Chapter 20: စူပါမားကတ်
သို့သော် ဇွန်ဘီတွေသည် သူတို့အနောက်၌ ရှိနေခဲ့ကြသည်။ နောက်ကြည့်မှန်ကနေတစ်ဆင့် ကားထဲကလူတွေ သည် ဇွန်ဘီတွေ တစ်ယောက်ပြီးတစ်ယောက် ကိုက်စားနေခဲ့သည်ကို ကြည့်နေခဲ့ကြသည်။
ဤသွေးထွက်သံယိုမြင်ကွင်းကြောင့် သူတို့တံတွေးကိုမျိုချပြီး ကားကိုအရှိန်မြှင့်လိုက်သည်။ ပထမဆုံးအကြိမ်၊ ဤကမ္ဘာ၏အဆုံးသတ်သည် သူတို့အတွက် အမှန်ပင် နိုးကြားစေခဲ့သည်။
စုရှန်းရှန်းနဲ့ဖေးလန် က နောက်ခုံမှာ ထိုင်နေချိန် ကုကျောင်း ကားမောင်းသည်။ လမ်းကို ဖြတ်လာရင်းနဲ့ အရင်ကထက် ပိုအသက်ဝင်နေတယ်ဆိုတာ သိသာတယ်။
"သူတို့ မကြောက်ဘူးလား?" ဖေးလန် သည် ဆိုင်များ ဆက်လက်ဖွင့်နေဦးမည်ဟု မမျှော်လင့်ထားချေ။
“သူတို့မျက်လုံးနဲ့ ဇွန်ဘီတွေ လူတွေကို ကိုက်စားတာကို မမြင်ဘူးတော့ ကြောက်မှာ မဟုတ်ဘူး” ဟု စုရှန်းရှန် က အေးစက်စက် ပြောလိုက်သည်။
"ငါတို့ သူတို့ကို ပြောပြလို့ရလား?”
စုရှန်းရှန်း သည် ဖေးလန်ကို ကြည့်လိုက်သည်။ ဒီကလေး က သူမနဲ့မတူဘူး။ သူ အရင်က ဇွန်ဘီတစ်ကောင်ကို သတ်ဖူးပေမဲ့ ကြင်နာမှုကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
“လုပ်ချင်ရင် လုပ်လေ”
ဖေးလန် သည် မှန်ပြတင်းပေါက်ကို ချ၍ အော်ပြောလိုက်သည်။ “ဟေး.. တံခါးပိတ်! ဇွန်ဘီတွေ ရှိတယ်!”
တစ်စုံတစ်ယောက်က သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေတယ်။ "ကလေး၊ ဇွန်ဘီ က ဘာများကြောက်ဖို့ကောင်းလို့လဲ? ဟိုမှာကြည့်"
ဆိုင်ပိုင်ရှင် ညွှန်ပြနေသည့် လမ်းကြောင်းကို ကြည့်လိုက်ရာ လူငယ်တစ်စုသည် သတ္တုတုတ်တံဖြင့် ဇွန်ဘီတစ်ကောင်ကို ဝိုင်းထားကြသည်။ တုတ် သည် ဇွန်ဘီ ကို ပြင်းထန်စွာ ထိမှန်ပြီး ပုပ်နေသော အသားများ နေရာအနှံ့ ကွဲအက်သွားစေသည်။ စုရှန်းရှန်း က ဇွန်ဘီ က ချွန်ထက်သော လက်သည်းများဖြင့် တစ်စုံတစ်ယောက်၏ လက်နောက်သို့ ကုတ်ခြစ်လိုက်သည် ကို တွေ့လိုက်ရသည်။
အရိုက်ခံရသူက ဒေါသတကြီး ကျိန်ဆဲပြီး တင်းတင်းကျပ်ကျပ် လက်ကို ဆုပ်ကိုင်လိုက်သည်။
"သူတို့ ဇွန်ဘီရဲ့ခေါင်းကို ရိုက်သင့်တယ်” ဟု ဖေးလန် က ထိုမြင်ကွင်းကို ကြည့်ရင်း ရေရွတ်လေသည်။ “အဲဒီလူတော့ သေပြီပဲ”
“သူတို့ နင်ပြောတာကို ယုံမှာ မဟုတ်ဘူး” စုရှန်းရှန်း က သူ့အကြံအစည်ကို တွန်းလှန်လိုက်သည်။ —
‘နောက်ဆုံးအချိန်တွေမှာ လူ့သဘာဝကို အနှေးနဲ့အမြန် သတိပြုမိလေ ပိုကောင်းလေပဲ’ ဟု သူမ တွေးမိသည်။
ဖေးလန် လှည့်ကြည့်လိုက်ရာ ဆိုင်ပိုင်ရှင်က ဒီပွဲကို ကြည့်နေတာ တွေ့လိုက်ရတယ်။ သူ ထိုလူကို ကန်ကျောက်ချင်လာသည်။ ထို့နောက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဒီကိစ္စကို အနောက်မှာ ထားလိုက်တယ်။
စုရှန်းရှန်း သည် ကောင်းကင်ပေါ်က နေကို ကြည့်လိုက်သည်။ ဇွန်ဘီများ သည် နေကိုကြောက်ကြပြီး ယေဘူယျအားဖြင့် နေ့ဘက်တွင် အပြင်မထွက်ပေ။ အပြင်ထွက်ရင်တောင် ဖြေးဖြေးချင်းလှုပ်ရှား၏။ ညဘက်ဆိုလျှင် ဤမြို့သည် အန္တရာယ်များသော နေရာတစ်ခု ဖြစ်လာလိမ့်မည်။
သူမ၏ အတိတ်ဘဝက အတွေ့အကြုံများ က သူမမျက်စိရှေ့တွင် တောက်ပလာခဲ့သည်။ ညဘက်တွင် သူမ ကြားလိုက်ရသော အော်သံနှင့် အိမ်နီးနားချင်းရဲ့ တံခါးခေါက်သံကြောင့် မျက်လုံးမှိတ်ထားရန် အချိန်အတော်ကြာ ကြောက်ရွံ့ခဲ့ရသည်။ ထိုလူ က သူမအနားရောက်လာသောအခါမှ ကောင်းကောင်းအိပ်စက်နိုင်ခဲ့သည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမ သူ့ကို တွန်းထုတ်ပစ်ခဲ့သည်။
“အစ်မရှန်းရှန်း၊ ကျွန်တော်တို့ အခု မြို့တော် A ကို သွားနေတာလား?” ဟု ဖေးလန် က ရုတ်တရက် မေးလာသည်။
စုရှန်းရှန်း က ခေါင်းညိတ်လိုက်သည်။ “မြို့တော်M ကို အရင်သွားရအောင်။ ငါ အဲဒီမှာ အရမ်းအရေးကြီးတဲ့အရာတစ်ခု ယူဖို့ ရှိတယ်” သူမ၏ယခင်ဘဝ၌ သူမ သည် မြို့တော်M တွင် တိတ်တဆိတ် ရပ်ခဲ့ပြီး မြို့တော် A သို့သွားရာလမ်းတွင် သူမနှင့် ရှစ်နှစ်ကြာ အတူလိုက်ပါလာသည့် တန်ဓားကို ရရှိခဲ့သည်။
“ကုကျောင်း၊ လုပ်ငန်းဆက်မလုပ်တော့တဲ့ စူပါမားကတ်ကို တွေ့ရင် ခဏလောက် ဝင်ကြည့်ရအောင်" ဟု စုရှန်းရှန်း က သတိပေးလိုက်သည်။
ကုကျောင်း သည် တဏမျှ နှုတ်ဆိတ်နေခဲ့ပြီး သူမ၏အကြံပြုချက်ကို တုန့်ပြန်ခဲ့သည်။
ကားကို စူပါမားကတ်တစ်ခုရဲ့ အဝင်ဝ သို့ မောင်းလာခဲ့ပေမယ့် မရပ်ခဲ့ပါ။ အဲဒီအစား သူက လှည့်ပတ်ပြီး သူ့ကားကို အနောက်၌ ရပ်လိုက်သည်။ အရှေ့မှာ ဇွန်ဘီတွေအလွန်များသည်။ အရှေ့မှာ ကားရပ်ရင် ထွက်လို့ရမှာ မဟုတ်ဘူး။
ကားပါကင်ထိုးပြီးနောက် သုံးယောက်သား လက်နက်ကြီးကိုင်ကာ ဆင်းခဲ့ကြသည်။
စူပါမားကတ်၏ နောက်ဖေးတံခါးသည် အလွန်တိတ်ဆိတ်နေသော်လည်း နှင်းဖြူဖြူနံရံပေါ်ရှိ သွေးနီရောင်လက်ရာမှာ အလွန်ထူးဆန်းနေလေသည်။
ဇွန်ဘီတစ်ကောင် က သူတို့ပတ်ဝန်းကျင်မှာ ပျံဝဲနေတယ်။ သူတို့ကား ချဉ်းကပ်လာသည်ကို မြင်သောအခါတွင် ၎င်း၏ တောင့်တင်းသော ခန္ဓာကိုယ်သည် အလွန်နှေးကွေးစွာ ရွေ့လျားလာသည်။
ဒိုင်း! ၎င်းနှင့်အနီးဆုံးဖြစ်သော စုရှန်းရှန်း က သူမ၏လက်ထဲတွင် ဘေ့စ်ဘောရိုက်တံကို ကိုင်မြှောက်ကာ ဇွန်ဘီကို ရိုက်ချလိုက်သည်။ ဇွန်ဘီ သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး တောင့်တင်းသောလက်ကို ၎င်းတို့ဆီသို့ ဖြန့်လိုက်သည်။ ဖေးလန် က ဘေ့စ်ဘောရိုက်တံဖြင့် ခေါင်းကို ရိုက်လိုက်သည်။
စုရှန်းရှန်း က သူ့ကို လက်မထောင်ပြလိုက်သည်။ ဖေးလန် ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်၏။
သူတို့ သုံးယောက်ထဲမှာ သူဟာ သဘာဝလွန် စွမ်းအားတွေ မရှိတဲ့ တစ်ဦးတည်းလူ ဖြစ်လို့ သူ့ ရဲ့ အသုံးဝင်ပုံကို ပြသဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ သူ့ကို ထားခဲ့ရမှာ ကြောက်တယ်။
သူတို့ စူပါမားကတ်ရဲ့ နောက်ဖေးတံခါးကနေ လျှောက်လာကြတယ်။ စူပါမားကတ်သည် ပထမထပ်တွင်ရှိပြီး လှေကားတက်ရဖို့ အခက်အခဲကို ကယ်တင်ခဲ့သည်။ အမှန်တော့၊ ကျဉ်းမြောင်းသောလှေကားများသည် ပို၍အန္တရာယ်ကြီးသည်။
မထင်မှတ်ပဲ၊ စူပါမားကတ်၌ ဆူညံသံတွေနဲ့ စည်ကားနေပြီး လူတွေ သွားလိုက်လာလိုက်နှင့် ရှိသည်။ လူတိုင်း သည် စင်ပေါ်ရှိ ပစ္စည်းများအတွက် ရန်ဖြစ်နေကြသည်။ အစားအသောက်များများ သိုလှောင်ခြင်းသည် လူတိုင်း စဉ်းစားနိုင်သည့် အရာဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ဇွန်ဘီများသည် အန္တရာယ်မရှိဟု မြင်သောအခါတွင် ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုခြင်းမှာ စူပါမားကတ်သို့ ပြေးသွားခြင်းဖြစ်သည်။
လူတိုင်း သည် သူတို့ပစ္စည်းတွေကို အိတ်ထဲထည့်ထားရင်း အေးအေးဆေးဆေး စကားစမြည်ပြောနေကြတယ်။ သူတို့ သည် သတိကြီးကြီးနဲ့ လမ်းလျှောက်လာရင်း လက်ထဲမှာ လက်နက်တွေ ကိုင်ထားကြတယ်။ ရယ်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပင်။