no

Font
Theme

Little Creampie (LCP Team):

Chapter 6 

မုယောင်သည် တာ့ယွဲရှင်းနှင့် ပူးပေါင်းလိုက်ပြီး တာ့ယွဲရှင်းသည် လီပိုင်သုံးနည်းကို ရံဖန်ရံခါသင်ပေးလေသည်။

ကျဲရှန်ကျိုက်ဟွားကိုလည်း လျစ်လျူမရှုထားဘဲ မကြာခဏ သူနဲ့အတူတူကစားခိုင်းသည်။ တကယ်တမ်း ကျဲရှန်ကျိုက်ဟွားက မုယောင်ကို လပေါ်သို့လျှောက်လှမ်းခြင်း(Game ID)(တာ့ယွဲ)နဲ့ မိတ်ဆက်ပေးခဲ့ခြင်းပေ။ မုယောင်က သူ့နဲ့ဒီအကြောင်းအရာများကြောင့် ဆက်မကစားဖြစ်တော့ရင် စိတ်မကောင်းဖြစ်သွားပေလိမ့်မည်။

ထို့နောက် မုယောင်က လီပိုင်သည် ချောမောခန့်ညားသော်လည်း သုံးရန်ခက်ခဲကြောင်းသိရှိခဲ့သည်။ [လပေါ်သို့လျှောက်လှမ်းခြင်း] ကစားသည့်လီပိုင်သည် ခြေလှမ်းဆယ်လှမ်း လှမ်းလိုက်တိုင်း လူတစ်ယောက်ကိုသတ်နိုင်ခဲ့ပြီး မိုင်တစ်ထောင်အကွာအဝေးအတွင်း ခြေရာတောင်မချန်ခဲ့ပေ။ သူကိုင်သည့် လီပိုင်ထျန်းဟူလေးသည်တော့ သေသွားပြီး မြေပုံလေးဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ရှန်းယုမုယောင်သည် ခြေဆယ်လှမ်း လှမ်းလိုက်တိုင်း လူတစ်ယောက်ကိုသတ်နိုင်သော လီပိုင်ကိုတိုက်ရိုက်ပင် စွန့်လွှတ်ရန်ရွေးချယ်လိုက်ပေသည်။

တဖြည်းဖြည်း မုယောင်နဲ့ တာ့ယွဲရှင်း ရင်းနှီးလာကြသည်။ တစ်ယောက်နဲ့တစ်ယောက် နာမည်မမေးကြည့်ကြသော်လည်း တစ်မြို့ထဲတွင် ရှိနေကြသည်ကိုတော့ သိလေသည်။

တာ့ယွဲရှင်းသည်လည်း ကောလိပ်ကျောင်းသားတစ်ဦးပင်ဖြစ်သည်။ သူ့တွင် ဘာလုပ်စရာမှမရှိသည့်အချိန်တွင် King of Gloryကို တိုက်ရိုက်ထုတ်လွှင့်လေ့ရှိသည်။ သူ့မိသားစုကလည်းအခြေအနေကောင်းပုံပေါ်သောကြောင့် တိုက်ရိုက်ထုတ်လွှတ်ခြင်းက ကိုယ်ပိုင်ဝါသနာတစ်ခုသာဖြစ်ပေလိမ့်မည်။

မုယောင် ပိုက်ဆံပေးသည်ကိုပင် မယူဘဲ နှစ်ယောက်သား နေ့တိုင်းလိုလို အတူတူကစားကြလေသည်။ တာ့ယွဲရှင်းတိုက်ရိုက်ထုတ်လွှင့်ချိန်တွင် မှတ်ချက်အများစုမှာ ၎င်းတို့ကိုစုံတွဲတစ်တွဲအဖြစ်ပင် ထောက်ခံအားပေးလာကြသည်။

မုယောင်သည် အချိန်အတော်ကြာ သူနှင့်အတူတူတွဲဆော့ပြီးနောက် နောက်ဆုံးတွင် လူချင်းတွေ့ဆုံနိုင်သည်ဟု ခံစားရသည်။ တကယ့်လက်တွေ့ဘဝတွင်လည်း ဒီလိုမျိုးသူငယ်ချင်းရှိချင်ခဲ့သည်။

တစ်ဖက်တွင်လည်း တာ့ယွဲရှင်းသည် မုယောင်ကို အထင်ကြီးလေးစားစိတ်ရှိပြီး အနည်းငယ်ပင်သဘောကျလေသည်။ သူသည် မူလက လိင်တူချစ်သူတစ်ဦးဖြစ်သော်လည်း သူ၏မျက်လုံးများက အဆင့်အတန်းမြင့်မြင့်ထားခဲ့ပြီး ဘယ်သူ့ကိုမှငုံ့မကြည့်ခဲ့ပေ။

မုယောင်သည် ချစ်စရာကောင်းသောကိုယ်ရည်ကိုယ်သွေးရှိပြီး အသံမှာလည်း နားထောင်ကောင်းလေသည်။ ပထမတစ်ချက်အနေနဲ့ပြောနိုင်တာကတော့ သူသည်ချမ်းသာသောမိသားစုမှလာသည့် လှပအလိုလိုက်ခံရသော ကလေးတစ်ဦးနှင့်တူသည်။

နှစ်တွေကြာလာတာနဲ့အမျှ သူ့မိသားစုနောက်ခံကြောင့် သူ့အိပ်ရာပေါ်သို့တက်ချင်ကြသော ယောကျာ်းမိန်းမ မရေမတွက်နိုင်အောင်ရှိလေသည်။ မုယောင်လိုဆွဲဆောင်မှုရှိသောလူမျိုးနှင့် ရုတ်တရက်ဆုံမိသောအခါ စိတ်ဝင်စားဖို့ဆိုတာ သေချာပေါက်ပင်။

မုယောင်သည် ဘားသွားဖို့ ဆုံးဖြတ်လိုက်လေသည်။

အခုတလော ပျင်းရိနေသောကြောင့် ဗီဒီယိုအတိုလေးတွေလိုက်ကြည့်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်တွေကြဲ ခွေးစာတွေကျွေးနေတာကိုသာ တွေ့နေရသည်။

မုယောင်သည် သူ့ဘဝတစ်လျှောက်လုံး အရင်ဘဝအပါအဝင် တစ်ကြိမ်လေးမှမချစ်ခဲ့ဖူးကြောင်း သတိရလိုက်သောအခါ အရမ်းကိုမှအံ့အားသင့်မိသွားသည်။ ဒါက မဖြစ်သင့်ဘူးမလား?

မုယောင်သည် ဒုတိယမျိုးဆက်လူချမ်းသာသူဌေးလေးတစ်ယောက်ဖြစ်သည်။ သူ့မှာ ချောမောတဲ့မျက်နှာ ကြည့်ကောင်းတဲ့ခန္ဓာကိုယ်ရှိပေမယ့်လည်း ဒီအသက်အရွယ်ထိ မိန်းကလေးတစ်ယောက်၏လက်ကိုတောင် မကိုင်ဘူးပေ။ ဒီအကြောင်းကိုသာ တစ်ခြားသူတွေပြောမိရင် အရမ်းကို ရှက်စရာကောင်းသည်။

သေချာတာကတော့ သူက မိန်းကလေးမှ မိန်းကလေးဟူသည့်အဖြောင့်တစ်ယောက်မဟုတ်ပေ။ ရုပ်ရည်ကိုသာအဓိကစွဲလမ်းနေသည်မို့ လှနေသရွေ့ ကျားဖြစ်ဖြစ် မဖြစ်ဖြစ်ကိစ္စမရှိပေ။

မုယောင်သည် သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီး ချောမောလှပသောကောင်မလေးများအပြည့်ရှိနေသည့် ဘားတစ်ခုသို့ သူ့စူပါကားလေးဖြင့် သွားလေသည်။

အစက သူ ချွန်းဖုန့်ကို ခေါ်ချင်ပေမယ့်လည်း ကံမကောင်းစွာနဲ့ ဒီနေ့ချွန်းဖုန့်ကလုပ်စရာရှိလို့ တခြားသူတွေကိုလည်းမခေါ်ချင်တော့တာကြောင့် သူ့ဟာသူတစ်ယောက်ထဲထွက်လာခဲ့သည်။

မုယောင်သွားသော ဘားသည် City A၏ အကောင်းဆုံးဘားများထဲမှ တစ်ခုဖြစ်သည်။ ကုန်ကျစရိတ်များပြားလှပြီး သာမာန်လူများမတတ်နိုင်ပေ။

သွားချင်လျှင်ရက်ချိန်းလိုအပ်သော်လည်း ‌ပိုက်ဆံသည်ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်လေသည်။

ဘားကို နှစ်ထပ်ခွဲထားလေသည်။ ပထမထပ်သည် အကကြမ်းပြင်, ထိုင်ခုံများနှင့် စတိတ်စင်များရှိလေသည်။ ဒုတိယထပ်တွင်တော့ စီးပွားရေးနှင့် နာမည်ကြီးရုပ်ရှင်မင်းသားမင်းသမီးများအသုံးပြုရန်အတွက် သီးသန့်ခန်းများရှိပေသည်။

မုယောင်သည် သူ့ဘဝ၏နွေဦးလေးကို ခံစားနိုင်ရန်အတွက် အပေါ်ထပ်သို့မတက်ခဲ့ပေ။

ဘားရှိအဖျော်ဆရာကို သောက်စရာတစ်ခုဖျော်ခိုင်းလိုက်ပြီး လှပသည့်မိန်းကလေးများကို တိတ်တဆိတ်ငေးကြည့်နေသည်။ အထဲရှိလူများက ချောမောချစ်စရာကောင်းသည့်အလှလေးဖြစ်သည့်သူ့ကို အာရုံစိုက်နေကြမှန်း သူ မသိခဲ့ပေ။

သူသည် ကာတွန်းစာအုပ်ထဲက ထွက်လာသည့် ဇာတ်လိုက်မင်းသားလေးနှင့်တူလှသည်။ သူ၏မျက်လုံးများသည် စူးစမ်းနေပြီး မျက်ခုံးများသည် တွန့်ကွေးနေလေကာ လောကကြီးအကြောင်းနားမလည်သည့် သခင်ငယ်လေးတစ်ဦးနှင့်တူလှသည်။

ခဏအကြာတွင် လှပသောကျဲကျဲတစ်ယောက်က မုယောင်နားသို့ရောက်လာသည်။ သူမသည် မုယောင်ဘေးတွင်ထိုင်ကာ ခေါင်းကိုနည်းနည်းစောင်းလိုက်ပြီး

"မောင်လေး တစ်ယောက်ထဲဖြစ်နေတာလား?"

မုယောင် သူမကိုကြည့်ရန်ခေါင်းလှည့်လိုက်သည်။ သူမသည် လှပပြီးရှည်လျားသောဂါဝန်ကိုဝတ်ဆင်ထားပြီး ချောမောလှပသည့်အသွင်အပြင်နှင့် တောက်ပပြီးဆွဲဆောင်မှုရှိသော မျက်နှာလေးကိုပိုင်ဆိုင်ထားလေသည်။

မုယောင်၏မျက်နှာသည် ချက်ချင်းပင် နီရဲသွားသည်။ မွေးကတည်းက ချောမောလှပသည့်ဆန့်ကျင်ဘက်လိင်နှင့် တစ်ခါမှမရင်းနှီးခဲ့ဘူးပေ။

"ဟုတ်တယ် တစ်ယောက်တညဘဲ" မုယောင်၏ အသံလေးနှင့် သူ့ရဲ့နီရဲနေသည့်မျက်နှာလေးကို သူ့ကိုပိုပြီးသိမ်မွေ့နူးညံ့ကာလှပစေသည်။

'အားးးး သူအရမ်းချစ်ဖို့ကောင်းတာဘဲ ငါသူ့ကို ရအောင်လိုက်မယ်' ချီစစ်စစ်သည် အပြင်ဘက်တွင် လှပသောအစ်မကြီးတစ်ယောက်ပုံစံကဲ့သို့ဖြစ်နေပေမယ့်လည်း သူမ၏စိတ်ထဲတွင်တော့ မြေခွေးတစ်ကောင်လိုအော်ဟစ်နေလေသည်။

သူမသည် ချစ်စရာကောင်းသည့်နို့ခွေးလေးနှင့်တူသော ကောင်ငယ်လေးများကို အရမ်းသဘောကျလေသည်။

ချီစစ်စစ်သည် တမင်သက်သက်နောက်ပြောင်လိုသည့်ဟန်ဖြင့် မုယောင်၏မျက်နှာဆီသို့ ကပ်သွားလေသည်။ မုယောင်၏မျက်နှာသည် သိသိသာသာနီမြန်းလာသောအခါ ချီစစ်စစ်သည်ဒီလိုအသားအရေ ဒီလိုမျက်နှာလေးကိုကြည့်ကာ သူမ၏နှလုံးသားထဲတွင် သက်ပြင်းတစ်ချက်ချမိလေသည်။ သူက လူအစစ်မဟုတ်ဘဲအရုပ်လေးတစ်ရုပ်များလား?

"မင်း ကျဲကျဲနဲ့အိမ်ပြန်လိုက်ခဲ့မလား? ဘာမှမလုပ်ဘူးလို့ ကတိပေးတယ်"

ချီစစ်စစ်၏နှလုံးသားသည် အရူးအမူးလှုပ်ရှားနေသော်လည်း အမူအရာမှာတော့ လွန်စွာတည်ငြိမ်နေလေသည်။

"မင်း ကျဲကျဲနဲ့တူတူကချင်လား" ချီစစ်စစ်သည် dancing floor ကို မျက်ခုံးပင့်ကာလှမ်းကြည့်လိုက်လေသည်။

"ကောင်းပြီလေ" မုယောင်သည် ကျေကျေနပ်နပ်ဖြင့် သဘောတူလိုက်ပြီး သူတို့နှစ်ယောက်ထကာ dancing floorကို သွားကြသည်။

သူတို့နှစ်ယောက်တွင် တစ်ယောက်ကချောမောချစ်စရာကောင်းသည့် လူငယ်လေးဖြစ်ပြီး ကျန်တစ်ယောက်မှာချောမောလှပသည့်မိန်းကလေးတစ်ဦးပင်ဖြစ်သည်။ သိပ်မကြာမီပင် သူတို့သည် လူအားလုံးကို အာရုံစိုက်စေမယ့်စုံတွဲဖြစ်လာခဲ့သည်။

Chapter 6 end

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (1)
IDunWannaWork

4 months ago

တစ်ယောက်တညပဲဆိုပြီးဖတ်လိုက်မိတော့ လန့်သွားတာပဲသားရယ် နောက်မှ တစ်ယောက်တည်းလို့ပြောချင်တာမှန်းသိသွားခဲ့တယ် 🤣