Little Creampie (LCP Team):
Chapter 16
မုယောင် အိမ်ပြန်ရောက်တော့ အဝတ်အစားတောင် မလဲရသေး အန်ကယ်ဝမ်က အပူခံဘူးနှစ်ခုကို သူ့ဆီ လှမ်းပေးလာသည်။
"အန်ကယ်ဝမ်....အန်ကယ် ဘာလုပ်နေ....'' မုယောင် ရှုပ်ထွေးသွား၏။
"အကြီးဆုံးသခင်လေးက ညစာစားဖို့ ပြန်လာမှာမဟုတ်လို့ သခင်ငယ်လေးကို သူ့ဆီ အစားအသောက်လာပို့ဖို့ မှာလိုက်ပါတယ်။ဒီထဲမှာ နှစ်ယောက်စာပါတယ်။"
အန်ကယ်ဝမ် ပြုံးလိုက်မိသည်။ဒီညီအစ်ကိုတွေကြားက ဆက်ဆံရေးက နောက်ဆုံးတော့ ရင်းနှီးလာပြီလေ။
"ဘာလို့လဲ။ သူ့ဘာသာသူ မှာမစားနိုင်ဘူးလား..."မုယောင် ညည်းညူလို့ မပြီးခင် အန်ကယ်ဝမ်က သူ့ကို အိမ်အပြင်တွန်းထုတ်လိုက်သည်။
"......."မုယောင် တံခါးရှေ့ရပ်ပြီး အပူခံဘူးတွေကို အကြာကြီး စိုက်ကြည့်နေ၏။နောက်ဆုံးမှာ လက်လျော့ပြီး ထိုဘူးများဖြင့် ကားဂိုဒေါင်ဆီ လျှောက်သွားလိုက်သည်။
'မုယွင်ဇီက ဘာတွေ အရူးထနေတာလဲမသိ' မုယောင် စိတ်ထဲကနေကို မကျေမနပ်ပြောနေလိုက်သည်။
မပျော်မရွှင်ဖြစ်နေတဲ့သခင််ငယ်လေးက ကားကို ဘားတံလေးက ကန့်သတ်အမြန်နှုန်းကို ထိမိတော့မည့်အထိ မုအုပ်စုဆီ မြန်မြန်မောင်းသွား၏။
လှပသောအကွက်လေးဖြင့် ကားကို မုအုပ်စုဝင်ပေါက်တွင် ပါကင်ထိုးလိုက်သည်။
မုယောင် အပူခံဘူးတွေကို ဆွဲရင်း အထဲဝင်သွားလိုက်၏။ဧည့်ကြိုကောင်တာကဝန်ထမ်းက သူ့ကိုတွေ့တော့ လာနှုတ်ဆက်ပြီး အထဲဝင်ခွင့်ပေး၏။
အရင်က မုယွင်ဇီကို ဒီကိုလာတွေ့ရတာကို သူ သဘောကျခဲ့၏။မုယွင်ဇီကတော့ သူ့နဲ့ စကားပြောရမှာကို မကြိုက်ပေ။သူ့အတွင်းရေးမှူးကို မုယောင်ကို ဧည့်ခန်းထဲ ခေါ်သွားခိုင်းပြီး သူကတော့ အလုပ်ဆက်လုပ်နေသည်။ပြီးတော့ မုယောင်ကို လာတွေ့တာလည်း အတော်ရှားသည်။
သို့သော် အရင်ဘဝတုန်းက ပိုင်ရန် မုယွင်ဇီကိုတွေ့ဖို့ ဒီကိုရောက်လာတာကို မုယောင်မြင်ဖူးသည်။မုယွင်ဇီက သူလုပ်နေတာတွေကို ချက်ချင်းပစ်ချပြီး ပိုင်ရန်ကို ဘာလို့ဒီကိုရောက်လာတာလဲဆိုပြီး မေးလိမ့်မည်။သူ့ရဲ့ဂရုတစိုက်မေးလာတဲ့အကြည့်က မုယောင်ကို နာကျင်စေ၏။
အရင်ဘဝတုန်းက ထိုအချိန်ကမှစ၍ ကုမ္ပဏီမှာ မုယွင်ဇီကို သူထပ်သွားမရှာတော့ပေ။
မုယွင်ဇီ၏အတွင်းရေးမှူးက အမြန်ရောက်လာပြီး အရင်ဘဝတုန်းလိုပဲ မုယောင်ကို တလေးတစားဖြင့် လမ်းကိုဦးဆောင်လာ၏။
မတူတော့တာက ဒီတစ်ခါမှာ သူမက ဧည့်ခန်းဆီ ဦးဆောင်သွားနေတာ မဟုတ်ဘဲ မုယွင်ဇီ၏ရုံးခန်းဆီ ဦးတည်သွားနေတာဖြစ်သည်။
"မုသခင်ငယ်လေး...ဥက္ကဋ္ဌမုက သခင်ငယ်လေးကို အထဲမှာ စောင့်နေပါတယ်။" အတွင်းရေးမှူးက မုယွင်ဇီ၏ရုံးခန်းတံခါးကိုခေါက်ပြီး မုယောင်ကို တိုးတိုးပြောလာ၏။
သူမက တံခါးကိုဖွင့်ပြီး မုယောင်ကို အထဲဝင်စေကာ ပြီးမှ တံခါးကိုပိတ်ပြီး ထွက်သွားလိုက်၏။
မုယောင် အထဲဝင်သွားလိုက်တော့ အလုပ်လုပ်နေတဲ့ မုယွင်ဇီကို တွေ့လိုက်ရသည်။ (TN/ ယောင်ယောင်ရယ်....သူက အလုပ်မလုပ်နေဘဲ ရုံးခန်းထဲ ကနေမှာလားTwT)
ထိုအမျိုးသားက ခဲဖျော့ရောင် suit ကို ဝတ်ဆင်ထားပြီး သူ့တွင် ရှည်လျားသည့်အရပ်အမောင်းနဲ့ ချောမောခန့်ညားသည့်အသွင်အပြင်ရှိသည်။မင်းသာ သူလေးလေးနက်နက် အလုပ်လုပ်နေတဲ့ပုံကို ဓာတ်ပုံရိုက်ပြီး တင်လိုက်မယ်ဆိုရင် လူတိုင်း သူ့ဆီကနေ ညို့ယူခံရလိမ့်မည်။
မုယောင်ကတော့ သူ့ကိုတွေ့ရင် စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ပဲ ခံစားရတော့၏။
အရင်ဘဝတုန်းကတော့ သူ မုယွင်ဇီကို မရပ်မနားကပ်ခဲ့ပေမယ့် မုယွင်ဇီကတော့ လျစ်လျူရှုခဲ့၏။ဒီဘဝမှာ သူ မုယွင်ဇီကို မတွေ့ချင်တော့တဲ့အခါကျ မုယွင်ဇီက ဆက်တိုက် သူ့ကို လာအနှောင့်အယှက်ပေးနေလေသည်။
အခုတော့ ဒါက ဘာလဲ?
ခင်ဗျားက ကျွန်တော့်ကို အတိတ်တုန်းကကျ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် သဘောမထားဘဲ အခုကျမှ လွတ်သွားတဲ့ငါးက အရသာရှိတယ်လို့ တွေးမိလို့လား?
မုယောင် သူ့ကိုယ်သူ လှောင်ရယ်မိလိုက်သည်။သူ သတိမပြုမိတာက သူဝင်လာကတည်းက မုယွင်ဇီရဲ့အကြည့်တွေက သူ့ဆီကို တိတ်တခိုးရောက်နေတယ်ဆိုတာပဲ။မျက်လုံးလှလှလေးတွေကနေ စပြီး ကောင်းကောင်းမွန်မွန် ပုံဖော်ထားခြင်းခံထားရတဲ့ နှုတ်ခမ်းလေးတွေရယ် သေးသွယ်လျလျ ခါးလေးရယ် ရှည်လျားသွယ်သွယ်လျလျ ခြေထောက်တွေအဆုံး သူလိုက်ကြည့်မိသည်။
မုယွင်ဇီပုံစံက သူ့ပိုင်နက်နယ်မြေကို ကင်းလှည့်နေတဲ့ ခြင်္သေ့ထီးတစ်ကောင်လိုမျိုးဖြစ်နေ၏။သူ ဒီလိုတွေလုပ်နေတာက မှားယွင်းနေတယ်ဆိုတာ သိပေမယ့် သူ့အကြည့်ကို မထိန်းချုပ်နိုင်ပေ။
" ဟိုပေါ်မှာ သွားထိုင်နေ" မုယွင်ဇီ ဘေးက ကော်ဖီစားပွဲနဲ့ ဆိုဖာရှိရာကို မေးဆတ်ပြလိုက်သည်။
မုယောင် နှုတ်ခမ်းကွေးပြီး ဆိုဖာပေါ်သွားထိုင်လိုက်သည်။မုယွင်ဇီလည်း လာထိုင်၏။
မုယောင် အပူခံဘူးတွေကို ဖွင့်ပြီး အန်တီလီလုပ်ပေးထားတဲ့ နှစ်ယောက်စာပါတဲ့အစားအစာတွေကို ယူလိုက်သည်။သူတို့နှစ်ယောက်လုံး ဘေးတစ်ဖက်စီထိုင်ပြီး စတင်စားကြတော့၏။
'သူက ဘာလုပ်ချင်နေတာတုန်း။ညစာစားဖို့ အဖော်ရှာနေတာလား' မုယောင်၏မျက်နှာက မေးခွန်းများဖြင့် ပြည့်နှက်နေပေမယ့် မမေးရဲဘူးဖြစ်နေ၏။
မုယွင်ဇီ မုယောင်၏ရှုပ်ထွေးနေမှုကို မြင်၏။သို့သော် ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ သူကိုယ်တိုင်ကလည်း မရှင်းပြတတ်ချေ။
မုယောင် မနေ့ညက အိမ်ကိုပြန်မလာခဲ့ပေ။သူ ဖုန်းခေါ်မလို့ လုပ်လိုက်ပြီး လိပ်စာစာအုပ်ထဲ မုယောင်၏နံပါတ်ကို အကြိမ်များများရှာပေမယ့် မတွေ့ခဲ့ချေ။ဒါကြောင့် သူ ဖုန်းမခေါ်နိုင်ခဲ့ပေ။
သူ အစ်ကိုကြီးတစ်ယောက်ရဲ့တာဝန်ဝတ္တရားကို ဘယ်တုန်းကမှ မဖြည့်ဆည်းပေးခဲ့ဘူး။အဲဒါကြောင့် သူ့ညီငယ်လေးကို သာမာန်အစ်ကိုတစ်ယောက်လိုမျိုး ဖုန်ခေါ် ဂရုစိုက်ဘာညာ လုပ်နိုင်ခြင်းမရှိချေ။
ဒါ့အပြင် သူ့ညီငယ်လေးအတွက် ထားရှိတဲ့ခံစားချက်က ထိုသို့အစ်ကိုတစ်ယောက်က ညီတစ်ယောက်အပေါ် ထားရှိသည့် ခံစားချက်မျိုး မဟုတ်တဲ့ပုံပဲ။
သူ အသိပြန်ဝင်လာတော့ မုယောင် ခေါင်းငုံ့ပြီး စားလိုက်တဲ့အချိန် သူ့လည်ပင်းအနောက်ရှိ အမှတ်အသားတစ်ခုကို မုယွင်ဇီ တွေ့သွားသည်။ထိုအမှတ်အသားက ကော်လံအတွင်းထဲ ရှိနေပြီး အနမ်းရာနဲ့ တူနေသည်။
သူ ချက်ချင်း ထိုနေရာကို ဖိလိုက်သည်။သူ့သုံးထားတဲ့အားက မပြင်းထန်ပေမယ့် ဒေါသထွက်မှုအပြည့်နှင့်ဖြစ်သည်။
"မင်း မနေ့ညက ဘာတွေ လုပ်ခဲ့တာလဲ" သူက အေးစက်စွာမေးလိုက်၏။
မုယောင်လေးက အစားအသောက်ကို ပျော်ပျော်ရွှင်ရွှင်စားနေတာဖြစ်သည်။ မုယွင်ဇီ သူ့လည်ပင်းနောက်ကို ဖိလာတဲ့အချိန် သူ့ပန်းကန်လုံးတောင် ပြုတ်ကျသွားတော့မလိုပဲ။
သူ ဒေါသတောင် မထွက်ရသေး....မုယွင်ဇီရဲ့အသံက ထွက်ပေါ်လာသည်။ထိုအသံက အေးစက်လွန်းလိုက်တာမှ လူတွေကို နေရခက်စေသည်။
"ကော ဘာတွေလုပ်နေတာလဲ" မုယောင် ပန်းကန်လုံးကို စားပွဲပေါ်ချပြီး မုယွင်ဇီ၏ လက်ကို ဒေါသတကြီးဖြင့် တွန်းဖယ်လိုက်သည်။
"ငါ့မေးခွန်းကို ဖြေ!" မုယွင်ဇီ၏အသံက ဒေါသများဖြင့် ပြည့်နှက်နေသည်။
မုယောင် ထပ်သည်းမခံနိုင်တော့ပေ။သူက ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး မုယွင်ဇီကို စိုက်ကြည့်လိုက်သည်။
"ခင်ဗျား အခုတလော ဘာလုပ်ချင်နေတာတုန်း။ကျွန်တော် အပြင်ထွက်တိုင်း အမြဲလိုက်မေးနေတယ်။ကျွန်တော့်အသက် ၁၉နှစ်ရှိပြီ။ ၉နှစ်မဟုတ်ဘူး။ခင်ဗျား အရင်ကကျ ဘာတွေများ လုပ်နေလို့တုန်း။ဘာလဲ။ အခုကျမှ ခင်ဗျားက ကျွန်တော့်အစ်ကိုဆိုတာ မှတ်မိသွားတာလား" မုယောင် သူပြောလေလေ ပိုပိုပြီး မကျေမနပ်ဖြစ်လာလေလေပဲ။သူမျက်ဝန်းတို့က တဖြည်းဖြည်း အနီရောင်သန်းလာသည်။
သူ မုယွင်ဇီရှေ့တွင် မျက်ရည်မကျချင်ခဲ့ပေ။ဒါပေမယ့် သူ ထိခိုက်နစ်နာသလို ခံစားရသည်။
ကလေးဘဝကတည်းက သူ ဘယ်သူ့အိမ်မှာ ဘယ်လောက်နေနေ မုယွင်ဇီက ဘယ်တော့မှ တစ်ချက်လှည့်မကြည့်သလို တစ်ခါမှလည်း မမေးခဲ့ဖူးဘူး။သူ့အရင်ဘဝက ထိုဖြစ်ရပ်မှာတောင် မုယွင်ဇီက သူ့ကို ဘယ်တော့မှ မကူညီခဲ့ပေ။ဘာကြောင့်ဆိုရင် မုယောင်က သူ့ရဲ့ညီငယ်ဖြစ်နေလို့ပဲ။သူ မနေ့ညက ဘယ်သွားပြီး ဘာလုပ်ခဲ့လဲဆိုတာ ဘယ်လိုမျက်နှာမျိုးနဲ့ လာမေးရဲနေတာတုန်း။
မုယွင်ဇီသည် မုယောင် တဖြည်းဖြည်းပိုပိုပြီး မကျေမနပ်ဖြစ်ပြီး ဒေါသထွက်လာတာကို ကြည့်နေသည်။သူ့မျက်လုံးတွေက မျက်ရည်တွေစိုးမိုးလာပြီး အသံက စကားပြောဖို့ တအားကွဲအက်နေသည်။
မုယောင်ကလည်း သူ့ဆီကနေ ဘာအဖြေမှ မမျှော်လင့်ချေ။လက်ဖြင့် မျက်ရည်တွေကို သုတ်လိုက်ပြီး မုယွင်ဇီရုံခန်းထဲကနေ လှည့်ထွက်သွားလိုက်သည်။
မုယွင်ဇီ ထိုနေရာတွင်ပဲ ကျောက်ရုပ်ကဲ့သို့ ရပ်နေသည်။သူ သူ့မျက်လုံးတွေကို မယုံကြည်နိုင်စွာဖြင့် မှိတ်လိုက်၏။သူ့ရင်ထဲ လိမ့်တက်လာတဲ့ လိုအင်ဆန္ဒရမ္မက်တွေကို ခံစားမိလိုက်လို့ပင်။
သူ့ညီရဲ့ မျက်ရည်တွေကို မြင်ပြီး မုယွင်ဇီ မာလာခြင်းဖြစ်သည်။
ထိုမျက်ရည်များကြောင့် သူ နည်းနည်း နောင်တရပြီး ရင်ထဲ နာကျင်သွားပေမယ့် တဖြည်းဖြည်း ပြင်းထန်သည့် ရမ္မက်များနဲ့ နက်ရှိုင်းလှသည့် ပိုင်ဆိုင်လိုစိတ်များက သူ့ထံ ပေါ်ထွက်လာသည်။
'မုယောင်က အိမ်ရာပေါ် မှာ ငိုတဲ့အချိန်ဆိုလည်း အရမ်းကြည့်ကောင်းမှာပဲ' မုယွင်ဇီ မနေနိုင်ဘဲ တွေးမိလိုက်သည်။
Chapter 16 end