Little Creampie (LCP Team):
Chapter 19
"မုယောင်...." အံ့အားသင့်မှု ဇဝေဇဝါဖြစ်မှုအပြည့်နဲ့ ထိုလူရဲ့အသံက ထွက်ပေါ်လာသည်။
ထို့နောက်မုယောင်သည် ထိုလူရဲ့မျက်နှာကို နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ထိုလူက ခန်ချင်းဟန်ဖြစ်နေ၏။
ခန်ချင်းဟန်ရဲ့မျက်နှာသည် ပုံမှန်မဟုတ်ဘဲ ရဲရဲနီနေပေမယ့် သူ့ရဲ့မျက်လုံးတွေက အေးစက်စူးရှနေသည်။
သူ့ရဲ့အသက်ရှူသံက အရမ်းလေးလံနေပြီး ပူနွေးတဲ့အသက်ရှူငွေ့က မုယောင်ရဲ့မျက်နှာဆီကို တိုက်ရိုက်ရောက်လာသည်။ သူလည်း ယောက်ျားတစ်ယောက်ဖြစ်တာကြောင့် မုယောင်သည် ခုလေးတင် အရှက်တကွဲအနာတရထွက်သွားတဲ့ ပိန်ပိန်ပါးပါးလူကိုမြင်လိုက်ရတာနဲ့ ဘာဖြစ်ခဲ့လဲဆိုတာ အကြမ်းဖျင်း ရိပ်မိသည်။
တစ်ယောက်ယောက်က ခန်ချင်းဟန်ကို ခန်မိသားစုအိမ်ထဲမှာပဲ ဆေးခတ်လိုက်တာပဲ!
အခုက မစ္စတာခန်ရဲ့ မွေးနေ့ပါတီပွဲ။ ဘယ်သူမှ ဒီအချိန်မှာ ခန်ချင်းဟန်ရဲ့အိပ်ရာပေါ် တက်ဖို့လောက်ထိ မိုက်မဲမှာမဟုတ်ဘူး။
မုယောင်က အရမ်းဉာဏ်မကောင်းပေမယ့် သူလည်း လူချမ်းသာမိသားစုအိမ်က သခင်လေးတစ်ယောက်ပဲ။
လူချမ်းသာမိသားစုအိမ်တွေရဲ့ အနိုင်ကျင့်မှုတွေကို သူတစ်ခါမှ မကြုံတွေ့ဖူးပေမယ့် အဲ့အကြောင်းတွေကို မသိဘူးလို့တော့ မဆိုလိုဘူး။
တစ်ယောက်ယောက်က ဒီအရှုပ်တော်ပုံကိုသုံးပြီး ခန်ချင်းဟန်ကို ဖြုတ်ချချင်တာဖြစ်နိုင်တယ်လို့ သူတွေးလိုက်၏။ ခုလေးတင် ထွက်သွားတဲ့လူနဲ့ ခန်ချင်းဟန်ကြားမှာ တကယ် တစ်ခုခုဖြစ်ခဲ့ရင် တစ်ယောက်ယောက်က မကြာခင်မှာပဲ မစ္စတာခန်ကို " အိပ်ရာပေါ်က ခန်ချင်းဟန်ကို ဖမ်းဖို့'' ဦးဆောင်လမ်းညွှန်ပေးလာလိမ့်မယ်။
ခန်မိသားစုက နွားကျောင်းသားတွေလို အင်အားမရှိတဲ့သူတွေမဟုတ်ပေ။ ခန်မိသားစုရဲ့ အဘိုးကြီးမှာ သား လေးယောက်ရှိပြီး သားတစ်ယောက်စီမှာ အနည်းဆုံး သားတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စီရှိသည်။ ခန်ချင်းဟန်က မစ္စတာခန်ရဲ့သားလည်းမဟုတ်သလို သူ့ရဲ့ အကြီးဆုံးမြေးလည်း မဟုတ်ချေ။ သူက ဦးလေးတွေ၊ ညီအစ်ကိုမောင်နှမတွေအများကြီးကို ကျော်ပြီး ခန်မိသားစုရဲ့ အကြီးအကဲအသစ်ဖြစ်လာခြင်းက လူအတော်များများရဲ့ မကျေနပ်မှုကို ဖြစ်စေခဲ့သည်။
စပ်စုချင်စိတ်က ကြောင်ကိုသတ်လိုက်တယ်ဆိုတဲ့စကားက အရမ်းမှန်တာပဲ!
မုယောင်သည် တော်တော်စိတ်ဓာတ်ကျသွား၏။ သူ အဲ့လူနောက် လုံးဝလိုက်မသွားလိုက်သင့်ဘူး။
မုယောင်တစ်ယောက် သူ့စိတ်ထဲမှာ မကျေမနပ်ပြောနေတာ မပြီးခင်မှာပဲ ခန်ချင်းဟန်က ရုတ်တရက် လှုပ်ရှားလိုက်၏။
သူ့ရဲ့မျက်နှာက မုယောင်ရဲ့မျက်လုံးထဲ ရုတ်တရက် ကြီးလာပြီး သူ့ရဲ့ပါးလွှာတဲ့နှုတ်ခမ်းတွေက မုယောင်ရဲ့ နီရဲရဲနှုတ်ခမ်းတွေကို ပြင်းပြင်းထန်ထန် နမ်းလာသည်။
"ခင်ဗျား ဘာလုပ်တာလဲ..." မုယောင် စကားမဆုံးခင်မှာပဲ သူက မုယောင်ရဲ့မျက်နှာကို လက်တစ်ဖက်နဲ့ကိုင်ပြီး မုယောင်ရဲ့စေ့နေတဲ့နှုတ်ခမ်းတွေကို လက်နှစ်ချောင်းနဲ့ ဖွင့်လိုက်သည်။
"အွန်း..." သူ့ရဲ့အားပြင်းတဲ့လျှာက မုယောင်ရဲ့ပါးစပ်ထဲကို ထက်သန်စွာဝင်ရောက်လာပြီး သူ့ရဲ့နယ်မြေကို ကင်းလှည့်နေသလိုမျိုး မုယောင်ရဲ့ပါးစပ်ထဲက နူးညံ့တဲ့နေရာအားလုံးကို လှည့်ပတ်သွားနေ၏။
မူလက ဝှက်ထားတဲ့ မုယောင်ရဲ့နူးညံ့တဲ့လျှာလေးကိုလည်း သူ့ရဲ့လျှာနဲ့ အတင်းအကြပ် ရစ်ပတ်လိုက်သည်။ အသားနဲ့အရိုးတွေကို စားချင်နေသည့် ရက်စက်တဲ့ခွေးရူးတစ်ကောင်လိုမျိုး မုယောင်ပါးစပ်ထဲက နေရာတိုင်းကို ရှာဖွေနေတာကြောင့် မုယောင်မှာ အသက်ရှူတောင် မဝတော့ပေ။
မုယောင်ရဲ့လက်တွေက ခန်ချင်းဟန်ရဲ့ရင်ဘတ်ကို အားနည်းစွာတွန်းထုတ်လိုက်ပေမယ့် ဦးနှောက်က အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ထပ်မလှုပ်နိုင်တော့ပေ။ ဒါ့အပြင် အရမ်းနီးကပ်တဲ့ထိတွေ့မှုက သူ့ရဲ့မကောင်းတဲ့အမှတ်တရတွေကို နိုးကြားသွားစေတာကြောင့် သူ့ကို ပိုပြီးမလှုပ်နိုင်ဖြစ်သွားစေ၏။
နောက်ဆုံးတွင် မုဆိုးက သူ့ရဲ့ချိုမြိန်တဲ့သားကောင်လေးက အသက်ရှူဖို့တောင် မတတ်နိုင်တော့ဘူးဆိုတာ သိသွားတာကြောင့် သားကောင်လေးကို သနားညှာတာသောအားဖြင့် လွှတ်ပေးလိုက်၏။
မုယောင် အသက်ပြင်းပြင်းရှူနေချိန်မှာပဲ ခန်ချင်းဟန်က တံခါးကိုပိတ်လိုက်သည်။
"ခန်ချင်းဟန်!" မုယောင်၏အသံက ကြောက်ရွံ့မှုတွေနဲ့ပြည့်နေသည်။သူ ခန်ချင်းဟန်ရဲ့ ကြည်လင်နေတဲ့မျက်လုံးတွေနဲ့ ဆုံမိသွား၏။
ခန်ချင်းဟန်က မုယောင်ကို ကြောင်လေးတစ်ကောင်လို အိပ်ရာပေါ်ကို သယ်သွားလိုက်သည်။ မုယောင် ဘယ်လောက်ပဲကန်နေပါစေ ခန်ချင်းဟန်က တစ်လက်မတောင် မရွေ့ပေ။
သူ့ရဲ့ရှည်လျားသည့်ကိုယ်လုံးက မုယောင်ပေါ် မိုးမျှော်တောင်ကြီးတစ်ခုလို လွှမ်းမိုးနေ၏။ ချိုမြိန်တဲ့ရနံ့က အခန်းထဲ ပြည့်နှက်သွားပေမယ့် မုယောင်ရဲ့နှလုံးသားကတော့ နက်နဲသည့်အဆုံးမဲ့တွင်းထဲကို ကျဆင်းသွားသည်။
"ခန်ချင်းဟန်, ကျွန်တော်က မုမိသားစုက မုယောင်ပါ၊ ခင်ဗျားရဲ့ ချစ်သူလေးမဟုတ်ဘူး!" မုယောင်ရဲ့အသံက တုန်ယင်ပြီး သနားစရာကောင်းနေသည်။
သို့သော် ခန်ချင်းဟန်က သူပြောတာကို မကြားသည့်ပုံပင်။
သူက မုယောင်ရဲ့မျက်နှာကို အတင်းအကြပ်ကိုင်ပြီး ဆက်နမ်းသည်။ သူ့ရဲ့ကျန်လက်တစ်ဖက်က မုယောင်ရဲ့အင်္ကျီထဲကို မရိုးမသားဝင်ရောက်လာပြီး သူ့ရဲ့ချောမွတ်တဲ့အသားအရေတစ်လျှောက် ပွတ်သပ်ရင်း သူ့ကို ထိနေ၏။။
"ဖယ်စမ်း!"
ဤအချိန်တွင် မုယောင်သည် သူ့ကိုယ်သူ ခန်မိသားစုရဲ့အခန်းထဲမှာရှိနေတာလား ဒါမှမဟုတ် မှောင်မိုက်တဲ့လမ်းကြားထဲမှာ ရှိနေတာလားဆိုတာ မသိတော့ချေ။ သူက အသက် ၁၉ နှစ်အရွယ် လူချမ်းသာသခင်ငယ်လေးလား ဒါမှမဟုတ် အသက် ၂၃ နှစ်အရွယ် လူမဆန်စွာ အုပ်စုဖွဲ့ မုဒိန်းကျင့်ခံခဲ့ရတဲ့ မုယောင်လားဆိုတာကိုလည်း မသိတော့ပေ။
လူတွေဟာ ကြောက်ရွံ့စိတ်ဖြင့် ထင်ရာစိုင်းမိတဲ့အခါ အံ့သြဖွယ်ကောင်းတဲ့ ခွန်အားတွေနဲ့ ပေါက်ကွဲထွက်လာနိုင်သည်။ သူ တကယ်ကြီး ခန်ချင်းဟန်ကို အိပ်ရာပေါ်ကနေ ကန်ထုတ်လိုက်သည်။
ဒါပေမယ့် ခန်ချင်းဟန်က ပြန်ထပြီး မုယောင်ကို ဖမ်းမလို့ လုပ်လိုက်ချင်ပေမယ့် သူ့ရဲ့အကြည့်တွေကို ဖမ်းစားလိုက်တာက မုယောင်ရဲ့ တုန်ယင်နေတဲ့ ခန္ဓာကိုယ်ပဲ။
မုယောင်ရဲ့မျက်နှာတွင် မျက်ရည်တွေနဲ့ ဝမ်းနည်းစိတ်ပျက်အားငယ်မှုတွေရှိနေ၏။သေစေနိုင်လောက်တဲ့တိတ်ဆိတ်မှုတွေက သူ့ကို ဖုံးလွှမ်းထားသည်။
ခန်ချင်းဟန် ရုတ်တရက် သတိပြန်ဝင်လာသည်။ သူ့လက်ကိုမြှောက်ပြီး သူ့ကိုယ်သူ ပြန်ရိုက်လိုက်၏။ နာကျင်မှုက သူ့ကို ပြန်လည်အသိဝင်စေ၏။
"မုယောင်, မြန်မြန်သွား။" ခန်ချင်းဟန်ရဲ့အသံက တိုးလျအက်ကွဲနေပြီး သူ့ရဲ့လက်ပေါ်ရှိ သွေးကြောတွေက ဖောင်းကားနေ၏။ သူ့ရဲ့အသိစိတ်က တကယ်တမ်း ပြန်မရသေးဘဲ သူ့ရဲ့လိုအင်ဆန္ဒကိုပဲ အတင်းအကျပ်ချုပ်တီးထားတယ်ဆိုတာ သိသာ၏။
မုယောင်က ခန်ချင်းဟန်ရဲ့စကားကြောင့် သတိနည်းနည်း ပြန်ရလာတယ်။ သူ မျက်ရည်တွေကို အမြန်သုတ်၍ တံခါးဆီကို ယိုင်တိယိုင်တိုင်သွားပြီး တံခါးဖွင့်ကာ ပြေးထွက်သွားသည်။ သူ တံခါးကိုပိတ်လိုက်တဲ့အခါ ခန်ချင်းဟန်ရဲ့မျက်လုံးတွေက သူ့ကို တည့်တည့်စိုက်ကြည့်နေ၏။ သူ့သားကောင်ကို ကြည့်နေတဲ့ မုဆိုးလိုပင်။
Chapter 19 end.