no

Font
Theme

Chapter 11: စွမ်းအားနိုးထခြင်း။

ဖြစ်ပျက်နေတာကို သဘောပေါက်သွားပြီးနောက် သူမ ရုတ်တရက် ထထိုင်လိုက်သည်။ သူမရဲ့ခန္ဓာကိုယ်မှာ အနက်ရောင်အလွှာများ ဖုံးလွှမ်းနေလေ၏။ အခန်းတွင်းမှ အနံ့ဆိုးများ ထွက်နေလေသည်။

တံခါး က ရုတ်တရက် ပွင့်သွား၏။ အခန်းတွင်းရှိ အသံကြောင့် ကုကျောင်း လန့်ဖျပ်သွားပြီး တံခါးကို အမြန်ဖွင့်လိုက်သည်။ သူ စုရှန်းရှန်း ထထိုင်နေသည်ကို မြင်သောအခါ သတိကြီးကြီးနဲ့အော်ခေါ်လိုက်သည်။ “မစ်ရှန်းရှန်း?”

စုရှန်းရှန်း ခေါင်းညိတ်လိုက်သည်။ “အခု အခြေအနေတွေ ဘယ်လိုလဲ?”

ထိုအခါမှ ကုကျောင်း သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမအတွက် တစ်ခုခုဖြစ်ခဲ့ရင် ဘော့စ်ကု သေချာပေါက် ရူးသွားလိမ့်မယ်။ “မင်း သတိလစ်နေတာ ၃ ရက်ရှိပြီ၊ အခု တကယ်ကို ကမ္ဘာပျက်ကပ်ပဲ၊ အပြင်လူတချို့ ဇွန်ဘီတွေ ဖြစ်လာကြတယ်၊ လူ့အသားကို စားကြပြီး အကိုက်ခံရသူတွေဟာ ဇွန်ဘီတွေ ဖြစ်သွားတယ်၊ ဗီလာနားက ဇွန်ဘီအများစုကို ငါ ရှင်းပြီးပြီ၊ ဒါပေမဲ့ ငါတို့အတွက် အစားအသောက် မလုံလောက်ဘူး။ ငါတို့ ဘော့စ်ဌကုကို တတ်နိုင်သမျှ အမြန်ဆုံး ရှာရမယ်။”

စုရှန်းရှန်း သည် ၃ ရက်ကြာ သတိလစ်နေလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ကုကျောင်းရဲ့အရည်အချင်းတွေကို သူမ ယုံကြည်သည်။ ပြောရရင် သူမရဲ့အရင်ဘဝတုန်းက ကုကျောင်းဟာ သူမကို ကယ်နိုင်ခဲ့ပြီး ကုကျင်းချန်းရဲ့ဘေးမှာ ရှင်သန်နေထိုင်နိုင်ခဲ့တာကို ကျေးဇူးတင်ရမည်။

သူမ ခေါင်းညိတ်လိုက်သည်။ “ကျွန်မ နားလည်တယ်၊ အစားအသောက်အတွက် စိတ်ပူဖို့ မလိုဘူး။ ကမ္ဘာပျက်ခါနီးမှာ ကျွန်မ ဝယ်ခဲ့တဲ့ပစ္စည်းတွေကို မှတ်မိလား။”

ကုကျောင်းရဲ့မျက်လုံးများ‌ တောက်ပသွားသည်။ —’အဲ့ဒါတွေကို ငါဘယ်လိုလုပ်မေ့နိုင်မှာလဲဟ?’ဟု သူ တွေးမိသည်။

စုရှန်းရှန်း က လေးလေးနက်နက်တွေးတောနေသည်ကို မြင်ပြီး သတိပေးလိုက်သည်။ “မစ်ရှန်းရှန်း၊ မင်း ကိုယ့်ကိုကိုယ် အရင်ဆုံး သန့်စင်သင့်တယ်၊ ငါ မင်းကို အပြင်မှာ စောင့်နေမယ်”

ထိုအချိန်မှာ စုရှန်းရှန်း သည် သူမရဲ့ကိုယ်ပေါ်တွင် အနက်ရောင်အလွှာများ ဖုံးလွှမ်းနေပြီး အနံ့အသက်ဆိုးကို ထုတ်လွှတ်နေသည်ကို သတိရသွားသည်။ သူမ ရှက်ပြီး ရေချိုးခန်းထဲ ဝင်သွားတယ်။

ကုကျောင်း သည် သူမ ဘယ်လောက်စိတ်ရူပ်နေသလဲကို ကြည့်ရင်း မထိန်းနိုင်ပဲ ပြုံးမိသည်။ ထို့နောက် တံခါးပိတ်၍ ဧည့်ခန်းဆီသို့ လျှောက်သွားကာ စောင့်ဆိုင်းနေလေသည်။ “စုရှန်းရှန်း လျို့ဝှက်ချက်တစ်ခုခု ဆုပ်ကိုင်ထားခဲ့လို့— ဘော့စ်ကုဆီ သူမရဲ့သဘောထားပြောင်းလဲသွားတာဖြစ်မယ် ဒါမှမဟုတ် သူမ ကမ္ဘာပျက်မယ်ဆိုတာ အစောကြီး သိနေလို့ ဖြစ်မယ်” ဟု ကုကျောင်း တွေးမိသည်။

စုရှန်းရှန်း သည် သူမခန္ဓာကိုယ်မှ အညစ်အကြေးများကို မဖယ်ရှားမီ ၃ကြိမ်တိုင်တိုင် သေချာစွာ ဆေးကြောခဲ့သည်။ သူမ၏ သန့်ရှင်းသော အသားအရေသည် ကြည်လင်တောက်ပနေ၏။ သူမရဲ့ အသားအရေ ဟာ အမြဲတမ်း ကောင်းမွန်နေပေမယ့် ဒီလို ကြည်လင်မှုမျိုး တစ်ခါမှ မဖြစ်ဖူး။

ယင်းသည် မသေမျိုး ဖော်ပြခဲ့သည့်အတိုင်း အညစ်အကြေးများကို ဖယ်ရှားရာတွင် နွေဦးစမ်းရေ၏ထိရောက်မှုဖြစ်ရမည်။ ၃ရက်လောက် သတိလစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပါ။ အပြင်မှာရှိနေရင် အရမ်းအန္တရာယ်များလိမ့်မယ်။

သူမကိုယ်သူမ ဆေးကြောပြီးနောက် သူမ၏လက်ကောက်ဝတ်ရှိ ပတ္တမြားလက်ကောက် က မရှိတော့သည်ကို ရုတ်တရက် သိလိုက်ရသည်။ သူမ အလန့်တကြားဖြင့် နေရာအနှံ့လိုက်ရှာသော်လည်း လက်ကောက်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့။ အဲဒါမရှိရင် ရှင်သန်ဖို့ ပိုခက်လိမ့်မယ်။

သူမ အပြင်ထွက်ခါနီးတွင် အမြင်အာရုံ မှုန်ဝါးသွားကာ ပတ္တမြားအထဲရှိ နေရာလွတ်ကို ထပ်မံမြင်လိုက်ရသည်။ နေရာလွတ်ထဲရှိ နွေဦးစမ်းရေနှင့် ထောက်ပံ့ရေးပစ္စည်းများကို ထိုနေရာ၌ မြင်ရသောကြောင့် သူမ အနည်းငယ် သက်သာရာရသွားသည်။ သူမ ခေါင်းငုံ့ကာ အနီရောင်သစ်ကြံပိုးခေါက် မှဲ့လေး ပေါ်လာသည့် သူမ၏ ရင်ဘတ်ကို ကြည့်လိုက်သည်။

အရင်က ဒီလိုမှဲ့လေးမရှိခဲ့တာ သူမ သေချာသိတယ်။ သူမ မှဲ့နီကိုထိရန် လက်လန့်လိုက်ပြီး ရင်းနှီးသည့်အရာတစ်ခု ထွက်လာသည်ကို ခံစားလိုက်ရသည်။ "ဒါက?"

"ပတ္တမြားးနေရာလွတ်!"

လက်ကောက် ဤအဖြစ်သို့ ပြောင်းလဲသွားကြောင်း ထွက်ပေါ်လာခဲ့သည်။ ကုကျင်းချန်း သူမကို ပေးခဲ့သော လက်ကောက်လေး ပျောက်ဆုံးသွားသည့်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိပေမယ့် အခုတော့ လက်ကောက်ဆုံးရှုံးမှာ ဒါမှမဟုတ် လုယူခံရမှာကို စိတ်ပူစရာမလိုတော့ဘူး။ ယခုအချိန်မှစ၍ နေရာလွတ်စွမ်းအားကို ပိုင်ဆိုင်ထားသမျိုး အယောင်ဆောင်လို့ရပေလိမ့်မည်။

စွမ်းအားတွေ အကြောင်း တွေးပြီးတာနဲ့ ရေချိုးခန်းထဲ က အပူချိန် မှာ ကျဆင်းသွားခဲ့တာ ခံစားလိုက်ရသည်။ ရေနွေးသည်ပင် ရေအေးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမ ရေကို ထိကြည့်သည်။ ရေမှာ ရေခဲအဖြစ် ချက်ချင်းပင်ပြောင်းလဲသွား၏။ ရေခဲဖြစ်စေသည်မှာ သူမရဲ့လက်ကြောင့်ပင်။

သူမရဲ့လက်ဖဝါးမှ ထွက်လာသော အေးစက်စက်လေကို ကြည့်ရင်း အံ့သြစွာ အော်လိုက်သည်။

ဤရုန်းရင်းဆန်ခတ်ဖြစ်မှုက ဧည့်ခန်းထဲက ကုကျောင်းကို ဆွဲဆောင်သွားခဲ့သည်။ သူ က တံခါးခေါက်၍ မေးလိုက်သည်။ “မစ်ရှန်းရှန်း၊ ဘာဖြစ်နေတာလဲ?”

စုရှန်းရှန်း သည် သူမ၏ ရေချိုးဝတ်စုံကို အမြန်ဝတ်ကာ တံခါးကိုဖွင့်လိုက်သည်။ “ကုကျောင်း၊ ငါ့မှာ သဘာဝလွန်စွမ်းအားတွေရှိတယ်၊ ငါ့မှာ သဘာဝလွန်စွမ်းအားတွေရှိတယ်”

ကုကျောင်း က သူမကို ဗလာသပ်သပ်စိုက်ကြည့်နေ၏။ သူမရဲ့ဆံပင်တွေဟာ စိုနေပြီး ပါးပြင်တွေ နီမြန်းနေတယ်။ သူမသည် ရေချိုးဝတ်စုံတစ်ခုသာဝတ်ထားပြီး သူမ၏ဆံပင်မှရေစက်များသည် ရေချိုးဝတ်ရုံမှ သူမ၏လည်ပင်းသို့ကျဆင်းနေလေသည်။

စုရှန်းရှန်း သည် သူမရဲ့စွမ်းအားကြောင့် စိတ်လှုပ်ရှားစွာ မျက်နှာနီရဲနေပြီး သူ၏အမူအရာပြောင်းလဲမှုကို သတိမထားမိလိုက်ပေ။ ထိုစွမ်းအားကို သူမ၏ယခင်ဘဝတုန်းက ပိုင်ဆိုင်ချင်ခဲ့တာကြောင့် သူမ တကယ်ပိုင်ဆိုင်လာသောအခါတွင် ကြည်နူးမိလေသည်။

ကုကျောင်း သတိပြန်ဝင်သွား၏။ သူ သည် သူမကို မသက်မသာ ကြည့်ရင်း ခေါင်းငုံ့ကာ ပြောလိုက်သည်။ “ဆံပင်တွေကို ခြောက်အောင် အရင်လုပ်လိုက်ဦး၊ အအေးမမိဖို့ သတိထား”

ထိုမှသာ စုရှန်းရှန်း သည် တုန်လှုပ်ချောက်ချားမှု မှ ရပ်တန့်သွားသည်။ သူမ က ပြန်ဖြေပြီး တံခါးကို ပြန်ပိတ်လိုက်တယ်။

တံခါးပိတ်သွားသည့်တိုင် ကုကျောင်း သည် အခန်းတွင်းမှ ပျော်ရွှင်စွာ သီဆိုသံကို ကြားနေရသည်။ သူ့နှုတ်ခမ်းတွေမှာ ကော့တက်သွားတော့သည်။ နောက်တော့ သူ့အတွေးတွေထဲ နစ်ဝင်သွားပြီး သူ့မျက်နှာမှာ အေးစက်သွားတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment