no

Font
Theme

Little Creampie (LCP Team):

Chapter 18

သန့်စင်ခန်းအိမ်သာက အစွန်းအဖျားနေရာတွင် တည်ရှိပြီး ကော်ရစ်တာတစ်လျှောက် လူနည်းနည်းရှိနေသည်။

မုယောင်က ရှေ့ကနေ လျှောက်ပြီး လော့ယင်က နောက်ကနေ တိတ်တဆိတ်လိုက်၏။သူ့ကိုယ်ပေါ်က အရက်နံ့က လေညှင်းနဲ့အတူ မုယောင်အနီးတွင် ပေါ်လောပေါ်လာ၏။မုယောင်၏ခြေလှမ်းတွေလည်း မြန်သထက် မြန်လာ၏။

လော့ယင်လုပ်ချင်နေသည့်အရာကို မုယောင် မခန်းမှန်းနိုင်ပေ။အရင်ဘဝက ဒီလိုအချိန်တွင် သူနဲ့လော့ယင်သည် ပိုင်ရန်ကြောင့် ရန်သူတွေ မဖြစ်သေးပေ။

အနီးအနားမှာ လူတစ်ယောက်မှ မရှိတော့တဲ့အခါ မုယောင်သည် နောက်လှည့်ပြီး ခက်ထန်စွာပြောလိုက်သည်။

"လော့ယင်..မင်း ဘာလို့ ငါ့နောက် လိုက်နေတာလဲ"

လော့ယင်က ရပ်တန့်သွားပြီး မုယောင်ရဲ့မျက်နှာကို ရီဝေဝေမျက်လုံးတွေဖြင့် စိုက်ကြည့်နေသည်။

မုယောင်တစ်ယောက် စိတ်မရှည်တော့ဘဲ တစ်ခုခုပြောမလို့လုပ်တဲ့အချိန် လော့ယင်က ရုတ်တရက် ခြေလှမ်းကြီးကြီးနှစ်လှမ်း လှမ်းလာပြီး မုယောင်ရှေ့ကို ​အမြန်ရောက်လာ၏။

မုယောင် မတုံ့ပြန်နိုင်ခင်မှာပဲ သူသည် မုယောင်ကို ကော်ရစ်တာနံရံဆီ ဖိလိုက်၏။သူ့လက်တစ်ဖက်ကိုမြှောက်ကာ မုယောင်ရဲ့ခါးသွယ်သွယ်လေးကို ဖိကိုင်ထားပြီး သူရဲ့ရှည်လျားသည့်ကိုယ်ကြီးနဲ့ မုယောင်ကို နေရာကျဥ်းလေးထဲ ချုပ်ထားသည်။

"မင်း ဘာတွေ အရူးထနေတာလဲ" မုယောင် လန့်သွားသည်။လော့ယင်က သူ့ထက် အများကြီးပိုသန်မာ၏။သူ ပိုင်ရန်တုန်းကတောင် မရုန်းထွက်နိုင်တာကို လော့ယင်ဆိုရင် ဝေးရော။

လော့ယင်က အခုထိ ဘာစကားမှမပြောချေ။သူ့နောက်လက်တစ်ဖက်ကိုမြှောက်ပြီး မုယောင်၏မျက်လုံးထောင့်စွန်းကို ပွတ်လိုက်၏။

မျက်လုံးရဲ့နုနယ်တဲ့ထောင့်စွန်းလေးက ညင်သာဂရုစိုက်မှုမရှိ သောပွတ်သပ်မှုကြောင့် တဖြည်းဖြည်း နီရဲလာသည်။ဖြူဖွေးပြီး နူးညံ့ချောမွေ့သောအသားအရည်ပေါ်တွင်ဖြစ်တည်လာသော အနီရဲရဲသည်  နှင်းပေါ်တွင် ကြွေကျနေသော အနီရောင်ဇီးပန်းလေးကဲ့သို့ ငယ်ရွယ်လှပမှုအသွင်အပြင်ဖြင့် တောက်ပနေသည်။

 

"လှလိုက်တာ" လော့ယင်ရဲ့အသံနေအသံထားက ထူးဆန်းနေသည်။ မုယောင်သည် လော့ယင်၏ပွတ်သပ်မှုကြောင့် ခက်ခက်ခဲခဲ မျက်လုံးဖွင့်လိုက်ရ၏။

"မင်း သောက်ထားတာများနေပြီပဲ။ ငါက မုယောင်။ ပိုင်ရန်မဟုတ်ဘူး!" မုယောင်သည် သူ့အထိအတွေ့ကြောင့် နည်းနည်းပျာယာခတ်သွားပြီး အဲ့ဒီ့ရှက်စရာမှတ်ဉာဏ်များက သူ့စိတ်ထဲ တစ်ဖန် ပြန်ပေါ်ပေါက်လာသည်။

"ထွက်သွား!" လော့ယင်သည် ဘယ်ခြေထောက်ကို ဆန့်ပြီး လော့ယင်ကို ကန်လိုက်၏။သို့သော် လော့ယင်က သူ့ခြေထောက်ကို ခုနကမျက်လုံးထောင့်ကိုပွတ်သပ်နေသည့်လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

သို့သော် လော့ယင်က မူးနေပြီး သူ့ရဲ့လှုပ်ရှားမှုက နည်းနည်းများသွားတာကြောင့် မုယောင်ခြေထောက်ကို ဖမ်းဆုပ်ထားတဲ့လက်က အနည်းငယ်ပြေလျော့သွားသည်။

မု​ယောင်လည်း အခွင့်အရေးကို အရယူလိုက်သည်။လက်ဆန့်ထုတ်ပြီး လော့ယင်ကို ကြမ်းကြမ်းတွန်းထုတ်လိုက်၏။လော့ယင်သည် အငိုက်မိသွားပြီး တစ်ဖန်ပြန်မှီချလာပြန်၏။မုယောင်သည် နံရံနဲ့လော့ယင်ကြားက အဟလေးကနေ တိုးထွက်လိုက်သည်။

လော့ယင် ခက်ခက်ခဲခဲမတ်တပ်ရပ်နေရတာကို မြင်တော့ မုယောင်သည် သူ့နှုတ်ခမ်းကိုကွေးလိုက်ပြီး ရှေ့ကိုလျှောက်သွားကာ လော့ယင်ကို ခပ်ကြမ်းကြမ်းကန်လိုက်၏။

ကန်ချက်က အားပြင်းလွန်းသော​ကြောင့် လော့ယင်သည် ကျယ်လောင်တဲ့အသံဖြင့် ကြမ်းပြင်ပေါ် ခွေကျသွား၏။မု​ယောင်ရဲ့ခြေထောက်လည်း နာသွားသည်။

"ဒီမှာ ထိုင်ပြီး လေအေးတွေကိုသာ မှုတ်ထုတ်နေလိုက်!" မု​ယောင်သည် လော့ယင်ကို တစ်ချက်ကြည့်ပြီး အခြားလမ်းကနေ ထွက်သွားလိုက်၏။

သူ့နှလုံးက မြန်မြန်ခုန်လှုပ်နေပြီး သူ့လက်တွေခြေတွေက ခုနက လော့ယင်နဲ့အထိအတွေ့အဆက်အဆံလုပ်လိုက်ခြင်းကြောင့် ကြောက်လ​န့်ကာ ထုံနေ၏။ဒါပေမယ့် သူ အချို့ပြင်းထန်တဲ့တုံ့ပြန်မှုတွေကို မလုပ်မိစေရန် စီမံနိုင်ခဲ့ပြီး လော့ယင်ကိုတွေ့ရင်လည်း အရင်ကလို စိတ်ဖိစီးပူပန်သောက မရောက်တော့ချေ။

မုယောင်သည် သူလာခဲ့တဲ့လမ်းအတိုင်း ပြန်မသွားခဲ့ပေ။အခုလေးတင် သူ လော့ယင်ကို အသံကျယ်ကျယ်ထွက်အောင် ကန်ချခဲ့ပြီး တစ်ယောက်ယောက်က မကြာမီ လော့ယင်ကိုလာရှာလိမ့်မည်ဟု သူတွေးမိ​၏။နောက်ပြီး သူ ခန်မိသားစုပိုင်နက်ထဲမှာ ပြဿနာမ​တက်ချင်သောကြောင့် အခြားလမ်းကနေ ပြန်သွားခြင်းဖြစ်သည်။

ဒါပေမယ့် မုယောင်သည် သူ့ရဲ့လမ်းရှာနိုင်စွမ်းကို အထင်ကြီးလွန်းခဲ့သည်။သူ ဧည့်ခံပွဲကျင်းပရာခန်းမကို မရှာတတ်တော့ပေ။

နည်းနည်းလောက် ထပ်လျှောက်ပြီး တစ်ယောက်ယောက်ကို လမ်းမေးမလို့ စီစဥ်နေတုန်းက မုယောင်သည် ရုတ်တရက် ဖြူဖျော့ပိန်းပါးသည့်လူတစ်ယောက်က လျှောက်လမ်းတစ်လျှောက် ခိုးကြောင်ခိုးဝှက်ဖြင့် လျှောက်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူက ပတ်ပတ်လည်တစ်ချက်ကြည့်ပြီး ခဏခဏကြောက်ကြောက်ရွံရွံနဲ့ နောက်ပြန်လှည့်လှည့်ကြည့်နေသည်။သူ့မျက်နှာပေါ်တွင် 'ငါ မကောင်းတာ တစ်ခုခုလုပ်တော့မလို့' ဟု ရေးထားသလိုပဲ။

မုယောင် ထိုသူလုပ်နေတာကို စိတ်ဝင်စားသွားသည်။သူလည်း ပြန်လမ်းမရှာတတ်တော့မှတော့ ဒီလူ ဘာလုပ်မလို့လဲဆိုတာ ကြည့်ချင်သည်။

ထိုလူက. လမ်းအခွဲဆီ မြန်မြန်လျှောက်သွားသည်။မုယောင်သည် ထိုသူ ကော်ရစ်တာအဆုံးရှိ အခန်းထဲ ဝင်သွားတာကို ကြည့်နေလိုက်သည်။

"အဲ့လူ တစ်ခုခုခိုးဖို့ လုပ်နေတာလား" မုယောင်လည်း တွေဝေသွားသည်။သူထင်ထားတာက ဒီလူက တစ်ယောက်ယောက်နဲ့အဆက်အသွယ်လုပ်ပြီး ကြီးကြီးမားမားတစ်ခုခုကို ဖြစ်အောင်လုပ်တော့မည်ဟုပင်။

 မုယောင် ပျင်းလာပြီး ထွက်သွားမလို့လုပ်လိုက်ချိန်တွင် အခန်းထဲကနေ ကျယ်လောင်တဲ့အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာပြီး မုယောင် အလန့်တကြားဖြစ်သွား၏။

သူ အခန်းထဲကနေ လူတွေ စကားများရန်ဖြစ်နေသလို အသံမျိုးကို ကြားလိုက်ရသည်။သူသည် ကြောက်လန့်နေပြီး ရဲခေါ်ရမလား ဗျာများနေ၏။ထိုအချိန်တွင် ရုတ်တရက် အခန်းတံခါးပွင့်လာသည်။

ပိန်းပါးသည့်ခုနကလူက သွေးထွက်နေတဲ့နဖူးကို အုပ်ကိုင်ရင်း တယိမ်းတယိုင်ဖြင့် ထွက်လာသည်။ထိုသူက အခန်းထဲကို တစ်ချက်ကြည့်ပြီး တစ်ခုခုကိုမြင်သွားကာ ကြောက်လန့်နေတဲ့မျက်နှာဖြင့် ပြေးထွက်သွား၏။

မုယောင်သည် နည်းနည်းစပ်စုချင်နေပြီး နည်းနည်းလည်း ကြောက်နေသည်။ဒါပေမယ့် ကြောင်တွေလိုပဲ။ကြောက်ပေမယ့် ကြည့်ချင်ကြသည်။

ဒါကြောင့် မုယောင်သည် အသံတိတ်လျှောက်သွားပြီး တံခါးကြားကနေ အထဲကို ခိုးကြည့်လိုက်သည်။

သူ ဘာမှ ​မမြင်ရသေးခင် လက်တစ်ဖက်က သူ့ကို အတင်းဆွဲပြီး တံခါးဘေးက နံရံဆီ ဘန်းခနဲ ဆောင့်ဖိသည်။

 "မင်း သေချင်နေတာလား...." အမျိုးသားက သူ့ရဲ့အေးစက်ပြီးဒေါသတငွေ့ငွေ့ဖြစ်နေတဲ့စကားလုံးတွေကို မုယောင်ရဲ့မျက်နှာလှလှလေးကို ရုတ်တရက်မမြင်သွားခင်အထိ ပြောနေ၏။

မုယောင်ရဲ့နောက်ကျောတစ်ခုလုံးက နံရံဆီ အညှာအတာမရှိ ဆောင့်ဖိခံရခြင်းကြောင့် မချိမဆံနာကျင်နေသည်။မျက်ရည်များက မရည်မရွယ်ဘဲ သူ့မျက်လုံးထဲ ကျဆင်းလာတော့မယ့် အလွှာပါးလေးတစ်ခုလို စုစည်းလာသည်။မုယောင်ပုံစံလေးက သနားစရာကောင်းနေလေ၏။

Chapter 18 end.

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment