no

Font
Theme

Chapter 16: ကုကျောင်း နိုးလာပြီ။

ဖေးလန် က အပြစ်ကင်းစွာ ပြောလိုက်သည်။ “အစ်မ အနောက်လိုက်ရင် ပိုလုံခြုံတယ်လို့ ခံစားရလို့၊ ဇွန်ဘီတစ်ကောင်ကို သတ်ပြီးရင် အစ်မအနောက် လိုက်ခွင့်ပြုမယ်လို့ ကျွန်တော်တို့ သဘောတူထားတာ မလား?”

စုရှန်းရှန်း သည် ရပ်တန့်သွားသည်။ “ငါ အဲကတိမပေးခဲ့ပါဘူး”

ဖေးလန် မျက်နှာပျက်သွားသည်။ “အာ..အစ်မ ဘာလို့ ဒီလို လုပ်ရတာလဲ—”

စုရှန်းရှန်း သည် ခေါင်းခါပြီး ရှေ့ကို လျှောက်သွားတယ်။

ဖေးလန်၏အမူအရာမှာ တခဏချင်း ပြောင်းလဲသွားသည်။ သူ သည် ဝမ်းသာအားရအော်သံနှင့်အတူ သူမ နောက်သို့ အနီးကပ်လိုက်လာခဲ့သည်။

ဗီလာကို ပြန်ရောက်တော့ စုရှန်းရှန်း က ကုကျောင်းကို သွားမစစ်ဆေးခင်မှာ ပြောခဲ့သည်။ “ဒုတိယထပ်က အခန်းကို ရွေးလို့ရတယ်။ ငါတို့ ဒီမှာ ၂ ရက်နေမယ်။"

“ဟုတ်ကဲ့” ဖေးလန် က ပြန်ဖြေသည်။

ကုကျောင်း သည် သတိလစ်နေဆဲဖြစ်သည်။ စုရှန်းရှန်း ကိုယ်တိုင် သတိလစ်နေသည်ကို ၃ ရက်ရှိခဲ့သည်ကို သတိရမိသည်။ မကြာခင် သူ သတိပြန်ရလာလိမ့်မယ်။

အခန်းထဲက ထွက်လာတာနဲ့ ဖေးလန် ဟာ မီးဖိုချောင်ထဲမှာ သူ့ကိုယ်သူ အလုပ်ရှုပ်နေတာကို တွေ့လိုက်ရတယ်။

မီးဖိုချောင်သို့သွားသောအခါတွင် လူငယ်တစ်ဦး ဤမျှကောင်းမွန်သော အချက်အပြုတ်ကျွမ်းကျင်မှုတက်ကျွမ်းသည်ကို တွေ့ရှိလိုက်ရသဖြင့် အနည်းငယ် အံ့သြသွားမိသည်။ ချက်ပြုတ်တာ မပြီးသေးပေမဲ့ အိုးခွက်ပန်းကန်တွေ ကိုင်တွယ်ပုံကနေ ပြောနိုင်သည်။

ဖေးလန် သည် သူမအကြည့်ကို သတိထားမိပြီး ဟက်ဟက်ပက်ပက် ရယ်မောလေသည်။ “အစ်မ အလုပ်ရူပ်နေတာ ကျွန်တော်မြင်လို့ ညစာပြင်လိုက်တာ၊ မကြာခင် ညရောက်တော့မှာပဲလေ၊ အစ်မ ညစာ မစားရသေးဘူး မလား?”

စုရှန်းရှန်း သည် ခေါင်းညိတ်၍ ဖေးလန်ကို မီးဖိုချောင် အား ကိုင်တွယ်ခွင့်ပေးခဲ့သည်။ သူမ အရင်က တစ်ခါမှမချက်ဖူးဘူး။

သူမသည် ဗီလာရှိ Gym သို့ တည့်တည့်သွားခဲ့သည်။ ပြေးလွှားပြီး ခန္ဓာကိုယ်နွေးထွေးအောင် လေ့ကျင့်ပြီးနောက် ယခင်ဘဝက ရှေးကျသော ကိုယ်ခံပညာ ကျွမ်းကျင်ပညာရှင်ထံမှ သင်ယူခဲ့သည့် တိုက်ခိုက်ရေးစွမ်းရည်များကို ပြန်လည်အမှတ်ရခဲ့သည်။

လက်သီးများ ထိုးသွင်းပြီးနောက် စုရှန်းရှန်း၏မျက်နှာမှာ နီရဲလာပြီး ချွေးများက မျက်နှာပေါ်သို့ စိမ့်ကျလာ၏။ သူမ၏ ခန္ဓာကိုယ်သည် ယခုအခါ အလွန်အားနည်းနေသောကြောင့် လေ့ကျင်ရန်အချိန်ကို ဆုပ်ကိုင်ထားရမည်။ ယနေ့ ဇွန်ဘီတစ်ကောင်၏လက်ထဲတွင် သေဆုံးလုနီးပါးဖြစ်ခဲ့ရသည့်အချက်က သူမအား အန္တရာယ်ရှိကြောင်း ပြင်းထန်စွာခံစားခဲ့ရပြီး သူမ၏လက်ရှိအခြေအနေဖြင့် ကျေနပ်၍ မရကြောင်း သိရှိစေခဲ့သည်။

သူမ သည် ကမ္ဘာပျက်ကပ်ကို ကောင်းစွာနားလည်သောကြောင့် သာလွန်သောခံစားချက်ရှိခဲ့သော်လည်း ယနေ့တွင် သူမအမှားကို သူမသဘောပေါက်ခဲ့သည်။

အပြင်းအထန် လေ့ကျင့်ပြီးနောက် စုရှန်းရှန်း သည် ဆက်ပြီး နောက်ထပ် လက်သီးနည်းစနစ်တစ်ခုကို အကောင်အထည်ဖော်လိုက်တယ်။ သူမ၏ ခွန်အားကို လုံးဝ ဆုံးရှုံးသွားခဲ့သည်။ သူမသည် ကြမ်းပြင်ပေါ်တွင် လှဲနေပြီး မျက်နှာကျက်ကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် ကျေနပ်မှုတို့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဆုံးဖြတ်ချက်ဖြင့် အစားထိုးလာသည်။

Gym က ထွက်လာပြီး အမြန်ရေချိုးလိုက်တယ်။ သူမ ထွက်လာသောအခါ ဖေးလန် ချက်ပြုတ်ပြီးသွားပြီ။ သူက လက်ပြ၍ သူမကို ခေါ်သည်။ “အစ်မ၊ စားဖို့ အချိန်ကျပြီ”

စားပွဲပေါ်တွင် ဟင်း၄ မျိုးနှင့် ဟင်းချို၁ပွဲရှိသည်။ ရိုးရှင်းတဲ့ အိမ်ချက်တဲ့ အစားအစာ ဖြစ်ပေမယ့် အရသာရှိလှတယ်။

ဖေးလန် က ခေါင်းကုတ်၍ ကို့ရိုးကားယားဖြင့် ပြောပြသည်။ “ကျွန်တော် အိမ်ချက်နည်းပဲ သိလို့”

စုရှန်းရှန်း သည် တစ်ကိုက်စားလိုက်သည်နှင့် မျက်လုံးများ တောက်ပသွားသည်။ သူ့ကို ပြန်ခေါ်လာရတာ ဘာအကျိုးအမြတ်မှ မရှိတာ မဟုတ်ဘူးလို့ ခံစားရတယ်။ “မဆိုးဘူး”

ဖေးလန် က ဝမ်းသာအားရ ပြုံးပြပြီး သူမဘေးမှာ ထိုင်လိုက်သည်။

နောက်ဆုံးတော့ သူမ စိတ်အပန်းပြေသွားသည်။ ဖေးလန် သည် ညစာစားပြီးနောက် အနားယူရန် သူ့အခန်းသို့ ပြန်သွားခဲ့သည်။

စုရှန်းရှန်း သည် သူမ၏ယခင်ဘဝက သူမ မှတ်မိသော ပိုမိုလွယ်ကူသောလမ်းကြောင်းကို ပုံဖော်ခဲ့သည်။ ကုကျောင်း နိုးလာရင် သူမတို့ ထွက်သွားကြမည်။

နောက်တစ်နေ့ မနက်စောစော အိပ်ယာထပြီး လေ့ကျင့်ခန်းလုပ်ဖို့ Gym သို့ တန်းတန်းမတ်မတ် သွားခဲ့တယ်။ သူမ လမ်းလျှောက်ထွက်ရင်း ဧည့်ခန်းမှ ထွက်လာသော တိုက်ပွဲသံများကို ကြားလိုက်ရသည်။ သူမ ထိုနေရာသို့ အမြန်သွားပြီး ကုကျောင်း က ဖေးလန်ရဲ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ညှစ်ထားသည်ကို တွေ့လိုက်ရသည်။ ဖေးလန်၏အမူအရာသည် အလွန်ရုပ်ဆိုးလှသည်။

“ကုကျောင်း၊ ရပ်လိုက်” သူမ သူ ဤမျှစောစောစီးစီးနိုးလာလိမ့်မည်ဟု မမျှော်လင့်ထားချေ။ သူ့အခြေအနေက သူမထက် အများကြီး ပိုကောင်းတယ်။

ကုကျောင်း သည် သူမ၏ အသံကို ကြားလိုက်သောအခါတွင် မသိစိတ်က သူ့လက်များကို လွှတ်လိုက်သည်။ ဖေးလန် သည် လွတ်လပ်မှုကို ပြန်လည်ရရှိပြီး စုရှန်းရှန်း၏နောက်သို့ အလျင်အမြန် ပြေးသွားခဲ့ကာ သူမ၏အင်္ကျီထောင့်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူ သည် ကုကျောင်းကို လက်ညိုးထိုး၍ ညည်းညူလေသည်။ “အစ်မ၊ အဲလူ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားတယ်”

ကုကျောင်း ၏ အကြည့်များ စူးရှလာသည်။ ဖေးလန် နှင့် စုရှန်းရှန်း ရဲ့ ရင်းနှီးတဲ့ ဟန်ပန်အမူအယာကို ကြည့်ပြီး ပြောလိုက်သည်။ “မစ်ရှန်းရှန်း၊ မင်း စောင့်ကြည့်နေတာ အကောင်းဆုံးပဲ၊ ဘော့စ်ကု သိသွားရင် ထပ်ပြီး ဒေါသထွက်သွားလိမ့်မယ်”

စုရှန်းရှန်း သည် သူမ၏ နဖူးကို ပွတ်သပ်လိုက်သည်။ သူတို့နှစ်ဦးကြား ရန်ငြိုးရန်စက သူမကို ခေါင်းကိုက်စေတယ်။

"ကောင်းပြီ၊ ငြိမ်ငြိမ်နေတော့”

ဖေးလန် က လက်လျော့ဖို့ ငြင်းဆန်နေလေည်။ “အစ်မ၊ အဲလူရဲ့အပုပ်နံ့က ဘယ်ကလာသလဲ မသိပေမဲ့ အဲလူကို ထုတ်လိုက်ကြရအောင်။"

ကုကျောင်း တင်းမာသွားသည်။ ထိုမှပင် သူ့ကိုယ်ပေါ်ရှိ အနံ့အသက်များကို သတိပြုမိလိုက်သည်။ ဤအနံ့အသက်မှာ စုရှန်းရှန်းဆီက ရဖူးသည့်အနံ့အသက်အတိုင်းပင်။

စုရှန်းရှန်း သည် အခြေအနေ၏ အဆင်မပြေမှုကို နားလည်ပြီးပြောလိုက်သည်။ "ကုကျောင်း၊ မင်း အရင်သန့်စင်လိုက်ပါဦး”

ကုကျောင်း က ခေါင်းညိတ်ပြပြီး သူ့အခန်းကို ပြန်သွားတယ်။ သူ၏ တောင့်တင်းမှုကို သူ့နောက်ကျောမှ မြင်နိုင်သည်။ အပြင်ဘက်က လူတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတော့ လန့်နိုးသွားခဲ့တယ်။ ထို့ကြောင့် သူ့အခြေအနေကို လျစ်လျူရှုကာ အမြန်ထွက်လာခဲ့သည်။

ခဏကြာတော့ စုရှန်းရှန်း သည် ဧည့်ခန်းထဲက ဆိုဖာအလယ်မှာ ထိုင်နေသည်။ ဖေးလန် နှင့် ကုကျောင်း သည် သူ့ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေသည်။ တစ်ယောက်နဲ့တစ်ယောက် မကျေမနပ်ဖြစ်နေကြတုန်းပါပဲ။

"အဟမ်း! ငါတို့ စကားစမြည်ပြောကြမလား" သူမ သည် အဆင်မပြေသော အငွေ့အသက်ကို အကြံတစ်ခုဖြင့် ချိုးဖျက်လိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment