no

Font
Theme

Little Creampie (LCP Team):

Chapter 11

မုယောင် ကို့ယို့ကားယားဖြင့် မနက်စာ စားပြီးနောက် မုယွင်ဇီကို တစ်ချက် စမ်းစမ်းဝါးဝါးစူးစိုက်ကြည့်ပြီး ပြေးထွက်သွားလိုက်သည်။

သူကတော့ မုယွင်ဇီ မမြင်လိုက်ဘူးလို့ထင်နေလေ၏။ဒါပေမယ့်မယ့် မုယွင်ဇီက သူ့ရဲ့ညီငတုံးလေးက မျက်လုံးလှလှလေးတွေကို ဖွင့်ပြီး သူ့ကို ဒေါသတကြီး စူးစိုက်ကြည့်သွားတာကို သေချာပေါက် မြင်လိုက်၏။သူကိုယ်သူတော့ ထိုအကြည့်က ကြောက်စရာကောင်းတယ်လို့ တွေးမှာပေါ့။ဒါပေမယ့် ထိုအကြည့်လေးက ချစ်စရာကောင်းနေသည်။ထို့နောက် ငကြောက်လေးလို ပြေးထွက်သွား၏။

မုယောင်သည် ဒီနေ့ ချီစစ်စစ်နဲ့ အသစ်ဖွင့်လိုက်သည့်ကစားကွင်းပန်းခြံဆီ အဖော်လိုက်သွားမလို့ဖြစ်၏။အစက သူမသွားချင်ခဲ့ပေမယ့် ချီစစ်စစ်က wechat ကနေ မက်ဆေ့ချ်တွေ တရစပ်ပို့လာတော့ ရွေးချယ်စရာမရှိဘဲ သူမနဲ့ လိုက်ပေးလိုက်ရသည်။

ချီစစ်စစ်က ချီမိသားစု၏တတိယမြောက်ကလေးဖြစ်၏။မျသားစုမှာ သမီးမိန်းကလေးတစ်ယောက်တည်းရှိပြီး သူမကို တုန်နေအောင် ချစ်ကြသည်။

ချီစစ်စစ်က စိတ်ရင်းကောင်းပြီး အမြဲရွှင်လန်းတက်ကြွသည်။မုယောင် အရင်ဘဝက သူမနဲ့ နည်းနည်းပဲ အဆက်အဆံလုပ်ဖူးသည်။သို့သော် ဒီဘဝတွင်တော့ သူတို့နှစ်ယောက်သား ဘားမှာတွေ့ပြီး အချင်းချင်း wechat အပ်ခဲ့ကြသည်။နှစ်ယောက်သား စကားပြောရင်း သူငယ်ချင်းကောင်းတွေ ဖြစ်လာကြပေ၏။

"ဒီမှာ, ဒီမှာ! " ချီစစ်စစ်သည် အနီမှိုင်းမှိုင်း ကြိုးပခုံးတစ်ဖက်တင်အပေါ်အင်္ကျီကို အနက်ရောင် စကပ်တိုနဲ့ ပိုက်ကွန်လိုဇာစတော့ကင်နဲ့ ဒူးအထက်ဘွတ်ဖိနပ်နဲ့အတူ ဝတ်ဆင်ထားသည်။မိတ်ကပ်ကို ခပ်ပါးပါးလိမ်းထားကာ စွဲမက်ဖွယ်ကောင်းနေ၏။

"တခမ်းတနားဝတ်လာတာပဲ" မုယောင်ကတော့ သာမန်တီရှပ်တစ်ထည်နဲ့ဂျင်းကိုသာ ဝတ်ဆင်ထားပြီး သူမကို တအံ့တဩဖြင့်ကြည့်နေလေ၏။

"ဒါပေါ့...မင်းလည်း မင်းရဲ့ညီအစ်မကောင်းနဲ့ အပြင်ထွက်မှာဆို သားသားနားနားဖြစ်နေရမယ်လေ။အခုက တအားကြီးသာမန်ဆန်လွန်းလိုက်တာဟယ်" ချီစစ်စစ် မုယောင်၏မျက်နှာလေးကို အားမလိုအားမရဖြင့် ဆိတ်ဆွဲလိုက်သည်။

"နာတယ်,နာတယ်!" မုယောင် ချီစစ်စစ်၏ဆွဲဆိတ်ခြင်းကနေ မြန်မြန် အဝေးရှောင်လိုက်၏။

"ကျေးဇူးပြုပြီးတော့ပါ မစ်ချီစစ်စစ်ရယ်....ကျွန်တော်က ယောင်္ကျားလေးဗျ, ခင်ဗျားရဲ့ ညီအစ်မကောင်းဆိုတာ ဘာကြီးလဲ" မုယောင် အသံတိုးတိုးနဲ့ အတွန့်တက်လိုက်သည်။

"နင် ဘာပြောလိုက်တယ်?" ချီစစ်စစ်က သူ့ကို စိုက်ကြည့်လိုက်တော့ မုယောင်လည်း အမြန်အပေါက်ပိတ်လိုက်သည်။

သူတို့ဘေးပတ်လည်က လူတွေကတော့ ဒီအလှလေးနှစ်ယောက်ကို တိတ်တခိုးကြည့်ပြီး သူတို့စိတ်ထဲ ဒီအလှလေးနှစ်ယောက်က ချစ်သူတွေလား ဘာလားဆိုတာ သိချင်နေကြသည်။

"သွားကြမယ်"ချီစစ်စစ်သည် လက်မှတ်ဝယ်ယူရန် မုယောင်ကို ဆွဲခေါ်သွားသည်။

သူတို့နှစ်ယောက်လုံး တစ်ကြိမ်ပြီးတစ်ကြိမ် ကစားပြီး​တဲ့နောက် သူတို့၏အစာအိမ်က သံစုံတီးဝိုင်းဖျော်ဖြေနေပြီ။

"ဒီပန်းခြံထဲမှာပဲ အသစ်ဖွင့်ထားတဲ့စားသောက်ဆိုင်က ကောင်းတယ်လို့ ငါသတင်းရထားတယ်။သွားစားကြည့်ရအောင်".

နှစ်ယောက်သား ထိုစားသောက်ဆိုင်ဆီ တည့်တည့်မတ်မတ်သွားခဲ့ကြသည်။စားသောက်ဆိုင်ကို ချစ်စရာကောင်းစွာ အလှဆင်ထားပြီး လူတွေအများကြီးရှိသည်။

ချီစစ်စစ် ထက်ရှတဲ့အကြည့်တွေဖြင့် ​နှစ်ယောက်စာနေရာကို ရှာဖွေပြီး အောင်အောင်မြင်​မြင်နဲ့ မုယောင်ကို လူတွေကြားကနေ ဦးဆောင်သွားခဲ့၏။

"မင်္ဂလာပါ။ ဘာများ သုံးဆောင်ချင်ပါသလဲဗျ" မုယေင် ထိုင်ခုံပေါ် ထိုင်လိုက်တဲ့အချိန် ရင်းနှီးကျွမ်းဝင်နေတဲ့အသံက ထွက်ပေါ်လာသည်။

မုယောင်၏ကိုယ်က တခဏမျှ တောင့်တင်းသွား၏။သူ မျက်လုံးမော့ကြည့်လိုက်တော့ ပိုင်ရန်၏ မျက်နှာချောချောလေးကို မြင်လိုက်ရသည်။

"တိုက်ဆိုင်လိုက်တာ ၊ မုယောင်"ပိုင်ရန်က မုယောင်ကို မျက်လုံးများ ကွေးတဲ့အထိ ပြုံးပြလာသည်။

".....ဒါ...တကယ့်ကို တိုက်ဆိုင်မှုကြီးပဲ" မုယောင် ဖြစ်ညှစ်ပြုံးပြလိုက်​ပြီး စိတ်ထဲမှာတော့ အသေအလဲ ကွန်ပလိန်းတွေတက်နေမိ၏။

အရာအားလုံး အဆင်ပြေနေရဲ့လား?အဆင်ပြေပါ့မလား? ပိုင်ရန် ငါ့ကိုယ်ပေါ်မှာ ခြေရာခံစက်များ တပ်ထားသေးလား။မဟုတ်လို့ရှိရင် ဘယ်လိုလုပ် သူဘယ်သွားသွား ပိုင်ရန်နဲ့ပဲ တွေ့နေရတာလဲ။

."နှစ်ယောက်က အချင်းချင်းသိနေကြတာလား" ချီစစ်စစ် မျက်ခုံးပင့်လိုက်မိပြီး ပိုင်ရန်၏မျက်နှာလှလှလေးကို စိတ်ဝင်တစားကြည့်လိုက်၏။

"အကွေးနော်" မု​ယောင် သူ့ပါးစပ်ကို အသာအယာလှုပ်ပြလိုက်သည်။.

"......." ချီစစ်စစ် မု​ယောင်ကို ဝမ်းနည်းတပမ်းကြည့်လိုက်ပြီး သူမ၏စိတ်ဝင်တစားအကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

ကယ်တင်ကြပါဦး! ကမ္ဘာကြီးက ယောင်္ကျားလေးအဖြောင့်အလှလေးတွေကို မိန်းကလေးတွေအတွက် မချန်ထားတော့ဘူးလား။

သူတို့နှစ်ယောက် ဟင်းပွဲတွေလည်းမှာယူပြီးတော့ ပိုင်ရန်လည်း ထွက်သွား၏။

အမှန်က သူတို့ရဲ့စားပွဲက ပိုင်ရန် တာဝန်ကျတဲ့စားပွဲမဟုတ်ပေ။ဒါပေမယ့် ပိုင်ရန်က မု​ယောင်ကို အဝေးကနေမြင်သွားတာကြောင့် သူ့လုပ်ဖော်ကိုင်ဖက်နဲ့ စားပွဲချင်း လဲလိုက်တာဖြစ်သည်။

"သခင်ငယ်လေးက ငါ့ကိုတွေ့တာ မပျော်တဲ့ပုံပဲ။ဒါပေမယ့် ငါကတော့ အရမ်းပျော်တယ်" ပိုင်ရန် ပြုံးလိုက်ပြီး မီးဖိုချောင်ထဲ တက်တက်ကြွကြွဖြင့် ဝင်သွား၏။

ဟင်းပွဲတွေကို ချပေးတော့လည်း ပိုင်ရန်ကပဲ သူတို့အတွက် ချပေးတာဖြစ်သည်။မုယောင်က သူ့ဖုန်းနဲ့ ကစားသလိုဟန်ဆောင်နေပြီး ပိုင်ရန်ကို စကားပြောဖို့ အခွင့်အရေးတစ်ခုလေးမှ မပေးခဲ့ချေ။

သူတို့နှစ်ယောက် အချိုပွဲစားနေတုန်း ကာတွန်းစကတ်လေးနဲ့ချစ်စရာကလေးမလေးက ဘယ်နေရာကမှန်းမသိ ထွက်လာပြီး မု​ယောင်၏ ပေါင်ကို ရုတ်တရက်ဖက်ထား၏။

"ကောကောအလှလေး, မီးမီး အဲဒါ စားချင်တယ်" ငါးနှစ် ခြောက်နှစ်လောက်ပဲ ရှိဦးမယ့် ကလေးမလေးက သူမပြောချင်တာကို ကောင်းကောင်းမဖော်ပြတတ်သေးပေ။သူမက မုယောင်ရဲ့အရှေ့မှာရှိသည့် နံနတ်ကိတ်ကို သနားကမားဖြင့် ကြည့်နေလေ၏။

မုယောင်လည်း သူမလေးရဲ့ချစ်စရာကောင်းမှုကြောင့် ထိရှသွားသည်။ပထမဆုံးအကြိမ်အနေနဲ့ ချစ်စရာကောင်းတဲ့ကလေးလေးဆိုတာ ဒီလိုမျိုးဖြစ်သင့်တယ်ဆိုတာ သူသိသွားခဲ့၏။

ကလေးမလေးကို သူ့ပေါင်ပေါ်တင်လိုက်ပြီး ခက်ရင်းအသန့်ကို ထုတ်ကာ ကိတ်အပိုင်းအသေးလေးကို ထိုးပြီး ​ခွံ့ကျွေးလိုက်သည်။

ချီစစ်စစ်လည်း စတော်ဘယ်ရီအရသာ ပန်းရောင် macaron ကို ရှေ့တိုးပေးလိုက်ပြီး ချစ်စရာကလေး​မလေးကို ပြုံးပြုံးကြီး ကြည့်နေသည်။

ဒါက ခန်ချင်းဟန် အထဲဝင်လာတော့ မြင်တွေ့လိုက်ရသည့် မြင်ကွင်းပင်။ နျောင်နျောင်က ​ကောင်လေး၏ပေါင်ပေါ်ထိုင်နေပြီး တစ်ဇွန်းပြီးတစ်ဇွန်း ခွံ့ကျွေးတာကို စားနေလေ၏။ကောင်လေး၏လက်ချောင်းလေးတွေက ဖြူဖွေးသွယ်သွယ်လျလျလေးတွေဖြစ်ပြီး သူ့မျက်နှာလှလှလေးတွင် နူးညံ့သိမ့်မွေ့သည့်အပြုံးတစ်ပွင့် ရှိနေ၏။

ထို့နေ့က ဘားမှာတွေ့တုန်းကလို တောက်တောက်ပြောင်ပြောင်မဖြစ်ပေမယ့် ဒီဆိုင်ထဲမှာတော့ သူက အလှပဆုံးနဲ့ဆွဲဆောင်နိုင်ဆုံး ဖြစ်နေတုန်းပင်။

"နျောင်နျောင်" ခန်ချင်းဟန်၏အသံသည် ဒေါသမပါဘဲ ခြိမ်းခြောက်နေသည်။ချိုမြိန်တဲ့ကောကောအလှလေးဆီကနေ ပျော်ပျော်ရွှင်ရွှင်ကြီး ခွံ့ကျွေးတာစားနေသည့် နျောင်နျောင်က ရပ်တန့်သွားပြီး ထို့နောက် မြန်မြန်ခေါင်းမော့ပြီး ခန်ချင်းဟန်ကို ကြည့်လိုက်သည်။

"ဦးလေး" အသံချိုချိုလေးက တိုးညှင်းပြီး နည်းနည်းကြောက်ရွံ့နေသည့်ပုံပေ။

မုယောင်သည် ခန်ချင်းဟန်ကိုမြင်တော့ တကယ်ကိုဆွံ့အသွားသည်။သူ့ကိုယ်ပေါ်မှာ သံလိုက်စက်ကွင်းလိုဟာမျိုး ရှိနေတာများလား။ အထူးသဖြင့် ပိုင်ရန်နဲ့ပိုင်ရန့်နောက်လိုက်တွေကို ဆွဲဆောင်နိုင်စေတဲ့သံလိုက်လိုမျိုးပေါ့။

ဟုတ်တယ်!ခန်ချင်းဟန်ကလည်း ပိုင်ရန်ရဲ့လူတွေထဲက တစ်ယောက်ပဲ။သူနဲ့ခန်ချင်းဟန် နောက်ဆုံးတွေ့ခဲ့တဲ့အကြိမ်က ဘားမှာ သူ မုယွင်ဇီနဲ့စီးပွားရေးကိစ္စဆွေးနွေးတုန်းကဖြစ်သည်။ထိုအချိန်တုန်းက မုယောင် သူ့ကို လျစ်လျူရှုခဲ့သည်။

"သူက မီးမီးရဲ့ဦးလေးလား" မုယောင် ကလေးမလေးကိုကြည့်ရင်း မေးလိုက်၏။

"ဟုတ်တယ် ကောကော။သမီးရဲ့ဦးလေး" နျောင်နျောင်သည် မုယောင်ကို လိမ်လိမ်မာမာကြည့်ပြီး ဖြေလာ၏။

"ငါ သူမအတွက် ရေခဲမုန့်သွားဝယ်တာ။ ငါ သွားဝယ်နေတုန်း သူမ ပျောက်သွားတာ" ခန်ချင်းဟန်က အသာအယာရှင်းပြလာ၏။

"ဟုတ်လား" သူက တကယ်ပဲ နျောင်နျောင်ရဲ့ဦးလေးဆိုတာ မြင်တော့ မုယောင်သည် တုံ့ဆိုင်းခြင်းမရှိ ကလေးမလေးကို ခန်ချင်းဟန်ဆီ ပြန်ပေးလိုက်သည်။

ခန်ချင်းဟန် မုယောင်ကို ကျေးဇူးတင်သည့်အတွက်ကြောင့် ညစာစားဖို့ဖိတ်လိုက်သည်။မုယောင်ကတော့ သူရဲ့ဖိတ်ကြားချက်ကို ငြင်းလိုက်သည်။ဒီလူတွေနဲ့ သူ ညစာစားလို့ကတော့ အိမ်မက်ဆိုးတွေ မက်ကုန်မှာကြောက်သည်။

မုယွင်ဇီနဲ့ နေ့တိုင်း မျက်နှာချင်းဆိုင်နေရတာကိုက အတော်လေး ဆိုးဆိုးရွားရွားကိုလုံလောက်နေပြီ။သူ အခြားလူတွေနဲ့လည်း အဆက်အဆံမလုပ်ချင်ပေ။သူ မထင်ထားတာ တစ်ခုက ခန်ချင်းဟန်လို သူ့နာမည်အတိုင်းအေးစက်နေတဲ့လူမျိုးက ကလေးတစ်ယောက်ကို အမှန်တကယ်ဂရုစိုက်လိမ့်မယ်လို့ပဲ။

မုယောင်က.သူ့ကို ရှောင်နေတာ မြင်တော့ ခန်ချင်းဟန်လည်း ဖိအားမပေးချေ။ဘယ်လိုပဲဖြစ်ဖြစ် မုယောင်က City A မှာပဲ ရှိနေတော့ သူ့ကိုရှာဖို့ဆိုတာ လွယ်ကူသည်။

သို့သော် ခန်ချင်းဟန်က သူ ဘာ​ကြောင့် မုယောင်ကို ရှာချင်လဲဆိုတာ လေးလေးနက်နက်ကြီး မတွေးခဲ့ပေ။

Chapter 11 end.

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment