Chapter 3: ကမ္ဘာမပျက်ခင် တစ်ရက်အလို။
စုရှန်းရှန်း က သူမအတွက် ကောင်းသောအရာကို မသိဘူးလို့ သူ ပြောချင်သည်ကို သူမ သိနေသော်လည်း သူမ သူ့ကို အပြစ်မတင်ချေ။ ကုကျင်းချန်း သည် သူမနောက်လိုက်ရန် တစ်စုံတစ်ဦးကို အမှန်တကယ်စေလွှတ်ခဲ့ပြီး ပိုင်ရန်၏သွေးထိုးလှုံ့ဆော်မှုကြောင့် ထိုနေ့က ကုကျောင်းကို အဝေးပို့ခဲ့သည်ကို သတိရမိသည်။ ပိုင်ရန်၏ထောင်ချောက်ထဲသို့ ကျရောက်ပြီး အပြစ်ကင်းစင်မှုကို ဆုံးရှုံးလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ကုကျောင်း ငြိမ်သက်သွားပြီး ပြောလိုက်သည်။ “မစ်ရှန်းရှန်း အဆင်ပြေကတည်းက ငါ အရင် သွားထွက်လိုက်ဦးမယ်”
"ခဏနေဦး...ငါ လိုအပ်တာတစ်ခုရှိတယ်"
ကုကျောင်း အံ့ဩသွားတယ်။ ပြောရရင် သူမဟာ ဘော့စ်ကုနဲ့ အဆက်အသွယ်ဖြတ်ဖို့ အမြဲဆန္ဒရှိခဲ့တယ်။ သူ့အကူအညီ ကို ယူဖို့ သူမ သူ့ကို ရှာလိမ့်မည်ဟု မမျှော်လင့်ထားပါ။
“မစ်ရှန်းရှန်း၊ ကျေးဇူးပြုလို့ ညွှန်ကြားပါဦး”
စုရှန်းရှန်း သည် တံခါးနားက နေရာကို လက်ညိုးထိုးပြလိုက်သည်။ “ခေါ်သွားချည်”
ထိုအချိန်တွင် ကုကျောင်း သည် တံခါးနှင့်ရိုက်မိလို့ နှာခေါင်းသွေးထွက်နေသော ယောကျာ်းကို မြင်လိုက်ရသည်။ ထိုလူ က သနားဖို့ကောင်းလှသည်။ ကုကျောင်း သည် တခဏမျှ အံ့အားသင့်သွားပြီး စုရှန်းရှန်းရဲ့အခန်းတွင် လူတစ်ယောက် ပေါ်လာခြင်း၏ သက်ရောက်မှုကို သူ သိလိုက်သောအခါ သူ့မျက်နှာမှာ မည်းမှောင်သွားလေသည်။
“ကောင်းပါပြီ၊ ကျွန်တော်နဲ့ သူ့ကို ထားခဲ့လိုက်ပါ”
သူသည် ဆူဖြိုးသောလူကို လက်တစ်ဖက်နှင့် ကိုင်ကာ တံခါးကိုပိတ်၍ ထွက်လာခဲ့သည်။
စုရှန်းရှန်း က ဒီကိစ္စကို သူမကိုယ်တိုင် ရပ်တန့်ခဲ့သည်။ အဲဒီလူ ကုကျောင်းရဲ့လက်ထဲရောက်သွားတာနဲ့ အဲလူကံကြမ္မာက ပိုဆိုးလာမယ်လို့ သူမယုံကြည်တယ်။
သူမ ဖုန်းကို ထုတ်လိုက်ပြီး အချိန်ကို စစ်ကြည့်လိုက်သည် ။
ဧပြီလ ၁၈ ရက်၊ ၂၀၃၂။
ကမ္ဘာပျက်မတိုင်ခင်တစ်ရက်။
"ဟားဟားဟား!" သူမ ရုတ်တရက် ရယ်မောနေခဲ့သည်။ သူမ ရယ်မောရင်း မျက်ဝန်းမှ မျက်ရည်များ စီးကျလာခဲ့၏။ သူမ နှလုံးသားထဲမှာ ဒေါသနဲ့ နာကျင်မှုတွေကို သွန်းလောင်းရင်း ငိုလျက် ရယ်နေခဲ့သည်။
၈ နှစ်ရှိပြီ။ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရသည်။ သူမမှာ သဘာဝလွန်စွမ်းအားတွေမရှိတာကြောင့် အနိမ့်ဆုံးအဆင့်မှာသာ အသက်ရှင်နေနိုင်ပေမဲ့ အသက်ရှင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရသည်။ ကုကျင်းချန်း အပေါ် သူမရဲ့အသက် အကြွေးတင်ထားတာနဲ့၊ သူ သူမကို ပေးခဲ့သော ခံစားခဲ့ရတဲ့ အပြစ်နဲ့ အကြွေးတွေကြောင့် သူမဟာ ဒီအပေါ် တွက်ကပ်ခဲ့သည်။
ကုကျန်းချန်း…သေသွားရင်တောင် ဤနာမည်မှာ သူမရဲ့နှလုံးသားထဲမှာ တားမြစ်စရာ တစ်ခု ဖြစ်ခဲ့သည်။ ဖော်ပြခြင်း သို့မဟုတ် ထိလို့တောင် မရပါ။
သို့သော် အခုအချိန်မှာတော့ စုရှန်းရှန်း အချိန်အနောက်ပြန်ရောက်လာသည်မှာ သေချာသွားခဲ့ပြီဖြစ်သည်။ အရာအားလုံး မစတင်ခင် ကမ္ဘာပျက်ကပ်အနောက်သို့ ရောက်လာခဲ့သည်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ မသိပေမယ့် အဲဒီလူကို ပြန်ဆပ်ဖို့ အခွင့်အရေးရှိနေသေးတာကြောင့် ကံကောင်းတယ်လို့ ခံစားရတယ်။
သူ သည် သူမအား ဇွန်ဘီများထံမှ ကာကွယ်ပေးပြီး သူမအား အန္တရာယ်မှ ကင်းဝေးစေရန်အတွက် ဇွန်ဘီများရဲ့ကိုက်စားခြင်းကို ခံခဲ့သည်။
စုရှန်းရှန်း သည် သူမ၏ ခံစားချက်များကို လျင်မြန်စွာ စုစည်းလိုက်သည်။ မနက်ဖြန်ဟာ ကမ္ဘာကြီးရဲ့အဆုံးသတ်ပဲ။ တရက်တည်းနဲ့ သူမ ဘာလုပ်လို့ ရသလဲ?
သူမ ကုကျင်းချန်းဆီသို့ ချက်ချင်း ပြန်ချင်မိသည်။
မြို့တော် B မှ မြို့တော်A သို့ ပျံသန်းရန် ၅နာရီကြာသော်လည်း ယနေ့ညတွင် ကမ္ဘာကြီး ပြောင်းလဲသွားမည်ဖြစ်သည်။ လေယာဉ်မရောက်ခင် ပျက်ကျလိမ့်မယ်။
ကုကျင်းချန်း က သူမကို ရှာနိုင်ပေမဲ့ ကုကျင်းချန်းကိုလည်း ရှာခွင့်မပေးချင်ပါ။ ဟုတ်တယ်၊ သေချာပေါက် သူ့ကို လာခွင့်မပေးနိုင်ဘူး။
သူမ၏ယခင်ဘဝတွင်၊ သူ သည် သူမ၏အခြေအနေအကြောင်းကြားသောအခါ အလျင်စလို ပြေးလာချင်သော်လည်း ထိုအချိန်က သူမ သူ့ကို မုန်းနေသောကြောင့် တားမြစ်ခဲ့သည်။ အင်း ကောင်းပြီ ရုပ်ဖျက်ရမည်။
မျှော်လင့်ထားသည့်အတိုင်း ဖြစ်သွားခဲ့ပါက ကုကျောင်း သည် ယနေ့အဖြစ်အပျက်ကို သူ့အား သတင်းပို့မည်ဖြစ်သည်။ သူမ သူ မလာအောင် တားရမယ်။
စုရှန်းရှန်း သည် ဖုန်းထဲက contactများကို ရှာသော်လည်း သူ့နံပါတ်ကို ရှာမတွေ့ချေ။ “ဟုတ်သား၊ ငါ သူ့ကို အရမ်းမုန်းတာလေ၊ ဘာကြောင့် ငါ သူ့နံပါတ်ကို သိမ်းထားရမှာလဲ?” ကုကျန်းချန်းဘက်မှ သူမနှင့် ဆက်သွယ်ဖို့ အစပျိုးသူဖြစ်လို့ ယခုအချိန်တွင် သူမထံ ဆက်သွယ်ရန် နည်းလမ်းမရှိပေ။
ကုကျောင်းကို ရှာဖို့ ထွက်လာခဲ့တော့ ရှာမတွေ့ပါ။ သူ ထိုယောကျာ်းကို ကိုင်တွယ်နေပုံပင်။
ထိုကြောင့် သူမသည် အခြားကိစ္စများကိုသာ ဦးစွာဖြေရှင်းနိုင်ခဲ့သည်။ ကမ္ဘာပျက်ကပ်မှာ အရေးကြီးဆုံးက ဘာလဲ။
အစားအသောက်!
အစာအမြောက်အမြား လိုအပ်တယ်။ ကမ္ဘာပျက်ကပ်တွင် အစားအစာကို မည်သည့်အရာနှင့်မဆို လဲလှယ်နိုင်သည်။ သို့သော်လည်း အစားအစာ သိုလှောင်နိုင်သည့် နေရာလည်း လိုအပ်၏။ မဟုတ်ရင် သူမမှာ ရိက္ခာတွေ ရှိပေမယ့် အကာအကွယ်ပေးမယ့် နည်းလမ်း မရှိဘူး။ အဆုံးတွင် လုယက်ခံရလိမ့်မည်။
“ငါ့မှာ စွမ်းအားတွေရှိလာခဲ့ရင်…” ဟု သူမ ဒေါသတကြီး တွေးလိုက်သည်။ မနာလိုစိတ်ဖြင့် သူမ၏ မျက်လုံးများ တောက်ပလာသည်။ အကယ်၍ ကမ္ဘာပျက်ကပ် ဟာ လူသားတို့၏ ပျက်စီးခြင်းဟု ဆိုရလျှင် စူပါပါဝါများသည် လူသားတို့အတွက် ရွေးနှုတ်ခြင်းကို ပေးလိမ့်မည်။
သူမ၏အတိတ်ဘဝတွင်၊ သူမသည် လူများကို ဆွဲဆောင်ခြင်းနည်းကိုသာသိသော အသုံးမဝင်သောလူမိုက်တစ်ဦးဖြစ်သည်။ သို့သော်လည်း အပြင်းထန်ဆုံး လျှပ်စီးစွမ်းအားရှင်ဖြစ်တဲ့သူ က သူမကို ကာကွယ်ထားခဲ့သည်။ နောက်ဆုံးတွင် သူ သည် သူမကို ကယ်တင်ရန် ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့ရသည်။ အနောက်တောင်အခြေစိုက်စခန်းရှိ လူတိုင်းက သူတို့ရဲ့ အကြီးအကဲကို သေစေတဲ့အတွက် သူမကို မုန်းတီးခဲ့တယ်။ သူမကိုယ်တိုင်လည်း သူမကိုယ်သူမ မုန်းခဲ့တယ်။
သို့သော် ဤဘဝတွင် အသုံးမဝင်သူလို မနေတော့။ ကမ္ဘာပျက်ကပ်အပေါ် သူမ၏ နားလည်မှုအပေါ် အခြေခံ၍ ရိက္ခာအမြောက်အမြားကို သိုလှောင်ရန် သူမ၏ငွေအားလုံးကို သုံးနိုင်သေးသည်။