Chapter 7 (မုယွင်ဇီထံမှ အဖမ်းခံလိုက်ရခြင်း)
ပျော်ရွှင်စွာကခုန်နေသော မုယောင်သည် သူ့ယခင်ဘဝက အရမ်းသနားစရာကောင်းကြောင်း ရုတ်တရက်သိလိုက်ရသည်။
ကမ္ဘာကြီးပေါ်တွင် ပျော်စရာများစွာရှိသော်လည်း သူသည်ဆွံ့အ နားမကြားသည့်ပုံစံမျိုးဖြင့် ပြင်ပကမ္ဘာကြီးကို လျစ်လျူရှုပြီး မုယွင်ဇီကိုဘာကြောင့်များအာရုံစိုက်ထားမိခဲ့တာပါလိမ့်?
ထို့အပြင်သူသည် အရမ်းချမ်းသာပြီး ငယ်ရွယ်နုပျိုသောညီလေးတစ်ယောက်အနေဖြင့် သူ့အစ်ကိုနားတွင်တစ်နေ့လုံးကပ်နေမိသည်။ မုယောင်သည် သူ့မူလကိုယ်ကိုပင် နားမလည်ခဲ့ပေ။
ချီစစ်စစ်သည် မုယောင်နှင့်ပရောပရီလုပ်နေခဲ့ပြီး ရုတ်တရက်ချောမောသည့်ကောင်လေး မျက်ရည်ကျနေချိန်တွင်လည်း ချစ်စရာကောင်းနေကြောင်း သူမ သိခဲ့လေသည်။
"အားးး အားးး အားးး ဒီလိုထိပ်တန်းအဆင့်ချစ်စရာကောင်းတဲ့ကောင်လေးကို ငါရနိုင်တယ်မလား" သူမနှလုံးသားထဲတွင်ပျော်ရွှင်မြူးထူးနေခဲ့သည်။
ပြီးတော့ မုယောင်သည် လှပသောကျဲကျဲဆီကနေ နှောင့်ယှက်ခံရသောအခါ မျက်ရည်ကျမိသော်လည်း စိတ်မလှုပ်ရှားမိကြောင်း သိရှိခဲ့သည်။
'အိုးမိုင်ဂေါ့ ငါက ယောကျာ်းတွေကိုဘဲ ကြိုက်တာလား?'
မုယောင်တစ်ယောက် စိတ်ရှုပ်သွားသည်။ သူသည် သူ့ကိုယ်သူလိင်တူဆက်ဆံသူမဟုတ်ခဲ့သော်လည်း လိင်ကွဲဆက်ဆံနိုင်သည်ဟု အမြဲထင်ခဲ့လေသည်။
သူ့ရှေ့က ချီစစ်စစ်ကိုကြည့်လိုက်ကာ သူမကို အမှန်တိုင်းပြောပြီး တစ်ခြားတစ်ယောက်နဲ့စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
သူသည် ချီစစ်စစ်နားသို့ကပ်ကာ မှီလိုက်ပြီး "ကျဲကျဲ အပြင်ခဏထွက်ရအောင်လေ"ဟု တိုးတိုးလေးပြောလိုက်သည်။
ချီစစ်စစ်က စိတ်လှုပ်ရှားနေပြီး 'ငါကအရမ်းချောလွန်းလို့ ဒီလိုချစ်စရာကောင်းတဲ့ကောင်လေးမျိုးကိုရတော့မယ်'လို့ စိတ်ထဲမှာ ပြောနေမိသည်။
သူမက မုယောင်နဲ့ dancing floorကနေထွက်လာသောအခါ သူမရှေ့ကကောင်ငယ်လေးက "တောင်းပန်ပါတယ် ကျဲကျဲ ကျွန်တော်ကောင်လေးတွေကို ကြိုက်တာထင်တယ်"ဟု ရှက်ရွံစွာပြောနေသည်ကို ကြားလိုက်ရသည်။
ချီစစ်စစ်တစ်ယောက် မျက်ရည်များဝဲနေပြီး လုပ်ရက်လိုက်တာ။ အမျိုးသမီးတွေအတွက် ကမ္ဘာကြီးက ချစ်စရာကောင်းတဲ့ကောင်လေးတွေကို ချန်ထားပေးလို့မရဘူးလား။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ဝမ်းနည်းဒေါသထွက်နေသည့် ချီစစ်စစ်သည် မုယောင်၏ချောမွတ်နေသော မျက်နှာလေးကို ပွတ်သတ်လိုက်ပြီး ဒီလိုချစ်စရာကောင်းတဲ့ကောင်လေးက သူမအပိုင်မဟုတ်တာကိုတွေးမိပြီး ပိုလို့တောင်ဒေါသထွက်မိသွားသည်။
"အရမ်းကိုင်လို့ကောင်းတာဘဲ ဝူးးး"
"ကောင်းပြီ ဒါဆို မင်းကျဲကျဲနဲ့ အတူတူ ကောင်ချောလေးတွေလိုက်ရှာလို့ရပြီ" ချီစစ်စစ်သည် မျက်ခုံးပင့်ပြီး မုယောင်ကို စနောက်သည့်ပုံလေးဖြင့် ကြည့်လိုက်သည်။
မုယောင်သည် သူမ၏တည့်တိုးစကားများကြောင့် ရှက်ရွံ့သွားသည်။ နောက်ဆုံးတွင်တော့ သူသည် လူပျိုစစ်စစ်ကလေးဖြစ်ပြီး မိန်းကလေးတစ်ယောက်၏ လက်ကိုပင်မကိုင်ဖူးသေးပေ။
ဒါပေမယ့် သူ မငြင်းခဲ့ပေ။ နည်းနည်းစိတ်လှုပ်ရှားသွားပြီး ချီစစ်စစ်ဟာ နွေးထွေးပြီးပျော်ပျော်နေတတ်တဲ့မိန်းကလေးတစ်ယောက်လို့ ခံစားမိသွားသည်။ သူသည် တကယ်ပဲ သူမနှင့်သူငယ်ချင်းဖြစ်ချင်လေသည်။
ရလဒ်အနေဖြင့် လူနှစ်ဦးကြားရှိမသေချာမရေရာသောအငွေ့အသက်များ ပျောက်ကွယ်သွားပြီး အချင်းချင်းချစ်ခင်မြတ်နိုးသည့်ညီအစ်မများကဲ့သို့ ချစ်ခင်ရင်းနှီးမှုများနှင့် ပြည့်နှက်နေလေသည်။
ချီစစ်စစ်က အရမ်းမိုက်တယ်လို့ ပြောရမည်။ သူမသည် အရပ် 185ရှိသော ချောမောသည့်ကောင်လေးကို မြင်လိုက်ရသောအခါ မုယောင်သည်လည်း ကွေးနေကြောင်းသိသည့်အတွက် ပေါ်တင်ပင် ဆွဲခေါ်သွားလိုက်ပြီး စကားပြောကာ မိတ်ဆက်ပေးလိုက်သည်။
မုယောင်ကို တစ်ဖက်လူက မြင်လိုက်သောအခါ မျက်လုံးများတောက်ပလာပြီး ယဉ်ယဉ်ကျေးကျေးလေးနှင့် အရက်တူတူသောက်ချင်လားဟု မေးလာလေသည်။ ချီစစ်စစ်က မုယောင်ကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး လူချောလေးများကိုလိုက်ရှာရန်ထွက်သွားလေသည်။
မုယောင်သည် သူရှေ့ရှိချောမောသောကောင်လေးကို ကြည့်လိုက်သည်။ သူ့နှလုံးခုန်သံ အရမ်းမြန်မလာသေးပေမယ့်လည်း ဒီအချိန်မှာတော့အရင်တစ်ခေါက်ကလိုမျိုးမျက်ရည်ကျတာနဲ့ ခံစားချက်ချင်းမတူဘူးလို့တော့ သူပြောနိုင်ပေသည်။
အိုးမိုင်ဂေါ့ ငါတကယ်ဂေး ဟ
လူချောလေးနှင့်စကားပြောနေတုန်း မုယောင်သည် သူ့ကိုယ်သူပြန်အကဲခတ်ကြည့်လိုက်ပြီး အရမ်းကိုဝမ်းနည်းကာ ဒေါသထွက်ခဲ့လေသည်။ ဘုရားသခင်က ငါ့ကိုခန္ဓာကိုယ်သေးသေးလေးပေးထားသောကြောင့် သူသည် တိုက်ခိုက်သူ(gong)ဖြစ်မလာနိုင်သည်မှာ ထင်ရှားလှပေသည်။ မုယောင်တစ်ယောက် ဝမ်းမနည်းဘဲမနေနိုင်ပေ ဘဝကြီးကအရမ်းခက်ခဲလွန်းလှပေသည်။
သူအရမ်းဝမ်းနည်းဒေါသထွက်နေတာကြောင့် သူ့ဘေးမှာရှိတဲ့လူချောလေးရဲ့လက်က သူခါးနားတဝိုက်ရောက်လာတာကို သတိမထားမိခဲ့ပေ။
မုယွင်ဇီနဲ့ သူ့သူငယ်ချင်းခန်ချင်းဟန်တို့က လေညင်းခံရန် ဒုတိယထက်အခန်းကထွက်လာတာနဲ့ အောက်ထပ်တွင် ကောင်လေးတစ်ယောက်က ချစ်စရာကောင်းသည့်ကောင်လေး၏ ခါးသွယ်သွယ်လေးကိုဖက်ရန်ပြင်နေသည့် လက်တစ်စုံကိုမြင်လိုက်ရသည်။
လူငယ်လေးသည် သူ၏မျက်နှာထက်တွင် မကျေနပ်မှုဟူသည့် စိတ်ခံစားချက်များမရှိ တက်ကြွသောအကြည့်များဖြင့် ဘာတွေးလို့တွေးနေမှန်းမသိရပေ။ မုယွင်ဇီ သေချာအနီးကပ်စိုက်ကြည့်လိုက်သောအခါ ထိုသူက သူ၏ဈေးပေါတဲ့ညီငယ်လေးဖြစ်နေလေသည်။
Chapter 7 end