Chapter 2: ထိုလူ
ဆိုဖာပေါ်ထိုင်ကာ ဤယောက်ျားကို လှမ်းကြည့်လိုက်သည်။ သူသည် နံရံကို ဖြည်းညှင်းစွာ မှီကာ ကွေးကွေးလေးဖြင့် သူမကို မော့ကြည့်၏။
ထိုလူ၏ ပွန်းပဲ့နေသော မျက်နှာမှ အမှတ်တရတချို့ကို ပြန်တွေးမိသည်။ ကမ္ဘာမပျက်ခင်က အမျိုးသားတစ်ဦး က သူမ၏အပျိုစင်ဘဝကို ရယူခဲ့သည်။ ယခုတော့ သူမ ဆိုးဆိုးရွားရွား အရိုက်ခံရသော ဤလူကို မြင်လိုက်ရတော့ နိုးထလာသည်။
စုရှန်းရှန်း သည် ဖြစ်ပျက်ခဲ့တာကို သတိရပြီး လက်ထဲက ဗူးကို ဆုပ်ကိုင်လိုက်၏။ ထိုအသံသည် နံရံမှလူကို တုန်လှုပ်စေခဲ့သည်။
သူလည်း ငိုချင်သလို ခံစားရတယ်။— မစ်စု က နူးညံ့သိမ်မွေ့ပြီး ပျော့ညံ့တယ်လို့ ဘယ်သူပြောတာလဲ။ ရက်စက်တဲ့ မိန်းမဆိုတာ သိသာနေတဲ့ဟာ!
စုရှန်းရှန်း သည် မနှစ်မြို့ဖွယ်အမှတ်တရအချို့ကို ပြန်အောက်မေ့မိပြီး အေးစက်စက်မေးလိုက်သည်။ “မင်း ကို ဘယ်သူပို့လိုက်တာလဲ?”
ထိုယောကျာ်းက မျက်လုံးပြူးကျယ်ကာ ‘ကုကျင်းချန်း၊ ဘော့စကု ပါ”
စုရှန်းရှန်း၏အမူအရာမှာ ပို၍ အေးစက်လာသည်။ သူမသည် ကြေမွနေသော သံဘူးကို သူ့ရှေ့တွင် ပစ်ချလိုက်ပြီး ပြောလိုက်သည်။ “မမေးခင်တည်းက ဘယ်သူလဲဆိုတာ ငါ သိပြီးသား၊ မင်း အမှန်တိုင်း နာနာခံခံနဲ့ပြောရင် ကောင်းမယ်နော်၊ မဟုတ်လို့ကတော့ ဟက်…”
ထိုလူသည် သူမ၏မျက်လုံးထဲမှ လူသတ်ရန် ရည်ရွယ်ချက်ကြောင့် ထိတ်လန့်သွားသည်။ ‘သူမ ငါ့ကို တကယ်သတ်လိမ့်မယ်’ ဆိုတဲ့ ဒီအတွေးက သူ့ကျောရိုးကို ချမ်းတုန်သွားစေပြီး အေးစက်နေတဲ့ ချွေးတွေ ထွက်လာတယ်။
သူ က အံ့ကြိတ်၍ “မစ်ပိုင်ပါ.. သူမ က မင်းရဲ့အိပ်ရာပေါ်က ဓာတ်ပုံတွေကို ရိုက်ခိုင်းသူပေါ့၊ သူမ လုပ်ခိုင်းတာ”
ပိုင်ရန် သည် သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး သူမ ပိုင်ရန်ကို ညီမအဖြစ် ဆက်ဆံခဲ့သည်။
စုရှန်းရှန်း သည် ဒါကိုကြားတော့ မအံ့ဩမိပါ။ သူမ ထိုယောကျာ်းအတွက် ဝမ်းနည်းပူဆွေးရုံသာဖြစ်သည်။ သူမ၏အတိတ်ဘဝတွင်၊ သူမ သူ့ကိုငြင်းပယ်ပြီး ကလဲ့စားချေလိုသောဆန္ဒကိုသာ တကယ် တွေးခဲ့သည်။
သူမ သည် ကုကျင်းချန်း၏အနားတွင် ကြီးပြင်းလာခဲ့ပြီး တစ်ဦးနှင့်တစ်ဦး အချိန်အကြာကြီး သိခဲ့ကြသော်လည်း အနည်းငယ်သော ယုံကြည်မှုကိုပင်ပေးဖို့ ငြင်းဆန်ခဲ့သည်။
သူမ အသက် ၅ နှစ်အရွယ်မှာ သူမအမေ ကုမိသားစုနှင့်လက်ထပ်ခဲ့ပြီး သူမ သည် ကုကျင်းချန်းနှင့်အတူ တွဲကပ်ပါခဲ့သည်။ အသက်၁၂ နှစ်အရွယ် ကုကျင်းချန်း သည် ကုမိသားစုတွင် သူမအပေါ် ကောင်းစွာကာကွယ်ပေးခဲ့သည်။ ငယ်ငယ်တုန်းက ဒီအစ်ကိုကြီးကို အရမ်းကြိုက်ပေမယ့် အသက်၁၈ နှစ်မှာ အနမ်းတစ်ခုက သူတို့ကြားက စည်းလုံးမှုကို ဖြိုခွဲပစ်ခဲ့လေသည်။
ထိုညက ကုကျင်းချန်း သည် သူမအရက်မူးနေချိန်တွင် ပွေ့ဖက်နမ်းရှုံ့ခဲ့သည်။ သို့သော် သူမ လုံးဝ မမူးဘူးဆိုတာ ထွက်ပေါ်လာခဲ့တယ်။ သူမ အံ့သြ၊ ဒေါသထွက်ကာ သူ့ကိုပင် မုန်းတီးခဲ့သည်။
သူ့အစ်ကိုကြီးဖြစ်ခဲ့ဖူးတဲ့ သူတစ်ယောက်က သူမအပေါ် ထိုအတွေးအမြင်တွေရှိတယ်ဆိုတာ လက်မခံနိုင်ခဲ့ဘူး။ ထိုအချိန်မှစ၍ သူမသည် သူ့ကို ကျိန်ဆဲရန် ယုတ်မာသော စကားလုံးမျိုးစုံကို အသုံးပြုခဲ့သော်လည်း သူမ ဘာပဲလုပ်လုပ် သူ သည် လျစ်လျူရှုသော အမူအရာဖြင့် အမြဲတမ်း နှုတ်ဆိတ်နေခဲ့သည်။
သူ၏တိတ်ဆိတ်မှုသည် အပြစ်ရှိစိတ်ဖြစ်မည်ဟု ခံစားမိသောကြောင့် ယင်း က သူမ၏ယုံကြည်မှုကို အားဖြည့်ပေးခဲ့သည်။ နောက်ပိုင်းမှာ သူမ သူ့ကို ပို၍ပင်မုန်းတီးစေခဲ့ပြီး ထို့နောက်တွင် သူမ၏ခံစားချက်များ မြင့်တက်လာခဲ့သည်။
သူမ တခါ သူ့ကို မေးခဲ့သည်။ “ကုကျင်းချန်း၊ ရှင် ကျွန်မအပေါ် ရွံမုန်းစရာကောင်းတဲ့ အတွေးတွေကို အစကတည်းက ချုပ်တည်းထားခဲ့တာလား?”
ကုကျင်းချန်း က စိတ်ပျက်တဲ့အမူအရာကို ပထမဆုံးအကြိမ် ထုတ်ပြပြီး မေးလာခဲ့သည်။ "မင်း ဒါကို စက်ဆုပ်တယ်လို့ ခံစားရလား?"
သူမ က ပြင်းပြင်းထန်ထန်ပြောလိုက်သည်။“ဟုတ်တယ်။ လုံးလုံးရွံရှာတယ်၊ ရှင် က ကလေးတွေအပေါ် ကြိုက်တာလား? နှာဘူးကောင်”
သူမ ဒေါသထွက်လွန်းလို့ တုန်ယင်နေခဲ့သည်။ ကုကျင်းချန်းမှာ လုံးဝထိန်းမနိုင်သိမ်းမရဖြစ်ပြီး သူမအား ပထမအကြိမ် ဖိအားပေးကာ နမ်းရိူက်ခဲ့သည်။ သူတို့နှစ်ဦး ရင်းရင်းနှီးနှီး အပြန်အလှန်ဆက်ဆံခဲ့ကြတယ်။
ထိုမတော်တဆဖြစ်ပြီးနောက် သူမ သည် မြို့တော်A ရှိ ကုမိသားစုမှ ထွက်ခွာကာ မြို့တော်B တွင် ကျောင်းတက်ခဲ့သည်။
သူမ စိတ်ထဲတွင် အမှတ်ရစရာ မျိုးစုံ ပေါ်လာသည်။ "အဆုံးမှာ အရာအားလုံးက အိပ်မက်ပဲလား" ဆိုတာ သူမ သိချင်မိသည်။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ ဒါက အိပ်မက်မဟုတ်ဘူး။ အိပ်မက်ထဲမှာ နာကျင်မှုမရှိဘူး” ဇွန်ဘီတွေက အစစ်ဖြစ်လို့ သူမခံစားခဲ့ရတဲ့ နာကျင်မှုက အမှန်ပဲ။ ထိုနာကျင်မှုကို သူမတွေးမိသောအခါ တုန်လှုပ်သွားသည်။ သူမရဲ့မျက်နှာ က ဖြူဖျော့ပြီး အေးစက်နေတဲ့ ချွေးတွေ ထွက်လာ၏။ — "ကုကျင်းချန်း သေတုန်းက ဒီလိုဖြစ်ခဲ့တာလား?” ဟု သူမ တွေးမိသည်။
ဇွန်ဘီတွေ သူမရဲ့လက်နဲ့ခြေထောက်တွေကို ကိုက်စားနေချိန်မှာ သူမကိုယ်တိုင် မျက်စိနဲ့ ကြည့်နေခဲ့တယ်။ အရမ်းနာတယ်။ သူမသေသွားသလို ခံစားခဲ့ရသော်လည်း သူမ၏ ခန္ဓာကိုယ် ပြီးအောင်အစားမခံရင်ခင် သူမ သတိလစ်သွားခဲ့သည်။
တည်ငြိမ်မှု ပျောက်ဆုံးသွားသဖြင့် အခန်းတွင်းရှိ လေထုသည် တင်းမာလာသည်။ ထောင့်ကလူမှာ တုန်လှုပ်နေ၏။ သူမ သူ့ကို ဂရုမစိုက်တာမြင်တော့ တံခါးဆီကို ဖြည်းညှင်းစွာ လျှောက်သွားတယ်။
တံခါးဆီသို့ ရွှေ့နိုင်ခဲ့တယ်။ တံခါးက ပွင့်ထွက်သွားပြီး ရိုက်ခံရပြန်သည်။ သူ နာကျင်စွာ အော်ဟစ်လေသည်။
စုရှန်းရှန်း သည် သတိပြန်ဝင်လာပြီး တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ အနက်ရောင် ၀တ်ဆင်ထားသော ကုကျောင်း သည် တံခါးဝတွင် ရပ်နေချိန်တွင် ချွေးများစီးကျလာသည်။ သူ၏အေးစက်စက် မျက်နှာမှာ ထိတ်လန့်နေလေသည်။ ဆိုဖာပေါ်မှ စုရှန်းရှန်း ထိခိုက်မှုမရှိသည်ကို မြင်လိုက်ရမှ သက်ပြင်းချလိုက်တော့သည်။
"ရှန်းရှန်း၊ ကျေးဇူးပြုပြီး နောက်တစ်ခါ ဒီလို ဟာသတွေ မလုပ်နဲ့။ မင်းကို ကာကွယ်ဖို့ ဘော့စ်ကုရဲ့အမိန့်အတိုင်း ငါ ရောက်လာတာ၊ မင်းဟာလေ တကယ်ပဲ…”
ကုကျောင်း၏အမူအရာမှာ သိပ်အဆင်မပြေချေ။ ဘော့စ်ကု က ဒီအသုံးမကျတဲ့၊ အမြဲ ဒုက္ခပေးတတ်တဲ့ ဒီမိန်းမကို ဘာကြောင့် အထူးတလည် သဘောကျနေသလဲကို သူနားမလည်နိုင်တော့။