အခန်း(၆)အရှက်ရမှု
ချန်မော့မှာ နန်းဆောင်အပြင်ကိုဆွဲထုတ်ခံလိုက်ရကာ ပျဥ်ပြားနှင့်အချက်၅၀အရိုက်ခံလိုက်ရပြီး နာကျင်နေသော အသံစူးစူးမှာ ခန်းမထဲအထိဝင်ရောက်လာသည်။
ခန်းမထဲရှိလူနှစ်ယောက်မှာတည်ငြိမ်အေးဆေးလျက်ပင်။
"အရှင်မင်းကြီးအခုမှသက်သာလာတာကိုဆေးမှန်မှန်သောက်ရမယ်လေ"
သူကူးလီကနန်းတွင်းအစေခံမိန်းမပျိုလေးကိုဆေးရည်ယူလာဖို့အမိန့်ပေးလိုက်သည်။
လီချင်းယွင် ဆေးကိုမြင်တိုင်း ဒါကသူ့ကိုအထူးကမ်းပေးလာတဲ့အဆိပ်လားသိချင်မိသည်။
သူကူးလီက ဆေးမည်းရည်ပျစ်ပျစ်ကို ကျောက်စိမ်းဇွန်းနှင့်ဖြည်းဖြည်းချင်းမွှေကာ လီချင်းယွင်ရှေ့မှာဝင်ထိုင်ပြီးသူ၏သွယ်လျလှပသောလက်များနှင့် ဇွန်းကိုကိုင်ကာ လီချင်းယွင်၏ပါးစပ်နားတေ့ပေးလိုက်သည်။
လီချင်းယွင်သူ့ကိုသင်္ကာမကင်းကြည့်လိုက်မိသည်။
"ဒီဆေးက..."
"ကျွန်တော်အဆိပ်ခပ်ထားမယ်လို့ အရှင်မင်းကြီးကသံသယဝင်နေတာလား။"
သူကူးလီကမထူးခြားမခြားနားပြန်မေးသည်။
"မဟုတ်ပါဘူး"
လီချင်းယွင်ဆေးမည်းပန်းကန်လုံးကိုတစ်ချက်ကြည့်လိုက်မိသည်။ သူ ငယ်ငယ်ကတည်းက ဆေးသောက်ရတာမုန်းပြီး ၎င်းမှာအလွန်ခါးသည်ဟုထင်မိသည်။ အကြိမ်တိုင်း သူ့မယ်တော်က သူ့ကိုသကြားလုံးကျွေးပြီးမှ သူ့ကိုဆေးသောက်ဖို့ချော့လာဖို့လိုအပ်သည်။
မူရင်းဝတ္ထုထဲမှာ သူ့ခန္ဓာကိုယ်ကိုအားနည်းသထက်အားနည်းလာစေသည့် ဆေးကို ဖော်စပ်ခဲ့သူမှာစုယွီဖြစ်သည်။ သူကူးလီဘယ်အခန်းကဏ္ဍမှာပါဝင်လဲ၊ သူဘယ်လောက်ပါဝင်ခဲ့သလဲဆိုတာကိုတော့ မူရင်းစာအုပ်ထဲမှာသိပ်မဖော်ပြထားပေ။
ညှို့အားပြင်းကာဆွဲဆောင်မှုရှိသည့် အဓိကဇာတ်ဆောင်ကိုဗဟိုထားလည်ပတ်နေသည့် ဒီဝတ္ထုလောကထဲမှာအဓိကဇာတ်ဆောင်ကတော့လှပနေဖို့သာလိုအပ်သည်လေ။
လီချင်းယွင်အတွေးများရှုပ်ယှက်ခတ်နေစဥ်တွင် သူကူးလီကဇွန်းကို သူ့ပါးစပ်ထဲတေ့လာပြီး လီချင်းယွင်၏မသိမသာအံ့အားသင့်သောအကြည့်အောက်မှာ သူကလီချင်းယွင်၏ပါးစပ်ထဲသို့ ခွံ့တိုက်လာသည်။
ဆေးက သူ့ပါးစပ်ထောင့်မှတဆင့် တဖြည်းဖြည်းချင်းစီးကျလာသည်။
သူကူးလီက လီချင်းယွင်၏ ပါးစပ်ထောင့်မှဆေးကိုသုတ်ကာခပ်ပေါ့ပေါ့ဆိုလေသည်။
"ကျွန်တော်အရှင်မင်းကြီးအတွက် အဆိပ်ရှိမရှိစမ်းကြည့်ပြီးသားပါ"
လီချင်းယွင်၏ ပါးများမသိမသာရဲသွားကာ သူ့ပါးစပ်ထောင့်ကိုအလိုလိုလျက်လိုက်မိသည်။ သူ့လျှာမှာနီရဲကာ နူးညံ့ပျော့ပြောင်းပြီး သူ့လှုပ်ရှားမှုမှာဖော်ပြမရအောင် သွေးဆောင်ဖြားယောင်းလို့နေသည်။
သူကူးလီ၏မျက်ဝန်းမှာ သူ့နှုတ်ခမ်းနှင့်လျှာကိုအလိုလိုကြည့်နေမိပြီး ထူးဆန်းသောခံစားချက်က သူ့ရင်ထဲမှာမြင့်တက်လာသည်။ သူမျက်မှောင်အသာကြုတ်ကာ ပြောလိုက်မိသည်။
"ဆိုတော့အရှင်မင်းကြီးက ဒီလိုခွံ့တိုက်တာကို သဘောကျတာလား။"
"မင်းကယောကျ်ားတွေနဲ့အနီးကပ်နေရတာမကြိုက်ဘူးမလား"
လီချင်းယွင်က လျှာကိုပြန်ရုတ်လိုက်သည်။
သူကူးလီ တန့်သွားကာဆိုမိသည်။
"ရွှယ်တိုင်းပြည်က အရှင်မင်းကြီးလက်ထဲရောက်နေပြီးသားပါ"
သူက ပင့်သက်ရှိုက်ဖွယ်ကောင်းအောင် လှပသော သူ၏ ကြည်လင်လှပသော မျက်ဝန်းတစ်စုံကိုပင့်လိုက်သည်။
"ရွှယ်တိုင်းပြည်က လူတစ်သိန်းနီးပါးရဲ့အသက်တွေကအရှင်မင်းကြီးလက်ထဲမှာရှိနေတာ။ ကျွန်တော်က မိုက်မဲရင်တောင် သူတို့အသက်ရှင်ဖို့ အရှင်မင်းကြီးကို စိတ်ကျေနပ်အောင် ၊ပျော်ရွှင်အောင်လုပ်ပေးဖို့ကိုတော့ သိပါသေးတယ်။"
"ဆိုတော့ မင်းက နှင်းတိုင်းပြည်အကျဥ်းသားတွေအတွက်တောင်းဆိုပေးနေတာပေါ့?"
လီချင်းယွင်ကရယ်မောလိုက်သည်။ သူ သူ့ရှေ့တည့်တည့်ကမျက်နှာကိုစိုက်ကြည့်ကာ မနေနိုင်ဘဲသက်ပြင်းချလိုက်မိသည်။ ယောကျ်ားတစ်ယောက်က ဒီလိုမျိုးတုနှိုင်းမဲ့အလှတရားကိုပိုင်ဆိုင်ထားတာက ကောင်းချီးလားကျိန်စာလားဆိုတာကို သူမသိတော့။
"ဟုတ်ပါတယ်"
သူကူးလီက လီချင်းယွင်ကို ဆေးနည်းနည်းချင်းစီတိုက်လိုက်သည်။ လီချင်းယွင်က အဆိပ်ပါသည့် ဆေးကိုသောက်နေတာကိုမြင်တော့ သူ စိတ်ကျေနပ်သောအပြုံးတစ်ပွင့်ဖော်ပြမိသည်။
ဒီအဆိပ်မှာ တော်ဝင်သမားတော်စုယွီဖော်စပ်ခဲ့ခြင်း။ တစ်ငုံနှစ်ငုံသောက်တာက ဘာမှမထိခိုက်စေပေမဲ့ အကြာကြီးသောက်သုံးတာက လူတစ်ယောက်၏ကိုယ်တွင်းအင်္ဂါကို အတွင်းမှအပြင်ထိဆုတ်ယုတ်စေပြီး ကျန်းမာသောလူတစ်ယောက်ကို တဖြည်းဖြည်းချင်းအားနည်းကာ နာမကျန်းဖြစ်လာစေပြီး နောက်ဆုံးမှာခန္ဓာကိုယ်က အားနည်းသထက်အားနည်းလာပြီး ထိုလူမှာမသေမချင်း လေတိုက်တာနှင့်ဖျားလိမ့်မည်ပင်။
"အရှင်မင်းကြီး မနက်ဖြန်မနက် တရားရုံးတက်ရမှာမို့လား.. မှူးမတ်တွေကဒီကိစ္စဆွေးနွေးမယ်လို့ထင်တယ်။ ဆိုတော့အရှင်မင်းကြီးလုပ်ဖို့လိုတာက-"
"အားလီ"
ဆေးသောက်ပြီးနောက် လီချင်းယွင်က သူ့ကိုအနီးကပ်စိုက်ကြည့်လိုက်သည်။
"မောင်းမဆောင်က တိုင်းပြည်ရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး။"
သူသတိထားရမဲ့ကိစ္စတချို့ရှိတယ်..
သူကူးလီ၏ ကြည်လင်လှပသော မျက်ဝန်းထဲတွင် မမြင်ရသောအေးစက်မှုတစ်ခုရှိလို့နေသည်။
ဟုတ်တယ်..လီချင်းယွင်ရဲ့မောင်းမဆောင်..ရှင်ဘုရင်ကိုအလှတရားနဲ့ခစားရတဲ့ လီချင်းယွင်ရဲ့အချစ်တော်နဲ့ကစားစရာတွေ။ သူက ဒီအနိုင်ကျင့်ခံရတဲ့ လူတွေနဲ့ အတူနေပြီးတော့ လီချင်းယွင်နဲ့အတူရှိရတဲ့ အချိန်တိုင်းကိုတောင့်ခံရနေရတဲ့အပြင် ယောကျ်ားတွေအပေါ် လီချင်းယွင်ရဲ့စက်ဆုပ်ရွံရှာဖို့ကောင်းပြီး နှာဘူးကျတဲ့အကြိုက်ကိုပါသည်းခံနေရတာက သူ့ကိုတော်တော်လေးရွံရှာစေတယ်..
လီချင်းယွင်လုပ်ချင်တာက သူ့ကိုယောကျ်ားတစ်ယောက်ဆီနာခံပြီးတော့ သူပေးတဲ့သာယာမှုကိုနှစ်သက်ဖို့ပဲ..
သူကူးလီမှာ ယောကျ်ားတွေကိုသွားရည်ကျစေတဲ့ သူ့အလှတရားကြောင့်မကြာခဏ ဒီဒုက္ခကိုတွေ့ရသည်။
ဒါပေမဲ့ ယောကျ်ားတစ်ယောက်က ဖြောင့်မတ်မှန်ကန်ပြီးသူ့တိုင်းပြည်ကို ခုခံကာကွယ်သင့်သည်..ပြီးတော့ သူကအဆင့်မြင့်အရာရှိတွေ ကစားတာခံရကာ သူတို့အလှတရားကိုသုံးပြီးတော့ သူများကိုကျေနပ်အောင်ခစားနေရတဲ့ အဲ့အမျိုးသားကိုယ်လုပ်တော်တွေထဲက တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ သူ ယုံကြည်သည်။
သူ မင်းသားနဲ့မျိုးရိုးမြင့်ဆီတွေဆီက ဖိချကစားတာခံရပြီးတော့ မောဟိုက်နေတဲ့ အဲ့လှပတဲ့အမျိုးသားငယ်လေးတွေကိုသူမြင်ဖူးသည်။ သို့သော်လည်း သူကူးလီမှာတော့ သူတို့ကရွှံ့ဗွက်ထဲပြုတ်ကျပြီး အခြားသူတွေစိတ်ရှိသလိုကစားတာခံရတဲ့ ကစားစရာတွေဖြစ်တယ်လို့ပဲ သူခံစားရသည်။
အထူးသဖြင့် ယောကျ်ားတစ်ယောက်ကို နာခံလိုစိတ်ရှိတဲ့အမျိုးသားတွေက လုံးဝဂုဏ်သိက္ခာမရှိတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာရွံရှာဖို့ကောင်း၏။
"အရှင်မင်းကြီး မပြောဘူးဆိုရင်ဘယ်သူကသိမှာလဲ"
သူကူးလီက လီချင်းယွင်ကိုကြည့်ကာ ရယ်မောလိုက်သည်။
လီချင်းယွင်မှာ ဒီအပြုံးကြောင့်မှင်သက်သွားရသည်။ သူ သူ့အတွေးကို အတတ်နိုင်ဆုံး ကြိုးစားထိန်းချုပ်ကာ ခေါင်းကိုလှည့်လိုက်ပြီး သူ့ပါးမှာမသိမသာနီရဲလျက်။
"အားလီလိုချင်တာက ရွှယ်တ်ိုင်းပြည်ကအကျဥ်းသားတွေအားလုံးကိုအသက်ရှင်စေချင်တာဆိုရင်တော့ ကိုယ်တော်လုပ်ပေးလိုက်မယ်။"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။"
သူကူးလီက အပြုံးကိုရုတ်သိမ်းကာ သူ၏မထူးခြားမခြားနားမျက်နှာထားဆီပြန်ရောက်သွားသည်။
ရုတ်တရက်ပင် သူက အေးစက်ကာသီးသန့်ဆန်လာပြန်သည်။
လီချင်းယွင်မှာ သိပ်မဝေးသောနေရာက ကျောက်တိုင်ကိုကြည့်ပြီး ဖြည်းဖြည်းချင်းဆိုလိုက်မိသည်။
"ကိုယ်တော် မင်းကိုအဲ့လိုအရာမျိုးလုပ်ဖို့ ဘယ်တော့မှတွန်းအားထပ်မပေးဘူးလို့ ကိုယ်တော်မင်းကိုကတိပေးမယ်။ တစ်နေ့ကျ မင်း ဒီကထွက်သွားပြီး ယုံးတိုင်းပြည်ကထွက်သွားချင်တယ်ဆို ကိုယ်တော်မင်းကိုလွှတ်ပေးမယ်။ တစ်ခုပဲရှိတယ်အားလီ၊ မင်း ကိုယ်တော့်တိုင်းပြည်ကို သူများတွေလိုမျိုးဖျက်ဆီးခွင့်မရှိဘူး.."
"အရှင်မင်းကြီးက ကျွန်တော့်အပေါ်တအားကြင်နာတာပဲ။"
သူကူးလီကသူ၏ကြည်လင်လှပသောမျက်ဝန်းကိုဖြည်းဖြည်းချင်းပင့်ကာ
"ကျွန်တော့်မှာ ဘယ်လိုလုပ်ပြီး အဲ့လိုအစွမ်းအစမျိုးရှိမှာလဲ။"
"အားလီက ဉာဏ်ရှိတဲ့ယောကျ်ားတစ်ယောက်ပဲ။"
လီချင်းယွင်ကဆိုသည်။
"အားလီမှာ ပုန်ကန်ချင်တဲ့ စိတ်ကူးမရှိဘူးလို့ကိုယ်တော်ယုံကြည်တယ်"
"ဒါပေါ့"
သူကူးလီကရယ်လိုက်ပြီး အလှလေးက ပြုံးလိုက်ချိန်မှာတော့ ပတ်ဝန်းကျင်ရှုခင်းကပိုလှသွားသယောင်။
လီချင်းယွင်မှာ အလိုလိုလက်လှမ်းကာ သူကူးလီ၏ဆံပင်ရှည်ကို နားနောက်သပ်ပေးလိုက်မိပြီး သူ့ကိုဗလာကျင်းစွာစိုက်ကြည့်နေမိပုံက အလှတရားညှို့တာခံလိုက်ရသည့်အာဏာရှင်ပမာ..
လီချင်းယွင် နိုးထလာကတည်းက သူဟာစာရေးသူရဲ့ထိန်းချုပ်မှုထဲက လွတ်ထွက်သွားပုံပင်။ သူ့မှာ သူ့ကိုယ်ပိုင်စိတ်ခံစားချက်နှင့် အသိစိတ်ရှိလာပြီး ဆန်ကုန်မြေလေးလိုမျိုး အနိုင်ကျင့်နှိပ်စက်သော ဆက်ဆံရေးကိုမတွေးမိတော့။
သူ သူ့ကိုယ်ပိုင်ခံစားချက်ကိုဖော်ပြနိုင်ပြီး အစစ်အမှန်ငိုကြွေးနိုင်ကာ အစစ်အမှန်ရယ်မောလာနိုင်သည်။
သူကူးလီနှင့်သူ၏ ယခုဆက်ဆံရေးမှာ ပိုမိုတည်ငြိမ်ကာလို
က်ဖက်ညီလာသည်။
ဒါပေမဲ့လည်း မပြောင်းလဲနိုင်တဲ့ တစ်ခုတည်းသော အရာမှာသူကူးလီ အပေါ်ထားရှိတဲ့သူ့ချစ်ခြင်းပင်..