no
Novel
Villain Emperor's Survival Strategy
Description ဝမ်းတွင်းမဲ အလှလေးGong ×မာနကြီးပြီး ဖျားယောင်းသွေးဆောင်တတ်တဲ့ ဧကရာဇ် Shou လီချင်းယွင်သည် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော ဧကရာဇ်တစ်ပါးဟု ယုံးတိုင်းပြည်တွင် နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။ သူ ရေထဲပြုတ်ကျပြီး ပြန်နိုးလာတဲ့နောက်မှာတော့ သူက ကျော်ကြားတဲ့ သန်းမိန် ဝတ္ထုတစ်ပုဒ်ရဲ့ အကျင့် မကောင်းဘဲ ရက်စက်ကြမ်းကြုတ်တတ်တဲ့ ဆန်ကုန်မြေလေး ဗီလိန်ဘုရင် ကုန်း တစ်ယောက် ဖြစ်နေတာကို သိလိုက်ရသည်။ ဇာတ်ကြောင်းထဲတွင် သူက အဓိကဇာတ်လိုက်၏ အချစ်ကိုရယူဖို့အတွက် ဇာတ်လိုက်ကို အနောက်ဆောင်တွင် သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် အကျဉ်းချ ထားကာ ဇာတ်လိုက်၏ မာနအား ချိုးနှိမ်ခြင်း၊ ဇာတ်လိုက်၏တိုင်းပြည်ကို ဖျက်ဆီးခြင်း စသည့်နည်းလမ်းမျိုးစုံကို ပြုလုပ်ခဲ့သည်။ အဆုံးမှာတော့ ကျော်ကြားလှတဲ့ အဓိကဇာတ်လိုက်ရှို့ ဟာ သူ့ကိုစွဲလမ်းနေသော အခြားဆန်ကုန်မြေလေးကုန်းတစ်သိုက်နှင့် ပူးပေါင်းကာ လီချင်းယွင်ကို အကျဉ်းထောင်ထဲ၌ နှိပ်စက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့လေသည်။ လီချင်းယွင်၏ တိုင်းပြည်ဟာ ပျက်ဆီးသွားပြီး သူ့မိသားစုသည်လည်း အသတ်ခံခဲ့ရကာ သူသည်လည်း မျက်လုံးပင် မမှိတ်နိုင်ဘဲ သေပွဲဝင်ခဲ့ရလေ၏။ လီချင်းယွင်က သူကိုယ်တိုင် တိုင်းပြည်ကိုဖျက်ဆီးပြီး နှင်းတောထဲတွင် ဒူးထောက်ရန် သူ အပြစ်ပေးထားသော ဇာတ်လိုက်တဖြစ်လဲ သူကူးလီကိုကြည့်ကာ လေးလေးနက်နက်စဉ်းစားလိုက်သည်။ သူက သူ့နည်းလမ်းတွေကို ပြောင်းလဲဖို့ တွေးလိုက်ပြီး သူကူးလီကိုဂရုစိုက်မယ်၊ သူကူးလီကို နွေးထွေးမှုတွေပေးမယ်၊ပြီးတော့ သူ့အပေါ်ထားတဲ့ သူကူးလီရဲ့ အမုန်းတွေပြောင်းလဲသွားအောင်လုပ်မယ်ဟု ဆုံးဖြတ်ခဲ့သည်။အဆုံးမှာ သူက အလှလေးကို ပြန်လည်ရရှိပြီး အောင်မြင်လိမ့်မည်ဖြစ်သည်။ "အားလီ ကိုယ်တော် မင်းမလုပ်ချင်တဲ့အရာတွေကို လုပ်ဖို့ ထပ်ပြီးတွန်းအားပေးတော့မှာမဟုတ်ပါဘူး... ကိုယ်တော့်ကို ပြုံးပြပါဦး" "အားလီ ကိုယ်တော် မင်းကို တတ်နိုင်သလောက် လွတ်လပ်ခွင့်ပေးမယ်လေ မင်းပျော်ရဲ့လား" ""အားလီ မင်းကို ကိုယ်တော့်ရဲ့ မိဖုရားဖြစ်စေချင်တယ်..မင်းကို နမ်းချင်တယ် ၊ပွေ့ဖက်ချင်တယ်၊တစ်ချိန်လုံး အလိုလိုက်ထား ချင်တယ်" လီချင်းယွင်က အလှတရားကြောင့် မျက်ကန်းဖြစ်သွားသောအာဏာရှင်တစ်ယောက်လိုပင်။ သူက အရာအားလုံးကို ပြန်လည်ပြင်ဆင်နိုင်ပြီး ပြီးပြည့်စုံတဲ့ gongတစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်နေခဲ့မိ၏။ သို့သော်လည်း အဓိကဇာတ်လိုက်ကတော့ သူကို နှစ်သက်မှုကင်းမဲ့နေဆဲဖြစ်ပြီး သူကို အေးတိအေးစက် မျက်ဝန်းများဖြင့်သာ ပြန် တုံ့ပြန်ခဲ့သည်။ ခံစားချက်တစ်စွန်းတစ်စမှ မပေါ်လွင်တဲ့ အေးတိအေးစက် မျက်ဝန်းသေတွေဟာ ဘယ်တော့မှ ပြန်နွေးထွေးမလာ နိုင်တော့ပါဘူး။ နောက်ဆုံးမှာတော့ လီချင်းယွင်က သူကူးလီကို လွတ်လပ်ခွင့်ပေးလိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ထွက်သွားခွင့်ပြုလိုက် သည်။ ဒါပေမယ့် ဇာတ်လိုက်ဖြစ်တဲ့ သူကူးလီနဲ့ အမြှောက်စာဇာတ်ကောင် ကုန်းတွေရဲ့ လီချင်းယွင်ကို ကြည့်တဲ့အကြည့် တွေက တဖြည်းဖြည်း မှားယွင်းလာသလိုပဲ... အာဏာကို ဆုံးရှုံးလိုက်ရသည့် လီချင်းယွင်မှာ သူကိုယ်တိုင်ရော ထီးနန်းပါ ရွှဲ့ဗွက်အိုင်ထဲသို့ လွင့်စင်ကျခဲ့ရ၏။ ထိုကဲ့သို့ သူ့အာဏာတွေ ဆုံးရှုံးပြီးနောက်မှာတော့ သူ့အပေါ်ဆက်ဆံတဲ့ သူကူးလီ ရဲ့ အပြုအမူတွေဟာလည်း ပြောင်းလဲ လာခဲ့သည်။ သူကူးလီက လီချင်းယွင်၏ ကျောက်စိမ်းသဖွယ် ခြေဖဝါးလေးအား သူ့ရဲ့အဖြူရောင်ဝတ်ရုံပေါ်တင်လိုက်ရင်း ချစ်ခင်စွာဖြင့်နှိပ်နယ်ပေးလိုက်သည်။ သူက ပြုံးလိုက်ပြီး "အားယွင်ရဲ့ ကျောက်စိမ်းနဲ့တူတဲ့ခြေထောက်လေးတွေက တကယ်လှတာပဲ ...ခြူခေါင်းလောင်းလုံးလေးသာ ဝတ်လိုက်ရင် ပိုပြီးတောင် လှသွားမှာ .. " လီချင်းယွင် :... အဓိကဇာတ်လိုက်ရေ မင်းရဲ့ ဇာတ်ကောင် စရိုက်က လုံးဝပျက်ဆီးသွားပြီဆိုတာ သိရဲ့လား ... သူကူးလီက ကိုးပြည်ထောင်(ကျိုကျုံး)တွင် နာမည်ကြီးလှပြီး လောကတွင်အလှဆုံး ဟုတင်စားကြတဲ့ အလှလေးတစ်ယောက်ဖြစ်သည်။ သူ၏ စာပေအရည်အချင်းက တုနှိုင်းမရနိုင်သလို သူ့အလှသည်လည်း ပြိုင်ဘက်ကင်းပြီး ဉာဏ်ပညာမှာလည်း လောကကြီးကို အုပ်စိုးနိုင်သည်အထိပင်။ သူက ယောက်ျားလေးတွေကို မကြိုက်သလို ဝတ်ရုံလက်ပြတ်လည်းမဟုတ်သော်လည်း ယုံးတိုင်းပြည်ဘုရင်ရဲ့ မတရားသိမ်းပိုက်ခံ ရကာ ကိုယ်လုပ်တော်အဖြစ်ပါ တင်မြှောက်ခံခဲ့ရပြီး လူတွေကို အလှအပနဲ့ ဖျော်ဖြေပေးရတဲ့ ဘုရင့်အစေခံတစ်ယောက်လို ဖြစ်လာ ခဲ့ရ၏။သူကလီချင်းယွင်ကိုမုန်းတီးခဲ့မိသည်။ ထိုသူ့ကို ကလဲ့စားချေရန်အတွက် ထိုသူအုပ်ချုပ်တဲ့တိုင်းပြည်ကို ဖျက်ဆီးပစ်ဖို့ရာ အစီအစဉ်များကို နောက်ကွယ်ကနေ လုပ်ဆောင်ခဲ့သည်။ သူက လီချင်းယွင်ကို သတ်ရန် အဆိပ်ခတ်ခဲ့ပြီး သူ့ကို ရာဇပုလ္လင်၏ ထိပ်ဆုံးဆီမှ ရွှဲ့ဗွက်အိုင်ထဲသို့ရောက်အောင် ဆွဲချခဲ့သည်။ သူ့အကြံအစည်တွေ အထမြောက် အောင်မြင်လာခါနီးမှာပဲ သူဟာ သူမသိလိုက်ခင်မှာပဲ ထိုသူ့အား ချစ်မိနေနှင့်ခဲ့ပြီးဖြစ်၏။ လီချင်းယွင်ကို သူ ဘယ်အချိန်က စတင်ချစ်မိသွားမှန်း သူကိုယ်တိုင်တောင် မသိခဲ့ရပါပေ။ ဤသို့ဖြင့် အမြဲ အေးတိအေးစက်နှင့် မောက်မာခဲ့သော အဓိကဇာတ်လိုက်ရှို့ သည် ဇနီးလေး နောက်ကို သေတစ်ဖန်သက် တစ်ဆုံးလိုက်ပိုးပန်းရန်အတွက် ခရီးရှည်ကြီးကိုစတင်ခဲ့တော့သည်။ သူက လီချင်းယွင်ကို သူ့အပိုင်အဖြစ် မှတ်ယူခဲ့သည်။ "အားယွင် နောက်တစ်ခါနန်းတက်တဲ့အခါကျရင် မင်းက ဧကရာဇ်လုပ်..ကိုယ်က ဧကရီလုပ်မယ်.." "ဒီဘဝမှာ ကိုယ်တစ်ယောက်တည်းကိုသာ မင်းရဲ့လူအဖြစ်ထားခွင့်ရှိမယ် ..ဘယ်တော့မှ ကိုယ့်ကိုထားသွားခွင့်မပြုဘူး.." မာနကြီးပြီး မြင့်မြတ်လှတဲ့ ဖီးနစ်ပုံစံမျက်ဝန်းတွေဟာ သူ့ကိုကြည့်ရင်း နီရဲလာခဲ့ပြီး နောက်ဆုံးတွင်တော့ မျက်ရည်များကျဆင်းလာတော့၏။ ___
Chapter21
duguliandliqingyun
1
Chapter22
duguliandliqingyun
1
Chapter23
duguliandliqingyun
1
Chapter24
duguliandliqingyun
1
Chapter25
duguliandliqingyun
1
Chapter26
duguliandliqingyun
1
Chapter27
duguliandliqingyun
1
Chapter28
duguliandliqingyun
1
Chapter29
duguliandliqingyun
1
Chapter30
duguliandliqingyun
1
Chapter31
duguliandliqingyun
1
Chapter32
duguliandliqingyun
1
Chapter33
duguliandliqingyun
1
Chapter34
duguliandliqingyun
1
Chapter35
duguliandliqingyun
1
Chapter36
duguliandliqingyun
1
Chapter37
duguliandliqingyun
1
Chapter38
duguliandliqingyun
1
Chapter39
duguliandliqingyun
1
Chapter40
duguliandliqingyun
1