Little Creampie (LCP Team):
Chapter 10
"မြန်မြန်....မြန်မြန်လေး. သတ်..သူ့ကိုသတ်"
မုယောင်က သမင်လိုလှိုင်းလေးနဲ့ တောက်ပမှုမရှိတဲ့ လှပသည့် skin ကို ကိုင်ကာ [လပေါ်သို့ လျှောက်လှမ်းခြင်း] ကိုင်ဆော့နေတဲ့ ဟန်ရှင်းအပေါ် တက်စီးပြီး တက်တက်ကြွကြွနဲ့ အမိန့်ပေးနေလေ၏။
"ဟွင်းး.ဟွင်းး...သူအခုလေးတင် ပြောလိုက်တာ။ငါက skill လည်းမရှိဘဲ သူများ သယ်သွားတာကို ခံနေရတာတဲ့!လာစမ်းပါ။သူ့ကို သတ်ဖို့ ဓား ငါ့ကိုပေး!"
သူ ကြမ်းကြမ်းတမ်းတမ်းပြောနေတာ မှန်ပေမယ့် မုယောင်အသံက သူတောင်သတိမထားမိဘဲ ကလူသလိုမြူသလိုပုံစံ ပေါက်နေသည်။
မျက်လုံးထဲအပြုံးတစ်ပွင့်နဲ့အတူ တာယွဲရှင်းသည် မုယောင်၏အမိန့်ကို နာခံပြီး Double kill ရယူလိုက်သည်။
အခြားတစ်ဖက်က လူနှစ်ယောက်က ဒီအခြေအနေကိုမြင်တော့ ပိုပိုပြီး ဒေါသတွေထွက်လာကြသည်။သူတို့က တည့်ပဲ(ဒဲ့) ညစ်ညစ်ညမ်းညမ်းတွေ စာရိုက်လာကြသည်။" မုယောင်က ဂိမ်းကစားရင် ယောင်္ကျားတစ်ယောက်မပါဘဲ ဘာမှမလုပ်တတ်ဘူးလား။"
သူတို့ကြည့်ရတာ မုယောင်ကို မိန်းမတစ်ယောက်လို့ ထင်နေတာဖြစ်မည်။
"စောက်ရူး!" မုယောင် တအားဒေါကန်သွားပြီး သူတို့ကို ထပ်တိုက်ရင်ဆိုင်ကာ သူက ယောင်္ကျားတစ်ယောက်ပါလို့ ပြောပြလိုက်သည်။
" သောက်ကျိုးနည်း!မင်းအဖေငါက သူငယ်ချင်းတွေ အများကြီးရှိတဲ့ ဥစ္စာပေါ ရုပ်ချောကွ!မင်းလိုတော့ ဘယ်ဟုတ်မလဲ။မင်းဘဝက ကိန်းဂဏန်းနည်းနည်းလေးကိုပဲ ရေတွက်နေရတာကိုး။မင်းဘဝကြီးကတော့ အရမ်းစိတ်ညစ်စရာကောင်းနေမှာပဲ။အင်တာနက်ပေါ်လာပြီး အသက်ဆက်နေရတဲ့ဘဝလေး...." မုယောင် စာကြောင်းတစ်ကြောင်းပြီးတစ်ကြောင်း ရိုက်လိုက်သည်။သူ သူတို့ကို ကြိမ်းမောင်းတာ ပင်ပန်းလာတော့ အင်တာနက်ပေါ်ကနေပဲ ကူးယူချလိုက်တော့သည်။
တာ့ယွဲ့ရှင်းက ထိုလူနှစ်ယောက်၏IDကို ကူးယူပြီး တစ်စုံတစ်ယောက်ကို သူတို့accတွေကို hack ခိုင်းလိုက်သည်။
"စိတ်ဆိုးမနေပါနဲ့တော့, မောင်မောင်" တာ့ယွဲရှင်း၏အသံသည် နူးညံ့ကာ သက်တောင့်သက်သာရှိသည်။
"ငါ သူတို့accတွေကို hack ဖို့ တစ်ယောက်ယောက်ကို ရှာပြီးပြီ။ဒီပွဲမှာ ငါတို့ သူတို့ကို အခြေစိုက်စခန်းကနေ မထွက်ရဲတော့တဲ့အထိ အသေလုပ်လိုက်ကြမယ်။ဒါက သူတို့ဘဝရဲ့ နောက်ဆုံးအကြိမ် ဂိမ်းကစားခြင်း ဖြစ်သွားလိမ့်မယ်။" သူ၏အသံတွင် အေးစက်မှုများ ပါဝင်နေသည်။
"ဟုတ်ပြီကွ!" မုယောင်က မြန်မြန်စိတ်တိုပြီး မြန်မြန်ပဲ စိတ်ပြေသွားသည်။တာ့ယွဲရှင်းပြောတာကြားပြီးနောက် ဆက်ဒေါသမထွက်တော့ပေ။နှစ်ယောက်သား ဟိုဘက်ကလူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ပစ်လိုက်သည်။ ကစားပွဲပြီးတဲ့နောက် ထိုလူတွေကို ဆဲဆိုခြင်းနဲ့ညစ်ညမ်းမှုကြောင့် report တင်ပေးလိုက်သည်။
"အိပ်ချင်လိုက်တာ...အာရှင်း, ငါ အရင်သွားအိပ်လိုက်တော့မယ်" တာ့ယွဲရှင်းက သူ့နာမည်တွင် ''ရှင်း'' ပါသည်ဟု မုယောင်ကို ပြောထားတာကြောင့် မုယောင်က သူ့ကို 'အာရှင်း' ဟု ခေါ်တာဖြစ်၏။
"အင်း..သွားအိပ်လိုက်တော့..မောင်မောင်...ဂွတ်နိုက်" တာ့ယွဲရှင်း၏အသံသည် နူးညံ့ပြီး ဆွဲငင်နေတာကြောင့် မုယောင်၏ပါးတွေတောင် နီရဲရဲဖြစ်သွား၏။
"သွားပြီ...သွားပြီ...ငါ ယောင်္ကျားလေးတွေနဲ့ မတွေ့တာ ကြာသွားလို့များလား။ သူငယ်ချင်းရဲ့အသံကိုတောင် feel နေမိတယ်" မုယောင် ကုတင်ပေါ် စောင်ကြီးပတ်ပြီး အသံတိတ်အော်လျက် လူးလိမ့်နေသည်။
မုယောင် ထိုအကြောင်းတွေးရင်း အိပ်ပျော်သွားသည်။
.....................
မနက်တွင် မုယောင်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် နိုးထလာသည်။
မုယောင် သူအေးစက်စက်ရေကန်ထဲ သေဆုံးသည့်အထိ အသက်ရှူကြပ်ခဲ့ရတဲ့ မှတ်ဉာဏ်များကြောင့် ဖြစ်ပေါ်လာတဲ့ မွန်းကြပ်သည့်ခံစားချက်ကြီးက သူ့ဦးနှောက်ထိ ပျံ့နှံ့သွားကာ ရုတ်တရက် လန့်နိုးလာသည်။
မျက်ရည်အပြည့်မျက်လုံးများကို ဖွင့်လိုက်တော့ တန်တန်က သူ့ရဲ့အဆီတွေရှိတဲ့ ဗိုက်လုံးလုံးကြီးနဲ့ မုယောင်မျက်နှာပေါ် ဖိထားတာကို မြင်လိုက်ရသည်။ သူ အသက်ရှုကြပ်နေတာ မဆန်းတော့ပါဘူးလေ။
"ကြောင်စုတ်လေ...ငါ့ကို သေအောင် ခြောက်လိုက်တာပဲ" မုယောင်ထပြီး မျက်ရည်တွေကို သုတ်လိုက်သည်။ကြောင်လေးကို ပွေ့ချီပြီး အရင်ဘဝက မှောင်မိုက်ဆိုးဝါးလှသည့် မှတ်ဉာဏ်များကနေ ဖြည်းဖြည်းချင်း ရုန်းထွက်လိုက်သည်။
လှေကားအောက်ကို ဆင်းသွားတော့ အန်ကယ်ဝမ်က ဧည့်ခန်းထဲတွင် အလုပ်များနေသည်။
မုယောင် ကြောင်လေးကိုချီလျက် မေးလိုက်၏။
"အန်ကယ်ဝမ် ...တန်တန်ကို ကျွန်တော့်အခန်းထဲ လာထားပေးသွားတာလား"
အန်ကယ်ဝမ်က သူ့ကို တစ်ချက်ကြည့်ကာ ပြုံးပြလာ၏။"ဟုတ်တယ် သခင်ငယ်လေး။ဒီကြောင်လေးက သခင်လေးကို အရမ်းနှစ်သက်နေတာ။ ဒီမနက် အစောကြီး တမြောင်မြောင်အော်ပြီး သခင်လေးကို ပတ်ရှာနေတာ"
မုယောင် သူ့မျက်လုံးတွေ မှေးသွားတဲ့အထိ ပြုံးလိုက်ပြီး ခေါင်းတငြိမ့်ငြိမ့်လိုက်သည်။
"မင်းမှာ အသိတရားတော့ ရှိသေးသားပဲ။ ငါထင်တာ မင်း မင်းအဖေကို သတ်တော့မယ်လို့ ထင်သွားတာ။"
"မနက်စာ လာစားတော့" မုယွင်ဇီ၏အသံက ရုတ်တရက်ထွက်ပေါ်လာသည်။
မုယောင် လန့်သွားသည်။နောက်တော့မှ ထမင်းစားစားပွဲတွင် မနက်စာ စားနေသည့် မုယွင်ဇီကို တွေ့သွား၏။
ဒါပေမယ့် ကိုးနာရီတောင် ရှိနေပြီလေ။မုယွင်ဇီက ပုံမှန်ဆို ၇နာရီခွဲမှာ ထွက်သွားပြီမဟုတ်ဘူးလား။
မုယောင် ဇဝေဇဝါဖြစ်နေပေမယ့် မုယွင်ဇီကိုလည်း မမေးရဲချေ။
အန်ကယ်ဝမ်ဆီ တန်တန်ကို ပေးပြီးနောက် မုယောင်သည် မုယွင်ဇီနဲ့ အဝေးဆုံးမှာရှိနေတဲ့ ထိုင်ခုံမှာ သွားထိုင်ဖို့ လုပ်လိုက်၏။သူ ထိုင်မလို့လုပ်ရုံရှိသေး မုယွင်ဇီက ထပ်ပြောလာသည်။
"ဒီကိုလာထိုင်" မုယောင် တစ်ခဏ ကြောင်အသွားပြီးနောက် မကြားသလို ဟန်ဆောင်ဖို့ လုပ်လိုက်သည်။သို့သော် မုယွင်ဇီက သူ့ရဲ့လှည့်ကွက်သေးသေးလေးကို ဖြတ်မြင်သည့်ပုံပင်။
"ငါ့ကို နောက်တစ်ကြိမ် ထပ်ပြောရအောင် မလုပ်နဲ့ မုယောင်"
'ဟွန့်း..ခင်ဗျား လွှမ်းမိုးချုပ်ချယ်တဲ့CEO တွေပါတဲ့ ဝတ္ထုတွေ ဖတ်တာ များနေပြီ။ခင်ဗျားအမိန့်ပေးချင်ရင်လည်း ခင်ဗျားမိန်းမဖြစ်လာမယ့်သူကိုပဲ သွားပေး' မုယောင် စိတ်ထဲကနေ အထွန့်တက်လိုက်ပြီး မုယွင်ဇီဘေးက ထိုင်ခုံမှာ မထိုင်ချင်ပဲ ထိုင်လိုက်သည်။
မုယွင်ဇီ မျက်လုံးမှေးပြီး မုယောင်ကို စစ်ဆေးလိုက်သည်။မုယောင်၏ သူ့အပေါ်ခုခံမှုကို သူခံစားမိသည်။ အကြောက်တရားနဲ့မနှစ်မြို့မှုကိုတောင် ခံစားမိ၏။
ဒါပေမယ့် သူ ဒီစျေးပေါတဲ့ညီကို ဘယ်တုန်းကမှ ဘာမှ မလုပ်ခဲ့ဖူးဘူးလေ။ အများဆုံးရှိမှ သူ့တည်ရှိမှုကို လျစ်လျူရှုခဲ့တာပဲ ရှိမှာ။
ဒီနေ့ကျမှ မုယောင် စားနေတာကို သူ ခပ်တည်တည်ကြည့်နေတော့မှပဲ သူ၏ညီဖြစ်သူက ဘယ်လောက်တောင် လှပလဲဆိုတာ သိသွားတော့သည်။ မုယောင်က နေရောင်ခြည် နည်းနည်းလေး မရရှိတော့လိုက်တာနဲ့ ခဏလောက်ဂရုမစိုက်မိလိုက်တာနဲ့ သေဆုံးသွားမယ့် အဖိုးတန်ပန်းပွင့်လေးလို ပိုးမွေးသလို ပြုစုစောင့်ရှောက်ခံရဖို့အတွက် မွေးဖွားလာသလိုပင်။
တကယ်လည်း မုယောင်က ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာတာပဲလေ။သူနဲ့သူ့အဖေက မုယောင့်ကို ဂရုမစိုက်ခဲ့ကြပေမယ့် အန်ကယ်ဝမ်နဲ့အန်တီလီတို့က သူ့ကို ကလေးဘဝကတည်းက ဖူးဖူးမှုတ်ကာ ပိုးမွေးသလို မွေးခဲ့တာပင်။မုယောင်က ကောင်းကင်ပေါ်က ကြယ်ကို တောင်းဆိုလာခဲ့ရင်တောင် နှစ်ယောက်လုံးက သူ့အတွက် ခူးဆွတ်ပေးချင်ကြတာချည်းပဲ။
မုယောင် အစားဝါးနေတော့ သူ့ပါးလေးတွေက ဖောင်းနေပြီးသူ့ရဲ့နှင်းဆီရောင်နှုတ်ခမ်းက ဆီကြောင့် ပိုပြီး နဲရဲလာကာ နမ်းချင်စဖွယ်ဖြစ်နေသည်။
မုယွင်ဇီ အကျိုးအကြောင်းမဆီလျော်သည့် သူ၏ကိုယ်ပိုင်အတွေးများကြောင့် မျက်မှောင်ကြုတ်မိ၏။
သူ ဘာတွေ တွေးနေမိတာလဲ။မုယောင်က သူ့ရဲ့ညီလေးလေ။မုယောင်က ယောင်္ကျားလေးတွေကိုပဲ သဘောကျတယ်ဆိုရင်တောင် ...မုယောင်က သေးသွယ်ပြီး လှပတယ်ဆိုရင်တောင်....သူ့ညီနဲ့ပတ်သက်ပြီး ညစ်ညမ်းတဲ့အတွေးတွေ မရှိသင့်ဘူးလေ။
မုယောင်မှာလည်း မုယွင်ဇီကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေလေသည်။ဒီလူ ဂေါက်နေတာပဲ ဖြစ်ရမယ်။စားလည်း မစားဘဲ သူ့ကိုပဲ ဆက်တိုက်စိုက်ကြည့်နေတာ။အေးအေးချမ်းချမ်း သာသာယာယာနဲ့ကို စားခွင့် မပေးဘူး။
Chapter 10 end