no

Font
Theme

Chapter 8: နင့်ကိုနင် ဘယ်သူထင်နေလဲ?

ပိုင်ရန် သည် သူမထံမှ မက်ဆေ့ချ်ကို လက်ခံရရှိတဲ့အခါ လုံးဝမအံ့ဩပဲ လှောင်ပြောင်၍ ပြောလိုက်သေးသည်။ “ငါတို့ရဲ့သခင်မလေးစု မကြာခင် ဒီကို ရောက်လာလိမ့်မယ်”

ခန်းမထဲမှ ရွှင်မြူးသံများ ထွက်ပေါ်လာသည်။ သူမကို ကြိုဆိုဖို့မဟုတ်ပဲ ဒီည ဘေလ်ကို ရှင်းခိုင်းဖို့ ဖြစ်သည်။

“မစ်စု က တကယ်ကို စိတ်ရှည်တာပဲ၊ သခင်လေးချီ ဘယ်ကိုရောက်ရောက် သူမ ရှိနေလိမ့်မယ်” ဟု တစ်စုံတစ်ယောက်က လှောင်ပြောင်ပြောဆိုလေသည်။

“ဟုတ်ပ၊ ဟုတ်ပ၊ ငါတို့သခင်လေးချီ က သူမကို ဂရုမစိုက်ဘူးဆိုတာ မင်းမမြင်ဘူးလား? သူမ ဘာလို့ သူ့ကို လိုက်နေသေးတာလဲ?”

"အဲဒါကတော့ ငါတို့ရဲ့သခင်လေးချီ က သိပ်ချစ်ဖို့ကောင်းနေလို့ကိုး”

စုရှန်းရှန်း က ချီချန်းကို သဘောကျနေသောကြောင့် ဒီလူတွေသည် ချီချန်းဘက်ကနေ အားပေးခဲ့ကြသည်။ ချီချန်း သည် သူမထံမှ အရင်းအမြစ်များစွာကို ရရှိခဲ့သည်။ ဒီလိုမှမဟုတ်ရင်၊ ဒုတိယတန်းစားမိသားစုလို့ပဲသတ်မှတ်ထားတဲ့ ချီမိသားစုဟာ ဒီလူတွေရဲ့အာရုံစိုက်မှုဗဟိုဖြစ်လာမှာမဟုတ်ဘူး။ မြို့တော်B မှာရှိတဲ့ တခြားမိသားစုတွေ အားလုံးက ဒီပိုင်မုန့်အပိုင်းအစကို လိုချင်ကြတယ်။

ချီချန်၏မျက်လုံးများတွင် အရိပ်အမြွက်ပြသွားသော်လည်း သူ့အမူအရာက အေးစက်ပြီး မထီမဲ့မြင်ပြုလေသည်။

ကုမိသားစု ကို မြို့တော်B တွင်ဖော်ပြထားခြင်းမရှိပေမဲ့ ပထမတန်းမြို့ဖြစ်သော မြို့တော် A တွင် တော့ ထိပ်တန်းမိသားစုများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး မြို့တော်Bတွင် ဒုတိယအဆင့်ရှိသည်ဟု ယူဆ၍ရသည်။ စုရှန်းရှန်းမှာ ကုမိသားစုကျောထောက်နောက်ခံရှိသောကြောင့် မြို့တော်ရှိ သခင်လေးများနှင့် ငယ်ရွယ်သူများကြားတွင် မျက်စိစားဖွယ်အဖြစ်ဆုံး ဖြစ်သည်။

သူတို့သည် တစ်ချိန်တည်းတွင် မနာလိုဖြစ်ခဲ့ကြသည်။ သူမ က ယုံလွယ်သူဖြစ်ကြောင်းကို သိရှိပြီးနောက်တွင် သူမကို အရူးတစ်ယောက်အဖြစ် အမြဲတမ်း ဆက်ဆံခဲ့သည်။

ပိုင်ရန် က ပြုံးပြီး ပြောတယ်။ “နင်တို့ စားချင်တာ မှာလို့ရတယ်နော်၊ စုရှန်းရှန်း ကို ဘေလ်ရှင်းခိုင်းဖို့ ငါ နောက်ကျ ပြောလိုက်မယ်” သူမ သည် သူတို့ကို ကျွေးမွေးနေသကဲ့သို့ အလွန်ရက်ရောစွာ ပြောဆိုခဲ့သည်။

တက်ရောက်လာသောလူများသည် ငွေကြေးမလုံလောက်သူများ မဟုတ်သော်လည်း စုရှန်းရှန်းရဲ့အနောက်တွင် နောက်ကျကျန်နေခဲ့ဆဲ ဖြစ်သည်။ ဤservice ဝန်ထမ်းများ ဟာ ဈေးအကြီးဆုံး အချိုရည်များအားလုံးကို သယ်ယူလာကြတယ်။

စုရှန်းရှန်း ရောက်လာချိန်တွင် နောက်ကျနေပြီဖြစ်သည်။ သူမ မှောင်မဲနေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ လသည် ထူးဆန်းစွာ အနီရောင်ပြောင်းသွား၏။ ဤပြောင်းလဲမှုကို လူအနည်းငယ်သာ သတိထားမိသည်။ သတိပြုမိသူတွေတောင် စိတ်ထဲမထားကြချေ။

အရုဏ်တက်ချိန်၌ ကွာခြားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

သီးသန့်ခန်းတံခါးပွင့်လာပြီး အတွင်းလူများက တံခါးဆီသို့ လှမ်းကြည့်ကြသည်။ သူတို့ ဝိုင်ခွက်ကို ဆုပ်ကိုင်၍ စုရှန်းရှန်းကို အံ့သြစွာကြည့်နေလေသည်။

စုရှန်းရှန်း သည် ချီချန်း နှစ်သက်သော အဖြူရောင်ဝတ်စုံနှင့် ရှည်လျားဖြောင့်စင်းသော ဆံပင်ကို စွန့်လွှတ်ခဲ့သည်။ ထို့အစား သူမ သည် အနက်ရောင် တင်းကျပ်သော ၀တ်စုံကို ၀တ်ထားသည်။ သူမ၏ဆံပင်များ ကို လှိုင်းလုံးပုံစံ ကောက်ထားပြီး နှုတ်ခမ်းနီနီကို ခြယ်သထား၏။ သူမဟာ အလွန်ချစ်ဖို့ကောင်းနေလေသည်။

ပိုင်ရန် ကသူမကို အရင်ဆုံး မှတ်မိသွားသည်။ သူမ မျက်လုံးထဲတွင် မနာလိုစိတ် အရိပ်အမြွက် ထွက်ပေါ်လာပီး ပြောလိုက်သည်။ “ရှန်းရှန်း၊ နင် ဘာလို့ အခုမှ ရောက်လာတာလဲ? ပြီးတော့ နင် ဘာလို့ အခုလို ဝတ်ထားတာလဲ? အဲလိုပုံစံက ချီချန်းရဲ့အကြိုက် မဟုတ်ဘူး”

သူမ သည် ရှန်းရှန်း နားထဲသို့ နောက်ဆုံးစာကြောင်းကို တိုးတိုးပြောပြီး သူမ၏လက်ကို တိတ်တဆိတ် ဆုပ်ကိုင်ထားလိုက်သည်။

စုရှန်းရှန်း မျက်မှောင်ကြုံ့၍ လက်ခါချလိုက်ပြီး လက်မောင်းပေါ်မှ ညိုမဲနေသော ဒဏ်ရာကို ကြည့်လိုက်သည်။ "ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဘယ်သူက ဂရုစိုက်နေလို့လဲ?”

သူမ စကားလုံးတွေကို ဖုံးကွယ်ဖို့ စိတ်မကူးဘဲ ကျယ်လောင်စွာ အော်လိုက်တယ်။ အခန်းတွင်းရှိလူတိုင်းမှာ သူမ ပြောလိုက်သည်ကို ကြားနေရသည်။

သူတို့အားလုံး ထိတ်လန့်သွားကြသည်။

စုရှန်းရှန်း က တည့်တည့်ဝင်လာပြီး စားပွဲပေါ်ရှိ ဝိုင်တစ်ခွက်ကို ကောက်ကာ မသောက်ဘဲ ဖန်ခွက်ကို လှုပ်ခါလျက် ချီချန်း အနားမှာ ဝင်ထိုင်လိုက်၏။

ပိုင်ရန် က သူမကို ကြည့်၍ မေးသည်။ “ရှန်းရှန်း၊ နင် ဒီနေ့ ဘာဖြစ်နေတာလဲ?”

သူမ တစ်ခုခုကို တွေးပြီး ပြုံးလိုက်သည်။ "မနေ့က အဖြစ်အပျက်ကို ဒေါသထွက်နေတာလား? နင် မနေ့က အရက်မူးနေခဲ့တာလေ၊ ငါ နင့်ကို လိုက်ရှာချင်ပေမယ့် နင့်ကို ခေါ်သွားတဲ့ လူတစ်ယောက်ကို ငါတွေ့လိုက်တယ်။ သူက ဘယ်သူလဲ?”

သူမက အပြစ်ကင်းစွာ မေးလိုက်သည်။ သူမ ထိုလူထံမှ ဓာတ်ပုံတစ်ပုံမျှ ယနေ့မရရှိသေးဘဲ အဆက်အသွယ်ပြတ်သွားသောကြောင့် ထိုလူ အောင်မြင်ခဲ့သလား မသိချေ။

စုရှန်းရှန်း ကို စူးစူးစိုက်စိုက်ကြည့်ရင်း လူတိုင်း၏မျက်လုံးများတွင် မရေရာမှုများရှိနေသည်။ “တကယ်လား? ဒီည နင့်ဆီ သူ့ကို လာရှာခိုင်းလိုက်မယ်၊ နင် အဲဒါကို တိုက်ရိုက်မေးလို့ရတယ်။”

ပိုင်ရန် မှာ လန့်သွားပြီး စိတ်မသက်မသာ ခံစားလိုက်ရတယ်။ သူမ ခြောက်ကပ်ကပ်သာ ရယ်မောနေခဲ့သည်။

ချီချန်း က မျက်မှောင်ကြုတ်ပြီး ပြောတယ်။ “ရန်လေး က မင်းကို ဂရုစိုက်တယ်၊ မင်း အရမ်းမတော်လို့ ရန်လေးဆီက သင်ယူသင့်တယ်”

“ဘယ်လောက်ဆိုးလိုက်လဲ” လို့ သူမတွေးမိတယ်။ အဲဒီတုန်းက သူ့ကို ဘာကြောင့် အကြိုက်တွေ့ခဲ့တာလဲ သူမမသိ။

လူတိုင်း ဤရိူးကို စောင့်ကြည့်နေစဉ် စုရှန်းရှန်း က ချီချန်းရဲ့ခေါင်းပေါ်သို့ လက်ထဲက ဝိုင်ကို လောင်းချလိုက်တော့သည်။ ဝိုင်နီသည် သူ့အင်္ကျီဖြူကို စွန်းထင်းစေကာ သူ့မျက်နှာပေါ်ရှိ ခါတိုင်းလို အေးစက်သောအမူအရာမှာ ဒေါသများ စွန်းထင်နေလေသည်။ —ဘယ်လောက်တောင် ရုပ်ဆိုးလိုက်သလဲ?၊ သူ့ ကို ဘာကြောင့် ကြိုက်မိသလဲ မသိတော့ပါ။

စုရှန်းရှန်း သည် သူမ၏ဖန်ခွက်ကို လွှင့်ပစ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“စုရှန်းရှန်း၊ မင်း ရူးနေလား!” ချီချန်း က ဒေါသတကြီးပြောပြီး နီရဲနေသော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေသည်။

စုရှန်းရှန်း က ရယ်လေသည်။ “နင့်ကိုနင် ဘယ်သူလို့ ထင်နေလဲ၊ နင် ဘယ်လိုတောင် ငါ့ကို ထိန်းချုပ်ရဲတာလဲ!"

“ငါ နင့်ကို ပံ့ပိုးပေးတုန်းက နင်က အရုပ်ကလေး ဖြစ်နေတုန်းပဲ၊ ငါ နင့်ကို ဂရုမစိုက်တော့ဘူး။ နင့်ကိုယ်နင် ဘယ်သူထင်နေသလဲ? ငါ နင့်ကို မျက်နှာသာအများကြီးပေးခဲ့တယ်၊ ပိုင်ရှင်ကို သင်ခန်းစာတစ်ခု သင်ပေးဖို့ ရဲရင့်တဲ့ အရုပ်ကောင်လေးပါလားနော်”

သူမရဲ့လှောင်ပြောင်တဲ့လေသံက ချီချန်းရဲ့မျက်နှာကို နီရဲသွားစေခဲ့သည်။ သူ့ပတ်ဝန်းကျင်က အကြည့်တွေက သူ့ကို ဓားနဲ့ထိုးသလိုခံစားရစေတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment