Chapter 12: စွမ်းအားအမျိုးအစားများ
စုရှန်းရှန်း သည် သူမကိုယ်သူမ သပ်သပ်ရပ်ရပ်ဝတ်စားပြီးနောက် မနေ့က သိမ်းထားသော နွေဦးစမ်းရေကို လောင်းထည့်၍ ထွက်လာခဲ့သည်။ ကုကျောင်း ရှေ့မှာ ဒီစွမ်းရည်တွေကို အသုံးချဖို့ သူမ လုံးဝမစိုးရိမ်ဘူး။ ဒီကမ္ဘာမှာ သူမယုံကြည်ရဆုံးသူတွေကတော့ ကုကျင်းချန်း နှင့် ကုကျောင်း ဖြစ်သည်။ ကုကျောင်း က သူမကို အမြဲကာကွယ်ပေးခဲ့သည်။ အရင်ဘဝတုန်းကတော့ သူဘယ်တုန်းကမှ သူမကို မစွန့်ပစ်ခဲ့ဘူး။ ကုကျင်းချန်း ကို ရှာတွေ့နိုင်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိပေမယ့် ကုကျောင်းကတော့ သူမကို ကောင်းကောင်းကာကွယ်ပေးခဲ့တယ်။
ထို့ကြောင့် ဒီဘဝမှာ သူမဟာ ကုကျောင်းကို အတွင်းစည်းထဲ ထည့်သွင်းထားတယ်။
ကုကျောင်း သည် ဧည့်ခန်းထဲသို့ လှမ်းဝင်ကာ ဆိုဖာပေါ်ထိုင်၍ အတွေးပျက်နေလေသည်။
စုရှန်းရှန်း အားနာမနေပါ။ သူမ သူ့ဘေးတွင်ထိုင်ချ၍ ပြောလိုက်သည်။ “နင် အခု ငါ ပြောနေတာတွေ ယုံသင့်ပြီနော်၊ ဒီကမ္ဘာက အရင်ကမ္ဘာနဲ့မတူတော့ဘူး။”
ကုကျောင်း သည် မတ်တပ်ထရပ်ပြီး သူလုပ်နေကျအတိုင်း သူမအနောက်မှာ ရပ်နေလိုက်သည်။ “ဟုတ်ပြီ။ မင်းမှာ အစီအစဥ်ရှိလား?”
သူ သည် သူမ ဘယ်လိုသိနေသလဲကို မမေးခဲ့။ သူ့သခင်မရဲ့လျှို့ဝှက်ချက်ကို သူ ခိုးယူမှာ မဟုတ်ဘူး။
“ကုကျောင်း၊ နင် ငါ့ကို သခင်မတစ်ယောက်လို မဆက်ဆံနဲ့တော့၊ သာမန်ပဲ ဆက်ဆံ၊ ထိုင်ပါဦး”
ကုကျောင်း သည် သူမနှင့် အဝေးဆုံးတွင် ထိုင်ရန် မရွေးချယ်မီ ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။
စုရှန်းရှန်း ဟာ ဤလုပ်ရပ် က လုံလောက်ကောင်းမွန်သည်ကို လက်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။ သူမလက်ထဲတွင် ပေါင်မုန့်တစ်တုံး ပေါ်လာပြီး အခြားလက်တစ်ဖက်တွင် ရေခဲမုန့်တစ်ခု ပေါ်လာသည်။ “အခု ကမ္ဘာပေါ်မှာ ဇွန်ဘီတွေ အများကြီးရှိတယ်၊ အနာဂတ်မှာ တိရစ္ဆာန်တွေလည်း ပြောင်းလဲလာလိမ့်မယ်၊ ကုန်းမြေနဲ့ရေအရင်းအမြစ်တွေ အားလုံး ညစ်ညမ်းသွားမှာ ဆိုပေမဲ့ လူသားတွေ အနိုင်ယူဖို့ အခွင့်အရေးမရှိတာတော့ မဟုတ်ဘူး။ အသက်ရှင်ကျန်သူကြားထဲမှာ အသွင်ပြောင်းတချို့ ပေါ်လာလိမ့်မယ်”
ကုကျောင်း သည် ဂရုတစိုက် နားထောင်သည်။ သဘာဝလွန်စွမ်းအားတွေအကြောင်း သူမ ပြောနေတာကို ကြားတော့ သူ့လက်ဖဝါးကို အပေါ်သို့ လှန်လိုက်ရာ လေပွေလေးတစ်ခု လှည့်ပတ်သွားတယ်။ ၎င်းသည် သေးငယ်ပြီး လက်ချောင်းအရွယ်အစားမျှသာ ဖြစ်သော်လည်း လျင်မြန်စွာ ဝေ့ဝဲနေသော လေကြောင့် ပျက်စီးစေမည့် အလားအလာရှိကြောင်း လူတစ်ဦးမှ ပြောပြနိုင်သည်။
စုရှန်းရှန်း က ပြုံးပြီးပြောတယ်။ “ဟုတ်တယ်၊ အဲဒီစွမ်းအားမျိုး၊ နင့်မှာ လေအမျိုးအစားစွမ်းအား ရှိပြီး င့ါဆီမှာ ရေခဲအမျိုးအစားစွမ်းအား ရှိတယ်၊ စွမ်းအားတွေကို ပိုင်းခြားရင် သာမန်စွမ်းအားတွေကတော့ - —လေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ အထူးစွမ်းအားကတော့ ရေခဲ၊ နေရာလွတ်၊ လျှပ်စီးကြောင်းနှင့် စိတ်စွမ်းအား ၊ စွမ်းအားကို အဆင့်၁ မှ ၉ အထိ ခွဲခြားထားတယ်၊ အဲဒီအပေါ်မှာ တခြားအဆင့်တွေ ရှိလားတော့ ငါ လည်း မသိဘူး။ ဟုတ်တယ်၊ ဇွန်ဘီတွေကိုလည်း အဆင့်ခွဲထားတယ်”
စုရှန်းရှန်း၏လည်ချောင်း ခြောက်သွေ့သွားသလို ခံစားလိုက်ရသည်။ သူမ ရေတငုံသောက်၍ ဆက်ပြောပြသည်။ “ဇွန်ဘီတွေကို အဆင့် ၁ ကနေ အဆင့် ၉ အထိ ခွဲခြားထားတယ်၊ အဆင့်မြင့်ဇွန်ဘီတွေဟာ အဆင့်နိမ့်ဇွန်ဘီတွေကို အမိန့်ပေးနိုင်တယ်၊ ယခုဇွန်ဘီတွေဟာ အဆင့်နိမ့်ဇွန်ဘီတွေဖြစ်လို့ အဆင့်၀၊ ဇွန်ဘီ တွေဖြစ်တယ်၊ ရက်အနည်းငယ်အတွင်း ပထမဆုံး အက်ဆစ်မိုးရွာချလိမ့်မယ်၊ အက်စစ်မိုးရွာပြီးရင် သူတို့ အဆင့်တက်လာလိမ့်မယ်။”
ကုကျောင်း က မျက်မှောင်ကြုံ့၍ မေးလိုက်သည်။ "အက်ဆစ်မိုး?"
စုရှန်းရှန်း သည် လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကမ္ဘာပျက်ပြီးနောက် မိုးဟာ အက်ဆစ်မိုးအဖြစ် ပြောင်းလဲသွားလိမ့်မယ်၊ လူသားများအတွက်သေစေပေမဲ့ ဇွန်ဘီတွေအတွက် အလွန်အာဟာရဖြစ်လို့ အက်ဆစ်မိုးရွာတဲ့အခါတိုင်း၊ သူတို့ဟာ ပြောင်းလဲလာလိမ့်မယ်။ အဆင့်၁ ကို ပြောင်းလဲပြီးရင် ဦးခေါင်းအနောက်မှာ ခရစ်တယ် လို့ခေါ်တဲ့ အရာတစ်ခု ထွက်လာလိမ့်မယ်၊ အဲကျောက်တုံး က ငါတို့ရဲ့စွမ်းအားကို အဆင့်မြှင့်တင်ရာမှာ ကူညီပေးနိုင်တယ်”
ကုကျောင်း အနည်းငယ် ချီတုံချတုံ ဖြစ်နေ၏။ စုရှန်းရှန်း၏ ကမ္ဘာပျက်ကပ်အပေါ် နားလည်မှုသည် အလွန်အသေးစိတ်ကျသည်။
စုရှန်းရှန်း သည် မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။ “ဒီအပေါ်မှာ အကြောင်းပြချက် တစ်ခု ရှိပေမဲ့ ကျွန်မ မပြောပြနိုင်ဘူး။ ဒါက ငါတို့ကို ကမ္ဘာပျက်ခေတ်မှာ ရှင်သန်နိုင်ဖို့ ကူညီပေးနိုင်တယ်ဆိုတာ သိဖို့ပဲ လိုတယ်”
ကုကျောင်း သည် နားလည်မှုဖြင့် ခေါင်းညိတ်လိုက်ပြီး ဆက်မမေးတော့ချေ။ “ဒါဆို ဘော့စ်ကုကို သွားရှာကြအောင်၊ သူ မြို့တော်A မှာ ရှိသင့်တယ်”
စုရှန်းရှန်း က စိတ်မသက်မသာနဲ့ ခေါင်းညိတ်လိုက်တယ်။ "ဒါပေမယ့် သူပြန်လာမှာကို ကျွန်မ စိုးရိမ်တယ်"
ကုကျောင်း သည် စုရှန်းရှန်းအပေါ် ဘော့စ်ဌကု၏ ရဲ့ ခံစားချက်အပေါ် အခြေခံပြီး ဒါဟာ ဖြစ်နိုင်ချေ အရမ်းများတယ်လို့ ခံစားမိတယ်။
စုရှန်းရှန်း သည် စားပွဲပေါ်မှ ရေတစ်ခွက်ကို ကမ်းပေးကာ ပြောလိုက်သည်။ “အလျင်မလိုပါဘူး။ ဒါကို အရင်သောက်၊ ဒါက နင့်စွမ်းအားက ကောင်းတယ်”
ကုကျောင်း သည် ဘာလဲဆိုတာ မမေးပဲ ခေါင်းမော့၍ သောက်လိုက်သည်။ သူ့ဗိုက်ထဲကို ရေတွေဝင်လာတာနဲ့ တပြိုင်နက် သူ့ခန္ဓာကိုယ်ထဲမှာ ပူနွေးတဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရတယ်။ သူ့လက်ဖဝါးမှာလည်း အနည်းငယ်ပူလ၏။ သူ့လက်ဖဝါးကို အလိုလို လှုပ်လိုက်ပြီး လေပွေတစ်ခု ပေါ်လာသည်။ ယခင်လေပွေသည် လက်ချောင်းကဲ့သို့ ထူပါက၊ ယင်းမှာ ယခုထက် နှစ်ဆပိုကြီးသည်။
သူတို့ နှစ်ယောက်စလုံး ဝမ်းသာသွားကြသည်။ ကုကျောင်း သည် သူ့ခံစားချက်ကို မပြောနိုင်ခင်မှာ လဲကျသွားတော့တယ်။
စုရှန်းရှန်း လည်း လန့်ဖျပ်သွားပြီး သူမလည်း အလားတူဖြစ်ခဲ့သည်ကို သတိရလိုက်တဲ့အခါ စိတ်သက်သာရာ ရသွားတယ်။ သို့သော် သူမ သူ့ကို ဆိုဖာပေါ် တင်သည်မှာ မသင့်တော်ချေ။ စုရှန်းရှန်း သည် ခဏလောက် စဉ်းစား၍ သက်ပြင်းချလိုက်တော့သည်။ သူမ သည် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆွဲကိုင်ကာ အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
“ဟူး..ဟူး..” သူ့ကို ခက်ခက်ခဲခဲ အခန်းထဲ ဆွဲခေါ်သွားပြီးနောက် စုရှန်းရှန်း သည် သူ့ကို ကြမ်းပြင်ပေါ်မှ ချထားလိုက်ပြီး အသက်ဝဝရူသွင်းလိုက်သည်။
“ကုကျောင်းက သိပ်မဝဘူး။ ဘာလို့ ဒီလောက်လေးနေတာလဲဟ” ဟု သူမ ရေရွတ်လိုက်သည်။
‘ကြည့်ရတာ ငါ့ရဲ့ခံနိုင်ရည်က အရမ်းအားနည်းလွန်းလို့နေမယ်။ အတိတ်ဘဝတုန်းက ငါ မိုင်၁၀၀ကျော်လောက် ဆွဲခေါ်ခြင်းခံခဲ့ရတယ်၊ ကြည့်ရတာ ငါ လေ့ကျင့်ဖို့ လိုအပ်ပုံပဲ’