no

Font
Theme

Chapter 19: လူရမ်းကားတစ်ဦးက စော်ကားခြင်း။

သူတို့ ၃ ယောက်သား သတိဖြင့် ထွက်လာခဲ့ကြသည်။ ဇွန်ဘီများ သည် နှေးကွေးသော်လည်း ဇွန်ဘီများ၏လက်ထဲ အဖမ်းခံရလျှင် ဇွန်ဘီဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်သည်။ ထို့ကြောင့် သူတို့ သတိရှိရန် လိုသည်။

ဖြစ်ပျက်နေတာကို သတိမပြုမိတဲ့ လမ်းတွေပေါ်က လူတွေ

ဟာ ဇွန်ဘီတွေရဲ့ ဘေးကင်းတဲ့ အကွာအဝေး ထိ မနေကြပေ။ သူတို့ရဲ့ လုပ်ရပ်တွေက သူတို့ရဲ့ သေဆုံးမှုကို အရှိန်မြှင့်နေတယ်ဆိုတာ သူတို့ မသိခဲ့ကြဘူး။

စုရှန်းရှန်း သည် လက်ဟန်ပြလိုက်သည်။ သူမ ကားဂိုဒေါင်နားတွင် အရင်ရပ်၍ ကားတစ်စီးကို သူမရဲ့နေရာလွတ်ထဲ ထည့်သွင်းခဲ့သည်။ သူမ သည် အနားရှိ ဖေးလန်ထံမှ သူမ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်မထား။ ပြောရရင် သူမ၏အသင်းဖော်ဖြစ်လိုသူထံမှ အရာများကို ဖုံးကွယ်၍မရပေ။

၎င်းသည် နေရာလွတ်စွမ်းအားဖြစ်သည်ကို ရှင်းပြခဲ့သည်။ နေရာလွတ်စွမ်းအားရှင်များ သည် ရှားပါးသော်လည်း မရှိတာ မဟုတ်။ ထို့အပြင် နေရာလွတ်စွမ်းအား ကို အန္တရာယ်ကင်းပြီး အရာများကို သိုလှောင်ရန်အတွက်သာ အသုံးပြုနိုင်သည်။ ထို့ကြောင့်၊ ကမ္ဘာပျက်ခြင်းအစတွင် နေရာလွတ်စွမ်းအားရှင်များ သည် လူကြိုက်များလာသော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် အသုံးမဝင်တော့။

ကုကျောင်း က မျက်မှောင်ကြုံ့၍ ဖေးလန်ကို သတိ‌ပေးသည့်အကြည့်တချက် ပေးလိုက်ပေမဲ့ ဖေးလန်ကတော့ သတိမထားမိချေ။ သူ စုရှန်းရှန်းကို သဘောကျစွာ ကြည့်နေခဲ့သည်။

"သွားကြရအောင်" စုရှန်းရှန်း က ဦးဆောင်ပြီး ထွက်သွားတယ်။

ကုကျောင်း သည် သူမကို ကာကွယ်ရန် ထုံးစံအတိုင်း သူမရှေ့ကနေ ထွက်သွားသည်။

ဗီလာရပ်ကွက်ရဲ့ ထောင့်ကို လှည့်ကြည့်လိုက်ရာ ကုကျောင်း ရပ်တန့်လိုက်၏။ ထောင့်မှ အသံတစ်ခုထွက်လာသည်။

လေးလံသော ခြေသံများကို ကြားနိုင်၏။ အူတစ်ဝက်လောက် ကျသွားတဲ့ ဇွန်ဘီတစ်ကောင် ဖြည်းဖြည်းချင်း ပေါ်လာခဲ့တယ်။

၎င်း၏အသွင်အပြင် ကို ရွံ့စရာကောင်းသည်ဟု ဖော်ပြနိုင်၏။ ကုကျောင်း၏လက် က လေဓားကို မပစ်ခင် ရပ်တန့်သွားခဲ့သည်။ လေဓား က အသံဗလံကို ဖန်တီး၏။ သူ သည် ပစ္စတိုကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့မှုကြောင့် လေဓါး၏ ချေမှုန်းရေးပုံစံများကို ရင်းနှီးလာသောအခါတွင် ဇွန်ဘီရဲ့ခေါင်းအနောက်သို့ တိကျစွာ ထိမှန်အောင် ပစ်နိုင်ခဲ့သည်။

လေဓားသည် လေထဲတွင် မျက်လုံးများ ရှိနေပုံရ၏။ ၎င်း က ဇွန်ဘီအနောက်သို့ လှည့်ပတ်ကာ ၎င်း၏ခေါင်းထဲ ဖောက်ဝင်သွားလေသည်။

ဇွန်ဘီပြုတ်ကျပြီးနောက် သူတို့သုံးယောက်လုံး မကြည့်ဘဲ ထွက်သွားကြသည်။ ဤအဆင့်-၀ ဇွန်ဘီများတွင် ခရစ်တယ်ကျောက်များ မရှိ။

ခြေလှမ်းအနည်းငယ်လှမ်းရုံရှိသေး မီးလုံးက သူတို့ထံ ကျရောက်လာသည်။ စုရှန်းရှန်း သည် သူမ၏ လက်ကို အမြန် မြှောက်လိုက်ပြီး ရေခဲတစ်လွှာဖြင့် မီးလုံးကို ဖုံးလိုက်သည်။

သူမ မျက်မှောင်ကြုတ်ကာ လမ်းတစ်ဖက်ကို လှမ်းကြည့်လိုက်၏။ လမ်းဘေးမှာ လူဆိုးတစ်စုက ရပ်ပြီး သူမကို လေချွန်ပြတယ်။ သူမသည်လည်း ရွေးချယ်ခံရသူလည်းဖြစ်သည်ကို မြင်လိုက်ရသဖြင့် ခေါင်းဆောင်၏အမူအရာမှာ ပို၍လေးနက်လာသည်။

ဘုရားသခင်ရွေးချယ်တော်မူသောသူ ကို သဘာဝလွန်စွမ်းအားရှိသူဟု ခေါ်ဝေါ်ကြတယ်။

ခေါင်းဆောင်က လမ်းလျှောက်လာပြီး “အလှလေး လည်း ဘုရားသခင်ရွေးချယ်ခြင်းခံရသူ ဖြစ်နေတာပဲ၊ မင်း ဘာလို့ ငါတို့နဲ့အတူ မလိုက်ရမှာလဲ? ငါတို့အထဲမှာ ဘုရားသခင်ရွေးချယ်ခံရသူ ၂ယောက်ရှိတယ်။”

ဝမ်ရှီဂေါင် သည် မူလက မည်သူမျှ မသိသော လူမိုက်တစ်ယောက်ဖြစ်သည်။ ကမ္ဘာကြီးအဆုံးသတ်ကို ရောက်လာသောအခါ သူ့တွင် မီးစွမ်းအားရှိသည်ကို ရုတ်တရက် သိလိုက်ရသည်။ သူ့ရင်ထဲမှာ သူရဲကောင်းဆန်တဲ့ ခံစားချက်တစ်ခု ပေါ်လာတယ်။ ခေါင်းဆောင်ရာထူးကို ရယူဖို့ ဤစွမ်းရည်ကို အသုံးပြုခဲ့တယ်။ သူသည် ဤလူများကို ချမ်းသာကြွယ်ဝသော ရပ်ကွက်သို့ ခေါ်ဆောင်သွားပြီး နေအိမ်တစ်လုံးကို သိမ်းယူခဲ့သည်။

ယခင်က အထက်တန်းစား၊ လူချမ်းသာများ ယခု သူ့ခြေရင်း၌ ငြီးတွားနေပုံကို ကြည့်ရင်း သူ သည် ပိုမာနကြီးလာပြီး သူ့လုပ်ရပ်တွေ ဟာ သည်းမခံနိုင်လောက်အောင် ရိုင်းစိုင်းလာသည်။

စုရှန်းရှန်း ပြန်မဖြေခင် ကုကျောင်းရဲ့လက်ထဲက လေဓားမှာ သူ၏ခေါင်းထက်ဝဲပျံ‌နေ၏။ ဝမ်ရှီဂေါင်မှာ အလွန်ထိတ်လန့်သွားပြီး သူ့မျက်နှာ ဖြူဖျော့သွားသည်။ စွမ်းအားရှိသူတစ်ယောက်အနေနဲ့ ဒီလူရဲ့စူပါပါဝါက သူ့အထက်မှာရှိနေတယ်ဆိုတာ လျင်မြန်စွာ သဘောပေါက်သွားသည်။

သူ တုန်လှုပ်သွားပြီး ပြောလေသည်။ “အစ်ကိုကြီး၊ ငါ့မှာ ဆိုးဝါးတဲ့ ရည်ရွယ်ချက် မရှိဘူး။ ငါ အခု မင်းအတွက် လမ်းဖယ်ပေးပါ့မယ်”

"အရူးတွေ လမ်းဖယ်ပေးလိုက်စမ်း” သူ က သူ့လူတွေကို‌အော်ပြောလိုက်၏။

ခရိုင်အဝင်ဝပတ်၀န်းကျင်ရှိ လူတွေ က အမြန်လမ်းဖယ်ပေးလိုက်ကြတယ်။ စုရှန်းရှန်းနှင့် ဖေးဝမ်တို့ လျှောက်လာပြီးနောက် ကုကျောင်း သည် သူ့လေဓားကို ပြန်ရုတ်သိမ်းလိုက်၏။ သူ ပြန်ရုတ်သိမ်းလိုက်ချိန်မှာတော့ ဝမ်ရှီဂေါင်ရဲ့ ဦးရေပြားကို ဖြတ်သွားပြီး ဆံပင်တွေမှာ ပြတ်တောက်သွားခဲ့တယ်။

သူတို့ထွက်သွားပြီးနောက် လက်ပါးစေတွေက ဝိုင်းမေးမြန်းကြတယ်။ “ဘော့စ် အဆင်ပြေရဲ့လား?”

ဝမ်ရှီဂေါင် က သူ့ခေါင်းပေါ်က ပြောင်နေတဲ့နေရာကို ထိလိုက်ပြီး ပြင်းပြင်းထန်ထန် ပြောလိုက်သည်။ "ငါ သူတို့ကို သင်ခန်းစာတစ်ခု သေချာသင်ပေးမယ်"

သူသည် စုရှန်းရှန်း နှင့် အခြားသူများကို ခဏတာမျှသာ တိုက်ခိုက်ခဲ့သည်။ သူ့လက်အောက်ငယ်သားတွေရှေ့မှာ သူ့မျက်နှာပျက်အောင်လုပ်တာ မုန်းတယ်။ အကြံကောင်းတစ်ခု မတွေးခင်မှာ သူ့လက်အောက်ငယ်သားတွေရဲ့ အော်သံကြောင့် လန့်သွားတယ်။

"ဘော့စ် ဘော့စ်... သတင်းဆိုး"

ဝမ်ရှီဂေါင် က စိတ်မရှည်စွာနဲ့ ပြောလိုက်သည်။ “မင်း ဘာလို့ အော်နေတာလဲ? မင်း ဘာတွေလျှောက်ရူပ်နေတာလဲ? ဇွန်ဘီတွေလား? ငါ သူတို့ကို မီးဘောလုံးနဲ့ပစ်လိုက်မယ်…” သူလှည့်ကြည့်လိုက်ရာ ဇွန်ဘီအုပ်စုလိုက်မှာ သူတို့ထံ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ရုတ်တရက် သူ့အသံက ပွက်ပွက်ထလာပြီး ပါးစပ်မှာ ဟသွားရသည်။

သူ သည် သူ့အနောက်က လက်ပါးစေတွေကို စွန့်ပစ်၍ ကားထဲသို့ အမြန်ဝင်လာခဲ့သည်။ ကားမောင်းထွက်သွားတော့ ထက်မြက်သည့် လက်အောက်ငယ်သားတချို့က သူ့နောက်ကို လိုက်သွားပြီး ကျန်လက်အောက်ငယ်သားတွေက ကားနောက်ကို လိုက်လာကြတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment