no

Font
Theme

Chapter 15: သူ့ကို သတ်ရဲလား?

ဖေးလန် ပါးစပ်ကို အမြန်ပိတ်လိုက်၏။ ဇွန်ဘီ နှင့် စုရှန်းရှန်း၏တိုက်ပွဲက စုရှန်းရှန်းအပေါ် ကိုးကွယ်စေခဲ့သည်။ ယခုအချိန်မှစ၍ သူမသည် သူ၏နတ်ဘုရားမဖြစ်သည်။ သူမရဲ့ခြေလှမ်းအတိုင်း လိုက်ချင်တယ်။

သူ သည် စုရှန်းရှန်းကို တောက်ပသောမျက်လုံးများဖြင့် ကြည့်နေလေသည်။

စုရှန်းရှန်း သူ့အနောက်က လူငယ်လေးကို ဂရုမစိုက်ပါ။ သူမရှေ့က လောင်စာဆီကား ၄ စီးကို ကြည့်ပြီး စစ်ဆေးဖို့ ရှေ့သို့ ဆက်လျှောက်လာသည်။ ဆီများ အပြည့်ရှိသည်ကို မြင်သောအခါ ပြုံးလိုက်သည်။

ဖေးလန် သူမရဲ့စိတ်ကို ခန့်မှန်းမိပြီး ချက်ချင်းပြောလိုက်သည်။ “အစ်မ၊ ကျွန်တော် ကားမောင်းတက်တယ်၊ ကျွန်တော် လိုက်ပို့ပေးမယ်လေ၊ အမှန်တော့ ကျွန်တော် ဒါတွေကို မလိုချင်ပါဘူး။ အစ်မအနောက် ကျွန်တော့်ကို လိုက်ခွင့်ပေးသရွေ့…”

သူက မခို့တရို့ ပြောလိုက်တယ်။

စုရှန်းရှန်း သူ့ကို ကြောင်တောင်တောင်နဲ့ကြည့်နေလေသည်။ “အပြင်မှာ သွားစောင့်”

ဖေးလန် သည် တခဏမျှ အံ့အားသင့်သွားသော်လည်း စူပါမားကတ်မှ တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး နာခံကာ ထွက်လာခဲ့သည်။ သိပ်မကြာခင်မှာပဲ စုရှန်းရှန်းလည်း ထွက်လာခဲ့သည်။ သူမ သည် လောင်စာဆီကားအကြောင်း မပြောပြပဲ ဖေးလန်ကလည်း မမေးချေ။ သူ သည် ခေါင်းကို ကုတ်၍ မေးလိုက်သည်။ “အစ်မ ဘယ်သွားမလို့လဲ?”

စုရှန်းရှန်း သည် လူငယ်လေးထံ ဘေ့စ်ဘောရိုက်တံကို မြန်မြန်ဆန်ဆန် လွှဲရိုက်ပစ်လိုက်၏။ ဖေးလန် သည် နေရာတွင်ပင် ရပ်နေလျက် ဘေ့စ်ဘောရိုက်တံက သူ့ဘက်သို့ ဖြတ်သွားသည်။ အနောက်မှ ကျယ်လောင်သော ရိုက်သံကို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဇွန်ဘီတစ်ကောင်ကို တွေ့လိုက်ရသည်။ ဤဇွန်ဘီ နှင့် သူ သည် တစ်မီတာအောက်သာ ကွာဝေးသည်။

သူ သည် စုရှန်းရှန်း ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ ကြောက်စိတ်ဖြင့် သူမအနား ကပ်ထားသည်။ ဒီအဖြစ်အပျက်က သူမနောက်ကို လိုက်ဖို့ ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေခဲ့တယ်။

စုရှန်းရှန်း သည် သူမ၏ဘေ့စ်ဘောရိုက်တံကို ကောက်ယူ၍ ပြောလိုက်သည်။ "ငါ့နောက်မလိုက်နဲ့။"

ဖေးလန် သည် ဤရိုင်းစိုင်းသော အပြုအမူကြောင့် အံ့အားသင့်သွားပြီး စုရှန်းရှန်း အဝေးမှ ထွက်ခွာသွားပြီးနောက် အာရုံများ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူက သူမနောက်ကို အလျင်စလို လိုက်လာပြီး ပြောပြရှာသည်။ “အစ်မ၊ ကျွန်တော် အစ်မကို မနိုင်ပါဘူး။ ကျွန်တော် နည်းနည်းပဲ စား‌တာပါ”

စုရှန်းရှန်း သည် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ဖေးလန် နောက်ပြန်ဆုတ်သွားသောအခါတွင် သူမ ဆိုးသွမ်းစွာ ပြုံးကာ သူမအရှေ့က ဇွန်ဘီတစ်ကောင်ကို လက်ညှိုးထိုးပြလိုက်သည်။ “ငါ အမှိုက်ကို လက်မခံဘူး။ သတ်ရဲလား?”

ဇွန်ဘီကောင်၏မျက်နှာ အနည်းငယ်ဖျော့ဖျော့ဖျော့ဖျော့ဖြစ်နေသည်ကို ကြည့်ရင်း ဖေးလန် က လက်သီးဆုပ်၍ ပြောလိုက်သည်။ “ကျွန်တော့်ကိုကျွန်တော် သက်သေပြမယ်”

သူသည် သူ့သတ္တိကို မြှင့်တင်၍ သံချောင်းဖြင့် ရှေ့သို့ ပြေးလာခဲ့သည်။ စုရှန်းရှန်း ခေါင်းယမ်းလိုက်မိသည်။ “ဒီလို ကျယ်လောင်တဲ့အသံ လုပ်မိရင် ဇွန်ဘီတွေကို ပိုဆွဲဆောင်မိလိမ့်မယ် မဟုတ်လား?” သူမ ရှုံ့မဲ့သွား၏။

သူမ ထိုလူငယ်ကို ခေါ်သွားချင်သည်။ သို့သော်၊ အကယ်၍ သူသည် အဆင့် ၀ ဖုတ်ကောင်ကိုပင် မသတ်ဝံ့ပါက၊ ဤကမ္ဘာပျက်ခေတ်တွင် ရှင်သန်နိုင်မည်မဟုတ်ပေ။

ဖေးလန် သည် ဇွန်ဘီနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရသောအခါ ကြောက်ရွံ့မှုမဖြစ်နိုင်ဘဲ သူ့ကိုယ်သူ သက်သေပြရန်အတွက် သွားများကို ကြိတ်ကာ သံတုတ်ကို ယမ်းလိုက်သည်။ အရိုးနှင့် အသားကို ထိသွားသော သံတုတ်၏ခံစားချက် သည် သူ့မျက်နှာကို ဖြူဖျော့သွားစေ၏။ သူသည် ဆိုရှယ်လစ်ဝါဒကို ဆယ်နှစ်ကျော်ကြာ စွဲစွဲမြဲမြဲ စွဲကိုင်ထားသောကြောင့် ဇွန်ဘီများကို လူသားဟု မသတ်မှတ်ထားသော်လည်း လူများကို သတ်ဖြတ်ရန်တော့ မလုပ်နိုင်ချေ။

သူ၏ ပထမဆုံး ထိုးနှက်ချက်မှာ ပစ်မှတ်အနည်းငယ်သာ ရှိသောကြောင့်၊ ၎င်းသည် ဇွန်ဘီ၏ ပခုံးပေါ်သို့ ကျသွားသည်။ ဇွန်ဘီ၏လက်သည် သူ့ထံသို့ ရောက်ရှိလာပြီး ၎င်း၏လက်သည်းရှည်များက သူ့မျက်နှာကို ထိတော့မည်ဖြစ်သည်။ အမြန်နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူ့လက်ထဲက သံချောင်းကို ချလိုက်သည်။ ဇွန်ဘီ သူ့ဆီသို့ ခုန်ဆင်းလာသည်။

“သံချောင်းကို ပြန်ကိုင်၊ ပျော့ကွက် က သူ့ခေါင်းနောက်ဘက်မှာ ရှိတယ်” ဟု စုရှန်းရှန်း က အေးစက်စက်ဖြင့် သတိပေးလိုက်သည်။

သူမရဲ့အသံက ဖေးလန်ကို ရုတ်တရက် သတ္တိရှိစေတယ်။ သူသည် မြေပြင်ပေါ်ရှိ သံတုတ်ကို ကောက်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာ လှုပ်ရှားနေသော ဇွန်ဘီအနောက်သို့ လျှောက်သွားကာ ၎င်း၏ ခေါင်းနောက်ကို အားအင်အပြည့်ဖြင့် ရိုက်လိုက်သည်။

ဘန်း ဆိုသည့် မြည်သံနှင့်အတူ ဇွန်ဘီရဲ့ဦးနှောက်မှာ ပေါက်ကွဲသွားသည်။ ဖေးလန် မောဟိုက်ကာ သံတုတ်ကို မြေပြင်ပေါ် ထောက်ထား၏။ သူ့ခြေရင်းက ဇွန်ဘီကို ကြည့်ရင်း မျှော်လင့်ထားသလို ထိတ်လန့်မနေချေ။ အဲဒီအစား ဂုဏ်ယူမိသည်။ သူ က ပြုံးပြီး စုရှန်းရှန်းကို လက်ယမ်းပြလိုက်သည်။ “အစ်မ၊ ကျွန်တော် လုပ်နိုင်ပြီဗျ၊ လုပ်နိုင်ပြီ!”

နေရောင်အောက်တွင် ပြုံးနေသော လူငယ်သည် သူ့မျက်နှာပေါ်တွင် သွေးအနည်းငယ်စွန်းထင်နေသော်လည်း တက်ကြွနေခဲ့သည်။

သူ့အနောက်ရှိ ဇွန်ဘီတွေကို လစ်လျုရူထားရင်ပေါ့..

စုရှန်းရှန်း သည် သူ့နံဘေးသို့ အမြန်ပြေးသွားပြီး နဖူးတောက်လိုက်သည်။ "မင်း အသံကျယ်ကျယ်နဲ့ ဖုတ်ကောင်တွေကို အစာကျွေးဖို့ ကြိုးစားနေတာလား?”

သူမ သူ့ကို နေရာမှ အမြန်ဆွဲထုတ်လိုက်သည်။ သူတို့ထွက်သွားပြီးနောက်၊ ပတ်ဝန်းကျင်ဒေသများရှိ ဇွန်ဘီများအားလုံး ထိုနေရာဆီသို့ စတင်ရွေ့လျားလာကြသည်။ ပစ်မှတ်ကို လွဲချော်ခဲ့တဲ့ ဒီဇွန်ဘီဟာ မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့လူတွေဆီ ရောက်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိခဲ့ချေ။

စုရှန်းရှန်း သည် ဗီလာဧရိယာကို ပြန်ရောက်တဲ့အခါ အနီးနားက အိမ်ကြီးတွေကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "ပတ်ဝန်းကျင် က ဘယ်သူမှမရှိတဲ့ ဗီလာကို ရွေးလို့ရတယ်”ထိုအချိန်တွင် ဤနေရာရှိ အိမ်အများစုမှာ ဗလာဖြစ်နေပြီ ဖြစ်သည်။

ဖေးလန် သည် သူမအနောက်ကနေ လိုက်လာခဲ့သည်။ စုရှန်းရှန်း က သူမ၏အိမ်တံခါးဝကို ရောက်ခါနီးမှာပဲ သူမ ရုတ်တရက် ရပ်လိုက်ပြီး မေးလိုက်သည်။ “မင်း ဘာလို့ ငါ့နောက်ကို လိုက်နေသေးတာလဲ?”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment