Little Creampie (LCP Team)
Chapter 1
မုယွင်ဇီသည် ပိုင်ရန်၏gongများထဲမှ တစ်ယောက်ဖြစ်၏။သူတို့နှစ်ဦးက တစ်ဦးနဲ့တစ်ဦး အရင်ဦးစွာ သိရှိခဲ့ပြီး နက်ရှိုင်းတဲ့ဆက်ဆံရေးရှိခဲ့တာကြောင့် မုယွင်ဇီက ပထမဆုံးသောgong ဖြစ်လာလေသည်။
မုယောင်ကတော့ မုယွင်ဇီ၏ တရားမဝင်ညီလေးဖြစ်သည်။မုယွင်ဇီက ညီလေးဖြစ်သူမုယောင်ကို မကြိုက်ပေမယ့် မုယောင်ကတော့ သူ့အစ်ကိုကို မိသားစုချစ်ခြင်းမေတ္တာဖြင့် အလွန်နှစ်သက်လေသည်။
မုယောင်က ကိုင်းပေါ် ပျံသန်းပြီး ဖီးနစ်ငှက်တစ်ကောင်ဖြစ်လာဖို့အတွက် ဘာမဆိုလုပ်မည့် အမေဖြစ်သူထံမှ မွေးဖွားလာခြင်းပင်။ မုယွင်ဇီနှင့်မုယောင်တို့၏ ဖခင်ဖြစ်သူ မုဖုန်းချွမ်သည် သူ့ငယ်ဘဝအချစ်သည်းသက်ကလျာလေးဖြစ်သူ မိန်းမနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည်။သူ့မိန်းမဖြစ်သူ နေမကောင်းမှုကြောင့် ကွယ်လွန်သွားပြီးခဲ့တဲ့နောက် ဘယ်တော့မှ နောက်အိမ်ထောင်မပြုခဲ့ပေ။
တစ်ခါတရံ မိန်းမတွေနဲ့ လိင်ဆက်ဆံတာမျိုးရှိပေမယ့် ထိုမိန်းမများကို ဘယ်တော့မှ သူ့ကလေးအား လွယ်ခွင့်မပေးပေ။
ဒါပေမယ့် ဒါက လူတွေအများကြီး မုကတော်၏နေရာကို လိုချင်တက်မက်နေကြသည့် အချက်ကို မရှောင်နိုင်ပေ။မုယောင်၏အမေဖြစ်သူကလည်း သူတို့ထဲမှ တစ်ယောက်ပင်။အခြားသူများနှင့် ပူးပေါင်းပြီး မုဖုန်းချွမ်၏ဝိုင်ထဲကို ဆေးခတ်ခဲ့သည်။ ချွန်းဖုန့်(မုယောင်မိခင်)က မုဖုန်းချွမ် မနိုးလာခင်မှာပဲ နိုင်ငံကနေ ထွက်ပြေးသွားခဲ့သည်။သူမ ပြန်လာတဲ့အခါမှာ ကလေးအရွယ်မုယောင်လေးကို သူ့လက်မောင်းထဲ ပွေ့ကိုင်၍ ပြန်လာခဲ့သည်။
ဒါပေမယ့် သူမ စိတ်ပျက်သွားခဲ့ရသည်။မုဖုန်းချွမ်က မုယောင်ကို အဝေးခေါ်သွားပြီး သူမကိုတော့ ငွေအများအပြားကိုသာ ပေးခဲ့၏။သူမက နှစ်ပေါင်းများစွာ အကျဥ်းအကျပ်ထဲတွင် ခက်ခက်ခဲခဲနေရမှာကို ဆန္ဒမရှိပေ။နောက်ဆုံးမှာ မုဖုန်းချွမ်းသည် စိတ်မရှည်ဖြစ်လာကာ သူမနှင့် အပေးအယူလုပ်ခဲ့သည်။ထိုအပေးအယူပြီးနောက် သူမလည်း လက်လျှော့သွားခဲ့၏။မုဖုန်းချွမ်က သူမကို ငွေပမာဏကြီးကြီးပေးကာ သူမကိုဘယ်တော့မှ ပြန်မလာနိုင်မယ့် နိုင်ငံဆီကို ပို့ပစ်လိုက်သည်။
မုယောင် ဒါတွေကို သူ့အသက် ၁၂နှစ် ၁၃နှစ်လောက်မှာ သိရှိခဲ့သည်။သူသည် ကလေးဘဝကတည်းက မုမိသားစုရဲ့ အိမ်ဟောင်းကြီးမှာ နေခဲ့သည်။အိမ်မှာရှိတဲ့လူတွေက ချက်ပြုတ်ပေးတဲ့အန်တီကြီးရယ်၊ အိမ်တော်ထိန်းရယ်၊ နောက်ပြီး သူ့အဖေနဲ့ သူ့အစ်ကိုတို့ပင်။
မုဖုန်းချွန်းဟာ ထိုမတော်တဆဖြစ်ပြီးကတည်းက ဘယ်တော့မှ ထပ်မသောက်တော့ပေ။သူက မုယောင်ကို မုန်းတယ်လည်းမဆိုသလို နှစ်သက်တယ်လို့လည်း မဆိုနိုင်။
မုယွင်ဇီလည်း ထိုနည်းတူပင်။ မုယောင်က ငယ်ငယ်လေးကတည်းက လျစ်လျူရှုခံခဲ့ရသည်။အကယ်၍ သူသာ တူညီတဲ့အဖေနဲ့အမေဆီကနေ မွေးဖွားလာတဲ့ သူ့ညီအရင်းဆိုရင်တော့ ဂရုစိုက်မှုအနည်းငယ်ကို ပြသပေးနိုင်လိမ့်မည်။ဒါပေမယ့် မုယောင်က သူ့ရဲ့သွေးတစ်ဝက်ပဲတော်တဲ့ ညီဆိုတော့ သူ့ကိုယ်သူ ဖိအားပေးပြီးဂရုစိုက်ရမှာ ပျင်းလေ၏။
မုယောင်ကတော့ သူ့အစ်ကိုကို ကလေးကတည်းက ကြိုက်ခဲ့၏။သူ့အစ်ကိုက သူ့ထက်ခြောက်နှစ်ပိုကြီးပြီး လေ့လာရေးပိုင်းမှာလည်း အလွန်ထူးချွန်ကာ ဆက်ဆံရေးလည်းကောင်းပြီး ချောမောလေသည်။
သူ ငယ်ငယ်လေးတုန်းက သူ့အစ်ကိုနောက်ကို တစ်နေ့လုံးလိုက်ရခြင်းကို သဘောကျလေသည်။သူ့အစ်ကိုက သူ့ကို လျစ်လျူရှုထားပေမယ့်လည်း သူကတော့ ပျော်နေတုန်းပင်။
မုယောင် သူ့အဖေကို ကြောက်ရွံ့၏။ငယ်ငယ်တုန်းကတည်းက သူ မုဖုန်ချွမ်ကို မကပ်ဖူးတာ မဟုတ်ပေ။ သူ မြေပြင်ပေါ် မှောက်လဲပြီး ကျယ်လောင်စွာ ငိုနေခဲ့တာတောင် မုဖုန်ချွမ်ကတော့ သူ့ကိုလျစ်လျူရှုကာ သတင်းကို ဖတ်နေဆဲပင်ဖြစ်၏။အဆုံးမှာတော့ အိမ်တော်ထိန်းက ရပ်မကြည့်နိုင်တော့ဘဲ သူ့ကို လာပွေ့ချီကာ ချော့ခဲ့သည်။
မုယွင်ဇီလည်း သူ့ကို လျစ်လျူရှုတယ်ဆိုပေမယ့် ကလေးတစ်ယောက်၏ထိလွယ်ရှလွယ်အသိက မုဖုန်ချွမ်၏လျစ်လျူရှုမှုနှင့် မုယွင်ဇီ၏လျစ်လျူရှုမှုတွင် ကွဲပြားမှုရှိတယ်ဆိုတာတော့ ခံစားနိုင်တုန်းပင်။
မုယွင်ဇီက ဒီတိုင်း သူ့ကို ဂရုကိုမစိုက်တာဖြစ်သည်။ ဒါပေမယ့် သူ မုဖုန်ချွမ်နဲ့ ပိုနီးကပ်ဖို့ ကြိုးစားလေလေ မုဖုန်ချွမ်က သူ့ကို ထိန်းချုပ်မရနိုင်လောက်အောင်ကို မနှစ်သက်လေဆိုတာကို သိလိုက်ရသည်။
ဒါကို သူ ငယ်ငယ်တုန်းကတော့ နားမလည်ခဲ့ပေ။နောက်ပိုင်းကျမှ သူနားလည်သွားခဲ့သည်။မုဖုန်ချွမ်လို အဆင့်အတန်းရှိသူကို မပြောနှင့်။ အတင်းဖိအားပေးတွယ်ကပ်နေတဲ့ ကလေးတစ်ယောက်ကို ဘယ်သူမှ မကြိုက်ပေ။ ဒါက သူ့အတွက် ရှက်စရာပင်။
ဒါပေမယ့် မုဖုန်ချွမ်က မုယောင်ကို ဘယ်တော့ကမှ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံခဲ့ပေ။ အစားအစာ ၊ အဝတ်အစား ၊ နေစရာအိမ် ၊ သွားလာရေးကအစ မုမိသားစုရဲ့ ဒုတိယသခင်ငယ်လေးမှာ ရှိသင့်တဲ့ပုံစံအတိုင်း ပုံမှန်ဆက်ဆံလေသည်။နောက်ပြီး ပိုက်ဆံပေးရင်လည်း ဘယ်တော့မှ မျက်တောင် တစ်ချက်မခတ်ပေ။သူက မုယောင်ကို ပိုက်ဆံတွေ အများကြီးပေးခဲ့ပေမယ့် ချစ်ခြင်းမေတ္တာနည်းနည်းလေးကိုတော့ ပေးဖို့ ငြင်းဆန်ခဲ့သည်။
ရလဒ်အနေနဲ့ကတော့ မုယောင်က ချစ်ခြင်းမေတ္တာမပေးတတ်တဲ့ ပလေးဘွိုင်းအဖြစ် ကြီးပြင်းလာခဲ့သည်။မုဖုန်ချွမ်က ဘာလို့ သူ့ကို အကြောင်းပြချက်မရှိ တမင်တကာ အလိုလိုက်ခဲ့တယ်လို့လည်း ပြောရမှာ ခက်ပေသည်။ (ရည်ရွယ်ချက်တစ်ခုခုကြောင့် ပျက်စီးအောင် အလိုလိုက်ခဲ့တာကို ပြောချင်တာပါ။ )
သို့ပေမယ့် မုယောင်က ဒါကို ဂရုမစိုက်ပေ။ မိသားစုစည်းစိမ်တိုက်ပွဲကိုလည်း စိတ်မဝင်စားပေ။သူ့မှာ ပိုက်ဆံပြတ်လပ်သွားမှာမဟုတ်ဘူးဆိုတာ သူသိသည်။ဒါနဲ့တင် သူ့အတွက် လုံလောက်၏။
မုယောင် အသက်၁၉နှစ်မှာ မုဖုန်ချွမ် ကွယ်လွန်သွားခဲ့သည်။မုယွင်ဇီက အဲ့နှစ်မှာ အသက်၂၅နှစ်ရှိပြီဖြစ်ပြီး မုအုပ်စုကို အမွေဆက်ခံခဲ့သည်။
မုဖုန်ချွမ်က မုယောင်အတွက် တစ်သက် စားမကုန်တဲ့ ကုမ္ပဏီရဲ့ရှယ်ယာ 8 ရာခိုင်နှုန်း၊ ပြိုင်ကားအများကြီးနှင့် ဗီလာ 7 လုံးကို ချန်ထားခဲ့သည်။
မုယွင်ဇီက မုဖုန်ချွမ်၏ ရှယ်ယာ 43 ရာခိုင်နှုန်းနဲ့ ကျန်ရှိသော အိမ်ခြံမြေနဲ့ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုတွေအားလုံးကို အမွေရရှိခဲ့သည်။
မုယောင်က မကျေမနပ်ဖြစ်တာမျိုးမရှိပေ။သူက အားရကျေနပ်စွာနဲ့ကို အံဩသွားတာပင်။သူထင်ခဲ့တာက မုဖုန်ချွမ် သူ့အတွက် အမွေထားခဲ့ရင်လည်း အများဆုံးမှ အိမ်တစ်လုံး ၊ ပြိုင်ကားတစ်စီး နဲ့ ပိုက်ဆံဟုပင်။ ရှယ်ယာများကိုပါ ပေးခဲ့မည်ဟု မထင်ထားခဲ့ပေ။ ဖြစ်နိုင်တာက မုယောင် ဒါတွေအကုန်လုံးကို သုံးဖြုန်းပြီး လမ်းပေါ်မှာ ဆာလောင်မှုဖြင့် သေဆုံးသွားမှာကို စိုးထိတ်တာကြောင့် အစုပေါ်အမြတ်ကို ပေးခဲ့တာဖြစ်မည်။ အဆုံးမှာတော့ မုယောင်မှာ မုမိသားစုရဲ့ သွေးတစ်ဝက်ပါနေတုန်းပင်။
အဲ့နောက် မုယောင်က အိမ်ဟောင်းကနေ မပြောင်းရွှေ့ခဲ့ပေ။သေတမ်းစာအရဆိုလျှင် ထိုအိမ်က မုယွင်ဇီ ပိုင်ဆိုင်တာ ဖြစ်သည်။
ဒါပေမယ့် သူ နေနေ မနေနေ မုယွင်ဇီက ဂရုမစိုက်ပေ။သူက တစ်နှစ်ပတ်လုံး အလုပ်များနေပြီး ရံဖန်ရံခါ ကုမ္ပဏီအနားက အိမ်တစ်လုံးတွင် နေသည်။အိမ်ဟောင်းကို တစ်လ တစ်ကြိမ်တောင် ပြန်မသွားပေ။
မုယောင်က အမြဲတမ်း သူ့အစ်ကိုကို သွားရှာခဲ့ပေမယ့် အမြဲတမ်းပဲ လျစ်လျူရှုခံရသည်။သူ ထင်ခဲ့တာက သူ့အစ်ကိုက အေးတိအေးစက်ဖြင့် မွေးဖွားလာခဲ့တာလို့ပင်။ဘာလို့ဆို သူ့အစ်ကို သူတို့အဖေကလွဲ အခြားဘယ်သူ့ကိုမှ စိတ်ဝင်တစားမရှိဖူးပေ။
ဒါပေမယ့် ပိုင်ရန် ပေါ်ထွက်လာခဲ့သည်။
သူ့အစ်ကိုက တစ်စုံတစ်ယောက်ကို ဒီလောက် ကြင်ကြင်နာနာကြည့်ပြီး မျက်နှာပေါ်အပြုံးလေးတစ်ခုဖြင့် နမ်းနေတာကို မုယောင် ဘယ်တုန်းကမှ မမြင်ဖူးပေ။
သူ အမြဲထင်ခဲ့မိတာက သူ့ရဲ့နှစ်လိုဖွယ်ကောင်းတဲ့အစ်ကိုဟာ မြေပြင်ပေါ်သို့ ဆင်းသက်လာတဲ့ မသေမျိုးတစ်ပါးဖြစ်တာကြောင့် လူသားတွေရဲ့ချစ်ခြင်းကို အထင်သေးစက်ဆုပ်တာလို့ပင်။ဒါပေမယ့် သူ မထင်ထားမိခဲ့တာက သူက(မုယောင်) မထိုက်တန်လို့ဆိုတာပဲ။သူက သူ့အစ်ကိုရဲ့ ချစ်ခြင်းမေတ္တာနဲ့ မထိုက်တန်တာကိုပဲ။
ပိုင်ရန်နဲ့ပတ်သက်ပြီး ဘာတွေဒီလောက်တောင် ကောင်းမွန်နေလဲဆိုတာ သူ နားမလည်ပေ။ကောင်းမွန်စွာ မွေးဖွားလာပေမယ့် ယောင်္ကျားများနှင့် ပတ်ရှုပ်ထွေးနေကာ သူ့ကိုယ်သူတောင် မချစ်ပေ။
ဒီလိုမျိုး လူတစ်ယောက်က ဘာကြောင့် ငါ့အစ်ကိုရဲ့စွန့်လွှတ်အနစ်နာခံမှုနဲ့ ထိုက်တန်ရမှာလဲ? ဒါပေမယ့် မုယွင်ဇီနဲ့ သွေးတစ်ဝက်တော်စပ်တဲ့ မုယောင်မှာတော့ သူ့အစ်ကိုဆီကနေ အပြုံးလေးတစ်ပွင့်တောင် မရနိုင်ခဲ့ပေ။
မနာလိုမှုက သူ့နှလုံသားထဲမှာ အမြစ်တွယ်ခဲ့ပြီး တဖြည်းဖြည်း မိုးမျှော်သစ်ပင်အဖြစ် ကြီးထွားလာခဲ့သည်။အဆုံးမှာ သူ မကောင်းတာ တစ်ခုခုကို လုပ်ခဲ့သည်။ သူ ပိုင်ရန်ကို မုဒိန်းကျင့်ခိုင်းဖို့ တစ်ယောက်ယောက်ကို ရှာချင်ခဲ့သည်။
မုယောင်က ဆိုက်ပေး ဂိုက်ပေး ကြမ်းတဲ့သူဖြစ်ပေမယ့်လည်း သူလုပ်တာဆိုလို့ သောက်တာ၊ ကားပြိုင်မောင်းတာ နဲ့ ငွေဖြုန်းတာပဲ ရှိသည်။ တရားမဝင်တာ ဘယ်တော့မှ မလုပ်ပေ။
ဒီတစ်ကြိမ်မှာတော့ မနာလိုဝန်တိုခြင်းကြောင့် သူ စုံလုံးကန်းသွားခဲ့သည်။နှစ်တွေအများကြီး အဖေနဲ့အစ်ကိုဆီကနေ လျစ်လျူရှုခံရခြင်းများနှင့် ဂရုစိုက်မှုများ မခံရခြင်းတို့က ရုတ်တရက် ထိုအချိန်မှာ ပေါက်ကွဲထွက်သွားခဲ့သည်။
ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါပေ။သူ ပိုင်ရန်ရဲ့ မျက်ရည်များပြည့်နှက်နေတဲ့ မျက်နှာနဲ့ အဝတ်အစားတွေ ဂန်းစတားတွေကြောင့် ဆုတ်ပြဲသွားတာကို ကြည့်နေချိန်မှာပဲ မုယွင်ဇီနဲ့ ပိုင်ရန်ရဲ့မောင်းမဆောင်ကြီးက ရောက်ချလာသည်။
မှောင်မိုက်ကာ ကျဥ်းမြောင်းသည့် လမ်းကြိုလမ်းကြားလေးထဲတွင် ဂန်းစတားများက မြေပြင်ပေါ် မှောက်သိမ့်ခံလိုက်ရသည်။မုယွင်ဇီက တုန်ယင်နေသည့်ပိုင်ရန်ကို ပွေ့ချီကာ မုယောင်ကို အေးစက်စွာ ကြည့်ပြီး လှည့်ထွက်သွားခဲ့သည်။
ပိုင်ရန်ရဲ့မောင်းမဆောင်ထဲက လူအများအပြားကလည်း သူ့ကို ရက်စက်သောအမူအယာများဖြင့် ကြည့်သွားကြသည်။သူတို့ထဲက တစ်ယောက်ဖြစ်သည့် လော့ယင်က ရှေ့တိုးလာပြီး မုယောင်ကို အကြိမ်အနည်းငယ် ကန်ပြီး နိမိတ်မကောင်းသည့်အကြည့်ဖြင့် စိုက်ကြည့်သွားသည်။သူက အရိုက်ခံထားရတဲ့ ဂန်းစတားတစ်ယောက်ကို ဆွဲကာ မြေပြင်ပေါ် ပစ်ချလိုက်သည်။ထို့နောက် သူတို့ကို မုယောင်ကို ဝိုင်းမုဒိန်းကျင့်ရင့်ကျင့် မဟုတ်ရင် သူတို့ကို သတ်ပစ်မှာလို့ပြောခဲ့သည်။
"မင်း gang rape ကို ကြိုက်တယ်မလား?ဒါဆိုလည်း ပျော်ပျော်ကြီး ခံလိုက်တော့ "
ဒါ လော့ယင် သူ့ကို နောက်ဆုံးပြောခဲ့တဲ့စကားပင်။ထို့နောက် သူတို့အားလုံး ထွက်သွားကြသည်။ မုယောင်ကတော့ နာကျင်စရာအော်ဟစ်ငိုသံများဖြင့် ကျန်ရစ်ခဲ့သည်။မုယောင် သူ့အစ်ကိုကို အကြိမ်ကြိမ် ထပ်ခါထပ်ခါ အော်ခေါ်ခဲ့ပေမယ့် သူ့အစ်ကိုကတော့ အခြားလူတစ်ယောက်ကို ပွေ့ချီထားပြီး သူ့အသံကို မကြားသည့်ပုံပင်။
တဖြည်းဖြည်းနဲ့ သူ ရုန်းကန်နေတာကို ရပ်လိုက်သည်။သူ ဒါကြီး မပြီးမဆုံးချင်း စိုစွတ်မှုကြောင့် ရေညှိများဖြင့် ဖုံးလွှမ်းနေသည့် ကျောက်တုံးကိုသာ စိုက်ကြည့်နေခဲ့သည်။
ထိုဂန်းစတားများ ထွက်သွားပြီးတဲ့နောက် အေးစက်နေတဲ့မြေပြင်ပေါ်မှာ မုယောင် နာရီဝက်ကြာအောင် လဲလျောင်းနေခဲ့သည်။ထို့နောက်မှသာ တဖြည်းဖြည်းချင်း ထရပ်လာသည်။
သူ လမ်းကြားထဲကနေ ဖရိုဖရဲ ကတိမ်းကယိုင်ဖြင့် ထွက်လာခဲ့သည်။လမ်းသွားလမ်းလာများက သူ့ကို စူးစိမ်းစွာဖြင့် စိုက်ကြည့်သွားကြပေမယ့် သူနောက်ထပ် ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။
သူ့ကိုယ်ပေါ်ကနေ ဖုန်းကိုရှာတွေ့သွားပြီး ဝီချက်ကိုဖွင့်ကာ သူ့အစ်ကိုဆီ ကွဲအပ်နေသော အသံဖြင့် အသံမက်ဆေ့ချ်ပို့လိုက်သည်။
" မုယွင်ဇီ ခင်ဗျား အရမ်းရက်စက်တာပဲ " ထို့နောက် ဖုန်းကို ပိတ်လိုက်သည်။
သူ တက်ဆီခေါ်ပြီး အနီးဆုံး မိုဟုတံတားဆီသွားကာ တံတားပေါ်ကနေ ခုန်ချသွားခဲ့သည်။
နောက်တစ်နေ့မှာ မုမိသားစုရဲ့ဒုတိယသားဖြစ်သူ မုယောင်သည် ရေထဲသို့ ခုန်ချကာ အဆုံးစီရင်ခဲ့သည်ဟူသော ခေါင်းစဥ်သည် ရေပန်းစားသော အကြောင်းအရာဖြစ်လာသည်။
~
To be continued......