no

Font
Theme

Chapter 9: လူတိုင်းရဲ့အထင်သေးသည့်အပြုအမူ

ချီချန်း သည် သူ့မျက်နှာပေါ်ရှိ အမူအရာကို ထိန်းချုပ်ရန် အကောင်းဆုံးကြိုးစားခဲ့သည်။ သူ စုရှန်းရှန်း ကို သူ၏အကောင်းဆုံးအပြုံးကို ပေးခဲ့လေသည်။ “ဒီနေ့ ကိုယ့်စိတ်အခြေအနေမကောင်းလို့ပါ၊ နောက်ဆုံးတခေါက်က မင်း ကိုယ့်ကို ရုပ်ရုပ်ရုံကို ခေါ်သွားပေးစေချင်ခဲ့တာမလား? မနက်ဖြန်အချိန်ရရင် ကိုယ် မင်းကို ခေါ်သွားပေးမယ်လေ”

စုရှန်းရှန်း က လှောင်ရယ်လေသည်။ သူမ သူ့ကို ဆွဲဆောင်နေချိန် သူ သူမကို လစ်လျုရူခဲ့တယ်။ သူမ အေးစက်သွားသောအခါတွင် သူ သူမကို ရှေ့တိုးလာခဲ့သည်။ သူ့ကို ပိုကြည့်လေလေ၊ ရွံရှာလာတယ်။

“ဒီနေ့ နင့်ကို ပြောပြဖို့ ငါ လာခဲ့တာ…” သူမ ခဏလောက်ရပ်၍ အခန်းထဲက လူအားလုံးကို ကြည့်ကာ ပြောလိုက်သည်။ “ငါ ချီချန်းကို မကြိုက်တော့ဘူး၊ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ငါ ရုပ်သိမ်းတယ်၊ နောင်မှာ နင်တို့ ချီချန်းနဲ့ငါ့ကို ထပ်ပြီးတွဲဝံ့ရင် နင်တို့ကို ဒုက္ခပေးရလိမ့်မယ်”

ခဏနေတော့ အခန်း က တိတ်ဆိတ်သွား၏။ သခင်လေးများ သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တယောက်ပြီး တယောက် စကားစပြောကြသည်။

“မစ်စု က တကယ်ကို ပြတ်သားတယ်၊ ငါတော့ သဘောကျသွားပြီ”

“ဟုတ်ပ၊ ချီချန်း က မင်းနဲ့မတန်ဘူးလို့ ငါ ခံစားခဲ့ရတာ ကြာပြီ၊ မင်း သူ့ကို ထားခဲ့သင့်တာ ကြာပြီ”

“မစ်စု ကျေးဇူးပြုလို့ ငါတို့ဝမ်မိသားစုကို အနာဂတ်မှာ စောင့်ရှောက်ပေးပါ"

တစ်ယောက်ယောက်က ဒီလိုပြောပြီးတာနဲ့ ကျန်တဲ့သူတွေက စုရှန်းရှန်း အား သူတို့ရဲ့ မိသားစုတွေကို သတိရဖို့ တောင်းဆိုရန် အပြေးအလွှားရောက်လာတယ်။ ဤမစ်စု သဘောကျလောက်အောင် ကံကောင်းခဲ့မယ်ဆိုရင် အရမ်းကောင်းမယ်လို့ ထင်ကြတယ်။ ကုမိသားစု မှ တစ်ခါသုံးလို့ ပေါ့ပေါ့တန်တန် ယူဆထားတဲ့ ငွေတွေဟာ သူတို့အတွက် အများကြီး အဓိပ္ပာယ်ရှိတယ်။

စုရှန်းရှန်း သူတို့၏ ရွံရှာဖွယ် အပြုအမူကို ရှုံ့ချလေသည်။ “တော်လောက်ပြီ၊ ကြင်နာလွန်းတဲ့လူ ဖြစ်လို့ မဖြစ်ဘူး။ ကောင်းမွန်ရင် အနိုင်ကျင့်ခံရလိမ့်မယ်၊ တင်းတင်းမာမာပြုမူလိုက်တာနဲ့ လူတိုင်းက မင်းကို မြှောက်ပင့်ပေးလိမ့်မယ်”

“ငါ အခု သွားပြီနော်၊ အနာဂတ်မှာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်” ဟု စုရှန်းရှန်း က ပေါ့ပေါ့ပါးပါး ပြုံးပြခဲ့တယ်။ — ‘ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှာ ကမ္ဘာကြီးက အဆုံးသတ်တော့မှာ ဖြစ်လို့ သူတို့ တသက်လုံး ထာဝရစောင့်နိုင်မှာ မဟုတ်ဘူး’ ဟု တွေးမိသည်။

စုရှန်းရှန်း သည် အခန်းထဲမှ ထွက်သွားသည်။ အနောက်မှာနေခဲ့တဲ့လူက ရုပ်ဆိုးတဲ့အမူအရာရှိတဲ့ ချီချန်း ကို ကြည့်ပြီး ထူးဆန်းတဲ့အပြုံးတစ်ခုပေါ်လာတယ်။ “သခင်လေးချီ၊ မင်း မျက်နှာသာဆုံးရူံးသွားခဲ့ပြီ”ဟု လှောင်ပြောင်လေသည်။

"ဟုတ်တယ်၊ ငါ သာ စုမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်ခဲ့ရင် မင်းကို ကြိုက်မှာ မဟုတ်ဘူး”

ချီချန်း သည်းမခံနိုင်တော့။ သူ သည် သူ့လက်ထဲက ဝိုင်ခွက်ကို မြေပြင်ပေါ်ပစ်ချလိုက်ပြီး ပြောလိုက်သည်။ “ပါးစပ်ပိတ်ထားစမ်း”

လက်ရှိလူတွေ သူ့ကို မြှောက်ပင့်မပေးတော့ဘူး။ မြို့တော်B တွင် ပထမအဆင့်မိသားစုမှ ဖြစ်သော သခင်လေးလျို က လျှောက်လာပြီး ရယ်မောတယ်။ “မင်း က ရှင်သန်ဖို့အတွက် အမျိုးသမီးတွေအပေါ် အားကိုးတဲ့ သူရဲဘောကြောင်သူလေ။ စုရှန်းရှန်းသာ မရှိရင် မင်းကိုယ်မင်း ဘာထင်နေသလဲ? ငါ့လျိုမိသားစုက မင်းရဲ့ချီမိသားစု ကို လက်တစ်ဖက်တည်းနဲ့ ချေမှုန်းနိုင်တယ် မင်း ယုံလား?”

ချီချန်း သည် လက်သီးများကို ဆုပ်ထားသော်လည်း ခုခံရန် သတ္တိမရှိပေ။

သခင်လေးလျို က သူ့ကို အထင်မြင်သေးစွာ ကြည့်၍ ပြောလိုက်သည်။ “မစ်စု ဘာလို့ မင်းကို သဘောကျသလဲဆိုတာ ငါ တကယ် မသိဘူး။ အပေါ်ယံမှာ မင်းဟာ အထက်တန်းလွှာဆန်ပေမဲ့ ရာထူးတက်ဖို့ မိန်းမတစ်ယောက်ကို အသုံးချဖို့ ကြိုးစားနေတဲ့ကောင်ထက် မပိုဘူး”

"မင်း..” ချီချန်း ရုတ်တရက် ထရပ်ပြီး သခင်လေးလျို ကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။

နှစ်ဦးနှစ်ဖက် တိုက်ပွဲစတော့မည်ကို မြင်သောအခါ ပိုင်ရန် သည် ချီချန်းကို အလျင်အမြန်ဆွဲထုတ်၍ နားထဲသို့ တီးတိုးပြောလိုက်သည်။ “စုရှန်းရှန်းရဲ့အနောက်ကို လိုက်သွား ငါပဲ အပြစ်တင်ခံလိုက်မယ်”

ချီချန်း သည် သူ့ဆန့်ကျင်ဘက်က လူကြောင့် အနည်းဆုံး စိတ်ရူပ်သွားသည်။ ပိုင်ရန် က သူ့ကို ထွက်သွားဖို့ လမ်းစပေးလိုက်တာ မြင်တော့ သူက ခေါင်းညိတ်ပြီး ထွက်သွားတယ်။ သူထွက်သွားတော့ အခန်းထဲကလူတွေကို လှည့်ကြည့်ခဲ့တယ်။ သူ စုရန်ရန်ကို ပြန်ရအောင် လုပ်ပြီး သူတို့ကို ပြန်ပေးဆပ်စေရမယ်။

ပိုင်ရန် သူ့အနောက်ကနေ အပြေးလိုက်ချင်ပေမဲ့ လူအုပ်ကြီး က သူမကို တားခဲ့သည်။ သခင်လေးလျို က အဓိပ္ပာယ်ပါပါ ပြုံး၍ ပြောလိုက်သည်။ “ဒီည ငါတို့ကို တိုက်မယ်လို့ မင်းပြောခဲ့တာ မဟုတ်လား? ဒီလိုဆိုမှတော့ မပြန်ခင် ဘေလ်ရှင်းခဲ့”

ပိုင်ရန်၏အမူအရာမှာ ရပ်တန့်သွား၏။ သူမ သည် သာမန်မိသားစုမှ ဖြစ်ပြီး စုရှန်းရှန်းနှင့်ပတ်သက်သောကြောင့်သာ မြင့်မားသောလူ့အဖွဲ့အစည်းသို့ဝင်ရောက်ခွင့်ရခဲ့သည်။ ဘေလ်ရှင်းဖို့ သူမမှာ ဘယ်လိုလုပ် ပိုက်ဆံရှိမှာလဲ?

“စုရှန်းရှန်း ဘေလ်ရှင်းရမှာလေ…” ဟု သူမ ရှင်းပြလိုက်သည်။

“ဒါပေမယ့် သူမ က ထွက်သွားပြီ။ မင်းက သူမရဲ့အချစ်ဆုံးသူငယ်ချင်းလို့ အမြဲပြောနေတာမဟုတ်ဘူးလား။ သေချာတာကတော့ မင်းသူငယ်ချင်း ငွေရှင်းဖို့ ကူညီပေးတာက သိပ်တော့ မဟုတ်ဘူး။"

ပိုင်ရန် သည် နှလုံးသားနာကျင်သွားသည်ကို သည်းခံ၍ သူမရဲ့ တစ်ခုတည်းသော ဘဏ်ကတ်ကို ထုတ်ယူလိုက်သည်။ သူမ Branded လက်ကိုင်အိတ်ဝယ်ရန် ငွေကို အချိန်အတော်ကြာ စုဆောင်းခဲ့ရသည်။

ချီချန်းပြေးထွက်လာပြီး စုရှန်းရှန်းကို မြင်သောအခါ သူမအနောက်ကနေ အမြန်လိုက်ဖမ်းတယ်။ သူ ခြေ၂လှမ်း လှမ်းရုံရှိသေး တစ်ယောက်ယောက်က အိတ်တစ်လုံးကို သူ့ခေါင်းကို စွပ်ကာ လမ်းကြားထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ အပြင်းအထန် ထိုးလိုက်၊ ကန်လိုက်လုပ်ပြီးနောက် ကုကျောင်း သည် ဝက်သေကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချီချန်းကို ထပ်ကန်ပြန်သည်။ “မင်း က တကယ်ပဲ ဘော့စ်ကုရဲ့မိန်းမကို လုယူရဲတဲ့ အမှိုက်တစ်စသာသာပဲ”

စုရှန်းရှန်း ကို သူ မကြိုက်သော်လည်း ‌ဘော့စ်ကု လိုချင်သော အမျိုးသမီးကို မည်သူမှ လုယူခွင့် မပြုပေ။

စုရှန်းရှန်း သည် တက္ကစီစီးပြီး ဗီလာကို ပြန်သွားခဲ့သည်။ ကောင်းကင်ရှိ လဟာ အနီရောင်ပြောင်းနေပြီ ဖြစ်သည်။ ဤထူးဆန်းသော နီရဲခြင်း သည် ထူးဆန်းသော ရောင်ဝါကို ပေါ်လွင်စေ၏။ လပတ်ပတ်လည်ရှိ ကြယ်များသည် ယခင်ကထက်ပင် ပိုမိုတောက်ပလာခဲ့သည်။ သို့သော် ကြယ်တွေဟာ လှပသည့် ခံစားချက်ကို လူတွေ မခံစားရစေပေ။ ထို့အစား ကြယ်တွေက လူတွေကို စောင့်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment