောင့်ပင်။
"ဟျွန်းလေး..."
ဆောယောင်းတစ်ယောက် မွေးဖွားလာကတည်းက ပထမဆုံးအကြိမ် ရရှိဖူးခြင်းဖြစ်သည့် ဂရုစိုက်မှုနှင့် အချစ်တွင် ကူကယ်ရာမဲ့စွာ နစ်မျောပျော်ဝင်ခဲ့မိတော့၏။ အလင်းရောင် ပျောက်ကွယ်သွားသည့် လောကကို ဤယောက်ျားနှင့်အတူတူ ရင်ဆိုင်လျှောက်လှမ်းခဲ့သည်။
သူက မနက်တိုင်း လတ်ဆတ်သည့်ပန်းကလေးများ ဆောင်ယူကာ ရောက်လာပြီး ညင်ညင်သာသာ ဖိနပ်စီးပေးလေ့ရှိ၏။ တစ်ခါတလေ ထမင်းလည်းကျွေးပေးပြီး ရေလည်းချိုးပေးသည်။
နေထွက်ချိန်တွင် နူးညံ့ညင်သာသည့် အနမ်းဖွဖွလေးနှင့် နှိုးစက်ကို အစားထိုးကာ ညရောက်လျှင် နှေးကွေးပြီး နက်ရှိုင်းသည့် ကျေနပ်သာယာမှုတွင် ဆောယောင်းကို နစ်မြုပ်ပျော်ဝင်စေသူပင်။
ဤခန္ဓာကိုယ်မျိုးနှင့် ကလေးပြုစုပျိုးထောင်ရန် မဖြစ်နိုင်ဟုပြောကာ ထိုးသွင်းစပ်ယှက်ခြင်းကိုလည်း အတတ်နိုင်ဆုံး ဆင်ခြင်ခဲ့သည်။ သူက ကွန်ဒုံးကိုလည်း သိပ်မယုံကြည်။ ထိုးသွင်းစပ်ယှက်ခြင်းကို ရံဖန်ရံခါမှသာလုပ်ပြီး ထိုသို့လုပ်တိုင်းလည်း ဆောယောင်း၏ သာယာမှုကိုသာ လုံးဝ အာရုံစိုက်ခဲ့သည်ချည်းသာ။
၂နှစ်တာ အိမ်ထောင်သည်ဘဝက ထိုမျှလောက် ငြိမ်းချမ်းသာယာခဲ့သည်။
"ဟား...ဟင့်...ဟား..."
သူ၏လက်က ဆောယောင်း၏လည်တိုင်အား တင်းတင်းကျပ်ကျပ် ချုပ်ကိုင်လာတော့သည်။ တစ်ချိန်တည်းမှာပင် ဂင်ဟျွန်းက ရုတ်တရက် အရှိန်ပြင်းပြင်းဖြင့် တစ်စုံတစ်ရာကို ပန်းထုတ်လိုက်၏။ ဆောယောင်းလည်း ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားသကဲ့သို့ နိုးကြွလာသော အပူဓာတ်ကြောင့် တစ်ကိုယ်လုံး ဆတ်ခနဲဆတ်ခနဲ တုန်တက်သွားခဲ့သည်။
မနားတမ်း တရစပ်လုပ်ခဲ့သည့် sex ကြောင့်ပဲဖြစ်မလား၊ ဆောယောင်းတစ်ကိုယ်လုံး ပျော့ခွေသွားရတော့၏။ ဂင်ဟျွန်း၏ ခန္ဓာကိုယ်ကလည်း သဘာဝကျကျပင် ပြိုလဲကျလာခဲ့သည်။
နှစ်ယောက်သား ဘယ်သူကမှ အစမပြုရပါဘဲ ချွေးများရွှဲနစ်နေသည့် ခန္ဓာကိုယ်များကို ထွေးပွေ့ကာ နူးညံ့ညင်သာသည့် အနမ်းလေးများကို ဖလှယ်ခဲ့ကြသည်။
ထိုသို့လုပ်နေစဉ်အတွင်း ယခုအထိ ပြန်မထုတ်ရသေးသော လိင်တံက တစ်ခါထပ်၍ တင်းမာပြန်၏။ ယောနိအတွင်းမှ တဒုတ်ဒုတ်ခုန်နေသော လိင်တံကို အထင်အရှား ခံစားမိနေရတော့သည်။
"အင့်..."
ခင်ပွန်းဖြစ်သူက ထူးဆန်းနေသည်။ ဒီနေ့မှ တကယ်ကို ထူးဆန်းနေခြင်းပင်...
~~~~~
မျက်လုံးဖွင့်လျှင်ဖွင့်ချင်း ယာဉ်မတော်တဆမှုဖြစ်သကဲ့သို့ 'ဟော့' ဆိုသည့်အသံ ထွက်လာ၏။
ညဦးပိုင်းတွင် အစပြုကာ အရုဏ်တက်ခါနီးအထိ ကြာခဲ့သော sex က စိတ်ကိုပါ ပင်ပန်းနွမ်းစေခဲ့သည်။
ခင်ပွန်းဖြစ်သူက ရှည်ကြာကြမ်းတမ်းသည့် ချစ်တင်းနှောမှု ပြီးမြောက်သွားသည့်နောက်တွင်တောင် အတောမသတ်နိုင်သေးဘဲ ဆောယောင်း၏ ခန္ဓာကိုယ်ကို ထွေးပွေ့ထားရင်း ဟိုနားဒီနားတွင် အမှတ်ရာများချန်ခဲ့၏။ ဆောယောင်း အိပ်ပျော်သွားရာက နိုးလာတိုင်းတွင် ဂင်ဟျွန်းက သူ့အသားလေးများကို စုပ်နေဆဲပင်။
မနေ့ညက တကယ်ပဲ သရဲများပူးသွားတာလား သိရအောင် စကားပြောကြည့်ရမည်ဆိုသော်လည်း...
ခင်ပွန်းဖြစ်သူ အလုပ်သွားရမည့်ကိစ္စက အရင်လာ၏။
ဆောယောင်းက ဘာအဝတ်အစားမှမဝတ်ဘဲ အိပ်ရာထဲက ထွက်လိုက်သည်။ သူက မသဲမကွဲ ဝိုးတဝါးအာရုံနှင့် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ၏ အနေအထားကို ခန့်မှန်းချိန်ဆနိုင်သောကြောင့် ကြင်စဦး အိမ်ကလေးတွင် လမ်းလျှောက်တုတ်မလိုဘဲ လွတ်လပ်စွာ သွားလာနိုင်ခဲ့သည်။
"...ဟျွန်းလေး။"
အက်ရှရှအသံ ထွက်လာလျှင်ထွက်လာချင်း သူ၏ အငွေ့အသက်ကို ခံစားမိလိုက်သည်။ အဝတ်လဲခန်းထဲတွင် နက်ခ်တိုင်စည်းနေ၍ပဲလားမသိ၊ တရွှပ်ရွှပ် အဝတ်စပွတ်တိုက်သံကို အရှေ့တည့်တည့်ကပင် ကြားလိုက်ရ၏။
ပါးတစ်ဖက်မှာ မွှေးမွှေးပေးတာကို ခံယူလိုက်သည့် ဆောယောင်းက ရင်းနှီးအသားကျနေသည့်အလား သူ၏ နက်ခ်တိုင်ဆီ လက်လှမ်းကာ ယူလိုက်သည်။
"ဒီနေ့ ဘာဖြစ်လို့ မနှိုးတာလဲ။"
"ဆောယောင်း ပင်ပန်းနေမယ်ထင်လို့လေ၊ ထပ်အိပ်ရအောင်လို့။ ထပ်အိပ်ရမယ်နော်။"
သူက ဆောယောင်း၏ ပခုံးဝိုင်းဝိုင်းလေးများအား တစ်ဖက်စီနမ်းလိုက်သော်လည်း ဆောယောင်းက မသိကျိုးကျွန်ပြုကာ ခင်ပွန်းဖြစ်သူ၏ နက်ခ်တိုင်ကို ကျင်လည်စွာ စည်းပေးခဲ့သည်။
လက်ထပ်ပြီးသည့်နောက်တွင် သူနာပြုအလုပ်မှထွက်လိုက်သည့် ဆောယောင်းက ထိုအတိုင်းပင် အိမ်ရှင်မ ဖြစ်လာခဲ့၏။
မျက်ကြည်လွှာ အလုပ်လုပ်နိုင်စွမ်း ပျက်ယွင်းလာခြင်းက အဓိကအကြောင်းရင်းဆိုသော်လည်း အိမ်မှာသာ နေစေချင်သည့် ဂင်ဟျွန်း၏ ဆန္ဒကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။ ထိုအတွက်ကြောင့် ခင်ပွန်းအလုပ်သွားချိန်လောက်ကိုတော့ နှုတ်ဆက်ပို့ဆောင်ရန် ဆောယောင်းက မပျက်မကွက် ထိန်းသိမ်းခဲ့သည်။
မိဘမဲ့ဂေဟာ၌ အကြာကြီးနေခဲ့ရ၍ပဲဖြစ်လေမလား၊ မိသားစုကို လိုက်ပို့နှုတ်ဆက်ပြီး အိမ်အပြန်ကို စောင့်မျှော်ရသည့်အလုပ်က ယခုအချိန်အထိ လက်တွေ့ဆန်မနေသောကြောင့် ဆောယောင်းတစ်ယောက် အမြဲတမ်း နတ်သမီးပုံပြင်စာအုပ်လေးကို လှန်လှောနေရသလို ခံစားမိရသည်။
ကျိန်းသေပေါက် ဂင်ဟျွန်း၏ ဖြစ်တည်မှုကို အတည်ပြုပြီးရင်းပြုချင်မိသည့် အစွဲအလမ်းကြီးသောစိတ်ကိုတော့ တင်းတင်းကျပ်ကျပ် ချိုးနှိမ်ဖုံးဖိထားရ၏။
ဆရာ့ဆီက ထိုသို့သင်ယူခဲ့ရသောကြောင့်ပင်။
"အဲ့ဒါပြောတာပေါ့၊ sex က ဒီလောက်အထိ ပင်ပန်းပြီး နာလိမ့်မယ်မှန်း မသိခဲ့ဘူး။"
"..."
ဆောယောင်း၏ ညှပ်ရိုးနားတစ်ဝိုက်တွင် ရစ်သီဝေ့ဝဲနေသည့်လက်က ရုတ်တရက် တုံ့ခနဲရပ်သွားတော့သည်။
"ဒီကိစ္စ နောက်မှပဲ ပြောကြမယ်လေ။ အချိန်ဆွဲနေရာက ဟျွန်းလေး နောက်ကျနေပါဦးမယ်။"
ဂင်ဟျွန်း၏ နှုတ်ဖျားမှ သက်ပြင်းချသံသဲ့သဲ့ ထွက်လာခဲ့သည်။ အဝတ်မဲ့ခန္ဓာကိုယ်ပေါ်တွင် ဖြည်းဖြည်းချင်း ရှပ်သန်းပြေးလွှားသွားသည့် အကြည့်ကို ခံစားမိသွားသောကြောင့် ဆောယောင်းက ညစ်ကျယ်ကျယ် ပြုံးလိုက်၏။
"ကျွန်မလည်း ဟျွန်းလေးရဲ့ ခန္ဓာကိုယ်ကို မြင်ချင်လိုက်တာ။ မျက်နှာလေးလည်း မြင်ချင်တယ်။"
"စိတ်မကောင်းမဖြစ်ဘဲ စိတ်ကြိုက်သာကိုင်ကြည့်။"
သူက ဆောယောင်း၏လက်ကို သူ့မျက်နှာဆီ လမ်းပြဆောင်ယူသွားခဲ့သည်။ အရပ်ရှည်ကာ ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းသည့် ယောက်ျားဖြစ်သော်လည်း ယင်းခန္ဓာကိုယ်က အန္တရာယ်များသည့်ခံစားချက်မျိုး မရှိလောက်အောင် ပေါတောတောနှင့် ကြင်နာတတ်သူပင်။
"အဲ့ဒီလိုဆိုပေမဲ့လည်း....နေတိုင်းထိကိုင်နေတာတောင် တစ်သက်လုံး လွမ်းပြီး တွေ့ချင်နေမှာ။ နည်းနည်းလောက်လေးပဲဖြစ်ဖြစ် စောစောလာရှာခဲ့ရောပေါ့။ အဲ့ဒီလိုသာဆို ဟျွန်းလေးရဲ့မျက်နှာကိုလည်း တွေ့နိုင်မှာကို..."
"အဲ့ဒီအတွက် ကိုယ် တောင်းပန်ပါတယ်။"
ယခုလိုအချိန်မျိုးတွင် အမြင်အာရုံကို ဖုံးကွယ်နေသော မြူခိုးများအား ဖယ်ရှားပစ်လိုသည့်ဆန္ဒက ပိုပို၍ ပြင်းထန်လာတော့သည်။
'တစ်သက်လုံး ကျွန်မဘေးမှာ ရှိပေးသွားမယ်မဟုတ်လားဟင်။ အချစ်မဟုတ်ဘဲ အဲ့ဒါထက်ပိုတာ ပေးပါ။'
သေလောက်အောင် ချစ်ပေးဟူသည့် စကားကဲ့သို့ အစွဲအလမ်းကြီးစွာ ဖက်တွယ်သလို စကားများက လည်ချောင်းဝအထိ စို့တက်လာ၏။ သို့ရာတွင် ဆောယောင်းက အံတင်းတင်းကြိတ်ကာ တရစ်ရစ်တက်လာသည့် ခံစားချက်များအား ပြန်မျိုချလိုက်သည်။ ဤသည်ကသာ ဆရာ့ထံမှ သင်ယူခဲ့သည့် အမှားမလုပ်မိစေမည့် နည်းလမ်းဖြစ်၏။
တစ်ဖက်လူအား ဝန်မပေးရ၊ ကိုယ့်ခံစားချက်ကိုယ် ကိုင်တွယ်ထိန်းချုပ်ရမည်။ တစ်ဖက်လူ ကြောက်လန့်သွားလျှင် မဖြစ်သောကြောင့်ပင်။
~~~~~
Miel's Translations