no

Font
Theme

အခန်း (၁၉) ကျွန်တော်မျိုးရဲ့သစ္စာကိုပြသဖို့ ကျွန်တော်မျိုး သေချင်ပါတယ်

“စုယွီ...မင်းမပြောပြရင်တောင် ငါခန့်မှန်းမိပြီးသားပါ။ ဒီအဆိပ်ခပ်တဲ့ကိစ္စမှာ အားလီလည်းပါနေတယ်.. ဟုတ်တယ်မဟုတ်လား..."

လီချင်းယွင်က ညောင်စောင်းပေါ်ဖြည်းဖြည်းချင်းမှီချလိုက်ပြီး ညာဘက်လက်နဲ့ စားပွဲကိုတစ်ချက်ချင်းခေါက်နေသည်။ ထိုပျင်းရိပျင်းရွဲလေသံဟာ စုယွီရဲ့ နှလုံးသားကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထိုးဖောက်သွား၏။

စုယွီက သူ့နဖူးကိုကြမ်းပြင်နှင့် မြဲမြံစွာထိထားပြီး အသံတိုးတိုးဖြင့် ဟန်ဆောင်မှုမရှိဘဲ ပြောလိုက်သည်။

" အရှင်မင်းကြီး... ဒီကိစ္စဟာ သခင်လေး သူကူးလီနဲ့ လုံးဝပတ်သတ်ခြင်းမရှိပါဘူး။ အားလုံးက နတ်‌‌ဆိုးတစ်ကောင်လွှမ်းမိုးခံထားရတဲ့ ကျွန်တော်မျိုးကြောင့်ပါပဲ... အဆိပ်ကလည်းကျွန်တော်မျိုးဟာပါ ကျေး‌‌ဇူးပြုပြီး ကျွန်တော်မျိုးကိုသာအပြစ်ပေးတော်မူပါ အရှင်မင်းကြီး! မဆိုင်တဲ့လူတွေကိုဆွဲမထည့်ပါနဲ့ဘုရား!.."

"ဒုန်းခနဲ"မြည်သံနှင့်အတူ မြင့်မြတ်တဲ့ဧကရာဇ်က စားပွဲပေါ်က လက်ဖက်ရည်ခွက်တစ်ခုကို ပစ်ပေါက်လိုက်သည်။ လက်ဖက်ရည်ခွက်မှာ အစိတ်စိတ်အမွှာမွှာကွဲသွားပြီး ကြမ်းပြင်ပေါ်တစ်စစီပြန့်ကျဲကုန်ကာ စုယွီလက်‌ပေါ် ရေနွေးပူများစင်ကုန်၏။ စုယွီ အနည်းငယ်အပူလောင်သွားသော်လည်း ထူးဆန်းစွာပင် မင်းကြီး ဒေါသအကြီးအကျယ်ထွက်နေပုံမှာ အလွန်ရင်သပ်ရှုမောဖွယ်ကောင်းသည်ဟုပင် ခံစားနေရသည်။ သူ အံကိုတင်းတင်းကြိတ်လိုက်ပြီး ဒီရက်ပိုင်းအတွင်း သူတကယ်ကိုရူး‌‌သွားပြီဟု ခံစားလိုက်ရ၏။

အသိစိတ်ပြန်ဝင်လာသည်နှင့် လီချင်းယွင်က ညောင်စောင်းပေါ်မှ ချက်ချင်းဆင်းလာကာ စုယွီ၏ ကော်လံကိုဆွဲကိုင်ထားလိုက်သည်။ သူ၏ ကျဉ်းမြောင်းရှည်လျားသည့် ဖီးနစ်မျက်လုံးများမှာလည်း ဒေါသများဖြင့်ပြည့်နှက်နေ၏။

"စုယွီ...စုယွီ... မင်းပြောတော့ ငါ့ဆီမှာသစ္စာခံလိုတယ်ဆို။မင်းရဲ့အရေးအပါဆုံး ဆရာသခင်ကိုတောင် တိုင်တည်ပြီး ကျမ်းကျိန်ခဲ့သေးတယ်... ဒါပေမယ့်အခုတော့ ငါ့‌နောက်ကွယ်ရာကနေ ငါ့ကိုအဆိပ်ခပ်ဖို့ မင်းကိုအမိန့်ပေးခဲ့တဲ့ လူနဲ့ပတ်သတ်တဲ့ အမှန်တရားကိုတောင်မှ မင်းကမပြောပြချင်ပါလား.. မင်းကိုငါဘယ်လိုယုံကြည်ရမှာလဲ။ငါဘယ်လိုလုပ်ပြီးမင်းကို နောက်ထပ်တာဝန်‌‌ထမ်းဆောင်ခိုင်းရမှာလဲ.."

စုယွီဟာ လီချင်းယွင်ကို မော့ကြည့်ဖို့ အတင်းအကျပ်‌ စေခိုင်း ခံလိုက်ရသည်။ ဒေါသတွေနဲ့ပြည့်နှက်နေပေမယ့် အလွန်လှပနေဆဲဖြစ်သည့်မျက်နှာကို စုယွီ မော့ကြည့်လိုက်မိ၏။

လီချင်းယွင်၏ ကြက်သွေးရောင်နှုတ်ခမ်းတို့မှာလည်း တုန်ရီနေသည်။ အရှင်မင်းကြီးက ဒေါသထွက်တဲ့အချိန်မှာ အလွန်အထက်စီးဆန်လွန်းပြီး ချစ်စရာလည်းကောင်းသည်ဟုသာ သူမြင်မိသည်။ သူ့မျက်လုံးများမှာ ကြက်သေသေနေပြီး တံတွေးကို ခက်ခက်ခဲခဲမြိုချလိုက်ရ၏။ အသိစိတ်ပြန်ဝင်လာပြီးတဲ့နောက် သူခပ်ဖြည်းဖြည်းပင် ပြောလိုက်သည်။

"အရှင်မင်းကြီး....အခုကစပြီး ကျွန်တော်မျိုးသက်သေပြပေးနိုင်ပါတယ်။ အရှင်မင်းကြီးနဲ့ပတ်သတ်ပြီး တခြားအတွေးမျိုးမရှိပါဘူး.."

"မင်းဘယ်လိုသက်သေပြမှာလဲ.."

လီချင်းယွင် သူ၏ဖီးနစ်မျက်ဝန်းလှလှလေးများကို မှေးကျဉ်းလိုက်၏။

စုယွီက ပန်းသီးခွာနေသည့် အစေခံငယ်လေးအား မျက်လုံးထဲတွင် ရူးသွပ်မှုအပြည့်ဖြင့် ကြည့်လိုက်၏။ သူက အမြန်လျှောက်သွားပြီး ဓားအသေးလေးကိုယူလိုက်သည်။ လုကုန်းကုန်းရဲ့ကြောက်လန့်တကြားအော်သံနဲ့ လီချင်းယွင်၏ တုန်လှုပ်သွားသည့် မျက်လုံးများကိုလျစ်လျူရှုလျက်ပင် ဓားကို သူ့လက်ဖြင့်ကိုင်ကာ နှလုံးသားနေရာတည့်တည့်ကို ထိုးစိုက်လိုက်သည်။

သွေးတွေဟာ နေရာအနှံ့စင်ကုန်၏။

လုကုန်းကုန်းသည် အစက စုယွီဟာ အရှင်မင်းကြီးကို သတ်ချင်ခဲ့တာဟုထင်ထားခဲ့သည်။ သို့သော် သူ့ဆုံးဖြတ်ချက်ကိုပြဖို့အတွက် သူ သေရဲလိမ့်မည်ဟုမထင်ထား‌။ သူစိတ်သက်သာရာရသွားပြီး ရှေ့ကို ခြေတစ်လှမ်းမှ မတိုးခဲ့သော်လည်း သူ့ မျက်လုံးများမှာ သတိအနေအထားတွင်ရှိနေပြီး ခက်ထန်နေ၏။ အကယ်၍ စုယွီ အရှင်မင်းကြီးကို အနာတရဖြစ် အောင်လုပ်ခဲ့မယ်ဆိုရင် သူ‌‌ စုယွီကို ကျိန်းသေနေရာမှာတင် သေအောင်လုပ်ပစ်မည်။

လီချင်းယွင် အသိစိတ်ပြန်ကပ်ဖို့ အချိန်အတော်ကြာယူခဲ့ရပြီး မယုံကြည်နိုင်ခြင်းများစွာဖြင့် ပြောလိုက်သည်။

"သမားတော်စု...မင်းရူးနေပြီလား!"

စုယွီ၏ နှုတ်ခမ်းများမှာအလွန်ဖြူဖျော့ နေပြီး မျက်ခုံးများမှာလည်း နာကျင်မှုကြောင့် ကွေးကျနေ၏။

"ကျွန်တော်မျိုးရူးနေတာပါ။ ဘာတွေဖြစ်ပျက်သွားမှန်းလည်းမသိတော့ပါဘူး...လွန်ခဲ့တဲ့တစ်လလောက်ကထိ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ လုံးဝထင်မထားခဲ့မိပါဘူး။ အရှင်မင်းကြီးရဲ့ယုံကြည်မှုကိုသာ ကျွန်တော်မျိုးရချင်ရုံပါ... အကယ်၍ ဒီနည်းလမ်းကသာ ကျွန်တော်မျိုးရဲ့နှလုံးသားကို သက်သေပြနိုင်မယ်ဆိုရင် ဒါဟာတန်ပါတယ်။အရှင်မင်းကြီး.... ကျွန်တော်မျိုးကို ယုံကြည်ပေးနိုင်မလား.."

စုယွီရဲ့ပြုမူပုံတွေက အကျိုးအကြောင်းဆီလျော်မှုလုံးဝကိုရှိမနေဘူးဟု လီချင်းယွင် ခံစားနေရသည်။

စာအုပ်ရဲ့မူရင်း‌‌ဇာတ်ညွှန်းရှိ သူ့အိပ်မက်နိမိတ်တွင် စုယွီက ဒါကို ဇာတ်လိုက်အတွက်သာလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက သူ့အချစ်ကို ဇာတ်လိုက်အား သက်သေပြဖို့ဖြစ်ပြီး သူနဲ့အတူရှိနေပေးဖို့လည်းတောင်းဆိုခဲ့၏။ မည်သို့ပင်ဖြစ်စေ ဒီအပြုအမူ ဒီနေရာမှာလာဖြစ်နေခြင်းက အရာအားလုံးဟာကြောင်တောင်တောင်နိုင်နေသည်ဟု လီချင်းယွင်အား ခံစားလာရစေသည်။

စုယွီဟာ နူးညံ့သိမ်မွေ့ကာ သနားကြင်နာတတ်ပြီး မကောင်းသည့်လူလည်းဖြစ်သည်။ သူတစ်စုံတစ် ယောက်ကိုချစ်မိပါက သူဟာ သေချာပေါက်အသိဉာဏ်ကင်းမဲ့တဲ့အစွန်းရောက်တစ်ဦး ဖြစ်လာလိမ့်မည်။

မည်သို့ပင်ဆိုစေ ဒီအခြေအနေမှာ စုယွီဟာ လီချင်းယွင် သူ့ကိုယုံကြည်လာဖို့ သေခြင်းတရားနဲ့ သက်သေပြဖို့ကြိုးစားခဲ့၏။

လီချင်းယွင်က ရိုးရိုးရှင်းရှင်းပင် ဒါကိုနားမလည်နိုင်။

"အရှင်မင်းကြီး.... ကျွန်တော်မျိုးကို...ယုံကြည် ပေးနိုင်မလား.."

စုယွီက ခက်ခက်ခဲခဲ ပြောလိုက်သည်။

လီချင်းယွင်က ဒီမေးခွန်း၏အဖြေကို ဖြေဖို့ရှောင်လိုက်ပြီး ‌‌‌‌‌‌အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ သူ၏ဖီးနစ်မျက်လုံးများတွင်မူ အေးစက်မှုတို့သာရှိနေသည်။

"စုယွီ... မင်းရဲ့အပြုအမူက မင်းတို့မျိုးဆက်ကိုးဆက်တိုင်တဲ့အထိ သေဒဏ်ပေးဖို့တောင် ငါ့အတွက်လုံလောက်စေတယ်!!" ‌‌‌‌‌‌‌‌

စုယွီ၏မျက်နှာမှာ ဖျော့တော့သွားပြီး မျက်လုံးများကိုမှိတ်ချလိုက်သည်။

" ကျွန်တော်မျိုး တောင်းပန်ဖို့အတွက် သေပေးဖို့သာရှိပါတော့တယ်..."

လီချင်းယွင်ပြောတာမှန်သည်။ သူ့အပြုအမူဟာ အင်ပါယာ၏အရှင်မင်းကြီးအား သတ်ရန်လုပ်ကြံမှုဖြစ်ပြီး ဒါက ခေါင်းဖြတ်ကွပ်မျက်ခံရမည့် ပြစ်မှုအကြီးစားပင်ဖြစ်၏။ လီချင်းယွင်ရဲ့ ဒေါသကြီးပြီး လက်စားချေတတ်သည့် စိတ်နေသဘောထားအရ သူဟာ သူ့ကိုယ်သူ သေချာပေါက် သတ်ပစ်ချင်နေမှာဖြစ်သည်။

ဒါဟာ လီချင်းယွင်လုပ်မယ့်အရာပင်ဖြစ်၏။

လီချင်းယွင်က ဖြည်းဖြည်းချင်းမတ်တပ်ရပ်လိုက်ပြီး သူ့ကိုငုံ့ကြည့်လာသည်။

"ငါမင်းကိုသတ်မှာမဟုတ်သလို ယုံကြည်မှာလည်းမဟုတ်ဘူး။ ဒီဓားဟာ မင်းအတွက်အပြစ်ဒဏ်ပဲ။ သမားတော်စု...နောင်တစ်ချိန်မှာ မင်းငါ့အတွက် စိတ်ကျေနပ်စေမယ့် တစ်စုံတစ်ရာကို လုပ်‌‌နိုင်ခဲ့မယ်ဆိုရင် ငါ....မင်းကို ယုံကြည်လို့ရတယ်လို့မှတ်ယူပေးမယ်..."

စုယွီက သွေးထွက်နေတဲ့ဒဏ်ရာကို ဖုံးလိုက်ပြီး တခစ်ခစ်ရယ်၏။

" အသက်ချမ်းသာပေးလို့ ကျေးဇူးတင်တယ်..အရှင်မင်းကြီး.."

"ဘုရင့်သမားတော်စုကို နန်းတော်ထဲကနေ သွေးတွေနဲ့ခေါ်ထုတ်သွားပါတယ်။ အရှင်မင်းကြီးကအရမ်းဒေါသထွက်နေပြီး လုံရှန့်နန်းတော်မှာ သမားတော်စု သေမလိုဖြစ်ခဲ့တယ်လို့ ပြောနေကြပါတယ်.."

ချန်မော့က မျက်မှောင်ကျုံ့ကာ ညောင်စောင်းပေါ်ထိုင်နေတဲ့ သူကူးလီဆီကို သတင်းသယ်လာပေး၏။

သူကူးလီက ပန်းပုရုပ်တို့မွမ်းမံထားသည့် ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်သည်။ သူ့မျက်နှာမှာ အတွေးများနေသယောင် သို့မဟုတ် စိတ်လွင့်‌နေသယောင်ရှ်ိပြီး နှင်းတမျှ အေးစက်နေ၏။ ခဏအကြာတွင် သူ မတ်တတ်ရပ်ပြီး ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။

"လုံရှန့်နန်းတော်ကိုသွားကြရအောင်.."

"မှန်လှပါ.."

ချန်မော့က သူကူးလီနောက်သို့လိုက်သွား၏။

လုံရှန့်နန်းတော်ကိုသွားနေတဲ့လမ်းမှာပင် ဖြူဖျော့နေတဲ့မျက်နှာနှင့် သွေးတွေလွှမ်းနေတဲ့စုယွီကို သယ်လာကြတာကို သူကူးလီတွေ့လိုက်ရသည်။

"သမားတော်စု.."

သူကူးလီ ခပ်ဖြေးဖြေး ခေါ်လိုက်၏။

မိန်းမစိုးများက ရပ်ပေးလာသည်။

"မင်းမှာ တစ်ခုခုပြောစရာရှိနေလား.."

သူကူးလီက စုယွီကို သူမတူသည့် အေးစက်စက်မျက်ဝန်းတစ်စုံဖြင့် တည်ငြိမ်စွာကြည့်လိုက်၏။

စုယွီက သူကူးလီ၏ နတ်သားတစ်ပါးအလားလှပသည့်မျက်နှာကို စိုက်ကြည့်ပြီး ခပ်တိုးတိုးရယ်သည်။

"အားလီ....မင်းကရင်သပ်ရှုမောစရာအလှတရားနဲ့‌ မွေးဖွားလာတာ ဒီမျက်နှာလေးကို ငါသဘောကျခဲ့မိတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါကို မြင်မြင်ချင်းအချစ်လို့ငါထင်ခဲ့တယ်။ သဘောကျခဲ့တယ် ချစ်ခဲ့တယ် ဒါပေမယ့်......လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ငါ့ခံစားချက်တွေဟာ ဒါကအချစ်မဟုတ်ဘူးလို့ ငါ့ကိုပြောပြခဲ့တယ်။ ဒါပေမယ့်လည်း...ဒါဟာလှပတဲ့အရာတွေကို သဘောကျအသိအမှတ်ပြုတာမျိုးဖြစ်နိုင်တယ်.."

"သမားတော်စု...ဘာ‌တွေပြောနေတာလဲ.."

သူကူးလီ အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။စုယွီဘာတွေပြောနေသလဲ သူတကယ်နားမလည်နိုင်တော့ပါ။

"ငါတောင်းပန်ပါတယ်...အားလီ.."

စုယွီသက်ပြင်းချလိုက်သည်။

"ငါမင်းနဲ့ဆက်ပြီး မပူးပေါင်းနိုင်တော့ဘူး ။ပြီးတော့ ဒီလိုအန္တရာယ်ရှိတဲ့အရာတွေလုပ်ဖို့ မင်းကိုထပ်ပြီးမစီစဉ်ပေးနိုင်တော့ဘူး။ငါမင်းအကြောင်းထုတ်မပြောခဲ့ပါဘူး အရှင်မင်းကြီးက ဒါတွေကို ငါလုပ်ခဲ့တယ်လို့သာသိထားတာ... ဒါပေမယ့် ငါ့ကိုအသက်ချမ်းသာပေးခဲ့သေးတယ်.."

" သမားတော်စုက ပူးပေါင်းထားတာကို ရုတ်သိမ်းမယ်လို့ဆိုလိုတာလား... သူ့ကိုကူညီပေးချင်နေတာလား.."

သူကူးလီ၏အသံမှာ ရေခဲနှင့်နှင်းကဲ့သို့ အေးစက်လျက်ရှိသည်။

"ဟုတ်တယ်.."

စုယွီ ချောင်းနှစ်ချက်ဆိုးလိုက်၏။

"ကောင်းပြီ.."

သူကူးလီက ပေါ့ပေါ့ပါးပါးပြောကာ လုံရှန့်နန်းတော်ဖက်သို့ အေးစက်စက်မျက်လုံးများဖြင့်ကြည့်လိုက်၏။

" မဟာမိတ်မဟုတ်တော့ရင် ငါ့အတွက်ရန်သူပဲဖြစ်လိမ့်မယ် ။ငါက ငါ့ရန်သူတွေကို ဘယ်တော့မှသနားညှာတာမှာမဟုတ်ဘူး...အကယ်၍ ငါသွားမယ့်လမ်းကို သမားတော်စုက ပိတ်ပင်မယ်ဆိုရင် အရင်ကပူးပေါင်းခဲ့တာကိုလည်း ငါဂရုစိုက်နေမှာမဟုတ်ဘူး။သမားတော်စု...ကံကောင်းဖို့ ငါ မျှော်လင့်ပါတယ်.."

မယုံကြည်နိုင်ခြင်းများစွာကြောင့် စုယွီမှာမျက်လုံးများပင်ကျယ်လာသည်။

"အားလီ....မင်းဘာလို့ ဒီလောက်တောင် နှလုံးသားမရှိရတာလဲ..ဒီရက်ပိုင်း သူမင်းကို ဘယ်လိုဆက်ဆံလဲဆိုတာ နန်းတော်ထဲကလူတိုင်းလည်းအမြင်ပဲ မင်း..”

" အဲ့ဒါနဲ့ပဲ သူ ငါနဲ့ လိင်ဆက်ဆံချင်ခဲ့တယ်ဆိုတဲ့အချက်က ပြောင်းလဲမသွားဘူး.."

မနေ့ညက လုကုန်းကုန်းပေးခဲ့တဲ့ ဆေးခပ်ထားတဲ့ ကြာစေ့စွပ်ပြုတ်ကိုတွေးမိတိုင်း လီချင်းယွင် သူ့ပါးစပ်ကို အသုံးပြုခဲ့တဲ့မြင်ကွင်းကို မြင်ယောင်မိလိုက်တိုင်း သူ့နှလုံးသားမှာ လူသတ်လိုစိတ်ပြင်းပြလာမှုကို သူကူးလီခံစားရ၏။ လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ စက်ဆုပ်ဖွယ်နည်းလမ်းတွေ သုံးတတ်တဲ့လူတွေကို သူမုန်းသည်။ ထိုလူဟာ လုဟွာဖြစ်နေလျှင်တောင်မှမုန်းသည်။ သူ့သခင်နဲ့တူသည့် ဒီပုတ်ထဲကဒီပဲတွေပင် ဖြစ်၏။

သို့သော် သူကူးလီကိုပို၍မနှစ်မြို့စေသည့်အရာက သူ့နှလုံးသားတွင်ရုတ်တရက်ဖြစ်ပေါ်လာသည့် သူ မထိန်းချုပ်နိုင်သောခံစားချက်များပင်ဖြစ်၏။

ဒါဟာ ဘယ်လိုခံစားချက်မျိုးပါလိမ့်။ သူကူးလီ နားမလည်နိုင်ခဲ့သလို နားလည်းမလည်ချင်ခဲ့ပါပေ။

သူက သဘာဝအတိုင်းပင် သွေးအေးသူဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဘယ်လိုလူကမှ သူ့မျက်လုံးကိုမဖမ်းစားနိုင်ဘူးဟု ယုံကြည်ထား၏။ ဘယ်လိုခံစားချက်မျိုး ၊ ဘယ်လိုလူမျိုးကိုမှ သူ့စိတ်အပေါ်သက်ရောက်ခွင့်ပြုမှာမဟုတ်ဘူး။

"ဒီ..."

စုယွီ၏ လည်ချောင်းတစ်လျှောက်ယားယံလာပြီး ပါးစပ်အပြည့် သွေးများလျှံထွက်လာသည်။

သူဟာ သူကူးလီကိုကြည့်လိုက်ပြီး ရုတ်တရက်တွေးမိသည်မှာ အရှင်မင်းကြီးကသူကူးလီကို အလွန်ကြင်ကြင်နာနာဆက်ဆံပေး၏။ အရှင်မင်းကြီးက သူ့ကို တကယ်ချစ်တာလား..အပျော်ရှာဖို့သပ်သပ်မဟုတ်ဘဲ တကယ်ပဲလား...

စုယွီ သူ၏ တောင်စဉ်ရေမရအတွေးများကိုမထိန်းချုပ်နိုင်တော့ပေ။ သူ့အတွေးတွေဟာ မိုးကုတ်စက်ဝိုင်းအထိပင်ပြန့်ကျဲ‌နေပြီး အဆုံးမှာတော့ သူ မခန့်မှန်းနိုင်တဲ့ မနာလိုမှု အရိပ်အယောင်တစ်ချို့ပင်ပါဝင်လာ၏။

သူက သူကူးလီကိုမနာလိုဖြစ်နေတာလား..

သူတကယ်ကိုရူးသွားပြီဟု စုယွီခံစားလာရသည်။ သူအခုချိန်မှာ သူ့ခံစားချက်တွေကို တဖြည်းဖြည်းနားလည်လာပြီဖြစ်ပေမယ့် သူကူးလီကိုတော့ ဘယ်တော့မှ မနာလိုမဖြစ်သင့်ဘူးလေ...

အားလီက ပျော်ရွှင်ပြီးတည်ငြိမ်တဲ့ဘဝလေးနဲ့ ရွှယ်တိုင်းပြည်မှာနေထိုင်သွားဖို့သာ တွေးထားခဲ့တာ...သို့သော် သူ့တိုင်းပြည်မှာဖျက်ဆီးခံခဲ့ရပြီး သူဟာလည်း အရှင်မင်းကြီးရဲ့ နန်းတော်သို့ အတင်းအဓမ္မ ခေါ်ဆောင်ခြင်းကိုခံခဲ့ရသည်။ သူဟာ အနောက်ဆောင်လိုနေရာမှာ မလွတ်လပ်စွာနေခဲ့ရပြီး တိုင်းပြည်နှင့်မိသားစုတို့အတွက် အမုန်းတရားများကိုပါ ထမ်းပိုးထားရ၏။ သူက ယောက်ျားများကိုစိတ်ဝင်စားခြင်းမရှိသော်လည်း ယောက်ျားများက သူ့ကို ချစ်ကျွမ်းဝင်လာမှာကိုတော့ တစ်ချိန်လုံးစိုးရိမ်နေသူဖြစ်၏။

စုယွီအသိပြန်ဝင်လာတော့ သူကူးလီက လုံရှန့်နန်းတော်ဆီသို့ ထွက်သွားနှင့်ပြီဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment