no

Font
Theme

အခန်း(၁၇) အနောက်ဆောင်ထဲမှာ ကိုယ်လုပ်တော်မရှိ၊ တိုင်းပြည်ထဲမှာ အိမ်ရှေ့စံမရှိ

နှင်းထူသောညက ရွှေနှင့်ကျောက်စိမ်းတို့နဲ့တူသော ယုံးနန်းတော်ကို ဖုံးအုပ်ထားပြီး ခမ်းနားကြီးကျယ်သော လောကကြီးကို နတ်သမီးနယ်မြေကဲ့သို့အလှဆင်လို့နေသည်။ နန်းတော်ထဲက မက်မွန်ပန်းများမှာ ဖြည်းညှင်းစွာ ပွင့်လန်းနေပြီး အမွှေးနံ့က နေရာအနှံ့မှာ ရှိလို့နေသည်။ အေးစက်စက်ဆောင်းရာသီ၏ အာရုဏ်တက်ချိန်တွင် နန်းတွင်းအစေခံမိန်းကလေးများက သူတို့သခင်ကို ခစားဖို့ စောစောထလာကြ၏။

အရာရှိများနှင့် မှူးမတ်များအားလုံးမှာ ရွှေနန်းတော်ထဲတွင် အရှင်မင်းကြီး နန်းတော်တရားရုံးဆီသို့ ရောက်လာမှာကို စောင့်နေကြပြီပင်။ သို့သော်လည်း ဒီနေ့က အရှင်မင်းကြီးက ရောက်မလာဘဲ ထိုအစား ဆူပုတ်ပုတ်မျက်နှာနှင့် ဖြည်းညှင်းစွာရောက်လာသည့် မိန်းမစိုးခေါင်းဆောင် လုကုန်းကုန်းကိုသာ စောင့်လိုက်ရပြီး သူက ခက်ထန်သောအသံနှင့်ဆိုလာသည်။

"အရှင်မင်းကြီးက ဒီနေ့အအေးမိသွားတာမို့လို့ တရားရုံးဆီတက်ရောက်မှာမဟုတ်ဘူး--"

ဒီစကားများထွက်လာသည်နှင့် အမတ်များက မပျော်မရွှင်ဖြစ်သွားပုံရသည်။

လုကုန်းကုန်းက အေးစက်စက်မျက်နှာနှင့် ထွက်သွားသည်။

အရာရှိများအားလုံးက ပဟေဠိဖြစ်ကာ တည်တင်းသွားကြပုံပင်။ သူတို့က နှစ်ယောက်စ၊သုံးယောက်စထွက်သွားကြပြီး တချို့က အတူစုဝေးကာ ဒီနေ့ အရှင်မင်းကြီး ဘယ်လိုများဖြစ်နေလဲဆိုတာကို ဆွေးနွေးနေကြသည်။

"အရှင်မင်းကြီး...နန်းတော်ဥယျာဥ်ရေကန်ထဲက ပြန်နိုးလာကတည်းက သူ့ကျန်းမာရေးက အရင်ကထက်ပိုဆိုးလာတယ်..."

"အနောက်ဆောင်ထဲမှာ ကိုယ်လုပ်တော်မရှိဘူး..အရှင်မင်းကြီးမှာ အမွေဆက်ခံသူမရှိဘူး...နန်းတော်ထဲမှာ အမျိုးသားတစ်ယောက်ပဲရှိတယ်...ဒီအခြေအနေက တကယ်အန္တရာယ်များတာပဲ..."

စစ်သူကြီးရှောင်ကျစ်ရီက အလေးအနက်ဆိုလာသည်။

"ပေါက်ကရမပြောနဲ့...မှူးမတ်နှစ်ယောက်ရဲ့...အရှင်မင်းကြီးက အခုမှအသက်၂၀ပဲ ရှိသေးတာ...ငယ်ပါသေးတယ်..."

မှူးမတ်အိုကြီးက စိတ်ပူတကြီးဆိုလာသည်။

"အရှင်မင်းကြီးက ငယ်သေးတာမှန်ပေမဲ့ သူက အမျိုးသားအလှလေးတွေကို သဘောကျတာအမှန်ပဲ...သူ့မှာ ကိုယ်လုပ်တော်မရှိဘူး..အမျိုးသမီးတွေကို မျက်နှာသာမပေးဘူး...တော်ဝင်အမွေဆက်ခံသူ မမွေးဘူး...ပြီးတော့ မင်းသားသုံးပါးက မသန်စွမ်းတဲ့သူနဲ့ ဒဏ်ရာရထားတဲ့သူနဲ့... တော်ဝင်ဆွေမျိုးလဲမရှိဘူး..ရေရှည်မှာ တိုင်းပြည်က အိမ်ရှေ့စံမရှိဖြစ်သွားလိမ့်မယ်...အဲ့ဒါက ယုံးပြည်ရဲ့အခြေခံအုတ်မြစ်ကို လှုပ်ခါစေလိမ့်မယ်..."

ရှောင်ကျစ်ရီက မျက်မှောင်ကျုံ့လိုက်မိသည်။

"အရှင်မင်းကြီး...လည်ချောင်းစိုသွားအောင် လက်ဖက်ရည်ပူပူလေးသောက်လိုက်နော်.."

လုကုန်းကုန်းက ရှောင်ရှန်းကျစ်ကို လက်ဖက်ရည်ပူပူလေးတစ်ခွက်ယူလာခိုင်းလိုက်ပြီး ညောင်စောင်းပေါ်မှာထိုင်နေသည့် လီချင်းယွင်ဆီကမ်းပေးလိုက်၏။

လီချင်းယွင်က လက်ထဲမှာ အစီရင်ခံစာကိုင်ထားပေမဲ့ ဖတ်ချင်စိတ်မရှိပေ။ အချိန်နှင့်အမျှ သူကအတွေးထဲနစ်ကာ ပြတင်းပေါက်ခုံးအပြင်ဘက်က နှင်းကျနေသည့် လှပသောမြင်ကွင်းကို ကြည့်နေလေသည်။ သူက လက်ဖက်ရည်ပူပူလေးကို သူ၏သွယ်လျသောလက်ချောင်းများနှင့်လှမ်းယူကာ သောက်လိုက်တော့ သူ၏အက်ကွဲနေသောနှုတ်ခမ်းထောင့်မှာ အပူလောင်သွားသည်။

လီချင်းယွင်စိတ်ပျက်သွားကာ လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်သည်။ သူ၏ဖီးနစ်မျက်ဝန်းမှာ စိတ်မသာမယာဖြင့် ပင့်ကြည့်လာပြီး သူ့မျက်ဝန်းထဲက အမျက်ဒေါသကို ဖုံးကွယ်မထားနိုင်ပေ။

လုကုန်းကုန်းက တောင့်ခဲသွားကာ နူးညံ့သောအသံနှင့် အမြန်ချော့လိုက်သည်။

"အရှင်မင်းကြီး ဒေါသမထွက်ပါနဲ့နော်...အကုန်လုံးက ကျွန်တော်မျိုးအမှားပါ...ကျွန်တော်မျိုးလက်ဦးမှုရယူပြီး သူကူး သခင်လေးကို ဆေးပေးခဲ့မိတာပါ...အရှင်မင်းကြီးကို ထိခိုက်စေခဲ့တာက ကျွန်တော်မျိုးပါပဲ...."

သူနောင်တရလွန်းလို့ သူ့အူခွေများမှာ အစိမ်းရောင်ပြောင်းသွားတော့မည်ပင်။ ဒါကရလဒ်ဖြစ်လိမ့်မည်မှန်း သူသိခဲ့လို့ရှိရင် လုကုန်းကုန်းအဲ့ကိစ္စကို လုံးဝလုပ်ခဲ့မှာမဟုတ်ဘူး...

အရှင်မင်းကြီးက သူကူးလီကိုမထိဘူးလို့ ဘယ်သူထင်ခဲ့မိမှာလဲ။

သူကူးလီ၏ အဆိပ်ဖြေဖို့ကို ကူညီပေးခဲ့သည့်အတွက် သူ့လည်ချောင်းမှာ အတော်လေးမသက်မသာခံစားခဲ့ရသည်။

"ငါ မင်းကို လခ သုံးလစာဒဏ်ငွေရိုက်မယ်.."

လီချင်းယွင်၏အသံမှာ အက်ကွဲနေလျက် သူ့လည်ချောင်းသည် ပြင်းပြင်းပြပြနာကျင်နေခြင်းကြောင့် စကားအနည်းငယ်မျှသာပြောနိုင်၏။

" မှန်လှပါအရှင်မင်းကြီး၊ မှန်လှပါ ၊မှန်လှပါ.."

လုကုန်းကုန်းက သေချာဂရုတစိုက်ခစားလာသည်။

နဂါးနန်းတော်ထဲကလူတိုင်းသည်လည်း တိတ်ကျသွားကြသည်။ အရှင်မင်းကြီးကို အမျက်ထွက်သွားစေမှာ စိုးရိမ်သောကြောင့်ပင်။

လီချင်းယွင်သည် လည်ချောင်းဆီမှ နာကျင်မှုမှာ ဆိုးရွားလွန်းသည့်အတွက် ငိုမိတော့မလိုပင်ခံစားနေရသည်။ မနေ့ညက မူရင်းဝတ္ထုထဲတွင် သူကူးလီကြုံတွေ့ခဲ့ရတဲ့ အမှားတွေကို သူထပ်မဖြစ်စေချင်ခဲ့။ ထို့ကြောင့်ပင် သူသည်းခံနေခဲ့ရခြင်းဖြစ်ပေသည်။ အဆုံး၌ သူကူးလီရှေ့တွင် ဒူးထောက်လိုက်ရုံမှတစ်ပါး သူ့တွင် ရွေးချယ်စရာမရှိခဲ့သည့်အတွက် အနှီပုလွေကို အရသာခံဖို့ရာ သူနှုတ်ခမ်းရဲရဲများကို ညင်သာစွာဖွင့်ဟခဲ့ရလေသည်။

"အရှင်မင်းကြီး ...ဘုရင့်သမားတော်စု ရောက်လာပါပြီဘုရား..."

ရှောင်လင်းကျစ်က ဝင်လာ၍ အစီရင်ခံလေသည်။

စုယွီသည် ဆေးသေတ္တာကိုသယ်၍ ဖြည်းညှင်းစွာ လျှောက်လာပြီး ဒူးထောက်လျက်

"အရှင်မင်းကြီး...အရှင်မင်းကြီးရဲ့ ကျိုးနွံရိုသေတဲ့အမှုထမ်းက မင်းကြီးကိုအရိုအသေပေးပါတယ်.."

"ထပါ.."

စုယွီက အလွန်အမင်း အက်ကွဲ‌နေသည့်အသံကိုကြားလိုက်ရပြီး ထိုအသံမှာ အအေးမိတာကြောင့် ဖြစ်ဟန်မတူ... ဒါက တော်တော်လေး... စုယွီ ခဏမျှ ကြက်သေသေသွားပြီးနောက်မှ စိတ်တည်ငြိမ်မှု ပြန်လည်ရရှိသွား၏။ သူ့မျက်နှာသည် ကျောက်စိမ်းကဲ့သို့သိမ်မွေ့နေလျက် လီချင်ယွင်းကို သွေးခုန်နှုန်းစမ်းသပ်ပေးရန် အနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။

"အရှင်မင်းကြီးရဲ့ ကျန်းမာရေးက တိုးတက်မှုမရှိပါဘူး.."

စုယွီက ဂရုတစိုက်ပြောပြီး သူကရဲရဲဝံ့ဝံ့ပင် ခေါင်းကို ဖြည်းညင်းစွာမော့လိုက်သည်။ ပထမဆုံးအကြည့်တစ်ချက်မှာတင် သူ့ကို အနည်းငယ်တွေဝေမိန်းမောသွားစေ၏။

လီချင်းယွင်၏ မျက်နှာတစ်ခုလုံးဟာ ဖြူဖျော့နေသော်လည်း မျက်လုံးထောင့်များမှာနီရဲနေကာ သူ၏ ဖီးနစ်မျက်ဝန်းတစ်စုံကတော့ အမြဲပင်ဆွဲဆောင်မှု‌‌ရှိလွန်းလှ၏။

စုယွီ၏ နှလုံးသားမှာ လှုပ်ခတ်သွားရပြီး သူက ခေါင်းကိုဖြည်းညင်းစွာငုံ့လိုက်ကာ လီချင်းယွင်၏သွေးခုန်နှုန်းကိုသာ ဆက်လက်စမ်းသပ်နေလိုက်သည် ။ သူ၏ မျက်လုံးများထဲတွင်တော့ နက်ရှိုင်းပြီးရှုပ်ထွေးသည့် ခံစားချက်တစ်ချို့ကို‌‌ ဖုံးကွယ်ထားလျက်ရှိသည်။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း သူ သူကူးလီဆီသို့ ခဏခဏ သွားမလည်နိုင်ခဲ့ပေ။ သူ့စိတ်ထဲတွင် တချိန်လုံးရှိနေသည်မှာ အရှင်မင်းကြီး၏ဖီးနစ်မျက်ဝန်းတစ်စုံသာဖြစ်ပြီး သူသာ ထိုနှစ်လိုဖွယ်မျက်ဝန်းများ၏ပိုင်ရှင်နှင့် အတူ မွေးဖွားလာခဲ့လျှင်....

သူ့စိတ်ဝိညာဉ်သည် ခန္ဓာက်ိုယ်မှ ထွက်သွားလုနီးနီးပင်...

"သမားတော်စု လည်ချောင်းနာသက်သာစေတဲ့ ဆေးဝါးသာပေးခဲ့ပါ.."

လီချင်းယွင်၏အသံမှာ အက်ကွဲနေဆဲပင်ဖြစ်သည်။

"မှန်လှပါ.."

စုယွီက ခေါင်းငုံ့ကာ တဖြည်းဖြည်းအနောက်ကိုဆုတ်သွား၏။

လီချင်းယွင်က သူ့လက်ထဲရှိ အောက်မေ့ဖွယ်စာကို မဖတ်နိုင်ဘဲရှိနေလေသည်။ သူ့ခမျာ ရူးတော့မလိုပင်။ မနေ့က လုဟွာက သူ့ဘာသာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တစ်စုံတစ်ရာကိုလည်း လွန်လွန်ကြူးကြူးဖြစ်စေခဲ့သည်။ သူက အခြားသူတွေကို ထပ်မံဖိအားမပေးတော့ဘူးလို့ ကတိပေးထားခဲ့ပြီး သူ့ကတိကိုလည်းသူတည်ခဲ့၏။ သို့သော်လည်း နောက်ဆုံးမှာတော့ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာမှာ အထိအတွေ့ရှိခဲ့ကြပြီပင်။

အားလီက သူ့ကို သေမတတ်မုန်းနေလောက်ပြီ...

လီချင်းယွင်သည် အောက်မေ့ဖွယ်စာတမ်းကိုကြည့်ပြီး ဖတ်လိုက်သည်။

"ကျီကျိုးပြည်ရဲ့ယွဲ့တောင်တန်းတွေမှာ ရွှေရောင်ရုပ်ထုတစ်ခုကို သွန်းလောင်းတော့မည်။ ထိုရုပ်ထုသည် ဧရာမနဂါးတစ်ကောင်သဖွယ် ကောင်းကင်ထံသို့ တိုးထွက်နေ၏.."

ထိုအောက်မေ့ဖွယ်စာကို မြင်ပြီးနောက် လီချင်းယွင် ထပ်မံခေါင်းကိုက်လာပြန်သည်။ သူ ဦးနှောက်ခြောက်မတတ်စဉ်းစားသော်လည်း ထိုသို့ အေးစက်လှပသည့် အသွင်အပြင်ရှိပြီး ကမ္ဘာမြေမှ တသီးတသန့်ဖြစ်တည်နေသည့် အမျိုးသားတစ်ယောက်တွင် ရက်စက်ကြုမ်းကြုတ်တဲ့နဂါးတစ်ကောင်ကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားသလဲဆိုတာ သူစိတ်ကူးကြည့်လို့ပင်မရ။ ဒါက သူ့အသွင်အပြင်နဲ့ကိုက်ညီမှုမရှိသလို ကမ္ဘာပေါ်ရှိ ယောက်ျားအားလုံးကိုပင် အံ့အားသင့်သွားစေလောက်မည်။

ဒါက အဓိပ္ပာယ်ကိုမရှိဘူး!

[Xixi's note- နဂါးဆိုတာ သူကူးလီရဲ့နဂါးကြီးကိုပြောတာပါ 🐉]

"အရှင်မင်းကြီး ...အခုရက်ပိုင်း ဆေးတွေ ဆက်သောက်သုံးပါ‌သေးရဲ့လား..."

စုယွီက အံ့အားသင့်နေသော အကြည့်ဖြင့်ကြည့်ရင်း ဆေးညွှန်းကို လုကုန်းကုန်းထံ လှမ်းပေးလိုက်သည်။

သူက ပန်းအစစ်များ ထိုးထားသည့်ပန်းအိုးကို‌တွေ့ရှိခဲ့ပြီး ထိုအထဲတွင် မရေမတွက်နိုင်သည့် အစွန်းအထင်းများ၊ အကျိုးအပဲ့များရှိနေ၏။ အထူးသဖြင့် ပန်းများမှာ တဖြည်းဖြည်းခြောက်သွေ့နေပြီဖြစ်သည်။ ထိုအခြေအနေမှာ သူပေးခဲ့တဲ့ဆေးကို လီချင်းယွင် တစ်ခါမှပင်မသောက်ခဲ့ဘူး ဟုရည်ညွှန်းနေလေသည်။

" သမားတော်စုက ဒါကိုဘာလို့မေးနေတာလဲ.."

လီချင်းယွင်ရဲ့ စိတ်ဝင်စားမှုတို့ ပြန်လည်ရောက်ရှိလာ၏။ သူက အောက်မေ့ဖွယ်စာတမ်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ချထားလိုက်ပြီး စုယွီအား သရော်လိုသည့်အကြည့်တို့ပါဝင်သော ဖီးနစ်မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

စုယွီ၏မျက်နှာမှာ တည်ကြည်လေးနက်နေ၏။

" အရှင်မင်းကြီး၊ ကျွန်တော်က အရှင်မင်းကြီးကျန်းမာနေဖို့ကိုသာ မျှော်လင့်တာပါ။ဒါကြောင့်လည်း နေ့စဉ် ဆေး‌ဝါးတွေပေး‌‌နေခဲ့တာ။ ဒါပေမယ့် မင်းကြီးက အမြဲသွန်ပစ်ခဲ့ပါတယ်။ ကျွန်တော်ညွှန်းပေးခဲ့တဲ့ ဆေး‌‌တွေကို မင်းကြီး ဘယ်လောက်များ သောက်သုံးခဲ့ပါသလဲ.."

" သမားတော်စုကတော့ ငါ့ကိုအပြစ်တင်‌‌မှာပဲ။ ငါက အဆိပ်ခတ်ခံရပြီး သေရမှာကိုကြောက်တယ်။ ဒီတော့ မင်းညွှန်းတဲ့ဆေးတွေကို ငါဘယ်လိုလုပ် သောက်ရမလဲ သမားတော်စု.."

လီချင်းယွင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

စုယွီ၏မျက်နှာမှာ တည်ငြိမ်နေပြီး ချက်ချင်းဒူးထောက်ထိုင်ချလိုက်၏။

"အရှင်မင်းကြီး ...မင်းကြီးဆိုလိုချင်တာကို ကျွန်တော် သဘောမပေါက်ပါဘူး.."

" ငါ့လူတွေကို စုထိုက်ရီ ညွှန်းပေးတဲ့ဆေးတွေကို စမ်းသပ်ကြည့်ဖို့ အမိန့်ပေးခဲ့တယ်။ တစ်ချို့ဆေးတွေက အခြားသောအစားအစာတွေနဲ့ ရောစပ်လိုက်ရင် နာတာရှည်ဖြစ်ပြီး ပြင်းပြင်းထန်ထန်အဆိပ်သင့်စေတဲ့အရာတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်။ အဲ့ဒီအဆိပ်က ခန္ဓာကိုယ်ရဲ့ကိုယ်တွင်းအင်္ဂါတွေထိကို ထိုးဖောက်ဝင်သွားနိုင်ပြီး လူကိုလည်း တဖြည်းဖြည်းအားနည်းလာစေလိမ့်မယ်။ ပြီးတော့ စုထိုက်ရီက ပြိုင်ဘက်ကင်း ဉာဏ်ကြီးရှင် သမား တော်လို့ငါထင်တယ်... ဒါကြောင့် ငါ စုထိုက်ရီကို အခွင့်အရေးပေးခဲ့တာ.."

" နောက်ပိုင်းကျတော့ စုထိုက်ရီရဲ့ဆေးတွေမှာ အဆိပ်တွေထပ်မရှိတော့‌ပေမယ့် ငါ့ရောဂါလက္ခဏာတွေကတော့ ပိုပြီးဆိုးရွားလာခဲ့တယ်။ စုထိုက်ရီ ငါတကယ်သိချင်တာက ဘယ်သူမှမသိ‌အောင် ငါ့ကို မင်းဘယ်လိုအဆိပ်ခတ်နိုင်ခဲ့တာလဲ.."

ဧကရာဇ်ငယ်ရဲ့ဆက်တိုက်ရန်လိုမှုတွေ‌ကြောင့် စုယွီရဲ့မျက်နှာမှာ အလင်းအမှောင် ရောယှက်မှုတို့နှင့်အတူ ဖျော့သည်ထက်ဖျော့လာပြီး နောက်ဆုံးမှာတော့ အသံနက်နက်ဖြင့် ဖွင့်ဟလာ၏။

"အရှင်မင်းကြီး၊ ဒီရိုကျိုးနာခံတဲ့ အရှင့်အမှုထမ်းက အဲ့ဒီလိုလုပ်ခဲ့ပါတယ်ဆိုနိုင်တဲ့ သက်သေရှိပါသလား.."

လီချင်းယွင်က ပြုံးလိုက်ပြီး ဆေးများကိုတင်ပြဖို့ လုကုန်းကုန်းအားအမိန့်ပေးလိုက်၏။ လီချင်းယွင်က အဲ့ဒါကိုယူကာ ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်ပြီး စုယွီအား ထိုဆေးကိုပြကာ သူ၏အက်ကွဲနေသည့်အသံတို့ဖြင့်

" မင်းဘယ်လို ဖြေရှင်းမှာလဲ စုယွီ.."

စုယွီက ဆေးကိုမြင်တော့ အားလျော့စွာပင် မျက်လုံးများမှိတ်ချလိုက်သည်။ ရှာဖွေသိရှိသွားမည့်နေ့ဟာ ဒီလောက်မြန်မြန်ရောက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

သို့သော် လီချင်းယွင်၏ပုံစံကို အကဲခတ်ရသလောက် ဒီကိစ္စမှာ သူကူးလီပါဝင်နေတာကို သူမသိ သေးတာဖြစ်နိုင်သည်။

စုယွီက သက်ပြင်းချလျက် အပြစ်အားလုံးကိုခံယူလိုက်၏။

" ဒါတွေအားလုံးကျွန်တော်မျိုးရဲ့အမှားတွေပါ။ကျေးဇူးပြုပြီး အပြစ်ပေးတော်မူပါ အရှင်မင်းကြီး.."

"ဖြန်းခနဲ"မြည်သံနဲ့အတူ သူ့ထံ ရိုက်ချက်တစ်ခု ရောက်လာသည်။

စုယွီ ပါးရိုက်ခံလိုက်ရသည်။ သူ့မျက်နှာမှာ တစ်ဖက်ကို လည်ထွက်သွားပြီး နီရဲနေသည့် လက်ငါးချောင်းအရာဟာ မျက်နှာမှာအထင်းသားပင်။

လီချင်းယွင်က စုယွီ၏ ကော်လံစကိုဆွဲကိုင်လိုက်ပြီး အက်ကွဲနေသော လေသံဖြင့်ဆို၏။

" အစကတော့ မင်းကိုဒီလိုအစောကြီးအပြစ်မပေးချင်ခဲ့ဘူး။ ဒါပေမယ့်လည်း ဒီနေ့မှာ မင်းငါ့ဆီအပြေးရောက်လာမယ်လို့ ငါထင်မထားဘူးလေ။ သိပ်ကောင်းတယ်........ကမ္ဘာကျော်ထိပ်တန်းသမားတော်ဖြစ်တဲ့မင်းက ငါ့ကိုအဆိပ်ခတ်လုပ်ကြံဖို့အတွက်နဲ့ နန်းတော်ထဲကိုဝင်လာခဲ့တယ်.."

စုယွီရဲ့မျက်နှာမှာ ဆက်ပြီးမတည်ငြိမ်နိုင်‌တော့..။ သူ လီချင်းယွင်ရဲ့ မျက်လုံးနီနီများကိုကြည့်ပြီး တိုးရှသောအသံဖြင့်ပြောလိုက်၏။

" အရှင်မင်းကြီး...."

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment