Little Creampie (LCP Team):
Chapter 3
ရွှေ့ပြောင်းကုမ္ပဏီကလူတွေနဲ့ တစ်ညနေလုံး အလုပ်လုပ်ပြီးနောက် မုယောင် အကုန်လုံးကို ထုတ်ပိုးသိမ်းဆည်းပြီးသွားပြီဖြစ်သည်။
အိမ်တော်ထိန်းအန်ကယ်ဝမ်က သူ ပစ္စည်းတွေ ရွှေ့နေတာကိုကြည့်ပြီး ခဏခဏ တုံ့ဆိုင်းနေပေမယ့် နောက်ဆုံးမှာတော့ သူ့ကို မျက်ဝန်းထဲ မသွားစေချင်သည့်ပုံရိပ်များဖြင့် ဝင်ကူညီပေးတော့သည်။
မုယောင်ထွက်သွားပြီးတာနဲ့ သူနဲ့ အန်တီလီ ပြီးတော့ အခြားအိမ်စေအနည်းငယ်သာ ဒီဘိုးဘွားပိုင်အိမ်တော်ကြီးထဲမှာ ကျန်ရစ်ခဲ့တော့သည်။
မုယောင် အန်ကယ်ဝမ်ရဲ့ တွန့်ဆုတ်နေမှုကို မြင်တော့ သူ့ကို ဖက်ကာ အချိန်သာရရင် ညစာစားဖို့အတွက် ပြန်လာမယ်လို့ ပြောလိုက်သည်။ဒီလူက သူ့ကိုဂရုစိုက်ချစ်မြတ်နိုးပေးတဲ့ လူအနည်းစုထဲက တစ်ယောက်ဖြစ်သည်။
မုယောင် ကျောင်းနဲ့နီးတဲ့ သူ့နာမည်အောက်က ဗီလာဆီကို ပြောင်းသွားခဲ့သည်။သူက ကောလိပ်ဒုတိယနှစ်ကျောင်းသားဖြစ်သည်။ဒါပေမယ့် ကျောင်းကို အကြိမ်ရေနည်းနည်းလေးတောင်မှ မသွားဖြစ်ဘူး။
သူ့အရင်ဘဝတုန်းက နောက်ဆုံးစာမေးပွဲတွေ ဖြေတဲ့အချိန်မှသာ ကောလိပ်ကိုသွားခဲ့တာဖြစ်သည်။နောက်ပြီး သူ့ကို သင်ကြားပေးဖို့ လူတွေကို ငွေပေးတာမျိုးပဲ ရှိခဲ့သည်။(ပြောချင်တာက ကျောင်းကို စာမေးပွဲဖြေမှသွားတယ်။နောက်ပြီး စာတွေဘယ်လိုသင်လဲဆိုရင် ကျူတာခေါ်သင်တာမျိုးပါ)
ကောလိပ်မှာ လေးနှစ်အချိန်ဖြုန်းခဲ့ပြီး ဘွဲ့ရပြီးတော့လဲ လူပေါ်ရေကြော့လေး ဆက်ဖြစ်နေခဲ့သည်။ဒီဘဝမှာတော့ သူ ဒီလိုထပ်မလုပ်တော့ဘူး။လူတွေက ဘဝမှာ တစ်ခုခုကိုတော့ လုပ်ကိုလုပ်ရမယ်။မဟုတ်ရင် သူတို့ဘဝ ရေစုန်မျောမှာ။
မုယောင် အချိန်ဇယားကိုကြည့်လိုက်တော့ မနက်ဖြန် အတန်းချိန်ရှိတယ်ဆိုတာ တွေ့လိုက်ရသည်။ဒါကြောင့် သူ မနက်ဖြန် အတန်းသွားတက်ဖို့ စီစဥ်လိုက်သည်။
အိမ်သန့်ရှင်းရေးလုပ်ဖို့ အိမ်အကူအနည်းငယ်ကို ငှားရမ်းပြီးနောက် အချိန်အတော်ကြာ ပိတ်လှောင်ထားတဲ့ နှစ်ထပ်အိမ်ဗီလာကြီးက အသစ်လုံးလုံးဖြစ်သွားပြီ။
ပိုက်ဆံရှိနေတာကိုက တကယ်ပျော်ရွှင်စရာဆိုတာ မုယောင်သိသွားသည်။မင်း ဘာပဲလုပ်ချင်လုပ်ချင် ပိုက်ဆံနဲ့ဆို အကုန်လုပ်လို့ရတယ်။
အရင်ဘဝမှာတုန်းက သူ မုမိသားစုရဲ့မေတ္တာကို ဖက်တွယ်ထားခဲ့ရတယ်။သူ့ကို နေ့တိုင်း ထင်ရှားတဲ့အကြောင်းပြချက်မရှိ အရှက်တကွဲဖြစ်စေခဲ့တယ်။
နူးနူးညံ့ညံ့အိပ်ရာကြီးပေါ် လှဲလျောင်းရင်း မုယောင် ဆုံးဖြတ်ချက် ချလိုက်သည်။ကျန်ရှိတဲ့တစ်ဘဝလုံး မုယွင်ဇီနဲ့ အဝေးမှာနေပြီး ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းသာသာနဲ့ လှပတဲ့ အရှုံးသမားလေးပဲ လုပ်တော့မည်။
နောက်နေ့ မုယောင် သူ့ရဲ့အရမ်းမိုက်တဲ့ အနီရောင် Rolls-Royce ကို မောင်းပြီး ကျောင်းကိုသွားခဲ့သည်။
ကားထဲကနေ ထွက်သည်နဲ့ လူတွေအများကြီးက သူ့ကို တိတ်တခိုးကြည့်နေကြတာကို သူ သတိထားမိသည်။သူ ပြုံးလိုက်ပြီး လွယ်အိတ်ကိုသယ်ကာ ကျောင်းထဲ ဝင်သွားသည်။
သူ့ရဲ့ ချောမောလှပတဲ့ မျက်နှာအသွင်အပြင်နဲ့ ဟိတ်ဟန်များတဲ့ဇိမ်ခံကားတို့ ပေါင်းစပ်ခြင်းက ကျောင်းဝင်းအချစ်ဝတ္ထုထဲက အသက်မပြည့်သေးတဲ့ မောင်လေးလိုမျိုး ဘယ်လောက်တောင် မျက်စိဖမ်းစားနိုင်လဲဆိုတာ သူ မသိခဲ့ပေ။သူ့ဓာတ်ပုံတွေက ကျောင်းဝင်းဖိုရမ်ပေါ်မှာ နာမည်ကြီးသွားသည်။
မုယောင် ကော်ရစ်တာကို ရောက်တော့ လူတစ်ယောက် သူ့ဆီကို လျှောက်လာသည်။သူ့မှာ အလွန်နူးညံ့သိမ်မွေ့တဲ့မျက်နှာရှိကာ ဝတ်ထားတဲ့အဖြူရောင်အင်္ကျီက ငြီးငွေ့ဖွယ်မကောင်းဘဲ သူ့ကို ပိုပြီးသန့်သွားစေကာ ပိုပြီးလှပသွားစေသည်။
မုယောင် ဘယ်ဘက်လက်ကို ဆုပ်မိလိုက်သည်။ထို့နောက် ပြန်ပြေလျော့လိုက်သည်။သူ သူ့အကြည့်ကို ဘေးကိုလွှဲပြီး ပိုင်ရန်ကို ဖြတ်လျှောက်သွားသည်။
ပိုင်ရန် သူ့ကိုဖြတ်လျှောက်သွားတဲ့ မုယောင်ကို ပြန်ကြည့်လိုက်သည်။မုမိသားစုက သခင်ငယ်လေးက သူနဲ့တွေ့တိုင်း အမြဲတမ်း ဆိုးရွားတဲ့အမူအရာကိုပဲ ပြသည်။ဒီနေ့တော့ သူ့ကို မမြင်ယောင်ဆောင်သွားသည်။နည်းနည်းထူးဆန်းနေတယ်။
မုယောင် အတန်းထဲ ထိုင်ပြီး သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။သူ သူ့ကိုယ်သူ အရာအားလုံးကို လက်လွှတ်ဖို့ ပြောနေပေမယ့် ထင်သလောက် မလွယ်ကူပေ။
မုယောင်ရဲ့အသွင်အပြင်က အတန်းထဲ အနည်းငယ်ပွက်လောရိုက်သွားစေသည်။အားလုံးသိတဲ့အတိုင်း မုမိသားစုက သခင်ငယ်လေးက semester တစ်ဖြတ်မှာ တစ်ကြိမ်တောင် ကျောင်းလာမတက်ဘူးဆိုတာ အကုန်သိကြသည်။ဒါကြောင့် အကုန်လုံး သူဘာလို့ ရုတ်တရက်ကြီး ရောက်လာလဲဆိုတာ နည်းနည်း စပ်စုနေချင်ကြသည်။
ဒါပေမယ့် ဘယ်သူ့မှာမှ မကောင်းတဲ့ရည်ရွယ်ချက်မျိုးမရှိပေ။ဒါကြောင့် မုယောင် သူတို့ကို လွှတ်ထားလိုက်သည်။
မုယောင်ရော ပိုင်ရန်ရော နှစ်ယောက်လုံးက ဥပဒေမေဂျာကပင်။လော့ယင်ကတော့ ဘဏ္ဍာရေးမေဂျာကဖြစ်သည်။လော့ယင်နဲ့ပိုင်ရန်က ကျောင်းအတူတူမိုလို့ လော့ယင် ပိုင်ရန်ကို တဖြည်းဖြည်းသတိထားမိလာပြီး နောက်ပိုင်း ချစ်မိသွားတာ ထုံးစံပင်။
အခုအချိန်မှာတော့ သူတို့နှစ်ယောက်က အခုမှတွေ့ပြီး သာမန်သူငယ်ချင်းအဆင့်မှာပဲ ရှိနေတာဖြစ်နိုင်သည်။မုယောင် လက်တုံ့ပြန်ဖို့ ဘယ်တုန်းကမှ မတွေးဖူးပေမယ့် အနာဂတ်မှာ လော့ယင်ကို ဒုက္ခပေးနိုင်မည့် အခွင့်အလမ်းသာရှိရင် မုယောင် သေချာပေါက် လက်လွှတ်မှာမဟုတ်ဘူး။
စီးပွားရေးဥပဒေအတန်းကို တက်ပြီးနောက် မုယောင် အပြင်ထွက်တော့ ပိုင်ရန်နဲ့ ထပ်တွေ့ပြန်လေသည်။ဒီလိုကိစ္စနဲ့ပတ်သက်ပြီး ဘာမှမတက်နိုင်ပေ။သူတို့က ကောလိပ်တစ်ခုတည်းမှာ တက်နေပြီး အတန်းတော်တော်များများက တူညီတဲ့အခန်းမှာပဲ သင်ကြားရတာဆိုတော့ သူနဲ့မတွေ့ဖို့ ရှောင်ရှားလို့မရပေ။
နောက်တစ်ကြိမ် ထပ်ပြီး ပိုင်ရန်ကိုလျစ်လျူရှုလိုက်ပြီး ဖြတ်လျှောက်သွားလိုက်သည်။
သူ အားကစားရုံဆီ သွားလိုက်သည်။သူ့ရဲ့ပြန်လည်မွေးဖွားလာမှုကြောင့်လားတော့မသိ။ သက်ဝင်လှုပ်ရှားမှုတွေကို သူ အလွန်နှစ်သက်လာသည်။
တစ်ခါတရံ အိမ်မှာ အရမ်းငြိမ်သက်တိတ်ဆိတ်နေရင် အသံကျယ်လာဖို့ TVကို ဖွင့်သည်။သူ သိပ်မကြည့်ပေ။ဒီတိုင်း အိမ်ကို အသက်ဝင်အောင်လို့ပင်။
မုယောင် အထဲဝင်တော့ အထဲမှာ ဘတ်စကတ်ဘောကစားနေတဲ့သူတွေကို မြင်တော့ ခုံတန်းလျားပေါ် ထိုင်လိုက်သည်။
ရှည်လျားပိန်ပါးတဲ့ကောင်လေးတွေ အားအင်အပြည့်ဖြင့် ခုန်ကာ သွက်လက်မှုအပြည့်ဖြင့် ဘောလုံးကိုဆုပ်ကိုင်ရင်း ကစားနေတာကို သူ ကြည့်မိသည်။ရုတ်တရက် သူ ရှင်သန်ရခြင်း၏အဓိပ္ပါယ်ကို နားလည်သွားသည်။
ခဏလောက်ကြည့်ပြီးနောက် သူ ထရပ်ကာ သန့်စင်ခန်းဆီသွားလိုက်သည်။တံခါးဝင်ဝင်ချင်း သူ လူတစ်ယောက်နဲ့ တိုးမိသည်။
တစ်ဖက်လူရဲနွေးထွေးတဲ့အသားအရေက သူ့အသားအရေကို ထိတွေ့လာတဲ့အခါ မုယောင်တစ်ကိုယ်လုံး တုန်ယီပြီး စိတ်လွတ်သွားသည်။သူ့လက်တွေက အလိုလိုတုန်ယင်လျက် တစ်ဖက်လူကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။
တစ်ဖက်လူက မုယောင်ထက် အရပ်ပိုရှည်ပြီး ပိုသန်မာပေမယ့် မုယောင်က ရုတ်တရက်ကြီး သူ့ကို တွန်းထုတ်လာမယ်လို့ မမျှော်လင့်ထားတာကြောင့် သူ အနောက်ကို ယိမ်းယိုင်သွားပြီး တံခါးပြင်နဲ့ ရိုက်မိသွားသည်။
"ဖာ့ခ်! မင်း ရူးနေတာလား" တစ်ဖက်လူရဲ့ ဒေါသထွက်နေတဲ့အသံက မုယောင်နားထဲကို ရောက်ရှိလာသည်။ဒီအသံနဲ့ သူ့တစ်ဘဝလုံး ဘယ်တော့မှ မေ့မှာမဟုတ်တဲ့စကားလုံးတွေ...."မင်း အုပ်စုလိုက် -ိုးခံရတာကို ကြိုက်တာမလား။ဒါဆိုလည်း ပျော်ပျော်ကြီး ခံလိုက်"
ထိုအသံနဲ့ထိုစကားလုံးတို့က တစ်ခုနဲ့တစ်ခု အတူတူ ထပ်တူကျသွားသည်။
ရုတ်ချည်း ခေါင်းကို မော့ပြီး တစ်ဖက်လူကို မျက်လုံးရဲရဲများဖြင့် စိုက်ကြည့်လိုက်တော့ တစ်ဖက်လူက လော့ယင်ဖြစ်နေသည်။
သူ့မျက်လုံးတွေက ထိန်းမရသိမ်းမရအမုန်းတရားတွေကို ဖော်ပြနေပြီး သူ လော့ယင်ကို ခဏလောက် ရက်ရက်စက်စက်စိုက်ကြည့်နေလိုက်သည်။နောက်တော့ နောက်ပြန်လှည့်ပြီး အမြန်ထွက်သွားလိုက်သည်။
လော့ယင် သူ့ကိုတိုက်မိပြီး တွန်းလွှတ်လိုက်တဲ့အရူးက မုယောင်ဆိုတာသိတော့ အစက ဒေါသထွက်သွားပေမယ့် အကြောင်းပြချက်တစ်ချို့ကြောင့် မုယောင်ရဲ့ အမုန်းတရားတွေပြည့်နှက်နေတဲ့ နီရဲရဲမျက်ဝန်းတွေက သူ့ကို ရပ်တန့်သွားစေသည်။
နောက်ရက်တွေမှာလည်း သူ ထိုမျက်ဝန်းတွေကို တွေးမိနေသည်။
ဆက်ရန်မျှော်~