Chapter 10: နေရာလွတ်စွမ်းအား
ကုကျောင်း ခဏအကြာမှ ပြန်ရောက်လာသောအခါ ခြံဝင်းထဲမှာ ရပ်၍ ကောင်းကင်ကို မော့ကြည့်နေသော စုရှန်းရှန်း ကို မြင်လိုက်သည်။ သူမ ဘာတွေတွေးနေသလဲဆိုတာ ဘယ်သူမှ မသိချေ။
“မစ်ရှန်းရှန်း၊ မင်း ဘာလုပ်နေတာလဲ?”
စုရှန်းရှန်း က သူ့ကို မကြည့်ပဲ ထို့အစား ပေါ့ပေါ့ပါးပါးဖြင့် ပြောလာသည်။ “ကုချောင်း၊ ကမ္ဘာကြီးအဆုံးသတ်တော့မယ်ဆိုတာ နင် ယုံလား?”
ကုကျောင်း သည် သူ့ညီအစ်ကိုကုလင်းက စုရှန်းရှန်း ရူးသွားပြန်ပြီဟု ညည်းညူသည်ကို ပြန်အောက်မေ့မိပြီး မျက်မှောင်ကြုံ့သွားသည်။ သူမ က ဘော့စ်ကု ကို နေ့စဥ်သုံးပစ္စည်းများနှင့် သေနတ်အမြောက်အမြားဝယ်စေကာ အိမ်ကြီးသုံးလုံးထဲတွင် အပြည့်ဖြည့်ခိုင်းခဲ့သည်။
" ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ကြောင့်များလား?”
“မစ်ရှန်းရှန်း မှာ အားလပ်ချိန် ပိုရရင် ရှိသမျှ အရာအားလုံးကို ဘယ်သူက ပေးခဲ့လဲ ဆိုတာ ပိုစဉ်းစားသင့်တယ်" သူ့သခင် မတရားမမျှမတခံစားနေရသည်ဟု သူ တိတ်တဆိတ် တွေးမိသည်။ စုရှန်းရှန်း အတွက် ဘော့စ်ကု ဟာ မိုက်မဲတဲ့ အရာတွေ အားလုံးကို ဘယ်လောက်တောင် လုပ်ခဲ့ပြီး သူမ က တန်ဖိုးမထားမရှိသည်ကို တွေးမိတိုင်း သူ ဒေါသထွက်ရတယ်။
စုရှန်းရှန်း သည် နောက်ဆုံးတွင် သူ့ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။ “နင် ပြောတာ မှန်တယ်၊ ငါ့အတွက် ဘာက ကောင်းသလဲကို ငါ တကယ်မသိခဲ့ဘူး”
ကုကျောင်း လန့်သွားသည်။ သူ တစ်ခုခု ပြောချင်သော်လည်း စုရှန်း၏လုပ်ရပ်ကို မြင်သောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားတော့သည်။
စုရှန်းရှန်းရဲ့လက်ထဲတွင် ရေ၁ပုလင်း ပေါ်လာသည်။ သူမ သူ့ကို ပေးလိုက်ပြီးပြောလိုက်သည်။ “ဒါ နေရာလွတ်စွမ်းအားလေ၊ ကမ္ဘာကြီးရဲ့ အဆုံးဟာ မနက်ဖြန်မနက်မိုးလင်းရင် ရောက်လာလိမ့်မယ်”
ကုကျောင်း သည် ရေ ယူလိုက်သော်လည်း ကမ္ဘာကြီး၏အဆုံးသတ်နှင့်ပတ်သက်ပြီး သူမပြောသောစကားကို မယုံနိုင်သေးပေ။ သူ က ခက်ခက်ခဲခဲနဲ့ မေးလိုက်သည်။ “ဒါက လူတွေကို လှည့်စားဖို့ သင်ယူခဲ့တဲ့ မှော်လှည့်ကွက်အသစ်တစ်ခုလား?”
စုရှန်းရှန်း ခေါင်းယမ်းလိုက်သည်။ "နင် အဆင်သင့်ဖြစ်အောင် ငါ ပြောပြနေတာ၊ နင် ငါ့ကို ယုံသည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ မနက်ဖြန်ကျရင် သိလိမ့်မယ်၊ အိမ်တော်က လူတွေကို ဂရုစိုက်၊ တချို့လူတွေက ဇွန်ဘီဖြစ်လာလိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူမ ထိတ်လန့်တုန်လှုပ်နေသော ကုကျောင်းဆီမှ ထွက်သွားကာ သူမ၏အခန်းထဲသို့ ပြန်သွားခဲ့သည်။ ကုကျောင်း ကိုပြောပြရခြင်းမှာ ယခင်ဘဝတွင် သူမသည် အလွန်ကြောက်လန့်ပြီး ကမ္ဘာကြီးပြောင်းလဲသွားသည်ကို မယုံနိုင်အောင်ဖြစ်ခဲ့ရသည်။ ဗီလာတွင် ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားသော နို့စို့ကလေးရဲ့တိုက်ခိုက်ခြင်းကို သူမ ခံခဲ့ရတယ်။ ထိုအချိန် ကုကျောင်း က သူမ အသက်ကို ကယ်တင်ပေးခဲ့တယ်။
စုရှန်းရှန်း သည် ကုတင်ပေါ်တွင် လှဲလျောင်းပြီး ပတ္တမြားနေရာလွတ်ရှိ ပစ္စည်းများကို တစ်ချက်ကြည့်လိုက်သည်။ ထိုမှသာ သူမ စိတ်သက်သာရာ ရသွားသည်။ တတ်နိုင်ရင် ကမ္ဘာကြီးရဲ့အဆုံးကို ထပ်ပြီးမဖြတ်သန်းချင်တော့ဘူး။ သို့သော် သူမသည် အရာများကို မပြောင်းလဲနိုင်သောကြောင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရပေမည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နေရာလွတ်၏ အလယ်ဗဟိုမှာစမ်းရေကို မြင်လိုက်ရတယ်။ သူမ သည် ဤစမ်းရေ၏ အကျိုးသက်ရောက်မှုများကို အလွန်သိချင်နေခဲ့သည်။ အတွေးတစ်ခုဖြင့် သူမ၏လက်ချောင်းထိပ်များသည် အေးစက်လာပြီး သူမ၏လက်ချောင်းထိပ်များမှ စမ်းရေများ စီးကျလာသည်။
စုရှန်းရှန်း အမြန်ထထိုင်လိုက်သည်။ ဤစမ်းရေ က အိပ်ယာပေါ် ဖိတ်မကျသွားဘူး။ သူမ ဖန်ခွက်ကိုယူကာ စမ်းရည်ကို ဖြည့်လိုက်သည်။ ရေ သည် ဖန်ခွက်ထဲသို့ တိုက်ရိုက်စီးကျလာ၏။ ၎င်းသည် ရေအမျိုးအစားစူပါပါဝါများနှင့် အလွန်ဆင်တူပုံရသော်လည်း ၎င်းနှင့်မတူချေ။ စမ်းရေတွင် မည်သည့်ရေစွမ်းအား မှ မရှိ။
ဖန်ခွက်တစ်ဝက်လောက် စမ်းရေတွေ ပြည့်နေချိန်မှာပဲ သူမ ရပ်တန့်လိုက်သည်။ တစ်ခုခုစဉ်းစားပြီးနောက် သူမ နောက်ထပ်ဖန်ခွက်တစ်ခုကိုထုတ်ကာ စမ်းရေတစ်ဝက်ကို ဖန်ခွက်ထဲသို့လောင်းထည့်၍ မနက်ဖြန်ကျလျှင် ကုကျောင်း အတွက် သိမ်းထားလိုက်သည်။
သူမ စမ်းရည်တစ်ခွက်ကို ကောက်ယူပြီး အံ့ကြိတ်ကာ သောက်ချလိုက်သည်။ ဤစမ်းရေ သူမ၏ဗိုက်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် သူမ ခန္ဓာကိုယ်အနှံ့ အပူလှိုင်းတစ်ခု ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရပြီး မေ့လဲသွားသည်။
ကုကျောင်း သည် စုရှန်းရှန်း ၏စကားကြောင့် တစ်ညလုံး စိတ်မသက်မသာဖြစ်ခဲ့ရသည်။ နောက်နေ့မနက် အစောကြီးနိုးလာခဲ့သည်။ သူမ နောက်ပြောင်နေတာလို့ ခံစားမိပေမဲ့ သူမရဲ့လေသံကြောင့် သူ့လက်နက်ကို ကိုင်ကာ အိမ်ထဲကနေ ဂရုတစိုက် ထွက်လာခဲ့သည်။
စုရှန်းရှန်း သည် မနေ့က အိမ်အကူအားလုံးကို နားရက်ပေးထားခဲ့သည်။ သူ အခန်းထဲ ကနေ ထွက်လာခဲ့တယ် တိတ်ဆိတ်နေသော ဗီလာကြီးက သူ့ကို အရူးတစ်ယောက်လို ခံစားရစေသည်။ သူ သည် သူ့လက်ထဲက လက်နက်ကို မှုပ်ကုပ်ကုပ်နဲ့ချလိုက်သည်။ သူ လှည့်စားခံလိုက်ရပြီ။– ‘ငါ စုရှန်းရှန်း ဆီကနေ လှည့်ကွက်ဟောင်းတွေကို ခံလိုက်ရပြီ!’
သူ ပြတင်းပေါက်ဆီ သွား၍ အပြင်ကို လှမ်းကြည့်လိုက်သည်။ တချက်ကြည့်လိုက်ရုံနဲ့ မျက်လုံးပြူးပြီး လေးလေးနက်နက်ပြန်ကြည့်မိသွားတယ်။ ပြတင်းပေါက်အပြင်ဘက်မှာ ကမ္ဘာကြီး ကို သန့်စင်နေသလိုပါပဲ။ မနက်တွင် လူများစွာမရှိသော်လည်း မြေပြင်ပေါ်တွင် သွေးအကွက်အကွင်းကြီးများက ဤနေရာ၌ ဖြစ်ပျက်ခဲ့သည့် လက္ခဏာများဖြစ်သည်။ သို့သော် သွေးစွန်းမှုများသာရှိပြီး အလောင်းမရှိပေ။
နောက်တစက္ကန့်တွင် တုန်လှုပ်ချောက်ချားဖွယ် ပုံရိပ်ထွက်ပေါ်လာကာ ဖြစ်စဉ်ကို ရှင်းပြလာခဲ့တယ်။ ထိုပုံရိပ် သည် လက်တဖက်ကို ဝါးနေလေသည်။ ၎င်း၏လည်ပင်းသည် မယုံနိုင်စရာကောင်းလောက်အောင် ကွေးကောက်သွားပြီး မျက်လုံးတစ်ဖက် က ပျောက်ဆုံးနေ၏။ “ဟီးဟီး” အသံထွက်ပြီး လက်ထဲက လက်ကိုပင် ကိုက်ခဲနေလေသည်။
ကုကျောင်း မအီမသာဖြစ်သွားတယ်။ သူ သည် စုရှန်းရှန်းရဲ့အခန်းထဲကို ပြေးမဝင်ခင် တံခါး ၂ ကြိမ်ခေါက်ခဲ့သည်။ “မစ်ရှန်းရှန်း၊ မင်း အဆင်ပြေရဲ့လား? ငါ့ကို တံခါးမြန်မြန်ဖွင့်ပေးဦး”
တုံ့ပြန်မှု မရှိသောကြောင့် သူ သည် တံခါးကို တွန်းဖွင့်လိုက်၏။ အခန်းထဲတွင် စုရှန်းရှန်း သည် ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေတယ်။ သူမ၏ အမူအရာမှာ အိပ်ပျော်နေသကဲ့သို့ ပုံမှန်ဖြစ်သည်။
ကုကျောင်း ထိတ်လန့်တကြားဖြင့် ဖျော့တော့သွားသည်။ သူမ ကို နိုးနေတာ ကျရူံးပြီးနောက် သူမကို ပွေ့ချီပြီး ကုတင်ပေါ်တင်လိုက်သည်။
သူသည် သူ့ဖုန်းကို ထုတ်လိုက်ပြီး ကုကျင်းချန်း ကို ဖုန်းခေါ်ရန် ကြိုးစားသော်လည်း လိုင်းမမိပေ။
သတိလစ်နေသော စုရှန်းရှန်း သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ လေထုထဲတွင် အနံ့အသက်ဆိုးများ ထွက်နေလေသည်။ အပုပ်နံ့ကြောင့် နိုးလာပြီး နှာခေါင်းရှုံ့ကာ မျက်လုံးဖွင့်လိုက်၏။ သူမသည် ရင်းနှီးနေသော မျက်နှာကျက်ကို မျက်တောင်တခတ်ခတ်ဖြင့် ကြည့်နေပြီး တစ်ခုခုမှားနေပြီဟု တွေးလိုက်သည်။ သူမ လက်ကို မြှောက်ပြီး ကြည့်လိုက်သည်။ သူ့လက်မောင်းမှာ မည်းမှောင်နေတဲ့ အရာတစ်ခု ရှိနေတယ်။ စေးကပ်ပြီး မသက်မသာ ခံစားနေရတာ မဆန်းတော့ဘူး။