no

Font
Theme

Little Creampie (LCP Team):

Chapter 8(အိမ်ဟောင်းသို့ ပြန်ပြောင်းခိုင်းခြင်း)

မုယွင်ဇီ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မုယောင်ကိုဂရုမစိုက်ပေမယ့် အများအမြင်တွင် မုယောင်သည် မုမိသားစု၏ ဒုတိယသခင်လေးဖြစ်သည်။

အခုတွင် မုယောင်က အပြင်ဘက်၌ယောကျာ်းတစ်ယောက်ဆီမှ ပွေ့ဖက်ခံထားရပြီး အပြင်လူတွေအမြင်၌ မုမိသားစုကိုအရှက်ရစေလိမ့်မည်။

မုယောင်ကို ဘယ်ဘက်ညာဘက်နှစ်ဘက်စလုံး ဖက်ထားမယ့်လူတွေက မိန်းကလေးတွေဆိုရင် အဆင်ပြေသည်။ အများဆုံးရှိမှ လူတွေက သူ့ကို playboy လို့ ပြောကြလိမ့်မယ်။ ဒါပေမယ့် အခုလိုမျိုးဆိုရင် သူ့မှာချောမောလှပသည့်မျက်နှာလေးရှိပြီး သူ လှည့်ကွက်အချို့ကို ထုတ်ပြလာရင်တောင် လူတွေက ဘယ်သူက ဘယ်သူ့ကိုအခွင့်ကောင်းယူတာလဲဆိုတာ  သိချင်ကြလိမ့်မည်။ (ဘယ်သူကအပေါ် ဘယ်သူအောက်လဲဆိုတာ သိချင်ကြမယ်ကိုပြောတာပါ)

မုယွင်ဇီသည် သူ့ဘေးနားရှိ ခန်ချင်းဟန်ကို ဖြတ်ခနဲ့တစ်ချက်ကြည့်လိုက်ပြီး မုယောင်ကိုပြန်ကြည့်လိုက်သည်။ ထိုသူက သိသိသာသာပင်မုယောင်ကို ဖက်ထားလေသည်။

"အဲ့တာ မင်းညီလေးလား" ခန်ချင်းဟန်က ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

"အေး ငါ့ညီလေး" မုယွင်ဇီက အသံတိုးတိုးလေးဖြင့် ပြန်ဖြေလိုက်သည်။ "ခဏလေး" မုယွင်ဇီသည် လှေကားကနေဆင်းပြီး မုယောင်ဆီကို လျှောက်သွားလေသည်။

ခန်ချင်းဟန်လည်း မျက်ခုံးပင့်ကာ နောက်ကလိုက်သွားလေသည်။ ဟိုဟိုဒီဒီဘာလို့လျှောက်မကြည့်ရမှာလဲ ဘာဘဲဖြစ်ဖြစ်ပွဲလိုက်ကြည့်မှာဘဲ။

မုယောင်သည် အတွေးလွန်နေရာမှ စိတ်နဲ့ကိုယ်ပြန်ကပ်သောအခါမှာ သူ့ခါးထက်ရှိ နွေးထွေးသောခံစားချက်ကိုခံစားလိုက်ရသည်။ သူစကားပြောရန်အတွက် ပါးစပ် ဟခါနီးတွင် အနောက်မှ တည်ကြည်လေးနက်သည့်ယောကျာ်းတစ်ယောက်၏အသံကိုကြားလိုက်ရသည်။

"မုယောင်"

ရင်းနှီးနေသောအသံကိုကြားမိတော့ ခေါင်းကိုချက်ချင်းလှည့်ကြည့်လိုက်တဲ့အခါ မုယွင်ဇီ၏အေးစက်ကာရေခဲတုံးလိုဖြစ်လုနီးပါးမျက်နှာကို မြင်လိုက်ရသောအခါ ထိုင်ခုံပေါ်မှ ပြုတ်ကျမလိုဖြစ်သွားလေသည်။

"အစ်...အစ်ကိုကြီး" မုယောင်၏လက်များမှာတုန်ယင်လာပြီး သူ့အသံလေးမှာ အချိန်မရွေးလေထဲတွင် ပျောက်ကွယ်သွားတော့မလို အလွန်နူးညံ့နေလေသည်။

မုယောင်၏တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ မုယွင်ဇီအံ့ဩသွားလေသည်။ မုယောင်သည် သူ့ကိုကြောက်နေပုံရပြီး နားမလည်နိုင်သောခံစားချက်များတွေလည်း ရှိနေလေသည်။

"မင်း ဘာဖြစ်နေတာလဲ မုယောင်" မုယွင်ဇီသည် မုယောင်ကိုဆွဲထုတ်ဖို့ လက်ဆန့်လိုက်သောအခါ မုယောင်သည်ရုတ်တရက်နောက်ဆုတ်သွားပြီး လေထုထဲတွင် ရှက်ကိုးရှက်ကန်းခံစားချက်များဖြစ်ပေါ်လာလေသည်။

"မင်းက သူ့အစ်ကိုလား" မုယောင်ဘေးက ကောင်ချောလေးက မုယွင်ဇီကို လှည့်ကြည့်လိုက်ပြီး ဒီလိုအရပ်ရှည်သန်မာတဲ့အစ်ကိုတစ်ယောက်လုံးရှိလို့ ဒီလိုနေရာမျိုးမှာ တစ်ယောက်ထဲအရက်လာသောက်ရဲတာ အံ့ဩစရာမရှိတော့ပါဘူး။

"ဟုတ်တယ် ငါက သူ့အစ်ကို သူနဲ့ပတ်သတ်ပြီးပြောစရာရှိသေးလို့ အိမ်ပြန်ခေါ်သွားလိုက်မယ်"

မုယောင် အစက ပုန်းချင်ပေမယ့် ငယ်ငယ်လေးတည်းက မုယွင်ဇီကိုကြောက်ရလေသည်။ မုယွင်ဇီသည် ငယ်ငယ်ကတည်းက အမွေဆက်ခံသူအဖြစ် ပျိုးထောင်ခံခဲ့ရပြီး အေးစက်ကာလူမဆန်သောအထက်တန်းအသိုင်းအဝိုင်းတွင် မုယွင်ဇီကို မကြောက်သောသူ အနည်းငယ်သာရှိလေသည်။

သူတုံ့ဆိုင်းသွားသည်နှင့်တစ်ပြိုင်နက်တည်း သူ့အစ်ကို သူ့ကို ဖမ်းဆွဲလိုက်ပြီး သူနဲ့အတူထွက်လာလေသည်။ မုယောင်အရင်ဘဝတွင် ခဏခဏတွေ့ဖူးနေတဲ့ မုယွင်ဇီရဲ့ဘေးမှာ‌ ချောမောပြီးဝတ်ကောင်းစားလှဝတ်ထားတဲ့သူကို သတိပြုမိလိုက်သည်။

ခန်မိသားစု၏တစ်ဦးတည်းသောသားဖြစ်တဲ့ ခန်ချင်းဟန်ဟာ သူ့အဖေဆုံးသွားတာနဲ့ ကုမ္ပဏီကိုလွှဲပြောင်းရယူခဲ့သူဖြစ်ပြီး မုယွင်ဇီလို ပိရမစ်ထိပ်မှာ ရပ်တည်နေသောလူအမျိုးအစားဖြစ်သည်။ တစ်ချိန်တည်းမှာပင်သူက ပိုင်ရန်၏ကာကွယ်စောင့်ရှောက်ပေးသူလည်းဖြစ်ပေသည်။

မုယောင်တစ်ယောက် စိတ်ထဲတွင်တော့ ငါဘာလို့ကံမကောင်းရတာလဲ ဘာလို့ပိုင်ရန်ရဲ့လူတွေနဲ့ပဲ တွေ့တွေ့နေတာလဲ? မုယောင်အံ့ဩနေမိသည်။

သူ ခန်ချင်းဟန်ကိုချောင်းကြည့်လိုက်တဲ့အခါ ခန်ချင်းဟန်ကလည်း သူ့ကို ကြည့်နေပေသည်။ ချောမောလှပသောမျက်နှာထားရှိသည့်လူငယ်လေးသည် စက္ကူစလေးကဲ့သို့ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှာလည်းအနည်းငယ်တုန်ယင်နေသည်။ စူးရှထက်မြတ်သောမျက်လုံးလေးတစ်စုံသည် အချိန်နှင့်အမျှရွေ့လျားနေသောဘဝလေးကို သယ်ဆောင်ထားနေသည်။

"ကြောင်ပေါက်လေးလိုဘဲ သနားဖို့ကောင်းပြီး ချစ်စရာလေး" ခန်ချင်းဟန်သည် တိတ်တိတ်လေးတွေးလိုက်မိသည်။ အရင်က မုယောင်နှင့်သူတွေ့ဖူးသည်။ ထိုအချိန်တွင် မုယောင်သည် အသက်ဆယ့်သုံး ဆယ့်လေးနှစ်လောက်သာရှိသေးသည်။ သူသည်အလွန်လှပသော်လည်း မျက်လုံးများသည်မှိုင်းညို့နေသောကြောင့် သူ့ကိုကြည့်ရုံနဲ့ပင် လူအများကိုမကျေမနပ်ဖြစ်စေခဲ့သည်။

ယနေ့မုယောင်သည်အလွန်လှပပြီး အဖိုးတန်သောကြောင်လေးတစ်ကောင်နှင့်တူလှသည်။ သူသည် အူတူတူ ရိုင်းစိုင်းလှသည့်ပုံပေါ်သော်လည်း စိတ်အနှောင့်အယှက်မဖြစ်စေပေ။

မုယောင်သည် မုယွင်ဇီထံမှ တောက်လျှောက်ကားဆီသို့ ဆွဲခေါ်ခံလာခဲ့ရသည်။ မုယောင်သည် လမ်းတစ်ဝက်တွင် ချီစစ်စစ်ထံသို့ သူအရင်ပြန်နှင့်ပြီဖြစ်ကြောင်း ကိုယ့်လုံခြုံရေးကို ကိုယ်ဂရုစိုက်ဖို့ တောင်းဆိုခဲ့သည်။

မုယွင်ဇီသည် ကားတံခါးဖွင့်လိုက်ပြီး မုယောင်ကို အရင်ဝင်ခိုင်းလိုက်သည်။ မုယောင်သည် သူ့နှုတ်ခမ်းများကို တိတ်တိတ်လေးကိုက်လိုက်ပြီး ဘာလို့ သူထွက်ပြေးမှာကိုကြောက်နေတာလဲ။

မုယွင်ဇီသည် ကားထဲသို့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဒရိုင်ဘာကိုကြည့်လိုက်ပြီး ကားမောင်းရန်အချက်ပြလိုက်သည်။

ကားမောင်းလာသည်နှင့် ကားထဲတွင်တိတ်ဆိတ်ငြိမ်သက်နေပြီး ဖင်နေရာရွေ့လိုက်သည့်အသံတောင် ပြတ်သားစွာကြားရလေသည်။

မုယွင်ဇီသည် မုယောင်ကိုတိတ်တဆိတ်စစ်ဆေးနေလေသည်။ မုယောင်သည် သူ့ကို ရိုသေလေးစားကြောက်ရွံ့သည်ကို သိသော်လည်း မုယောင်၏လက်ရှိရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများကို သူနားမလည်ပေ။

သူ ဟန်ဆောင်နေသည့်ပုံစံလည်းမပေါ်ပေ။ အရမ်းကိုကြောက်စရာကောင်းပြီး ပိုလေးနက်တဲ့ရွံရှာစိတ် ဒါမှမဟုတ် ကြောက်စိတ်တွေကို ဖုံးကွယ်ထားလေသည်။

အမှန်တော့ မုယောင်သည် သူ၏ရွံ့ရှာကြောက်ရွံ့နေသည့်စိတ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားပေမယ့်လည်း မုယွင်ဇီသည်တစ်နှစ်ပတ်လုံးလူမျိုးစုံနှင့် ထိတွေ့ဆက်ဆံနေရသောကြောင့် ခံစားချက်များကိုပုံဖော်ရာတွင် အလွန်အကဲဆတ်လေသည်။

မုယောင်နှင့် မုမိသားစုကြားကို သဘောထားကွဲလွဲစေရန် တစ်စုံတစ်ယောက်က မုယောင်ကို မကောင်းသောရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ခဲ့ကြောင့် သံသဃတစ်ချို့ရှိလေသည်။ မုယောင်က သူ့ကို ချိန်းခြောက်နိုင်မယ်မထင်ပေမယ့် မုယောင်နောက်ကွယ်က လူက ထက်မြက်တယ်ဆိုရင်တော့ သူ့ကိုတကယ်ဒုက္ခပေးနိုင်ပေလိမ့်မည်။

"အဲ့ဒီသူနဲ့ မင်းနဲ့ ဘယ်လိုပတ်သတ်တာလဲ" မုယွင်ဇီသည် အချိန်အတန်ကြာ ငြိမ်သက်နေပြီးနောက် တည်ငြိမ်စွာပြောလိုက်သည်။

မုယောင်သည် သူ့ကိုအကြာကြီးကြည့်ကာ သူ၏အရှိန်အဝါကြောင့် အနည်းငယ်ထိတ်လန့်သွားပြီး "ကျွန်တော်... အရင်က သူ့ကိုမသိဘူး အခုမှဘားမှာတွေ့ဖူးတာပါ"

"မင်းက gayလား?" မုယွင်ဇီသည် ကွေ့ပတ်ပြောမနေဘဲ တိုက်ရိုက်မေးလိုက်သည်။

မုယောင်သည် မုယွင်ဇီ၏မျက်လုံးများကို တည့်တည့်မကြည့်ရဲသောကြောင့် အကြည့်လွှဲလျက် "ဟုတ်တယ် ကျွန်တော်ကိုယ်တိုင်သိတာလည်း မကြာသေးဘူး" မုယောင်တိတ်တဆိတ်ခေါင်းမော့ပြီး မုယွင်ဇီကို ချောင်းကြည့်လိုက်သည်။

အပြင်ဘက်တွင် ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမယ့်လည်း အတွင်းမှာတော့ သေမတတ်ကိုစိတ်ပျက်နေပြီဖြစ်သည်။ မုယွင်ဇီကို မမြင်ချင်သေးပေ။ သူ့မျက်နှာကို မြင်လိုက်ရတာနဲ့ မကောင်းတဲ့အမှတ်တရတွေကိုဘဲ သတိရလာသောကြောင့်ဖြစ်သည်။

မုယွင်ဇီသည် ခဏတန့်သွားလေသည်။ တကယ်တော့ မုယောင် ယောကျာ်းလေးကို ကြိုက်ကြိုက် မိန်းကလေးဘဲကြိုက်ကြိုက် သူစိတ်မဝင်စားပေ။ သူကိုယ်တိုင်လည်း gayဖြစ်နေသောကြောင့် ဘာမှ ထူးထူးခြားခြားမခံစားရပေ။

"ဘာလို့ အိမ်ဟောင်းကနေ ထွက်သွားတာလဲ?" မုယွင်ဇီသည် အခုအချိန်တွင် မုယောင်တစ်ခြားသူဆီမှ သွေးထိုးလှုံ့ဆော်မှုကို ခံခဲ့ရသောကြောင့် ထွက်သွားသည်ဟုပင် ထင်နေလေသည်။

"အိမ်ဟောင်းမှာ အမြဲတမ်းနေဖို့ အဆင်မပြေဘူးလို့ ထင်တယ် ကျွန်တော်လည်းအရွယ်ရောက်နေပြီလေ ပြီးတော့အိမ်ဟောင်းကို အဖေက အစ်ကိုကြီးအတွက်ထားခဲ့တာ"

မုယွင်ဇီသည် မုယောင်၏မျက်လုံးများကို စိုက်ကြည့်ကာ မုယောင်လိမ်ပြောနေတာ ဟုတ်မဟုတ်သိရန်ကြိုးစားနေလေသည်။ မုယောင်၏မျက်လုံးသည် ခဏလောက်အကြည့်လွှဲသွားသည်ကို မုယွင်ဇီဖမ်းမိလိုက်သည်။

သူသည် မျက်လွှာချကာ ခဏလောက်စဉ်းစားနေပြီး "အိမ်ပြန်လာခဲ့"

"ဘာလို့လဲ?" မုယောင် ထိတ်လန့်တကြားခေါင်းမော့လိုက်သည်။

"ငါပြောတာက မင်းအိမ်ပြန်လာနေလိုက် မင်းကိုငါ အိမ်ဟောင်းကို ပြန်ခေါ်သွားမယ်" သူ၏ဈေးပေါသော ညီလေးကိုသူ့မျက်စိအောက်ထားပြီး ဘယ်လိုလှည့်ကွက်တွေ သုံးလာမလဲဆိုတာကို စောင့်ကြည့်ရမယ်။

"...."မုယောင်အံ့​ဩသွားသည်။

"ကျွန်တော် အခုနေတဲ့နေရာက တော်တော်ကောင်းတယ် ကျောင်းနဲ့လည်း နီးတယ်"

"မင်းကို နေ့တိုင်းကျောင်းပို့ကျောင်းကြိုလုပ်ဖို့ အိမ်ဟောင်းမှာ ဒရိုင်ဘာရှိတယ် ပြီးတော့ အန်ကယ်ဝမ်ကလည်း မင်းကို လွမ်းနေတယ်"

မုယောင်တစ်ယောက် ထပ်ပြီးပြောချင်ပေမယ့်လည်း မုယွင်ဇီက စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်သည်။

ခဏစဉ်းစားပြီးနောက် မုယောင်က သတ္တိရှိရှိဖြင့် "အဖေလည်းဆုံးသွားပြီ ကျွန်တော်တို့တွေလည်း အရွယ်ရောက်လာပြီလေ မိသားစုလည်း ခွဲပြီးသားဆိုတော့ အတူတူနေဖို့မလိုဘူးမလား"

ထိုစကားကိုပြောပြီးနောက် နည်းနည်းထိတ်လန့်သွားသော်လည်း သူ့ကိုယ်သူအားပေးနေလေသည်။ အခက်အခဲတွေကိုကြောက်စရာမလိုဘူး။ သတ္တိရှိရှိနဲ့ရင်ဆိုင်လိုက်ရမယ်။

မုယွင်ဇီရုတ်တရက် ပြုံးလိုက်ပြီး"မုယောင် မင်းအတောင်တွေသန်မာလာပြီဆိုတော့ မင်းကိုထိန်းမထားနိုင်တော့ဘူးလို့ ထင်နေတာလား?"

"မင်းရဲ့ ရှယ်ယာ8%က မင်းကိုတစ်သက်လုံးချမ်းသာပြီး စိတ်ပူစရာမလိုတဲ့ဘဝတစ်ခုကိုပေးနိုင်တယ်ဆိုပေမယ့် ငါဘယ်သူလဲဆိုတာ မင်းမေ့မနေနဲ့"

မုယွင်ဇီသာ အဲ့ဒီဝေစုကို ပြန်လိုချင်တယ်ဆိုရင် မုယောင်ဆယ်ယောက်ပေါင်းတောင် သူ့ကို အနိုင်မယူနိုင်ပေ။

မုယောင်သည် သူ၏အောက်နှုတ်ခမ်းကို ဖြူသွားသည်အထိ ကိုက်မိလိုက်သည်။ထိုရှယ်ယာများသည် အမှန်တကယ်တွင် သူ့ဘဝ၏ချမ်းသာမှု အရင်းအမြစ်ပင်ဖြစ်လေသည်။ မုယွင်ဇီမျှော်လင့်ထားသည့်အတိုင်း သူသည်မုယောင်၏ပျော့ကွက်ကို ချက်ချင်းပင်ဆုပ်ကိုင်ထားလေသည်။

တကယ်တော့ မုယွင်ဇီဟာ ဒီလိုမျိုးမလုပ်ချင်ပေမယ့်လည်း မုယောင်က သူ့ကိုရှောင်နေလေလေ မုယောင်မှာတစ်ခုခုလွဲနေတယ်လို့ ခံစားလာရလေလေပင်။ မုယောင်သည် မုယွင်ဇီကို ရှောင်ရန်မတတ်နိုင်သဖြင့် စိတ်အနှောင့်အယှက်ဖြစ်နေလေသည်။ မုယွင်ဇီသည် သူ့ထက်အသက်ပိုကြီးပြီး သူ့ကိုနှိမ့်ချနေပါက သူ့မှာရှောင်နိုင်စရာအကြောင်းမရှိပေ။

မုယောင်၏တိတ်ဆိတ်နေမှုက သူ့၏ရွေးချယ်မှုကို ရှင်းပြပြီးသားဖြစ်လေသည်။ မုယွင်ဇီသည် ခေါင်းငုံ့ပြီး ဖုန်းဖြင့် ဒရိုက်ဘာကို မနက်ဖြန် ပြန်လာခိုင်းဖို့ မက်ဆေ့ပို့လိုက်လေသည်။ ပြီးတော့ သူက မုယောင်ကို"မနက်ဖြန်ပြန်လာခဲ့"

"အိုး" မုယောင်က တွန့်ဆုတ်စွာသဘောတူလိုက်သည်။ ထို့နောက်သူက"ဘယ်လိုတောင် မြေရှင်ပဒေသရာဇ်ခေတ်က သခင်မျိုးလဲ တော်တော်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာဘဲ"ဟုတီးတိုးရေရွတ်လိုက်သည်။

မုယွင်ဇီသည် နားစွန်နားဖျားကြားလိုက်ရသော်လည်း အကြောင်းတစ်ခုကြောင့် ဒီလိုထူးဆန်းပြီးလိမ်မာပါးနပ်တဲ့ မုယောင်ကိုတွေ့လိုက်ရတော့ အနည်းငယ်စိတ်သက်သာရာရသွားလေသည်။

Chapter 8 end

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment