no

Font
Theme

Chapter 5: ကျွန်မကို ယုံလား?

သူ့တွင် ဒီနေ့ ဆွေးနွေးဖို့ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုရှိနေတယ်။ သူသည် အလုပ်များလွန်းသဖြင့် သူမ၏နေ့စဉ်ပုံမှန် အစီရင်ခံစာကိုပင် ဖတ်ရန် အချိန်မရှိပေ။ ယင်းမှာ အဲဒီနေ့က စုရှန်းရှန်း ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်သည့် အစီရင်ခံစာပင်။

ကုကျင်းချန်း သူ့လက်ထဲက ဖုန်းကို မယုံနိုင်စွာ ကြည့်နေသည်။ ဒါ သူမဘက်က ပထမဆုံးဖုန်းဆက်တာ ဖြစ်ပြီး သူ့မှာ စိုးရိမ်စိတ်တွေ လွန်ကဲနေခဲ့တယ်။ "သူမ တစ်ခုခုဖြစ်သွားတာလား?" ဟု သူ သိချင်မိသည်။- မဟုတ်ရင် သူမ ဘာလို့ သူ့ဆီ ဖုန်းခေါ်မှာလဲ?

သူ မစဉ်းစားပဲ ဖုန်းဖြေဆိုလိုက်သည်။

ဒါဟာ သိပ်ကို ဆန်းကြယ်တယ်။ ရှန်းရှန်က သူ့ကို ဘယ်လောက်မုန်းတီးလဲဆိုတာ သူကောင်းကောင်းသိတယ်။ ယခင်က သူမကို ခေါ်သောအခါ သူမသည် စကားအနည်းငယ် ပေါ့ပေါ့ပါးပါး ပြန်ဖြေပြီး ဖုန်းချပစ်ခဲ့သည်။ ဒီတစ်ခါတော့ သူမ သူ့ကို ဖုန်းခေါ်ဖို့ အစပျိုးလာသည်။ ဒါဟာ အရင်က တစ်ခါမှ မဖြစ်ဖူးတဲ့အရာ ဖြစ်သည်။ သူ့အမူအရာ မှာ ပိုသတိရှိလာတယ်။

သူ သတိထားနေတာ စုရှန်းရှန်း ပြောနိုင်သည်။ သူမ၏အသက်၁၈ နှစ်၊ ထိုအဖြစ်အပျက် ပြီးကတည်းက သူ သည် သူမကို စိတ်အနှောင့်အယှက်မဖြစ်စေရန် အမြဲသတိထားနေခဲ့သည် သို့မဟုတ် သူမ ကုမိသားစုထံ ဘယ်တော့မှ ပြန်မလာတော့ပေ။

"အဆင်ပြေပါတယ်"

“ရှန်းရှန်း… မင်းကိုယ့်ကို ဖုန်းခေါ်တာက မင်းမှာ ပိုက်ဆံမလောက်တာကြောင့်လား? ဒါမှမဟုတ် တစ်ခုခုဖြစ်ခဲ့လို့လား?” သူ သည် သူ့လက်ထဲရှိ အစီရင်ခံစာကို ကြည့်လိုက်သည်။ ယနေ့တွင် သူမသည် နေ့စဉ်သုံးပစ္စည်းများနှင့် အစားအစာများစွာကို ဝယ်ယူရန်အတွက် သူမ၏ကတ်ကို အမှန်တကယ်အသုံးပြုခဲ့သည်။

ဒီထူးဆန်းတဲ့ အပြုအမူက သူ့ကို ပိုလို့တောင် စိတ်ပူစေတယ်။

“ရှင် ကျွန်မကိစ္စတွေကို ကောင်းကောင်းသိတယ် မဟုတ်ဘူးလား?” သူမ၏နေ့စဉ်လှုပ်ရှားမှုများကို မှတ်သားထားရန် နှင့် ပြန်လည်တင်ပြဖို့ တစ်စုံတစ်ဦးကို စေလွှတ်ထားသည်ကို သူမ သိသည်။

ကုကျင်းချန်း ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားသည်။ သူက မြန်မြန်ရှင်းပြတယ်။ “ရှန်းရှန်း၊ ကိုယ် မင်းကို စိတ်ပူလို့ပါ၊ တခြားဘာမှ မဆိုလိုဘူး။ ကိုယ် တောင်းပန်ပါတယ်..” သူ တွေးနိုင်သမျှ မှာ တောင်းပန်ဖို့ ဖြစ်သည်။

ဒါကို အပြင်လူတွေ မြင်ရင် ထိတ်လန့်ပြီး မျက်လုံးတွေ ပြူးကျယ်သွားလိမ့်မယ်။ ဒီတွန်းအားနဲ့ ပြတ်သားတဲ့ ဘော့စ်ကုရဲ့ နှိမ့်ချတဲ့ဘက်ကို သူတို့ ဘယ်တုန်းက မြင်ဖူးလို့လဲ?

ကုကျင်းချန်း သည် သူမ ကို ဘယ်တော့မှ မတွေ့ရမှာ အကြောက်ဆုံးဖြစ်သည်။ သူ သူမကို သူ့ဘေးမှာ ထားရန် မည်သည့်အကျပ်ကိုင်မှုကိုမှ မသုံးလို။

သူ့ရှန်းရှန်း သည် လွတ်လပ်ပြီး ထက်မြက်သည်ဟု ယူဆ၍ ရသည်။ သူမရဲ့လွတ်လပ်ခွင့်ကို သူ ဘယ်တော့မှ မနှောက်ယှက်ခဲ့။ သူမ သာ အခြားလူနောက်သို့ လိုက်သွားလျှင်ပင် သူ့နှလုံးသားထဲတ၌ နာကျင်မှုကို သည်းခံရုံသာ ရှိသည်။ သူမကို မေးခွန်းထုတ်ရန် သို့မဟုတ် တားပိုင်ခွင့်မရှိပေ။ သူမရဲ့လုံခြုံရေး ကို စိုးရိမ်သောကြောင့် သူမအနောက်သို့လိုက်ရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သော်လည်း သူ့ထံတွင် တစ်ကိုယ်ကောင်းဆန်မှုတချို့တော့ ရှိခဲ့သည်။

သူမကို ထွက်သွားခွင့်ပြုပေမဲ့ သူမရဲ့ဘဝနဲ့ပတ်သက်လို့ သိချင်နေသေးသည်။ သူမနဲ့ပတ်သက်လို့ အသေးအမွှားလေး သိတာတောင်မှ သူ့ကို အချိန်အကြာကြီး ပျော်ရွှင်စေလိမ့်မည်။

“ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး” စုရှန်းရှန်း၏အသံမှာ တိုးလျသွားသည်။ သူမ အနောက်ကို လိုက်နေတာ မကြိုက်ပေမဲ့ သူမရဲ့ကောင်းကျိုးအတွက် သူ လုပ်နေတာ သူမ သိတယ်။

“ရှန်းရှန်း၊ မင်း ဘာပြောလိုက်တာလဲ?” သူ့လေသံမှာ တုန်ယင်နေသည်။ ဤသည်မှာ ပထမဆုံးအကြိမ် စကားများ ရန်ဖြစ်ခြင်း မရှိခဲ့ဘဲ ကောင်းသော စကားများ ပြောဆိုခြင်း ဖြစ်သည်။

“ကျွန်မ ရှင့်ကို အပြစ်မတင်ဘူးလို့ ပြောနေတာ” ဟု စုရှန်းရှန်းက ထပ်ပြောလိုက်သည်။

“ရှန်းရှန်း၊ မင်း ဒေါသထွက်နေတာ မလား? ကိုယ် မှားသွားပါတယ်၊ မင်းရဲ့လှုပ်ရှားမှုတွေကို ဘယ်သူ့ကိုမှ မစစ်ဆေးခိုင်းတော့ဘူး။ ကိုယ့်ကို ကျေးဇူးပြု၍ ခွင့်လွှတ်‌ပေးပါ…ဒါပေမဲ့ မင်းရဲ့လုံခြုံရေးအတွက် တစ်စုံတစ်ယောက်ကို မင်းအနောက်လိုက်ခိုင်းဖို့ပဲ စေလွှတ်ခဲ့တာပါ၊ ဒါကလည်း မင်းရဲ့လုံခြုံ‌ရေးအတွက်…” ကုကျင်းချန်း၏လေသံမှာ ယခု ပို၍ ကြောက်လန့်နေလေသည်။ သူ့အတွက် ရှန်းရှန်း၏ပုံမှန်မဟုတ်သော အမူအရာသည် သူမ ဒေါသထွက်နေသည်ဟု ဆိုလိုသည်။ သူမ သူကို ဘယ်တော့မှမတွေ့တော့ဘူးလားလို့ တွေးမိတယ်။

“ကုကျင်းချန်း၊ တော်တော့” စုရှန်းရှန်း မထိန်းနိုင်ပဲ အော်ပြောလိုက်သည်။

"… တောင်းပန်ပါတယ်။" ကုကျင်းချန်း သည် အော်ငေါက်ခံရပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူလည်း စိတ်အေးအေးထားပြီး စုရှန်းရှန်း ရဲ့ အခန်းထဲကို ခိုးဝင်သွားတဲ့လူအကြောင်း ဖော်ပြထားတဲ့ နေ့စဉ် အစီရင်ခံစာရဲ့ နောက်ဆုံးစာမျက်နှာကို လှန်ကြည့်လိုက်တယ်။ ကုကျင်းချန်းရဲ့ မျက်လုံးများတွင် ဆိုးရွားသော အရိပ်တစ်ခု ပေါ်လာသည်။သူ သည် သူ့လက်ထဲက ဖုန်းကို ကြေကွဲလုမတတ် အစွမ်းကုန်ဆုပ်ကိုင်ထားလေသည်။

သူ ကမန်းကတန်း ပြောလာသည်။ “ရှန်းရှန်း၊ မင်း နာကျင်နေလား? ကိုယ် အခု မင်းဆီ လာခဲ့မယ်”

စုရှန်းရှန်း သည် သူ ဘာလုပ်မလဲဆိုတာ မှန်းဆကြည့်တယ်။ “နေဦး၊ ကျွန်မပြောတာ နားထောင်”

စာကြည့်ခန်းထဲမှ ထွက်သွားမည့် ကုကျင်းချန်း သည် ရပ်တန့်၍ နေရာတွင်ပင် နာနာခံခံ ရပ်နေလေသည်။

“ကျွန်မကို ယုံလား?”

“ယုံတယ်” ဟု သူ မတွေးပဲ ပြောလိုက်သည်။

စုရှန်းရှန်း ၏ မျက်လုံးများနီရဲသွားသည်။ ဤကဲ့သို့ မတုံ့ဆိုင်းဘဲ သူမကို ယုံကြည်သူသည် သူမ၏ယခင်ဘဝက ဖျက်ဆီးခံခဲ့ရသည်။ သူမ က တိုးတိုးပြောလိုက်သည်။ “ဒါဆို ကျွန်မရဲ့စကားကို နားထောင်၊ ရိက္ခာတွေ၊ ရေနဲ့ လိုအပ်တာတွေ အများကြီး ပြင်ဆင်ထား၊ လက်နက် ကိုင်ထားနိုင်ရင် ပိုကောင်းမယ်။ များလေ ပိုကောင်းလေပဲ၊ အာ ပြီးတော့ ကားနဲ့ဓာတ်ဆီလည်း ပြင်ဆင်ထား၊ စိတ်ကြိုက်ပြုပြင်ထားတဲ့ Hummerကားလည်း လိုအပ်တယ်၊ ပိုမာလေ ကောင်းလေပဲ”

ကုကျင်းချန်း မျက်မှောင်ကြုတ်လိုက်သည်။ "ရှန်းရှန်း၊ မင်း ဘာဖြစ်နေတာလဲ? ဖျားနေတာလား?”

စုရှန်းရှန်း အံ့အားသင့်သွားသည်။ "ကျွန်မကို ယုံလား? " သူမက ထပ်မေးတယ်။

သူက မြန်မြန်ပြန်ပြောလိုက်သည်။ “ယုံတယ်”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment