Little Creampie (LCP Team):
Chapter 13
မုယောင် အခုအတော်လေးကို ကသိသအောက်ဖြစ်နေသည်။
ပိုင်ရန်က သူ့ဘယ်ဘက်မှာ ထိုင်နေပြီး လော့ယင်က လူအုပ်ထဲမှာ ကစားနေသည်။သူကတော့ ထွက်သွားချင်နေသည်။
"မုယောင်, ဘာဖြစ်လို့လဲ"
ပိုင်ရန်သည် လက်ထဲတွင် ရေခဲရေဘူးကို ကိုင်ထားပြီး မုယောင်ကို စိုးရိမ်ပူပန်နေသည့်မျက်နှာဖြင့် ကြည့်လာသည်။
ဒီရေဘူးက နောက်ပြီးကျ လော့ယင်ကို သွားပေးမယ့်ဟာဖြစ်သည်။ပိုင်ရန်နဲ့လော့ယင်တို့သည် ဆက်ဆံရေးကောင်းမွန်ကြသည်။
"ဘာမှမဖြစ်ပါဘူး" မုယောင် စိတ်အေးအေးထားပြီး ခဏနေကျ ထွက်သွားဖို့ ဆင်ခြေရှာရန် စီစဥ်လိုက်သည်။
ဒီလူတွေထဲမှာ မုယောင်သည် လော့ယင်ကို အမုန်းဆုံးပင်။ဘာလို့ဆို သူ လော့ယင်ရဲ့စရိုက်ကို သိသည်။
သူ့ကို ဖျက်ဆီးဖို့ gang rape ကို အရင်ဆုံး အဆိုပြုခဲ့တဲ့သူက လော့ယင်ဖြစ်လိမ့်မည်။
"ဟေးး သူတို့ပြီးသွားကြပြီ"
ပိုင်ရန်အသံက ရုတ်ချည်း ကျယ်လာသည်။မုယောင်မော့ကြည့်လိုက်တော့ စိတ်အားထက်သန်နေသည့်လော့ယင်ကို တွေ့လိုက်ရသည်။
မုယောင် မထိန်းနိုင်ဘဲ လော့ယင်ကို အမုန်းမျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။
"သူ့ကို ရေဘူးသွားပေးကြရအောင်" ချက်ချင်းပဲ မုယောင်မှာ ပိုင်ရန်၏ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။
မုယောင် အသိပြန်ဝင်လာတော့ ရုန်းထွက်ဖို့ ကြိုးစားလိုက်သည်။သို့သော် အကြောင်းပြချက်အချို့ကြောင့် ပိုင်ရန်က သူ့ထက် အများကြီးပိုသန်မာနေပြီး မုယောင်မှာ လုံးဝရုန်းထွက်လို့ကိုမရပေ။
"ငါ့ကို လွှတ်ပေး..." မုယောင် စကားတောင် မဆုံးသေး ပိုင်ရန်ကိုမြင်သွားတဲ့လော့ယင်က သူတို့ဆီ လျှောက်လာသည်။
"အာရန်,မင်းက ဒီမှာပဲ" လော့ယင်၏မျက်ဝန်းထဲက မောက်မာမှုတွေက ပျောက်သွားပြီး သူ့ကြည့်ရတာ တက်ကြွပြီး ချောမောတဲ့ သာမန်နှစ်ဆယ်ကျော် ကောင်လေးတစ်ယောက်လိုမျိုးပင်။
မုယောင်ကိုမြင်တော့ လော့ယင် မျက်မှောင့်ကြုတ်မိသွားသည်။
"မင်းက ဘာလို့ အာရန်နဲ့ ရှိနေတာလဲ။ မင်း သူ့ကို အနိုင်ထပ်ကျင့်ပြန်ပြီလား"
လော့ယင်ရဲ့လေသံက အစပိုင်းမှာ မာပေမယ့် ထိုနေ့က သူ့ကိုတွန်းထုတ်ခဲ့တုန်းက နားလည်ရခက်တဲ့မုယောင်ရဲ့မျက်လုံးရဲရဲလေးတွေကို ပြန်တွေးမိတော့ သူ လေသံကို လျော့လိုက်မိသည်။
"လော့ယင် အဲလိုမပြောပါနဲ့ဟ။ငါကသာ မုယောင်ကို ဒီကိုဆွဲခေါ်လာတဲ့သူ"
ပိုင်ရန်က မုယောင်ကိုကာကွယ်ပြောလိုက်ပြီး ရေခဲရေဘူးကိုလည်း လော့ယင်ဆီ လှမ်းပေးလိုက်သည်။
သူ မုယောင်နဲ့လော့ယင်တို့ကြားက တင်းမာနေတဲ့ဆက်ဆံရေးကို ဖျက်ပေးချင်သည်။သူ့အမြင်အရဆို, သူတို့နှစ်ယောက်ကြားမှာ ကြီးကြီးမားမားအငြင်းပွားမှုရယ်လို့ မရှိဘူး။သူ့ကြောင့်နဲ့ ရှားစောင်းစေးနဲ့မျက်ချေးလို ဖြစ်နေကြတာ။မိသားစုနှစ်ခုကလည်း အခုထိ စီးပွားရေးရာတွေ ရှိနေကြတုန်းပဲ။အဲ့တော့ နှစ်ယောက်ကြားက တင်းမာမှုကလည်း ပျောက်ဆုံးသွားသင့်နေပြီ။
"ဟွန့်" လော့ယင် တစ်ခုခုကိုပြောလိုက်ချင်ပေမယ့် ပိုင်ရန်ကိုမြင်တော့ ပြောမယ့်စကားလုံးတွေကို ပြန်မျိုချလိုက်သည်။
မုယောင်က လော့ယင်ကိုတွေ့ကတည်းက ငြိမ်သက်နေတာဖြစ်သည်။သူအဲ့လိုတိတ်ဆိတ်နေတာကလည်း တစ်ခုခုမှားနေသည်။
"ဟေး....." လော့ယင် ဘာမှမပြောရသေးခင် မုယောင်က ရုတ်ချည်း အသိပြန်ဝင်လာသည့်ပုံပင်။သူက လော့ယင်ကို စက်ဆုပ်ရွံ့ရှာသလိုကြည့်ပြီး စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားခဲ့သည်။
"ဒီမအေလုံးလေး...." နားလည်ရခက်စွာဖြင့် ထိုအကြည့်က လော့ယင်ကို နာကျင်စေသည်။မုယောင်လှည့်ထွက်သွားတော့ သူ မုယောင်ရဲ့လက်မောင်းကို ဖမ်းလိုက်ဖို့လုပ်လိုက်ပေမယ့် မုယောင်က သတိထားမိသွားပြီး ရှောင်လိုက်သည်။
"ငါ့ ကို လာ မ ထိ နဲ့ , လော့ ယင်" မုယောင်က ခေါင်းလှည့်ပြီး စကားလုံးတစ်လုံးချင်းစီတိုင်းကို ဖုံးကွယ်မထားတဲ့ အမုန်းတရားများဖြင့် ပြောလိုက်သည်။
လော့ယင်မှာ ထိုစာကြောင်းထဲတွင် ပါဝင်သည့် မုန်းတီးမှုများကြောင့် တုန်လှုပ်သွားသည်။သူအသိပြန်ဝင်လာတော့ ပိုင်ရန်နဲ့မုယောင်တို့က ထွက်သွားကြပြီဖြစ်သည်။
"လော့ယင်...ကစားချိန် ရောက်ပြီကွ" မနီးမဝေးကလူတစ်ယောက်က လော့ယင်ကို အော်ပြောလာသည်။
လော့ယင်သည် မခံမရပ်နိုင်ဖြင့် ရေဘူးအလွတ်ကို ဖိညှစ်ပြီး လှည့်လျှောက်သွားသည်။
"မုယောင်...မုယောင်.." မုယောင်အရှေ့ကနေ ခပ်သွက်သွက်လျှောက်သွားနေတုန်း ပိုင်ရန်က အနောက်ကနေ လိုက်ခေါ်နေသည်။
ဒါပေမယ့် မုယောင် အခုချိန် ဘယ်သူ့ကိုမှ အတန်းရှင်းမပေးချင်တာကြောင့် ပိုမြန်မြန်လျှောက်သွားလိုက်သည်။
မုယောင် ဘတ်စ်စကတ်ဘောကွင်းထဲကနေ မထွက်နိုင်သေးခင်မှာပဲ ပိုင်ရန်ဆီကနေ အဖမ်းခံလိုက်ရသည်။
ပိုင်ရန် နောက်ကနေ မုယောင်ရဲ့ခါးသိမ်သိမ်လေးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
နောက်ကနေ ရုတ်တရက်ချဥ်းကပ်လာတဲ့ရင်ဘတ်တစ်ခုကြောင့် မုယောင် စိတ်ဗလာဖြစ်သွားသည်။သူ့လက်ချောင်းတွေက အနည်းငယ်သာ တုန်ယီနေပေမယ့် သူ့ဦးနှောက်ကတော့ လုံးဝကို ပရမ်းပတာဖြစ်နေပြီဖြစ်သည်။
"ထွက်သွား! ငါ့ကို မထိနဲ့!"
မုယောင်ရဲ့မျက်လုံးလှလှလေးတွေက မှုန်မှိုင်းနေပြီး ကိုယ်ကလည်း အကြမ်းပတမ်းရုန်းနေသည်။
ပိုင်ရန်သည် မုယောင်တစ်ခုခုဖြစ်နေတာကို သတိပြုမိသွားတော့ မုယောင်ကို နောက်ပြန်လှည့်ကာ သူ့မျက်နှာလေးကို လက်တစ်ဖက်ဖြင့် ထိကိုင်လိုက်သည်။
"မုယောင်, ငါပါ, ပိုင်ရန်လေ" သူ အသံကို နှိမ့်ကာပြောလိုက်သည်။
ပိုင်ရန်ဆိုတဲ့နာမည်ကို ကြားတော့ မုယောင်ရဲ့မတည်မငြိမ်ဖြစ်နေတဲ့မျက်လုံးတွေက တစ်ချက်လင်းလက်သွားပြီးနောက် တဖြည်းဖြည်း တည်ငြိမ်သွားသည်။
မုယောင် နောက်ထပ်မရုန်းတော့တာကိုမြင်တော့ ပိုင်ရန် သူ့နောက်ကျောကို.ညင်ညင်သာသာ ကြင်ကြင်နာနာဖြင့် ထွေးပွေ့လိုက်သည်။
"မင်း ဘာတွေဖြစ်နေတာလဲ"
ပိုင်ရန်ရဲ့အသံဟာ အရမ်းနူးညံ့နေပြီး မုယောင်အရင်က လုံးဝမတွေ့ကြုံ မခံစားဖူးတဲ့ ကြင်နာယုယမှုတွေ ပါနေသည်။
မျက်ရည်များက မုယောင်ရဲ့မျက်ဝန်းထဲ ဖြည်းဖြည်းချင်း စုပုံလာသည်။သူ ပိုင်ရန်ရဲ့ ရင်ခွင်ထဲမှီကာ ကျယ်ကျယ်လောင်လောင် အော်ငိုနေမိသည်။ပိုင်ရန်ရဲ့အဝတ်တွေကို အသက်ကယ်ကောက်ရိုးကို ဆုပ်ကိုင်ထားရသလိုမျိုး သူ့လက်နှစ်ဖက်လုံးဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
ပိုင်ရန် မုယောင်ကို တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။ဒီလှပတဲ့နှင်းဆီခိုင်လေးအတွက်လည်း စိတ်မကောင်းဖြစ်မိသည်။သို့သော် တိတ်တဆိတ် သူပျော်ရွှင်ကြည်နူးနေမိသည်။ငန်းလေးက ကံဆိုးမိုးမှောင်ကျပြီးနောက် သေမျိုးတစ်ယောက်ရဲ့ ရင်ခွင်ထဲ ကျဆင်းလာတာပဲ။
မုယောင်ရဲ့ခံစားချက်တွေ တဖြည်းဖြည်းတည်ငြိမ်သွားတဲ့အချိန်မှာပဲ တဖြည်းဖြည်းရှက်လာမိသည်။သူတကယ်ကြီး ပိုင်ရန်ရဲ့ရင်ခွင်ထဲ အော်ငိုနေခဲ့တာပဲ။တအားရှက်စရာကောင်းတာပဲ။
ပိုင်ရန်က သူ့ထက် စင်တီမီတာနည်းနည်းပိုရှည်နေတာကိုလည်း သိသွားသည်။သူ့ထက်လည်း ပခုံးပြင် ပိုကျယ်သေးတယ်။အတော်လေး တုန်လှုပ်စရာပဲ!
ပိုင်ရန် မုယောင်ရဲ့မျက်နှာလှလှလေးပေါ်က မခံမရပ်နိုင်ဖြစ်မှုတွေကို မမြင်သလို ဟန်ဆောင်လိုက်ပြီး ညင်ညင်သာသာနဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။
"ငါတို့ အခုကနေစပြီး သူငယ်ချင်းတွေဖြစ်သွားပြီမလား"
ပိုင်ရန် မေးလိုက်သည်။
".....ဟုတ်လား" မုယောင် အင်တင်တင်နဲ့ မေးလိုက်သည်။သူ အခုလေးတင် ပိုင်ရန်ရင်ဘတ်ပေါ် ငိုယိုနေခဲ့တာဆိုတော့ ''နိုးး'' ဆိုပြီး တိုက်ရိုက်ငြင်းလိုက်ဖို့လည်း ရှက်နေမိသည်။
"ဟုတ်တယ်လေ" ပိုင်ရန် နှစ်သက်သဘောကျဖွယ် ပြုံးကာ ပြောလိုက်သည်။ "ဒါဆို မင်း သူငယ်ချင်းရဲ့အိမ်ကို ထမင်းတစ်နပ်စားဖို့ အလည်လာချင်လား"
"....လာချင်တာပေါ့" မုယောင် ခဏလောက် တုံ့ဆိုင်းသွားပေမယ့် မငြင်းပယ်ခဲ့ပေ။
Chapter 13 end