no

Font
Theme

Little Creampie (LCP Team):

Chapter 5

အိမ်ပြန်ရောက်ပြီးနောက် မုယောင်သည် ဆေးသေတ္တာရှာကာ ပိုင်ရန်ကို ပတ်တီးစည်းပေးလိုက်သည်။ သူ့လက်တွင် ပုလင်းခြစ်ရာကနေ သွေးထွက်နေသည်။ ဒဏ်ရာက သိပ်မနက်ပေမယ့် မုယောင်က ဆေးလိမ်းလိုက်တာ ပိုကောင်းမယ်လို့ ထင်တယ်။

ပိုင်ရန်အတွက် ဧည့်သည်ခန်းတစ်ခုကို ရွေးချယ်လိုက်သည်။  လုပ်စရာအားလုံးပြီးသွားသည့်နောက် ဘာလုပ်စရာမှမရှိဘဲ ပိုင်ရန်နဲ့ တစ်ခန်းထဲနေရမှကို အရမ်းရှက်ဖို့ကောင်းတယ်လို့ သူခံစားရသည်။

သူ၏အရင်ဘဝတွင် ပိုင်ရန်ကိုမုန်းတီးပြီး နှစ်ယောက်ဆုံမိသည့်အချိန်တိုင်း အမြဲလှောင်ပြောင်လေ့ရှိသည်။ တစ်ခါတစ်လေ တစ်ယောက်ယောက်က သူ့ကိုအနိုင်ကျင့်နေတဲ့အခါတိုင်း မုယောင်က ပိုဆိုးသည့်အရာတွေဖြင့် သူ့ကိုအနိုင်ကျင့်လေ့ရှိသည်။

မုယွင်ဇီနဲ့ပိုင်ရန်တို့က ဒီဘဝတွင် တစ်ယောက်နဲ့တစ်ယောက်သိကြသည်မှာ နှစ်လပင်မကြာသေးပေ။ သူတို့က အခုချိန်တွင် အသိမိတ်ဆွေအဆင့်မျှသာရှိသေးသည်။

မုယောင်က ပိုင်ရန်နှင့်တွေ့ဆုံချိန်တွင် မျက်လုံးလှန်ပြတာမျိုးသာရှိပြီး သာမာန်ထက်ပိုတာမျိုးမလုပ်ခဲ့ပေ။

လော့ယင်နဲ့ပိုင်ရန်သိကြသည်မှာ တစ်ပတ်သာရှိသေးသည်။ တစ်နေ့တုန်းက သူတို့နှစ်ယောက်အပြင်ထွက်နေတဲ့အချိန် မုယောင်ကတွေ့သွားပြီး တစ်ခြားယောကျာ်းတွေနဲ့ ပရောပရည်လုပ်နေတဲ့ပိုင်ရန်ကို လှောင်ပြောင်ဖို့ ပြေးသွားခဲ့တယ်။ သူ့အကိုနဲ့ပရောပရည်လုပ်နေရုံတင်မကဘူး လော့မိသားစုရဲ့အကြီးဆုံးသားကိုလည်း အလွတ်မပေးပြန်ဘူး။

ရလာဒ်အနေဖြင့် လော့ယင်သည် လူရှေ့သူရှေ့ထွက်ရန်မထိုက်တန်သော တရားမဝင်ကလေးအဖြစ်သူ့ကိုလှောင်ပြောင်ခဲ့ရပြီး သူတို့နှစ်ဦးလမ်းပေါ်၌ ရန်ဖြစ်လုနီးပါးဖြစ်ခဲ့ကြလေသည်။

မုယောင်နှင့်ပိုင်ရန်တို့သည် ဆိုဖာပေါ်တွင် အချိန်အတော်ကြာစိုက်ကြည့်နေကြသည်။ နောက်ဆုံးတော့ မုယောင်က မနေနိုင်တော့ဘဲ သူအရင်အိပ်နှင့်တော့မယ်လို့ပြောပြီး သူ့အခန်းထဲသို့ ပြေးသွားခဲ့သည်။

နောက်တစ်နေ့မနက်မုယောင်အိပ်ရာက နိုးလာတဲ့အချိန်မှာ ပိုင်ရန်ကထွက်သွားပြီဖြစ်ပြီး မနက်စာချက်ပေးထားခဲ့လေသည်။ သူ့နှာခေါင်းထဲတွင်မွေးကြိုင်သောရနံ့များလွှမ်းမိုးသွားတော့ မုယောင်သက်ပြင်းမချဘဲမနေနိုင်တော့ပေ။ အဲ့ဒီလူတွေပိုင်ရန်ကို သဘောကျကြတာ မဆန်းပါဘူး။ ရုပ်ရည်လေးကလည်းချောမော ဟင်းချက်လေးကလည်းတော် အရမ်းလည်းကြိုးစားပြီး စိတ်အားထက်သန်တဲ့ကိုယ်ရည်ကိုယ်သွေးလည်းရှိတော့ လူကြိုက်များဖို့ အဆင့်အတန်းမှီတဲ့သူတစ်ယောက်ပါဘဲ။

လှပချစ်စရာကောင်းပြီး ရွှေဇွန်းကိုက်မွေးဖွားလာသည့် သူ့လိုတရားမဝင်ကလေးတစ်ယောက်အနေနဲ့ ဗီလိန်ဖြစ်ဖို့ကံကြမ္မာပါခဲ့လေသည် ထင်သည်။

ကံကောင်းထောက်မစွာဖြင့် သူကအသိတရားပြန်ဝင်လာခဲ့ပြီး ထိုသူတို့၏အချစ်အမုန်း လက်စားချေတာတွေကြားကို ဝင်မပါချင်တော့ချေ။ ပိုက်ဆံအများကြီးကိုပိုင်ဆိုင်သည့် ရိုးရှင်းပြီး ဟန်မဆောင်တတ်တဲ့သူဌေးလေးတစ်ဦးအနေနဲ့ ဘဝကိုဖြတ်သန်းဖို့ စိတ်ကူးထားလေသည်။

ရက်အနည်းငယ်ကြာအောင် စာကိုပြင်းပြင်းထန်ထန်သင်ယူပြီးနောက် မုယောင်သည် စာသင်ရန်စိတ်မပါတော့ချ။ သူသည်အဓိကမေဂျာတန်းများမှလွဲ၍ မိုင်နာတန်းများတက်ရန် အစားထိုးငှားထားလေသည်။

ဒီကျောင်းကိုတက်ရန် ဝင်ခွင့်ဖြေတုန်းက သူကိုယ်တိုင်စာမေးပွဲမဖြေခဲ့ပေ။ သူသည်ကောလိပ်ဝင်ခွင့်စာမေးပွဲကို အမှတ်500ကျော်600နီးပါးရခဲ့သည်။ သူသည်ကျောင်းသားကောင်းတစ်ယောက်ဟု သတ်မှတ်ခံရသော်လည်း ဤတက္ကသိုလ်ကို၏ဝင်ခွင့်ရမှတ်နှင့် ဝေးကွာလွန်းပေသည်။

မုဖုန်းချွမ်က သူစာသင်နိုင်ရန်အတွက် အဆောက်အဦးနှစ်ခုကို ကျောင်းကိုလှူလိုက်သည်။ သူ၏ဈေးပေါသောအဖေက တခြားဘာမှမရှိဘူးဆိုရင်တောင် အရမ်းကိုချမ်းသာပေသည်။

မုယောင်သည် သူ၏ဗီလာသေးသေးလေးတွင်နေထိုင်ပြီး အိမ်မှာနေခြင်း၏ ပျော်ရွှင်မှုကိုခံစားနေလေသည်။

သူသည် King of Gloryကို မကြာမီက စွဲလမ်းခဲ့သည်။ သူက မကစားတတ်ပေမယ့် ပိုက်ဆံရှိတယ်လေ။ ရက်အနည်းငယ်ကြာပြီးနောက် သူသည်အဆင့်၁၀သို့ ရောက်ရှိခဲ့လေသည်။

သူ၏ပင်မစာမျက်နှာတွင် ကျားမ မခွဲခြားနိုင်သည့်လူတစ်စုက သူ့ကိုဘုရင်ဖြစ်အောင်ကူညီပေးမယ်ဆိုပြီး skinတွေဝယ်ပေးဖို့ private massageကနေ လာလာပြောကြလေသည်။ မုယောင်သည်ဒေါသထွက်ပြီး friend requestကို ပိတ်လိုက်လေသည်။

မုယောင်စိတ်တိုတိုနှင့် သူနှင့်တွဲဆော့မယ့်ပိုက်ဆံပေးငှားထားသောကစားသမားတစ်ယောက်ရဲ့ခေါင်းပေါ်တွင် သမင်ငယ်လေးတစ်ကောင်တွဲလောင်းပေါ်အောင်လုပ်ကာ ထိုသူ့ဆီသို့ ပျော်ရွှင်စွာလျှောက်သွားလေသည်။ သူသည် ပိုက်ဆံရှိခြင်း၏ ပျော်ရွှင်မှုကိုထပ်မံခံစားနေသည်။

သူနှင့် တူတူတွဲဆော့နေကြသော ကစားဖော်များသည်လည်း အရမ်းကိုပျော်ရွှင်နေလေသည်။ လေး ငါးရက်အတွင်း သူတို့၏စပွန်ဆာထံမှ ယွမ်၅၀၀၀ ရရှိခဲ့လေသည်။ ဘယ်သူမဆို ပျော်ကြမှာဘဲလေ။

မုယောင်လိုင်းပေါ်ကိုတက်လိုက်သည်နှင့်တစ်ပြိုင်နက်တည်း သူ့သူငယ်ချင်း ကျဲရှန်ကျိုက်ဟွားက သူ့ကိုဖိတ်ခေါ်နေတာကို တွေ့လိုက်ရသည်။ ဒီသူက သူ့ရဲ့ ကစားဖော်ကစားဖက်ပင်။ ဖိတ်ခေါ်ချက်ကို နှိပ်လိုက်သည့်အခါ စကားပြောခန်းတွင် တစ်ခြားလူတစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

"မောင်မောင် မင်းလိုင်းတက်လာပြီပေါ့" ဖုန်းထဲကနေ ပျော်ရွှင်မြူးထူးနေတဲ့ ကျဲရှန်ကျိုက်မေဟွားရဲ့အသံပေါ်ထွက်လာသည်။

မုယောင်၏ IDနာမည်မှာ မောင်မောင်နဲ့ချမ်ချမ်ဖြစ်သည်။ ကြောင်နဲ့ပိုက်ဆံမှာ သူ့အကြိုက်ဆုံးနှစ်ခုဖြစ်လေသည်။ 

(TN/မောင်မောင်က ကြောင်ဖြစ်ပြီး ချမ်ချမ်​က ပိုက်ဆံဖြစ်သည်။တရုတ်စာလုံးဝမတတ်သည့်အတွက်ကြောင့် တရုတ်စကားလုံးများကို မြန်မာလိုရေးတဲ့အခါ အနည်းငယ်မှားယွင်းနိုင်ပါသည်။)

တကယ်တော့ကျဲရှန် သူ့ကို ချမ်ချမ်လို့ခေါ်စေချင်ပြီး ကံဆိုးခြင်းကနေကင်းဝေးကာ အမြဲငွေရှိစေရန် မျှော်လင့်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ကျဲရှန်က အလွန်စိတ်ပုတ်ကာ သူ့ကို မောင်မောင်လို့ဘဲ ခေါ်လေသည်။

"ကောင်းပြီ ဒီတာ့ယွဲ(လပေါ်သို့လျှောက်လှမ်းခြင်း)က ဘယ်သူလဲ" (game id ပါ)

"သူက ငါ့သူငယ်ချင်း တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်လေ တာ့ယွဲ မိုက်ခရိုဖုန်းကို ဖွင့်လိုက်အုံး"

"ဟယ်လို ငါ့နာမည်က တာ့ယွဲပါ ဂိမ်းတင်ဆက်သူတစ်ယောက်ဖြစ်ပြီးတော့ အခုတိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေတယ် မင်းအဆင်ပြေရဲ့လား" တာ့ယွဲရဲ့အသံသည် ဖုန်းမှတစ်ဆင့် မုယောင်၏နားထဲသို့ ဝင်ရောက်သွားသည်။ အသံလေးက ဩရှရှနိုင်ပြီး အရမ်းသာယာလေသည်။

"ဟယ်လို အဆင်ပြေပါတယ် ဆက်လုပ်လေ" မုယောင်အသံသည် အခုမှအိပ်ယာနိုးလာသောကြောင့် နူးနူးညံ့ညံ့နဲ့ ခပ်အစ်အစ်လေးဖြစ်နေသည်။

လပေါ်သို့လျှောက်လှမ်းခြင်း၏ပရိသတ်များက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် "အာာာ ချစ်စရာကောင်းလိုက်တဲ့မောင်လေး ဒီမားမားက သူ့မျက်နှာကိုမြင်ချင်တယ်"

တာ့ယွဲရှင်းသည် ကွန်မန့်များကို လျစ်လျူရှုလိုက်ပြီး startကို နှိပ်လိုက်သည်။

မုယောင်သည် ဂိမ်းကို ၇ရက် ၈ရက်လောက်သာကစားဖူးသေးသောကြောင့် heroများစွာကို မသိသေးပေ။ ရှောင်းချောင်က ရွေးပြီးသွားတာကို မြင်သောအခါက မုယောက်က သူ၏လိုဂိုဖြစ်သော သမင်လေးကို ထုတ်လိုက်လေသည်။ ဒီလိုဂိုလေးကို ကျဲ့ရှန်းဆီကနေရခဲ့သည်။

ကျဲ့ရှန်းကျိုက်ဟွားက မိန်းကလေးသေနတ်ပစ်သမားကို ရွေးချယ်ခဲ့ပြီး လပေါ်သို့လျှောက်လှမ်းခြင်းက လီပိုင်ကိုရွေးချယ်ခဲ့သည်။

"မောင်မောင် မင်းတာ့ယွဲနောက်ကိုလိုက်သင့်တယ် သူသုံးတဲ့လီပိုင်အရမ်းမိုက်တယ် တရုတ်ပြည်တစ်ခုလုံးမှာ အကောင်းဆုံးလီပိုင်ဘဲ"

"အိုခေ" မုယောင် နာနာခံခံနဲ့သဘောတူလိုက်သည်။ ကျဲ့ရှန်းသည် junglerကို လက်လွှတ်လိုက်သည်မှာ အံ့ဩစရာမရှိပေ။

လပေါ်သို့လျှောက်လှမ်းခြင်း သုံးနေသည့် လီပိုင်သည် အမှန်တကယ်ကို အားကောင်းလှသည်။ သူတို့နှစ်ယောက်သည် ရန်သူကို junglerအတွင်း သတ်ဖြတ်ခဲ့သည်။ ပြိင်ဘက် Miyamoto၏စီးပွားရေးအခြေအနေမှာ သူတို့supportပေးထားသည့် အခြေအနေထက် များစွာနိမ့်ကျလေသည်။ ပွဲက ဆယ်မိနစ်ကျော်အတွင်းပြီးသွားသည်။

သူတို့သည်နောက်ထပ် ဂိမ်းပွဲအနည်းငယ်ကို ကစားခဲ့ကြပြီး သူတို့သည် အံ့ဩစရာကောင်းလောက်အောင်အနိုင်ရခဲ့ကြသည်။ မုယောင်သည် ရုတ်တရက်လီပိုင်ဖြင့် ကစားချင်စိတ်များပေါ်ပေါက်လာသည်။ သူသည် မည်သည့်နေရာကရမှန်းမသိသည့် ယုံကြည်မှုများဖြင့် လီပိုင်ကိုသာကြိုးစားလေ့ကျင့်ပြီးကစားမယ်ဆိုရင် Jungler Kingဖြစ်လာနိုင်သည်ဟုပင် တွေးမိလိုက်သည်။

သူသည် အသံတိုးတိုးလေးဖြင့် သူ့ကိုသင်ပေးနိုင်မလား လစာပေးမယ်လေဟု မေးမိလိုက်သည်။

သူ၏အသံမှာ မသိလိုက်မသိဘာသာဖြင့် ညုတုတုအီစီကလီအသံလေးဖြစ်နေ၍ လပေါ်သို့လျှောက်လှမ်းခြင်းပရိတ်သတ်များက စိတ်လှုပ်ရှားစွာ အော်လိုက်မိကြပြီး" မြန်မြန်လေး သူ့ကိုသင်ပေးမယ်လို့ ပြောလိုက်လေ"

တာ့ယွဲရှင်းသည် ဘယ်သူ့ကိုမှမသင်ပေးဘူးသလို ပိုက်ဆံလည်းမလိုအပ်ပေ။ ဒါပေမယ့်သူက ကွန်မန့်တွေကိုကြည့်ကာ မုယောင်အသံကြားပြီးနောက် "ကောင်းပြီလေ" ဟုပြောလိုက်မိသည်။

Chapter 5 end

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment