no

Font
Theme

Chapter 6: ကလေးဆန်တဲ့ ဘော့စ်ကု။

“မနက်ဖြန် ကမ္ဘာပျက်မှာ၊ အဲဒီအခါကျရင် ရှင့်လက်ထဲမှာ ရှိတဲ့ ငွေအားလုံးဟာ တန်ဖိုးမဲ့သွားတော့မှာမို့ ရှင်တတ်နိုင်သလောက် ပစ္စည်းတွေအများကြီးနဲ့ လဲလှယ်ဖို့ ရှင့် ပိုက်ဆံကို သုံးပါ”

ကုကျင်းချန်း မပြောခင် တခဏမျှ တိတ်ဆိတ်သွားသည်။ “မင်း ဆေးစစ်ဖို့ ကုကျောင်းကို ဆေးရုံပို့ခိုင်းလိုက်၊ ကိုယ့်ကို စောင့်နေ၊ ကိုယ် မကြာခင် ရောက်မယ်”

"မလာနဲ့၊ မလာနဲ့!"

“အိုကေ၊ အိုကေ ကိုယ် မလာတော့ဘူး” ကုကျင်းချန်း မနေနိုင်မထိုင်နိုင်ဖြစ်သွား၏။ — ‘ဟုတ်သား သူမ သူ့ကို ဘယ်လောက်တောင် မုန်းတီးနေသလဲဆိုတာ သူ ဘာလို့ မေ့သွားတာလဲ? ဘာကြောင့် သူမ သူ့ကို တွေ့ချင်မှာတဲ့လဲ?’ဟု သူ တွေးမိသည်။ သူ လောဘကြီးလွန်းတယ်လို့ ခံစားရတယ်။ ရှန်းရှန်း က သူ့ကို ကောင်းကောင်းဆက်ဆံတာထက် သူ ပိုလိုချင်ခဲ့တယ်။

စုရှန်းရှန်း က သူ ရောက်လာမှာကို စိုးရိမ်ပြီး ခြိမ်းခြောက်လိုက်သည်။ “ရှင် ဒီကိုလာရဲရင် ကျွန်မ ရှင့်ကို ဘယ်တော့မှ မတွေ့တော့ဘူး”

ကုကျင်းချန်း က ကမန်းကတန်း ပြောတယ်။ “ကိုယ်.. မလာပါဘူး၊ ကိုယ့်ကို မတွေ့ပဲမနေပါနဲ့”

စုရှန်းရှန်း က စိုးရိမ်နေပြီး ထပ်ပြောလိုက်သည်။ “ကျွန်မ ပြောသလို လိုက်ပြော၊ ‘ဒီနေ့ မြို့တော် B ကို လာမိရင် စုရှန်းရှန်း ကြောက်စရာကောင်းလောက်အောင် သေပါစေ'”

ကုကျင်းချန်းမှာ ထိတ်လန့်သွားပြီး ဘာမှ မပြောတော့။ သူ သည် သူမ၏အကျပ်ကိုင်မှုအောက်တွင် ပြောခဲ့သည်။ “ဒီနေ့ မြို့တော် B ကို လာရင် ကုကျင်းချန်း သေတာထက် ကြောက်စရာကောင်းလောက်အောင် သေပါစေ'”

စုရှန်းရှန်းမှာ မကျေမနပ်ဖြစ်သွားသည်။ “ရှင် ကျွန်မ ပြောတဲ့အတိုင်း ပြောရမှာလေ”

သူ့တွင် “‘ဒီနေ့ မြို့တော် B ကို လာရင် စုရှန်းရှန်း သေတာထက် ကြောက်စရာကောင်းလောက်အောင် သေပါစေ'”ဟု တွန့်ဆုတ်စွာ ပြောရုံမှတပါး ရွေးချယ်စရာမရှိတော့။

စုရှန်းရှန်း စိတ်သက်သာရာရသွားသည်။

“ခုနက ကျွန်မ ပြောခဲ့တာကို မှတ်မိတယ် မလား? ကျွန်မ ပြောတဲ့အတိုင်း လုပ်၊ ကျွန်မကို မြို့တော် Aမှာ နာနာခံခံ စောင့်နေ”

“ကိုယ် ကောင်းကောင်းလုပ်ရင် ဆုပေးမှာလား?”

သူမ၏ နားထဲတွင် နက်ရှိုင်းသော အသံသည် အဆုံးမရှိ နူတ်ဆက်နေလေသည်။ ဒီနေ့ စုရှန်းရှန်းရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူက သူ့ကို ကံကောင်းစေတယ်။

“အင်း၊ ရှင် ပစ္စည်းတွေများများစုလေလေ၊ ကျွန်မပေးမဲ့ဆုက ပိုကြီးလေလေပဲ” စုရှန်းရှန်းရဲ့မျက်လုံးများသည် တောက်ပနေသော်လည်း သူ့အား တွန်းအားပေးခဲ့သည်။

နားထဲတွင် ရယ်သံတစ်ခု ထွက်ပေါ်လာပြီး သူမကို ရှက်သွားစေခဲ့သည်။

“ကိုယ် လိုချင်ခဲ့တဲ့ အိပ်မက်ကို အကြာကြီး မက်နေရသလို ခံစားရတယ်”

“နံရံ ဆီ ခေါင်းတိုက်ပြီး နာကျင်သလား စမ်းကြည့်လေ၊ နာကျင်ရင် အိပ်မက်မမက်ဘူးလို့ ဆိုလိုတာ။"

ရုတ်တရက် လိုင်း၏အခြားတစ်ဖက်တွင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ စုရှန်းရှန်းမှာ အံ့အားသင့်သွားသည်။ — ‘ဒီလူ က သူမကိုပြောတာကို အလေးအနက်ထားတယ်လား?၊ သူ့မှာ ဒီလို ကလေးဆန်တဲ့ အခိုက်အတန့်တွေ ရှိနေတာကို သူမ ဘာလို့မသိခဲ့တာလဲ?’

ထို့နောက် လိုင်း၏အခြားတစ်ဖက်မှ ရုန်းရင်းဆန်ခတ်သံကို သူမကြားလိုက်ရသည်။ “ဘော့စ်၊ အဆင်ပြေရဲ့လား…”

စုရှန်းရှန်းမှာ မထိန်းနိုင်ပဲ ရယ်နေခဲ့သည်။

“ရှန်းရှန်း၊ မင်း တကယ်ပဲ မင်းရဲ့အစ်ကိုကျင်းချန်းကို လှောင်ပြောင်နေတာပဲ” သူ့အသံမှာ နူးညံ့မှုအပြည့်ရှိနေလေသည်။

“ဟားဟား....အစ်ကိုကျင်းချန်းက အဲလောက်ကလေးဆန်မှန်း မမျှော်လင့်ထားခဲ့ဘူး”

“ရှန်းရှန်း၊ မင်းကိုယ့်ကို အစ်ကို လို့ ထပ်ခေါ်ဖို့ ဆန္ဒရှိပြီပေါ့၊ ထပ်ခေါ်ပါဦးလား?”

စုရှန်းရှန်း ရှက်သွားသည်။ သူမ၏ နားရွက်များ နီရဲလာပြီး လည်ပင်းဆိသို့ ကူးသွားသည်။ သူမ သူ့အရှက်မဲ့မှုကြောင့် ကျိန်ဆဲ၍ ဖုန်းချလိုက်သည်။

ဖုန်းချသွားသည့်အခိုက်တွင် အနည်းငယ်နောင်တရသွားသည်။ သူမ ကုကျင်းချန်း နှင့် စကားမပြောတာ ကြာပြီဖြစ်သော်လည်း ဖုန်းပြန်ခေါ်ရန် သတ္တိမရှိပေ။ သူမ ဖုန်းကို စိုက်ကြည့်ရင်း " အရှက်မဲ့တဲ့လူ" လို့ ရေရွတ်လိုက်လေသည်။

တစ်ဖက်တွင်၊ ကုကျင်းချန်း သည် ဖုန်းမချမီ အချိန်အတော်ကြာ မြည်နေသည့် အသံကို နားထောင်ခဲ့သည်။

"ဟားဟားဟားဟားဟားဟား!" သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပို၍ကြီးကျယ်လာပြီး ပို၍ ရူးကြောင်ကြောင်နိုင်လှသည်။ ရှန်းရှန်း က သူ့ကို နောက်ဆုံးတော့ တုံ့ပြန်ခဲ့လေပြီ။

သူ့ကို ချစ်ဖို့ ဝေးနေသေးပေမယ့် ဖြည်းဖြည်းချင်း စောင့်မည်။ ဒီတစ်ခါတော့ သူ အလျင်စလို မလုပ်ပဲ ဖြည်းဖြည်းချင်းလုပ်ရမယ်...။

သူ သည် စိတ်အခြေအနေကောင်းမွန်နေပြီး သူ့လက်အောက်ငယ်သားကို ဖုန်းခေါ်လိုက်သည်။ “ကုလင်း၊ မအိပ်နဲ့တော့၊ မြန်မြန် ငါ့အတွက် တစ်ခုခု ပြင်ဆင်ပေးဦး”

ကုလင်း သည် သူ့ချစ်သူလေး၏အိပ်ရာပေါ်တွင် ရှိနေပြီး တစ်ခုခုလုပ်တော့မည့်အချိန် သူဌေးထံမှ ဖုန်းဆိုမှုကို လက်ခံရရှိခဲ့သည်။ “ဘော့စ်၊ အရမ်းနောက်ကျနေပြီလေဗျာ၊ မနက်ဖြန်မှ ကျွန်တော် ပြင်ဆင်ပေးရင်ကော?”

ကုကျင်းချန်း သည် ဒေါသမထွက်ဘဲ သူ့မျက်နှာတွင် ပြုံးနေသေးသည်။ “အဓိပ္ပာယ်မရှိတာ မပြောနဲ့၊ အဲဒါ ရှန်းရှန်း လိုချင်နေတာ”

စုရှန်းရှန်း ရဲ့ တောင်းဆိုမှုကို ကြားတာနဲ့ ကုလင်း သည် သူ့ချစ်သူလက်ထဲမှ ရုန်းထွက်၍ ပြောလိုက်သည်။ “မစိုးရိမ်နဲ့ ဘော့စ်၊ ကျွန်တော့်ကို အချိန် ၃ နာရီပဲပေး၊ မစ်ရှင်ကို ပြီးအောင် လုပ်ပေးမယ်”

ဖုန်းချပြီးနောက် ကုလင်း သည် သက်ပြင်းချကာ သူ့ကံကြမ္မာမှ သူ့ကိုယ်တိုင် နှုတ်ထွက်ခဲ့သည်။ သူ သည် အဝတ်အစားဝတ်နေစဉ် သူ့ချစ်သူလေးက သူ့ခါးကို ဖက်ကာ ပြောလာသည်။ “ကျွန်မဆီ ရှင် လာလည်တာ မလွယ်ဘူးလေ၊ ထွက်သွားတော့မလို့လား?”

ကုလင်း က သူမလက်ကို ပွတ်သပ်ပြီး အနမ်းပေးလိုက်သည်။ “တခြားနည်းလမ်းမှ မရှိပဲ၊ ဘော့စ်ကု ဘာကိုပဲလိုချင်ချင်၊ ကိုယ် က ချွင်းချက်တစ်ခု လုပ်ပေးနိုင်တယ်၊၊ ဒါပေမဲ့ စုရှန်းရှန်း လိုချင်တာရှိတော့ ကိုယ် မလုပ်ဝံ့ဘူး။ မင်း ဘော့စ်ကု ကို စော်ကားမိရင်တောင် ညှာတာပေးဖို့ ဂရုဏာကို တောင်းနိုင်သေးတယ်၊ စုရှန်းရှန်းကိုစော်ကားမိရင်တော့ ဘော့စ်ကု က မင်းကို အရင် သတ်လိမ့်မယ်”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment