no

Font
Theme

Chapter 1: ကမ္ဘာပျက်ကပ်ထဲမှာ ပြန်လည်မွေးဖွားခြင်း။

မြို့တော်B ဆင်ခြေဖုံးရှိ ဗီလာတစ်ခုတွင်။

စုရှန်းရှန်း သည် မျက်လုံးမှိတ်ထားပြီး ကုတင်ပေါ် လှဲနေသည်။ တစ်ခန်းလုံးက အဖြူသန့်သန့်လေးမို့ အခန်းကို အရောင်အသွေး တိုးစေသည်မှာ သူမ၏အနက်ရောင်ဆံနွယ်ရှည်ရှည်တွေ ဖြစ်သည်။ ခဏအကြာတွင် သူမ ခက်ထန်သောအကြည့်ဖြင့် ကုတင်ပေါ်မှာ ရုတ်တရက် ရုန်းကန်ရင်း လက်များကို အလိုအလျောက် ယမ်းလိုက်သည်။

တံခါးရုတ်တရက်ပွင့်လာပြီး လူတယောက်ဝင်လာ၏။ သူ က တံခါးကို တိတ်တဆိတ် ပိတ်၍ ကုတင်ပေါ်က အလှလေးကို ညစ်ညမ်းသောအပြုံးဖြင့် ကြည့်နေလေသည်။ သူ က လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ကာ သူမထံ ချဉ်းကပ်သည်။

စောင်ကို လှန်လိုက်သောအခါ သူမ၏ ဆွဲဆောင်မှုရှိသော ည၀တ်စုံ မှာ သူမ၏တင်ပါးဆီသို့ ရောက်လုနီးနီး ထုတ်ဖော်ပြသထားသည်။ သူမ၏ဝတ်စုံတစ်ခုလုံးကို spaghetti ကြိုးနှစ်ချောင်း က ထိန်းထား၏။

သူ့လက်ကြီးများ က သူမ၏ပခုံးဖြူဖြူပေါ်သို့ ရောက်လာကာ တဖြေးဖြေး သူမ၏ညှပ်ရိုးထံသို့ ရွေ့လျားလာသည်။ သူ က ရယ်မောရင်း သူ့လက်ကို လှုပ်ရှားလာလေသည်။

သူ သည် ပခုံးကြိုး တဖက်ကို ဆွဲကိုက်လိုက်ပြီး ဝတ်စုံတစ်ခုလုံးကို ဖြေးဖြေးချင်း ဆွဲချလိုက်သည်။

ထိုလူ အားသုံးမည့်အချိန် သူ့လက်ကောက်ဝတ်ကို သေးသွယ်သောလက်လေးက ဆုပ်ကိုင်လာသည်။ ထိုလက်လေးမှာ အားပိုသုံးလျှင် ကျိုးသွားနိုင်ဖွယ် ရှိပေမဲ့ ဆုပ်ကိုင်ထားသော အင်အားကြောင့် ထိတ်လန့်တုန်လှုပ်သွား၏။ ထိုလူ က လက်ကို လှမ်းကြည့်လိုက်ရာ အေးစက်စက်အကြည့်က နှုတ်ဆက်လေသည်။

"အာ့ —မင်း ဘာလို့သတိရှိနေတာလဲ" ထိူလူ က မြေပြင်ပေါ်လဲကျပြီး စကားထစ်ငေါ့ဖြင့် ပြောလိုက်သည်။

စုရှန်းရှန်း၏မျက်လုံးများတွင် လူသတ်ချင်နေသည့်မီးတောက်တစ်ခု တောက်ပလာသည်။ သူမ အကျင့်အတိုင်း ဘယ်ဘက်သို့ စမ်းလိုက်သော်လည်း ၈နှစ်ကြာ အတူရှိနေခဲ့သော တန်ဓားအစား နူးညံ့သောစောင်ကို ခံစားလိုက်ရသည်။

သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတယ်။ “ငါသေသွားပြီလေ” ဟု သူမ ပြန်တွေးမိသည်။

"ဒီအခန်းက ဘာကြောင့် ကမ္ဘာမပျက်ခင်က ငါ့အခန်းနဲ့တူနေတာလဲ?” သူမ ခေါင်းငုံ့ပြီး လက်ကို ကြည့်လိုက်သည်။ ကြမ်းတမ်းပြီး အမာရွတ်များ မရှိပဲ လက်တစ်စုံကို ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ သူမ ခဏတာမျှ ထိတ်လန့်သွားသည်။

“မင်း နိုးလာတာ ကောင်းပါတယ်။ ငါ သတိမေ့နေတဲ့သူနဲ့လုပ်ဖို့ စိတ်မဝင်စားဘူး"

ထိုလူ၏အသံသည် သူမရဲ့အတွေးများကို နှောက်ယှက်လာခဲ့သည်။ စုရှန်းရှန်း က မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။ “ပါးစပ်ပိတ်ထား”

သူမ၏အတွေးများ ပြတ်တောက်သွားသဖြင့် စိတ်ဆိုးဆိုးနဲ့ လက်တစ်ဖက်ကို မြှောက်ကာ ယောက်ျား၏လည်ပင်းကို ဓားဖြင့် ထိုးလိုက်သည်။

သို့သော် စုရှန်းရှန်း မျှော်လင့်ထားသော ရလဒ် မရခဲ့ပါ။ သူမရဲ့ဓားသည် ယောက်ျား၏ လည်ပင်းကို တိကျစွာ ထိမှန်သော်လည်း အင်အားက ပျော့ပျောင်းသည်။ မသက်မသာ နှင့် အားနည်းခြင်းလှိုင်းကို သူမ ခံစားလိုက်ရ၏။

“ခွေးမ၊ မင်း ငါ့ကို ရိုက်ရဲတယ်?’ ယောကျာ်းက သူမရဲ့လည်ပင်းကို လှမ်းဆွဲ၍ လက်ကြီးတွေနဲ့လည်ပင်းညှစ်ထားလေသည်။

ပျော့ညံ့သော ခန္ဓာကိုယ်ကို အသုံးချထားပြီးသော သူမဟာ ကုတင်ပေါ်မှာ ဖိနှိပ်ခံထားရ၏။ သူမ၏လည်ပင်းပေါ်ရှိ ဖိအားများက အသက်ရှုမဝသလို မျက်နှာကို တဖြည်းဖြည်း နီရဲလာစေသည်။ သူမ ထိုယောက်ျား၏လက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော်လည်း သူ့လက်မှ လွှတ်မြှောက်နိုင်သည်အထိ မသန်မာချေ။

သူမ မရုန်းကန်နိုင်တာ မြင်တော့ ထိုယောက်ျားက ရယ်မောကာ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖိထားပြီး ကျန်တစ်ဖက်က သူ့ခါးပတ်ကို ပြန်ဖြုတ်ရန် သူ့လက်ကို အောက်သို့ ဆင်းလိုက်၏။

စုရှန်းရှန်း၏ပါးလွှာသော ညဝတ်အင်္ကျီလေးမှာ ရုန်းကန်နေရသဖြင့် အပြည့်အဝမဖုံးကွယ်ထားနိုင်ချေ။ ထိုလူ၏လက် မှာ သူမ၏လည်ပင်းအောက်သို့ ရွေ့သွားသည်။ သူ့ အထိအတွေ့ က သူမကို မအီမသာ ဖြစ်စေသည်။ သူ တဖြေးဖြေးနီးကပ်လာသောအခါ သူမ သူ့နားရွက်ကို ကိုက်လိုက်သည်။

“အိုး!” ထိုလူက နာကျင်စွာ အော်ဟစ်ပြီး သူမမျက်နှာကို ရိုက်ချခဲ့သည်။

စုရှန်းရှန်း သည် သူမ၏မျက်နှာပေါ်ရှိ ဒဏ်ရာများကို ဂရုမစိုက်ပဲ ထိုလူ သတိလွတ်သွားသည့်အခိုက်အတန့်ကို အခွင့်ကောင်းယူလိုက်သည်။ တခဏချင်းမှာပဲ သူမခြေထောက်တွေကို သူ့လည်ပင်းမှာ ပတ်ပြီး အောက်ကိုလှန်ချလိုက်တယ်။

ထိုလူသည် နာကျင်စွာ အော်ဟစ်ပြီး မြေပေါ်သို့ လဲကျသွားပြန်သည်။ သူ သည် နားရွက်ကိုကိုင်ကာ ထ၍ ကျိန်ဆဲလိုက်သည်။ ဤထိုးနှက်ချက်ကြောင့် နားရွက်ပြတ်လုနီးပါး ဖြစ်ခဲ့ရသည်။

စုရှန်းရှန်း သည် တိုက်ခိုက်သူအား နောက်ထပ်အခွင့်အရေးမပေးဘဲ ဘုတ်ခုံ၏နောက်ကွယ်ရှိ ဘေ့စ်ဘောရိုက်တံကို ကိုင်ကာ လှည့်ကြည့်လိုက်သည်။ ထိုအမျိုးသားသည် ထိုးနှက်ခံရသော်လည်း ဘေ့စ်ဘောရိုက်တံ၏ အခြားတစ်ဖက်ကို လျင်မြန်စွာ ဆုပ်ကိုင်ထားလိုက်၏။

အရာအားလုံး သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ တွေးနေစဉ် စုရှန်းရှန်း တည်တည်ငြိမ်ငြိမ်ဖြင့် သွားတင်းတင်းကြိတ်ကာ ပေါင်ခြံကို ကန်ထုတ်လိုက်သည်။ လူသည် တောင့်တင်းပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်

စုရှန်းရှန်း က နှာခေါင်းရူံ့၍ ထိုလူကို အဆက်မပြတ်ထိုးနှက်တော့သည်။

ထိုးနှက်ချက်တွေကို သည်းမခံနိုင်သော ထိုလူ က သနားညှာတာဖို့ တောင်းခံတော့သည်။ “မစ်စု၊ ငါ မှားပါတယ်၊ ငါ့ကို မရိုက်ပါနဲ့၊ မရိုက်နဲ့..."

စုရှန်းရှန်း ရပ်တန့်လိုက်ပြီး အဲဒီလူကို ကြိုးနဲ့ချည်ကာ မြေပေါ်လှဲချလိုက်တယ်။ သူမ မောဟိုက်လာပြီး ရေခဲသေတ္တာကိုဖွင့်ကာ Coke တစ်ဘူးကိုထုတ်၍ ဖွင့်ကာ တငုံသောက်လိုက်သည်။ ဘူးဖွင့်သံကြောင့် သူမရဲ့မျက်လုံးများဟာ လွမ်းဆွတ်စရာများနှင့် ပြည့်နှက်သွားလေသည်။ ၈ နှစ်ရှိပြီ…။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment