Chapter 18: GPS
“ကျွန်မ အခု ဗီလာမှာ မဟုတ်ဘူး။ မြို့တော်A ဆီ ထွက်လာနေပြီ၊ ကျွန်မ လာရှာမှာကို စောင့်နေ၊ မလာခဲ့နဲ့၊ ရှင် ရောက်လာရင်တောင် ကျွန်မ ကို ရှာတွေ့မှာ မဟုတ်ဘူး”
သူ၏စိုးရိမ်မှုတွင် ကုကျင်းချန်း သည် သူ၏လေသံ တင်းမာသွားသည်ကိုပင် သတိမထားမိချေ။ “မင်း ဗီလာကနေ ဘာကြောင့် ထွက်လာရတာလဲ? အပြင်မှာ ဘယ်လောက် အန္တရာယ်ရှိလဲ သိလား"
စုရှန်းရှန်း သည် သူ က သူမအကျိုးအတွက် လုပ်နေသည်ကို သိပေမဲ့ အရင်ဘဝတုန်းက သူမ သူ့အပေါ် ဆိုးဆိုးရွားရွား ပြုမူခဲ့သောအခါ သူမကို လေသံမြင့်၍ တစ်ခါမှမပြောခဲ့ဖူးချေ။ စုရှန်းရှန်း ထိုအကြောင်းတွေးလေတွေးလေ မှားမှားယွင်းယွင်း ပိုခံစားမိပြီး ပြောလိုက်သည်။ “ဘာလို့ ကျွန်မကို ဆူနေတာလဲ!”
ကုကျင်းချန်း ထိတ်လန့်သွားသည်။ “ကိုယ်… ကိုယ် မင်းကို မဆူပါဘူး”
စုရှန်းရှန်း၏လေသံမှာ ခံစားချက်များဖြင့် တုန်ယင်နေလေသည်။ “ကျွန်မကို ခုနလေးတင် အော်ပြောတယ်လေ”
“ရှန်းရှန်း၊ ကိုယ် မင်းကို စိတ်ပူလို့လေ၊ မင်းကို အော်ပြောဖို့ မရည်ရွယ်ပါဘူး”
“ရှင့်အမှားပေါ့?”
“ဟုတ်တယ်” မည်သူ့ကိုမျှ အပြစ်မတင်ဘဲ အမြဲတမ်း သူ့အပြစ်သာ ဖြစ်သည်။
စုရှန်းရှန်း၏မျက်လုံးများတွင် လိမ္မာပါးနပ်သော အကြည့်တစ်ခု တောက်ပလာသည်။ “ဒါဆို ကျွန်မစကားနားထောင်ချည်၊ ရှင် ကျွန်မကို လာရှာတာ ခွင့်မပြုဘူး။ ကျွန်မ ရှင့်ကို လာရှာတာကို စောင့်နေချည်၊ အိုကေ? အစ်ကိုကျင်းချန်း?”
ချေပလိုသော ကုကျင်းချန်း သည် ‘အစ်ကိုကျင်းချန်း’ ဟု ခေါ်ခံရပြီးနောက် သူ့နှလုံးသားမှာ ပူလောင်နေခဲ့သည်။ သူ သည် ဖုန်းကို ကိုင်ထားရင်းနဲ့ သူ့မျက်နှာမှာ မိုက်မဲတဲ့ အပြုံးတစ်ခု ရှိနေတာကို တစ်စုံတစ်ယောက်က မြင်လျှင် တွေ့နိုင်ပေသည်။
လှည့်စားခံရသည်ကို သဘောတူပြီးမှ သဘောပေါက်သွားလေသည်။ “ရှန်းရှန်း မင်း ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်တာပဲ”
စုရှန်းရှန်း ရယ်မောလေသည်။ “ဘာပဲဖြစ်ဖြစ် ကတိပေးတဲ့စကားတွေ ကို ပြန်ရုတ်သိမ်းလို့မရဘူး”
"ရှန်းရှန်း"
ကုကျင်းချန်း၏နူးညံ့သော အသံကို သူမကြားလိုက်သောအခါ စုရှန်းရှန်း၏မျက်နှာမှာ အနည်းငယ်နီသွားသည်။ သူမ ကုလားထိုင်ပေါ်ပြန်လှဲပြီး လကို မော့ကြည့်လိုက်သည်။
"ရှန်းရှန်း"
“အမ်း”
"ရှန်းရှန်း"
“အမ်း”
တစ်ယောက်က အခြားတစ်ယောက်ရဲ့ နာမည်ကို လှမ်းအော်ပြီး တစ်ယောက်က ဖြေတယ်။ သူတို့နှစ်ယောက်လုံး ဘာမှပြန်မပြောဘဲ နွေးနွေးထွေးထွေးရှိနေခဲ့ကြသည်။
သူတို့ သည် ဖုန်းချိတ်ဆက်မှု မပြတ်တောက်ခင်အထိ ဤနည်းအတိုင်း နေခဲ့ကြသည်။ သူမ ဖုန်းကို ဘေးတွင် ချ၍ လကို ကြည့်ကာ ဆုတောင်းနေမိသည်။ “ကုကျင်းချန်း အဆင်ပြေဖို့၊ လုံခြုံဖို့၊ ငါ့ကို လာမရှာဖို့ ငါမျှော်လင့်တယ်”
ကုကျင်းချန်း ဖုန်းချလိုက်သည်။ သူ သည် ဖုန်းကို ဖယ်ဖို့ ဝန်လေးနေပြီး သူ့နားတွင် ခဏထားထားသည်။
ကုလင်း စာကြည့်ခန်းထဲသို့ ပြေးဝင်လာခဲ့သည်။ သူ တံခါးဖွင့်လိုက်တာနဲ့ ဘော့စ်ကု ရူးကြောင်ကြောင်ပြုံးနေသည်ကို တွေ့လိုက်ရတယ်။ သူ့လက်ထဲရှိ laptop က ချက်ချင်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ၎င်းသည် သူ၏ ထက်မြက်ပြီး စွမ်းရည်ရှိသော ဘော့စ်ကု ဖြစ်နေသည်ကို သူ မယုံနိုင်အောင် ဖြစ်နေလေသည်။
ကုကျင်းချန်း သည် သူ့မျက်နှာပေါ်ရှိ အမူအရာကို ချက်ချင်းပြောင်းလိုက်ပြီး “ပြောပါ” ဟု မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ကုလင်း သည် ကြမ်းပြင်ပေါ်ရှိ laptop ကို ကောက်ယူ၍ ဘော့စ်ကု၏ အေးစက်သောအမူအရာကို မြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ “ဒါဟာ လှည့်စားမှုတစ်ခုပဲ ဖြစ်မယ်” ဟု သူ တွေးမိသည်။
သူ သည် ကုကျင်းချန်းကို laptop ပေး၍ ပြောလိုက်သည်။ “ဘော့စ်၊ GPS နဲ့ ချိတ်ဆက်ပြီးပြီ။ သခင်မလေးရှန်းရှန်း မြို့တော်B က ဗီလာမှာ ရှိနေတယ်”
ကုကျင်းချန်း က မျက်ခုံးပင့်၍ ‘လူလိမ်မလေး’ ဟု တွေးမိသည်။
သူ ခေါင်းညိတ်၍ ပြောလိုက်သည်။ “ကွန်ပြူတာပါ ယူခဲ့၊ ငါတို့ အခု ထွက်ခွာမယ်”
သူ မစောင့်နိုင်တော့ဘူး။ အပြင်မှ အန္တရာယ်များကို တွေးပြီး သူမအနားသို့ ချက်ချင်း ပြေးသွားချင်သည်။
ကုလင်း လုံးဝမအံ့ဩချေ။ သူ က ခေါင်းညိတ်ပြပြီး သူ့လူတွေကို ဒီညက ထွက်သွားဖို့ အမိန့်သွားပေးခဲ့သည်။
…
ရက်အနည်းငယ်ကြာပြီးနောက်၊ အစပိုင်းတွင် ကြောက်လန့်နေသော လူသားများသည် ကမ္ဘာကြီး၏အဆုံးသတ်ဖြစ်ကြောင်းကို ဖြည်းဖြည်းချင်းလက်ခံခဲ့ကြသည်။ အစိုးရကလည်း ကယ်ဆယ်ရေး လုပ်ငန်းများကို တက်ကြွစွာ စည်းရုံးလုပ်ဆောင်ခဲ့သည်။ မြို့အသီးသီးရှိ မီဒီယာဌာနများ သည် ထူထောင်ထားသည့် ဘေးကင်းရေးဇုန်များကို ထုတ်လွှင့်ပြသလျက်ရှိပြီး လူထုများအား ၎င်းတို့ကိုယ်တိုင် ထိုနေရာသို့ လာခိုင်းခဲ့သည်။
လမ်းပေါ်၌ လမ်းသွားလမ်းလာ အရေအတွက် များလာသည်နှင့်အမျှ အပြင်ဘက်သို့ စွန့်စားဝံ့သူအများအပြားက စတင် လှုပ်ရှားလာကြသည်။ ထိုမှသာ သူတို့သည် ကြောက်စရာကောင်းသော ပုံစံရှိသော ဇွန်ဘီများသည် ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြသည်ကို သဘောပေါက်ခဲ့ကြပီး ရဲရင့်လာကြတယ်။
ပြတင်းပေါက်မှတဆင့်၊ စုရှန်းရှန်း နှင့်အတူ ဇွန်ဘီများကို ဂိမ်းတစ်ခုအဖြစ် ဆက်ဆံသည့် ကောင်လေးနှစ်ယောက်ကို တွေ့နိုင်သည်။ သူတို့သည် ဇွန်ဘီများကို အဝေးသို့ သစ်သားချောင်းများဖြင့် အသေရိုက်ပြီး ဆင်နွှဲကြသည်။
လူများစွာသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ၎င်းတို့အား ကမ္ဘာကြီး၏အဆုံးသတ်အကြောင်း သတိပေးသည့် အွန်လိုင်းပို့စ်တစ်ခုကို စတင်ရှာဖွေခဲ့ကြသည်။ အဲဒီတုန်းက သူတို့ ဆိုးဆိုးရွားရွား တုံ့ပြန်ခဲ့တဲ့ ပို့စ်ဟာ အခု သူတို့ရဲ့ အသက်ကယ်တင်မှု ဖြစ်လာခဲ့သည်။
ဒါပေမယ့် ပို့စ်ကို ဖျက်လိုက်ပြီဆိုတာ သိလိုက်ရတယ်...
ကုကျောင်း သူမအနားသို့လာကာ မြေပြင်အခြေအနေကို ကြည့်လိုက်သည်။ "ဒါ အစပဲရှိသေးတယ် မဟုတ်လား"
စုရှန်းရှန်း ခေါင်းညိတ်လိုက်သည်။ “ဇွန်ဘီတွေ ကြီးထွားလာတာကို သတိမထားမိရင် လူတွေဟာ အားနည်းချက် ဖြစ်လာလိမ့်မယ်”
ဖေးလန် အဆင်သင့်ဖြစ်သောအခါ သူတို့ ထွက်လာခဲ့ကြသည်။ ၎င်းတို့ သုံးဦးသည် အနက်ရောင် အားကစားဝတ်စုံကို ၀တ်ဆင်ထားပြီး ခါး၌ ဓားမြှောင်နှင့် လက်ထဲတွင် ဘေ့စ်ဘောတုတ်တံများ ကိုင်ဆောင်ထားကြသည်။
ဒီတခေါက် သူတို့ ထွက်လာသောအခါ အခြေအနေက နောက်ဆုံးအကြိမ်နဲ့ မတူတာကို တွေ့လိုက်ရတယ်..။ လူတော်တော်များများက ပြတင်းပေါက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဇွန်ဘီတွေက ပြန်စုရုံးလာခဲ့ကြသည်။