Chapter 14: အဆင့်၁ ဇွန်ဘီ။
စုရှန်းရှန်း သည် အံ့ဩသွား၏။ ထိုမြန်နှုန်းမျိုးသည် အဆင့် ၁ ဇွန်ဘီထံမှ ဖြစ်သည်။ ယခုအချိန် မှာ အဆင့်၁ ဇွန်ဘီနှင့် တွေ့ရမည်ဟု မမျှော်လင့်ထားမိဘူး။ အရမ်းကြီး စဉ်းစားဖို့ အချိန်မရှိပါ။ သူမ သည် နောက်တကြိမ်လှန်၍ ဇွန်ဘီ၏တိုက်ခိုက်မှုတချို့ကို ရှောင်တိမ်းလိုက်၏။
ထိုအခိုက်တွင် သူမ ဇွန်ဘီကို ကောင်းကောင်းကြည့်နိုင်ခဲ့သည်။ — အရပ်ရှည်ပြီး ပိန်ပိန်ပါးပါး ယောက်ျားလေးဖြစ်သည်။ သူ သည် မည်သည့်အဝတ်အစားမှ မဝတ်ထားဘဲ သွေးပြန်ကြောများ ဖောင်းပွနေလေသည်။ အဆင့်၁ နှင့် အဆင့် ၀ ကြားရှိ အကြီးမားဆုံး ကွာခြားချက်မှာ ယခင်နှင့်မတူပဲ ပိုမိုမြန်ဆန်စွာ လှုပ်ရှားနိုင်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ အချို့သောဇွန်ဘီများသည်လည်း သူတို့၏စွမ်းအားများ နှိုးဆွနိုင်ခဲ့ကြသည်။
စုရှန်းရှန်း သည် ထိုဇွန်ဘီ၏ထိုးနှက်ချက်အနည်းငယ်ကို ရှောင်တိမ်းပြီးနောက် သက်ပြင်းချမိသည်။ ဤဇွန်ဘီမှာ ဘာစွမ်းအားမရှိဘူးလို့ ထင်ရတယ်။ ဒါက ပိုလွယ်ကူစေတယ်။ ယင်းကို အတည်ပြုပြီးနောက် သူမ ဘေ့စ်ဘောတံကိုကိုင်၍ ဇွန်ဘီ၏တိုက်ခိုက်မှုကို ကာကွယ်ကာ ရှေ့သို့ အမြန်ပြေးသွားခဲ့၏။
ဇွန်ဘီ၏ချွန်ထက်သည့်လက်သည်းတွေဟာ သူမရဲ့ခေါင်းဆီ ရောက်လာခဲ့တယ်။ စုရှန်းရှန်း သည် လက်ထဲရှိ ဘေ့စ်ဘောရိုက်တံဖြင့် ဤဇွန်ဘီ၏လက်ကို ပိတ်ဆို့ထား၏။ သူမ ခုန်ပြီး မေးရိုးကို ကန်လိုက်တယ်။ ဇွန်ဘီသည် နောက်သို့ လဲကျသွားကာ အော်ဟစ်တော့သည်။
စုရှန်းရှန်း သည် တုန့်ပြန်ဖို့ အချိန်မပေးချေ။ သွက်သွက်လက်လက် ပြန်ထ၍ မြေပြင်ပေါ်သို့ နောက်ပြန်ကျသွားသည်အထိ အကြိမ်ကြိမ် ကန်ခဲ့သည်။ အရင်ဘဝက သူမ၏လှုပ်ရှားမှုများသည် စွမ်းအား မရှိတာကြောင့် အနီးကပ်တိုက်ပွဲတွင် ဇွန်ဘီများကိုသာ တိုက်ခိုက်နိုင်ခဲ့သည်။ သူမ သည် သာမန်လူတစ်ယောက်ဖြစ်သော်လည်း အဆင့်၄ ရှိသော ဇွန်ဘီတစ်ကောင် နှင့် သရေကျအောင် တိုက်နိုင်ခဲ့ပြီး သူမ၏ ကျွမ်းကျင်မှုဖြင့် အခြေစိုက်စခန်းတွင် နေရာတစ်ခု ရခဲ့သည်။
အဆင့်၁ ဇွန်ဘီမှာ မခံမရပ်နိုင်ဖြစ်ပြီး သူမရဲ့ခြေကျင်းဝတ်ကို လိုက်ဖမ်းဖို့ ကြိုးစားတယ်။ သူမ ထိမိရင် သေချာပေါက် အခြစ်ခံရနိုင်သည်။ သူမ အနောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းနိုင်သော်လည်း ၎င်း အား မတ်တပ်ထရပ်ကာ သူမဆီသို့ အပြေးအလွှားသွားရန် အခွင့်အရေး ပေးသလို ဖြစ်လိမ့်မည်။ စုရှန်းရှန်း၏ခံနိုင်ရည်မှာ တဖြည်းဖြည်း ကျဆင်းလာသည်။ ဒီခန္ဓာကိုယ်ကို အရင်က တစ်ခါမှ မလေ့ကျင့်ဖူးတဲ့အတွက် ဇွန်ဘီတွေနဲ့ အချိန်ကြာကြာ တိုက်ပွဲဝင်ခဲ့မယ်ဆိုရင် အားနည်းလာလိမ့်မယ်။
သူမ၏မျက်လုံးများမှာ တင်းမာနေ၏။ သူမ သည် အနီးနားရှိ စင်တစ်ခုအား ဆွဲယူပြီး ဇွန်ဘီဆီသို့ ပစ်ချလိုက်သည်။ ဇွန်ဘီသည် စင်ဖြင့်ထိမှန်ပြီး ၎င်း၏ခြေထောက်တစ်ဖက် မှာ အောက်တွင် ချိတ်ဆွဲခံခဲ့ရသည်။ ၎င်းသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး လက်တစ်ဖက်ကိုဆန့်ကာ စုရှန်း ထံသို့ တွားသွားရန် ကြိုးစားရှာသည်။
စုရှန်းရှန်း သက်ပြင်းချ၍ စင်အောက်မှာ ပိကျနေသော ဇွန်ဘီထံသို့ သွားလိုက်၏။ သူမ သည် ခေါင်းအနောက်ဘက်တွင် ခရစ်တယ်ကျောက် ရှိမရှိ သိလိုသောကြောင့် သူမ၏ဓားမြှောင်ကို ထုတ်ယူလိုက်သည်။
ဇွန်ဘီ က ရုတ်တရက် ခေါင်းကို မြှောက်မော့လာသည်။ သူ သည် သူ့ကိုယ်သူ လွတ်မြောက်ရန် ၎င်း၏ခြေထောက်တစ်ဖက်ကို ဆုတ်ဖြဲကာ စုရှန်းရှန်းကို ဆုပ်ဖြဲဖို့ ကြိုးစားလေ၏။
ဇွန်ဘီ သည် သူမ မရှောင်နိုင်လောက်အောင် နီးကပ်လွန်းသည်။
အအေးဓာတ်က သူမရဲ့ကျောရိုးကို ပြေးဆင်းသွားတယ်။ ဇွန်ဘီ သည် ယခု သူမရှေ့တွင် ရှိနေသော်လည်း ၎င်း၏ ဦးခေါင်းမှာ အေးခဲသွားခဲ့သည်။ စုရှန်းရှန်း တံတွေးမြိုချမိ၏။ သူမ သတိမထားမိခဲ့ပဲ သူမရဲ့စွမ်းအား ကို လှုံ့ဆော်ခဲ့မိလို့ မဟုတ်ရင် သူမ ဒီမှာ သေဆုံးသွားလိမ့်မယ်။
အနာဂတ်တွင် သူမရဲ့စွမ်းအားကို လေ့ကျင့်ရမည်ဟု တွေးမိသည်။ စွမ်းအားမရှိပဲ အချိန်အတော်ကြာအောင် နေထိုင်ခြင်းကြောင့် အခုအချိန်မှာ စွမ်းအားရှိနေပြီဆိုတာ မေ့သွားခဲ့တယ်
သူမရှေ့ရှိ အေးခဲနေသော ခေါင်းသည် အရည်ပျော်နေသည့် လက္ခဏာများ ပြသနေ၏။ သူမ အသစ်ထုတ်လုပ်လိုက်တဲ့ စွမ်းအား သည် အဆင့်၁ ဇွန်ဘီကို သတ်ဖို့ မလုံလောက်ပေ။ သူမ ဇွန်ဘီ၏ဦးခေါင်းနောက်ဘက်တွင် အပေါက်တစ်ခုကိုဖြတ်ရန် သူမ၏ဓားမြှောင်ကို သွက်လက်စွာအသုံးပြုခဲ့သည်။ ဦးနှောက်ကို အကြိမ်အနည်းငယ် နှိုးဆော်ပြီးနောက်တွင် ကျောက်တုံးနှင့်တူသော အရာတစ်ခုကို သူမတွေ့ရှိခဲ့သည်။ သူမ၏ မျက်လုံးများမှာ ကြည်နူးမှုဖြင့် တောက်ပနေတော့သည်။
ဒီဇွန်ဘီမှာ ကြည်လင်တဲ့ ခရစ်တယ်ကျောက်ရှိတာကြောင့် သူမ တကယ် ကံကောင်းခဲ့တယ်။
အခုလေးတင် အနီးကပ်တိုက်ပွဲ ဖြစ်ခဲ့သော်လည်း ကြည်လင်သောခရစ်တယ်ကျောက်ကို ရခဲ့သောကြောင့် ပျော်ရွှင်စရာတစ်ခု ဖြစ်နေတုန်းပဲ။ အဆင့်၁ ဇွန်ဘီများ၏ ကြည်လင်သော ခရစ်တယ်ကျောက် သည် လက်မအရွယ်ခန့်ရှိသော ဖြူစင်သော အဖြူရောင်သလင်းကျောက်ဖြစ်သည်။ ၎င်းတို့သည် အဆင့်-၂ ဇွန်ဘီများ ဖြစ်လာပြီးနောက် ၎င်းတို့၏ အရည်အချင်းများ ကွဲပြားသွားမည်ဖြစ်သည်။ ထို့နောက် ဆက်စပ်စွမ်းအားရှိသူမှ ၎င်းတို့၏ ကြည်လင်သောခရစ်တယ် ကို စုပ်ယူနိုင်ပြီး အဆင့်၁ ဇွန်ဘီ၏ ကြည်လင်သောခရစ်တယ်ကျောက်ကိုတော့ မည်သူမဆို စုပ်ယူနိုင်သည်။
“အိုး-”
ရုတ်တရက် အသံတစ်ခုထွက်လာ၏။ စုရှန်းရှန်း အမြန်လှည့်ကြည့်လိုက်သည်။ စင်ဘေးရှိ ဗီရိုထဲမှအသံထွက်လာ၏။
စုရှန်းရှန်း ဖြေးဖြေးချင်း လျှောက်လာသည်။ ဗီရိုထဲမှ လူသစ်တစ်ယောက် ထွက်လာသည်။ ဇွန်ဘီရဲ့ ဦးနှောက်ကို မွှေနေတဲ့ သူမရဲ့ ပုံရိပ်က အခုလေးတင် ကြောက်လန့်စေတာမို့ ဆူညံသံမထွက်နိုင်အောင် မထိန်းနိုင်ခဲ့ချေ။
ထိုလူငယ်က လက်မြှောက်၍ အရူံးပေးထားသည်။ “အစ်မ၊ ကျွန်တော် ထိခိုက်အောင်လုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီမှာ ပုန်းနေခဲ့တာပါ၊ အပြင်မှာ ဇွန်ဘီတွေရှိနေတော့ အပြင်မထွက်ရဲလို့”
စုရှန်းရှန်း သည် သူ၏အရူံးပေးသည့်အကြည့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေဟာ ကြည်လင်နေသည်။ လူဆိုးမဟုတ်ပါက၊ သူမ သူ့ကို နှောက်ယှက်နေစရာ မလိုပေ။ သူမ နောက်ဖေးဆီသို့ လျှောက်သွားသည်။
ဤလူငယ်၏အမည်မှာ ဖေးလန် ဖြစ်ပြီး ဤဓာတ်ဆီဆိုင်တွင် အချိန်ပိုင်းဝန်ထမ်းဖြစ်သည်။ လွန်ခဲ့သော ၃ ရက်ကတည်းက ညဆိုင်းအလုပ်လုပ်နေခဲ့ရတာဟု စုရှန်းရှန်း ကို ပြောပြခဲ့သည်။ ကမ္ဘာကြီးက ရုတ်တရက် ပြောင်းလဲသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။ သူ၏လုပ်ဖော်ကိုင်ဖက်သည် ဇွန်ဘီဖြစ်လာပြီးနောက်၊ သူသည် သစ်သားဗီရိုထဲတွင် ပုန်းအောင်းနေပြီး စူပါမားကတ်ရှိ အစားအစာကို အားကိုးကာ သုံးရက်ကြာ အသက်ရှင်နေနိုင်လောက်အောင် ကံကောင်းခဲ့သည်။ သို့သော် ယနေ့တွင် ကြောက်စရာကောင်းသော ဇွန်ဘီတစ်ကောင် ရောက်လာသောကြောင့် တနေ့လုံး အထဲမှ မထွက်ခွာခဲ့ချေ။
ထိုလူငယ်လေး သည် တောင်စဉ်မရ မရေမတွက်နိုင်အောင် ပြောဆိုနေသောကြောင့် စုရှန်းရှန်း ဒေါသတကြီး ပြောလိုက်သည်။ “ပါးစပ်ပိတ်ထားစမ်းပါ”