no

Font
Theme

Chapter 17: ဗီလာမှ ထွက်ခွာလာခြင်း။

ကုကျောင်း သည် အေးစက်နေဆဲ။ ဖေးလန် သည် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ပြီး သူ့မျက်နှာမှာ ဒဏ်ရာ က သက်သေဟု ဆက်ပြောနေလေသည်။

“ပါးစပ်ပိတ်ထား!” စုရှန်းရှန်း နှင့် ကုကျောင်းတို့ သည် တချိန်ထဲ သူ့ကို ပြောလိုက်ကြသည်။

ဖေးလန် က သနားစဖွယ် နှုတ်ခမ်းစူပြီး စကားရပ်လိုက်သည်။

အခန်းထဲတွင် ရုတ်ချည်း တိတ်ဆိတ်သွားသောကြောင့် စုရှန်းရှန်း စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ စကားအလွန်အကျွံပြောခြင်းကြောင့် သူမ၏ဘယ်ဘက်နားက ပင်းသွားသည်ဟု ခံစားလိုက်ရတယ်။

သူမသည် သူတို့နှစ်ဦးကို တစ်ယောက်ကိုတစ်ယောက် အတိုချုံး မိတ်ဆက်ပေးခဲ့သည်။ ကုကျောင်း က မျက်မှောင်ကြုံ့၍ ပြောလာသည်။ “ရှန်းရှန်း၊ သံသယရှိတဲ့ နောက်ခံလူတွေကို သတိထားရတာ အကောင်းဆုံးပဲ”

ဖေးလန် သည် တုံ့ပြန်ရန် ပါးစပ်ဖွင့်လိုက်သော်လည်း စုရှန်းရှန်း က သူ့ပါးစပ်ကို အလျင်အမြန် ဖုံးကာ ပြောလိုက်သည်။ “ကျွန်မတို့ ဘယ်လိုချက်ပြုတ်ရမလဲကို မသိဘူး။ သူ့ကို ခေါ်သွားရင် ဆာလောင်မှာ မဟုတ်ဘူး”

ကုကျောင်း သည် တခဏရပ်၍ ဖေးလန်ကို စိုက်ကြည့်နေသည်။ ဤအစီအစဉ်သည် အလွန်သင့်လျော်ပုံပေါ်သည်။

ဖေးလန် မျက်လုံးပြူးကျယ်သွားသည်။ သူ့တန်ဖိုးက စားဖိုမှူးတစ်ယောက်ဖြစ်လို့ မမျှော်လင့်ထားဘူး။

စုရှန်းရှန်း က သူ့ကို စကားပြောတာကို ရပ်ဖို့ အချက်ပြခဲ့သည်။

ဖေးလန် သည် နားလည်ကြောင်းပြသရန် နှုတ်ခမ်းစေ့ကာ မျက်တောင်ခတ်လိုက်သည်။ ထိုမှသာ စုရှန်းရှန်း က သူ့ပါးစပ်ကို လွှတ်ပေးခဲ့တယ်။

သူမ ကုကျောင်းဘက် လှည့်ကြည့်ပြီး တောက်ပနေသော မျက်လုံးတွေနဲ့ မေးလိုက်သည်။ “ကုကျောင်း၊ နင် အခု ဘယ်လို ခံစားရလဲ?”

ကုကျောင်း သည် သူမ၏မျှော်လင့်ချက်အကြည့်အောက်တွင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အတွေးတစ်ခုဖြင့် သူ့လက်ဖဝါးမှာ လေဓားတစ်ခု ပေါ်လာတယ်။ လေဓားသည် လက်ဖျံအလျားခန့်ရှိပြီး ဓားပေါ်တွင် ငွေရောင်အလင်းတန်းတစ်ခုရှိသည်။ ဘယ်လောက် ထက်မြက်တယ်ဆိုတာ သိသာ၏။

စုရှန်းရှန်း နှင့် ဖေးလန် တို့နှစ်ယောက်စလုံး အံ့သြစွာ အော်ဟစ်လိုက်ကြသည်။ “အဆင့်၂ စွမ်းအားရှင် ဖြစ်နေတာပဲ” သူမရဲ့အဆင့် ၁ စွမ်းအားကို တွေးမိသောအခါ သူမ အနည်းငယ် စိတ်ပျက်သွားမိသည်။

လူတွေကို ကောင်းကောင်း မနှစ်သိမ့်တက်သော ကုကျောင်း က ခြောက်ကပ်ကပ်သာ ပြောလေသည်။ “မင်းရဲ့စွမ်းအားကလည်း အရမ်းကောင်းပါတယ်”

သူမ စိတ်ပျက်လက်ပျက် ဖြစ်နေပေမဲ့ ခေါင်းညိတ်၍ ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ငါ့အနားမှာ နင်ရှိနေတာပဲဟာ၊ နင် ပိုသန်မာလေလေ ငါ ပိုလုံခြုံလေပဲ။"

ဖေးလန် သည် စိတ်ရှုပ်ထွေးနေသော်လည်း စုရှန်းရှန်း၏လက်ထဲတွင် ရေခဲတုံးတစ်တုံးကို ရုတ်တရက်တွေ့လိုက်ရသောကြောင့် အလွန်တုန်လှုပ်သွားခြင်းမရှိပေ။

စုရှန်းရှန်းက ဖေးလန်ကို လေးလေးနက်နက် ပြောလိုက်သည်။ “မနက်ဖြန် ငါတို့ ဒီနေရာကနေ ထွက်သွားကြမယ်၊ မင်း ဒီမှာနေချင်လား ဒါမှမဟုတ် ငါတို့နဲ့လိုက်ချင်လား?”

ဖေးလန် မင်သက်သွားသည်။ “ဒီနေရာက အရမ်းလုံခြုံတဲ့ဟာ ကျွန်တော်တို့ ဘာလို့ထွက်သွားရမှာလဲ"

စုရှန်းရှန်း ခေါင်းခါယမ်းလိုက်၏။ “ဒီမှာ မလုံခြုံဘူး။ အနီးအနားက ဇွန်ဘီတွေကို ဖယ်ရှားနိုင်ပေမဲ့ တခြားဇွန်ဘီတွေ မကြာခင် ဒီနေရာမှာ ရှိလာလိမ့်မယ်၊ ပြီးတော့ သိပ်မကြာခင် ဗီလာမှာ ရေနဲ့ ဓာတ်အားပြတ်တော့မယ်။ ဒီလိုဖြစ်တဲ့အခါ…”

သူမစကားမဆုံးသေးသော်လည်း ဖေးလန်က နားလည်ပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

သူတို့သုံးယောက်က သူတို့အခန်းကို မပြန်ခင် လမ်းကြောင်းကို အတိုချုံး ဆွေးနွေးခဲ့ကြသည်။

စုရှန်းရှန်း သည် ပြင်သစ်ပြတင်းပေါက်ဘေးရှိ ကုလားထိုင်သေးသေးလေးတွင် ထိုင်ကာ အနီရောင်လ ကို စိုက်ကြည့်ရင်း အတွေးများ ပျောက်ဆုံးနေလေသည်။ လ ပေါ်တွင် တဖြေးဖြေး လူတစ်ယောက် ဖြစ်လာပြီး ထိုလူ သည် သူမအနောက်ကနေ အမြဲတမ်းရပ်တည်ပြီး ကာကွယ်ပေးခဲ့သူနှင့်တူလာသည်။

ကုကျင်းချန်း…။

သူမ ထိုနာမည်ကို ရေရွတ်ရင်း သူ ဘယ်ရောက်လို့ ဘာလုပ်နေသလဲကို သိချင်နေမိသည်။

“သူ ငါ့ကို လွမ်းနေလောက်လား?”

အတွေးက သူမမျက်ရည်တွေကျကာ မျက်နှာကို ခေါင်းအုံးမှာ မြှုပ်ထားလိုက်သည်။ အခန်းထဲမှာ ဖုန်းရုတ်တရက် မြည်လာတဲ့အခါ သူမရဲ့ နှလုံးခုန်သံက ပိုမြန်ဆန်သွားတယ်။

ထိုအတွေးကြောင့် မျက်ရည်များ စီးကျလာကာ မျက်နှာကို လက်မောင်းထဲက ခေါင်းအုံးဆီ မြှပ်ထားလိုက်သည်။ အခန်းထဲမှာ ဖုန်းရုတ်တရက် မြည်လာတဲ့အခါ သူမရဲ့ နှလုံးခုန်သံက ပိုမြန်ဆန်သွားသည်။

စုရှန်းရှန်း အံ့ဩသွားသည်။ သူမ ဖုန်းကို ထုတ်လိုက်ပြီး အချက်ပြမှုတစ်ခု ရှိနေသည်ကို သိလိုက်သည်။ သို့သော် အချက်ပြမှုမှာ အလွန်အားနည်း၏။

ဖန်သားပြင် က “အစ်ကိုကျင်းချန်း” ဟု တောက်ပလာသည်။ သူမ သူမ၏ဖုန်းတွင် contact အပ်ဒိတ်လုပ်ထားခဲ့သည်။

“ဟဲလို?” သူမ မြန်မြန်ဖြေတယ်။

"ရှန်းရှန်း၊ မင်း ဗီလာမှာ ရှိနေတုန်းပဲ မဟုတ်လား" ခေါ်ဆိုမှုကို အောင်မြင်စွာ ချိတ်ဆက်ပြီး အခြားတစ်ဖက်တွင် ရွှင်လန်းသောအသံ ကို ကြားရသည်။

“ရှင် ဘာလုပ်မလို့လဲ?” စုရှန်းရှန်း တိုက်ရိုက်မဖြေပါ။ သူမ စိတ်မသက်မသာ ခံစားလိုက်ရသည်။

“ဗီလာထဲမှာ လိမ်လိမ်မာမာနဲ့နေ၊ ဘယ်သူမှမသွားနဲ့၊ ကိုယ် လာကြိုတာစောင့်နေ၊ မင်း အရင်ဝယ်ထားတဲ့ပစ္စည်းတွေနဲ့အချိန်ခဏအထိနေလို့ရတယ်မလား၊ ကိုယ် မကြာခင် ရောက်မယ်”

စုရှန်းရှန်း၏ အဆိုးဆုံးသော အကြောက်တရားများ အမှန်တကယ်ဖြစ်လာပြီး သူမနှင့်တွေ့ရန် လမ်းစပေါ်မည်ကို ကြောက်လန့်မိသည်။ “မလာနဲ့၊ နေဦး၊ ရှင် အခု ဘယ်မှာလဲ?”

ကုကျင်းချန်း တိတ်သွားသည်။ “ရှန်းရှန်း၊ လျှောက်မရူပ်နဲ့၊ အခုကမ္ဘာပျက်နေတာ၊ မင်း ကိုယ့်ကို ဘယ်လောက်မုန်းနေပါစေ မင်းရဲ့လုံခြုံရေးကို ကိုယ် အတည်ပြုပြီးရင် မင်းအလိုရှိတဲ့အတိုင်း လုပ်ခွင့်ပေးမယ်။"

စုရှန်းရှန်း မျက်စောင်းထိုးလိုက်ချင်ပေမဲ့ အတိတ်က သူမနှင့် အလွန်ဝေးနေပြီး သူမရဲ့လက်ရှိစိတ်နေစိတ်ထား ပြောင်းလဲသွားသည်ကို သူ ယုံကြည်မည် မဟုတ်ပေ။ သို့သော် သူမ၏ယခင်ဘဝတွင် သူမကိုရှာဖွေရန် လမ်းတွင် လက်တစ်ဖက်ဆုံးရှုံးခဲ့ရသည်။ အခြေအနေအသေးစိတ်ကို သူမ မသိသလို သူ့ကို လုံးလုံး မကူညီနိုင်ခဲ့ဘူး။ အခု သူမ သူ့ကို အန္တရယ်မပေးဝံ့တော့ဘူး။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment