no

Font
Theme

Chapter 13: အပြင်ထွက်ခြင်း။

သူမ ရေရွတ်ရင်း တခဏမျှအနားယူခဲ့သည်။ သူမ က ကုကျောင်းကို ကုတင်ပေါ် ဆွဲတင်၍ စောင်သေးသေးလေးနဲ့ အုပ်ပေးဖို့ မမေ့ခဲ့။ ဒါတွေအားလုံးလုပ်ပြီးနောက် နဖူးပေါ်က အေးစက်တဲ့ချွေးတွေကို သုတ်ပြီး အခန်းထဲက ထွက်သွားတယ်။

ငြိမ်းချမ်းသော အိမ်ကြီးအား ကြည့်လိုက်လျှင် ပြင်ပကမ္ဘာသည် သန့်စင်သောနေရာ တစ်ခုဖြစ်လာပြီဟု မည်သူမျှ မထင်မိကြပေ။

စုရှန်းရှန်း သည် အိမ်မှာစောင့်နေဖို့ မရွေးချယ်ခဲ့။ ယင်းအစား တိုက်ခိုက်ရန် အဆင်ပြေသည့် အနက်ရောင် အားကစားဝတ်စုံကို လဲခဲ့ပြီး ဘေ့စ်ဘောဦးထုပ်နှင့် ဘေ့စ်ဘောရိုက်တံကို ကောက်ယူခဲ့သည်။ တစ်ဖန် သူမသည် ယခင်ဘဝက သူမနှင့်ပါလာသော တန်ဓားကို လွမ်းဆွတ်သွားပြန်သည်။ အချိန်ရရင် နောက်ထပ် ခရီးထွက်ဖို့ တွေးမိသည်။ မြို့တော် A သို့သွားရာ အနီးနားရှိ မြို့ဟောင်းရှိ ရှေးဟောင်းလမ်းကို သူမ အမှတ်ရမိသည်။

သူမ သွားချင်သော အခြားနေရာများကို တွေးကာ တံခါးဖွင့်၍ ထွက်လာခဲ့သည်။ ဗီလာတစ်ဝိုက်ရှိ ဇွန်ဘီတွေရဲ့ခြေရာမှာ ကင်းစင်နေလေသည်။ ဤနေရာတွင် စတင်နေထိုင်သူ အများအပြားမရှိသောကြောင့် ဇွန်ဘီအရေအတွက်မှာ အလွန်နည်းပါး၏။ ကုကျောင်း သန့်စင်ပြီးနောက် မြေပြင်ပေါ်ရှိ သွေးစွန်းများကိုသာ မြင်ရသည်။

ပတ်ဝန်ကျင်းတစ်ခုလုံး တိတ်ဆိတ်နေသော်လည်း စုရှန်းရှန်း သတိထားခဲ့၏။ ဤသည်မှာ ကမ္ဘာပျက်ကပ်ပြီး ၈ နှစ်အကြာတွင် တိုးတက်လာသော သူမ၏အလေ့အကျင်ပင် ဖြစ်သည်။ သူမ သည် ယိုင်ကျလိုက်ကာ ငုံ့ကြည့်လိုက်၏။ ရှည်လျားသော အနက်ရောင် လက်သည်းများပါသော လက်တစ်ဖက်က သူမခေါင်းကို ဖြတ်သွားလေသည်။

ခေါင်းမငုံ့လိုက်လျှင် ခေါင်းပေါက်သွားလိမ့်မည်။ ရှင်သန်နိုင်လောက်အောင် ကံကောင်းခဲ့ရင်တောင် သူမဟာ တစ်ယောက်ပြီးတစ်ယောက် အခြစ်ခံရပြီးနောက် ဇွန်ဘီအဖြစ် ပြောင်းလဲသွာါလိမ့်မယ်။

သူမရဲ့မျက်လုံးများ မဲမှောင်ကျသွားကာ ဇွန်ဘီ၏ ခေါင်းအနောက်သို့ ဘေ့စ်ဘောကို အလျင်အမြန် လွှဲလိုက်၏။ ဤသည်မှာ ဇွန်ဘီများ၏ အညံ့ဆုံးနေရာ— ၎င်းတို့၏ သေစေသောနေရာဖြစ်သည်။

တိုက်ခိုက်ခံရသော ဇွန်ဘီ သည် ဒေါသတကြီးဟောက်ကာ လဲကျသေဆုံးသွားခဲ့သည်။

စုရှန်းရှန်း လမ်း‌ပေါ်ရောက်လာခဲ့၏။ လမ်းပေါ်ရှိ ဇွန်ဘီအရေအတွက်မှာ တဖြေးဖြေးတိုးလာခဲ့သည်။ သူမသည် ထောင့်တစ်နေရာတွင် ဂရုတစိုက် ပုန်းနေပြီး အနီးနားရှိ ဓာတ်ဆီဆိုင်ကို ကြည့်နေသည်။ သူမ၏ ရည်မှန်းချက်မှာ ဓာတ်ဆီဖြစ်သည်။

လူများစွာ မြေပြင်ပေါ်တွင် လဲကျနေခဲ့သည်။ မူးမေ့သွားသူများသည် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း ဇွန်ဘီဗိုင်းရပ်စ်၏ ဆင့်ကဲဖြစ်စဉ်ကို ခံစားနေကြရသည်။ သူတို့အောင်မြင်ရင် သူတို့ဟာ စွမ်းအားရှိသည့် လူတစ်သန်းထဲက တစ်ယောက် ဖြစ်လာပေလိမ့်မည်။ မအောင်မြင်လျှင် ဇွန်ဘီ ဖြစ်သွားလိမ့်မည်။ ဤသည်မှာ ဇွန်ဘီ၏ ပထမအသုတ်ဖြစ်သည်။ အဲဒီနောက်မှာတော့ ဇွန်ဘီတွေရဲ့ ခြစ်ခြင်း သို့မဟုတ် အကိုက်ခံရပြီးနောက် ကူးစက်ခံခဲ့ရသူတွေဖြစ်လိမ့်မယ်။

စုရှန်းရှန်း သည် မူးမေ့လဲသွားသူများကို ကူညီနိုင်စွမ်းမရှိသော်လည်း၊ သူတို့ကို အကာအကွယ်ပေးရန် ပါးလွှာသော ဘုတ်ပြားများကို အသုံးပြုခဲ့သည်။ စွမ်းအားရှိသူများ သည် ၎င်းတို့ပတ်ဝန်းကျင်ရှိ ဇွန်ဘီများ ရှိနေသည်ကို သတိမထားမိပဲ စားသောက်ခံခဲ့ကြရသည်။ ဤဘုတ်ပြား က ၎င်းတို့၏ အသက်ကယ်ကိရိယာ ဖြစ်လာမည်ဖြစ်သည်။

စုရှန်းရှန်း ဓာတ်ဆီဆိုင်သို့ ရောက်လာသည်။ သူမ လမ်းတလျှောက်တွင် ကြုံတွေ့ခဲ့ရသော ဇွန်ဘီများကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ သူမ သည် သူတို့အားလုံးနီးပါး ရှောင်တိမ်းခဲ့သည်။ ပြောရရင် သူတို့ က အရမ်းများတယ်။ သူမ တစ်ယောက်တည်း အားလုံးကို မသတ်နိုင်ဘူး။

ဓာတ်ဆီဆိုင်ထဲကို လှမ်းကြည့်လိုက်ရာ အထဲ၌ တိတ်ဆိတ်နေသည်။ ဤပုံမှန်မဟုတ်သော ဖြစ်စဉ် က သူမကို သတိထားစေခဲ့သည်။ သူမ သည် လက်ထဲရှိ ဘေ့စ်ဘောရိုက်တံကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း ကျန်လက်တစ်ဖက်မှာ သူမ၏ရေခဲစွမ်းအား ကို ဖြည်းဖြည်းချင်းတည်ဆောက်နေသည်။

ဓာတ်ဆီဆိုင်အပြင်ဘက်တွင် ဓာတ်ဆီအနည်းငယ်ရှိသော်လည်း သူမ၏ပစ်မှတ်မဟုတ်ပေ။ သူမ၏ပစ်မှတ်မှာ ဓာတ်ဆီဆိုင်နောက်ကွယ်မှ လောင်စာဆီတင်ကားဖြစ်သည်။ အနောက်ကိုသွားချင်ရင် ဓာတ်ဆီဆိုင်မှာရှိတဲ့ စူပါမားကတ်သေးသေးလေးကနေ ဖြတ်သွားရလိမ့်မည်။

ပထမဆုံး သူ မသည် တံခါးကို ခြေဖြင့်ဖွင့်ကာ ကျယ်လောင်သော အသံကို တမင်တကာ ဖန်တီးလိုက်သည်။ ဇွန်ဘီများ က လူများကို အကြားအာရုံဖြင့် တုန့်ပြန်လိမ့်မည်။ ကန့်သတ်ထားသော စူပါမားကတ်တွင် တိုက်ခိုက်ခြင်းထက် ဇွန်ဘီများကို ဆွဲဆောင်ခြင်းသည် ပိုကောင်းသည်။

အချိန်အတော်ကြာအောင် စောင့်ပြီးနောက် စူပါမားကတ်သည် တိတ်ဆိတ်နေခဲ့သည်။ စုရှန်းရှန်း မျက်မှောင်ကြုံ့သွားသည်။ ဒီမှာ တစ်ယောက်ယောက်ရှိလား ဆိုတာ သူမ သိချင်သွားသည်။

ဖြစ်နိုင်ခြေမရှိဟု တွေးမိသည်။ စူပါမားကတ်ရှိ စင်ပေါ်ရှိ အစားအသောက်များကို ကမ္ဘာပျက်ကပ်မတိုင်ခင်ကဲ့သို့ သပ်သပ်ရပ်ရပ် စီစဉ်ထားသည်။ သွေးခြေရာတောင် မတွေ့ရပါ။ အပြင်ဘက်တွင် ဆီကန်များကလည်း ပြည့်နေသည်။ တစ်စုံတစ်ယောက် ဤနေရာသို့ အရင်ရောက်ခဲ့သည်နှင့်မတူပါ။

သူမ စင်ပေါ်ရှိ ပစ္စည်းများကို မထိဘဲ ဖြည်းညှင်းစွာ လျှောက်လာ၏။ သူမ သည် ရွေးချယ်ခွင့်တစ်ခုပေးသင့်သည်ဟု ခံစားမိသည်။ နောက်လာမည့်သူများအတွက် အစားအသောက်နှင့် ဓာတ်ဆီများကို စင်ပေါ်၌ ထားခဲ့သင့်တယ်။ —- လူသားတွေရဲ့ နှလုံးသားတွေဟာ အမှောင်ထုထဲမှာ မှောင်လာပေမယ့် လူသားတွေရဲ့ ရှင်သန်မှုအတွက်၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့နဲ့ တခြားသူတွေကို ရှင်သန်ဖို့ အခွင့်အရေးတွေ ပေးလိုက်တာ ပိုကောင်းတယ်’ဟု သူမ တွေးမိသည်။

စုရှန်းရှန်း ကိုယ့်ကိုကိုယ် ရယ်လိုက်မိသည်။ ဒီလို စေတနာရှိတဲ့ အတွေးတွေ သူမဆီကနေ ထွက်လာနိုင်တာ မယုံနိုင်စရာပင်။

သူမ စူပါမားကတ်၏ထောင့်ရှိ ဂိုဒေါင်ငယ်တစ်ခုဆီသို့ လျှောက်လာခဲ့သည်။ တံခါးကို ဖွင့်လိုက်ရာ သေတ္တာကြီး ၁၀ လုံးကျော်ကို တွေ့လိုက်တယ်။ သူမ၏လက်ဝှေ့ရမ်းခြင်းဖြင့် ၎င်းတို့ကို သူမ၏နေရာထဲသို့ ထည့်လိုက်သည်။

သူမသည် ဂိုဒေါင်မှ ထွက်လာပြီး စူပါမားကတ်၏ နောက်ဖေးတံခါးဆီသို့ လျှောက်သွားသည်။ လောင်စာဆီကား သည် အနောက်တွင် ရှိသည်။ လက်က တံခါးလက်ကိုင်ကို ထိလိုက်ရုံရှိသေး အအေးဓာတ်က ကျောရိုးပေါ်ကို ပြေးဆင်းသွား၏။ သူမ မြေပြင်ပေါ် လျင်မြန်စွာ လှိမ့်ချလိုက်ပြီး သူမ၏ ခေါင်းထက်မှ စူးစူးရှရှ အသံတစ်ခုကို ကြားလိုက်ရသည်။ သူမ၏ ဆံပင်မှာ ပြတ်‌တောက်သွားကာ မျက်လုံးရှေ့တွင် ကျလာ၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment