no

Font
Theme

Little Creampie (LCP Team):

Chapter 15

မုယောင် မနက်နိုးလာတော့ အလွန်ရှက်မိသွားသည်။ပိုင်ရန်ရဲ့ရင်ခွင်ထဲ သူကိုယ်က ရောက်နေပြီး ပိုင်ရန်ရဲ့လက်တွေကလည်း သူ့​ပေါ်မှာ မြဲမြဲမြံမြံရှိနေတုန်းပင်။သူ့ခါးကို ဖက်ထားတာကြောင့် ပိုင်ရန်ရဲ့ရင်ခွင်ထဲကနေ မုယောင် ရုန်းထွက်လို့ မရပေ။

"လခွမ်းပဲ! ပိုင်ရန်က ငါ့ထက် ​လေးစင်တီမီတာတည်းပဲ ရှည်တာကို ဘာလို့ သူက ငါ့ထက် တအားသန်မာနေတာတုန်း "  မုယောင် ဒေါသတကြီးဖြင့် သန်မာသည့်ပုံ မပေါ်ပေမယ့် သူ့ထက်ပုခုံး​ပြင်ပါ ပိုကျယ်နေတဲ့ ပိုင်ရန်၏ရင်ဘတ်ကို ကြည့်လိုက်သည်။

"နိုးလာပြီလား? ယောင်ယောင်" ပိုင်ရန် မျက်လုံးဖွင့်ပြီး သူ့ရင်ခွင်ထဲက မုယောင်ကို ကြည့်လိုက်သည်။သူ အပေါ်ယံမှာတော့ တည်ငြိမ်နေပေမယ့် သူ့ရင်ထဲတွင်တော့ ဆူညံပွက်လောက်ရိုက်နေသည်။ ဒီနှင်းဆီလေး ဘယ်မှ ထပ်မသွားနိုင်တော့အောင် သူ့ရင်ခွင်ထဲ သော့ခတ်ပြီး သိမ်းဆည်းထားလိုက်ချင်၏။

".....ဘာလို့ ငါ့ကို ယောင်ယောင် လို့ခေါ်တာလဲ" မုယောင် နည်းနည်းရှက်စိတ်ဝင်စွာဖြင့် မေးလိုက်၏။ဘယ်သူကမှ သူ့ကို ထိုသို့ မခေါ်ခဲ့ဖူးပေ။

"ငါတို့က သူငယ်ချင်းတွေလေ။ ငါမင်းကို ယောင်ယောင်လို့ခေါ်တာ ဘာမပျော်စရာ ရှိလို့လဲ" ပိုင်ရန်၏မျက်နှာက စော်ကားပုတ်ခတ်ပြောဆိုခြင်းမရှိဘဲ နူးညံ့ကာ ချောမောနေလေသည်။ ထိုသူ့မျက်နှာတွင် မကျေမနပ်အရိပ်အယောင် ပေါ်လာပါက လူတွေက ပူပန်သောကရောက်ပြီး သူ့မျက်ခုံးများကြားက ညိုးငယ်နေမှုကို ချောမွေ့သွားအောင် နှစ်သိမ့်ပေးချင်ကြသည်။

"မပျော်တာတော့ မဟုတ်ပါဘူး" မုယောင်သည် ဘယ်သူ့ဆီကမှ အလိုလိုက်ခံထားရတဲ့ ကလေးလို မဆက်ဆံခံရဖူးပေ။သူ့အချစ်ဆုံးသူငယ်ချင်းက သူ့ငယ်သူငယ်ချင်း ချန်ဖန်ဖြစ်ပေမယ့် ချန်ဖန်က ခပ်ပျော်​ပျော်နေတတ်သူဖြစ်သည်။သူက အလှလေးတွေနဲ့ သူငယ်ချင်းဖွဲ့ရတာကို နှစ်သက်သည်။ပုံမှန်အားဖြင့် သူ ကစားချင်တဲ့အချိန်ကျမှ မုယောင်ကို ရှာလိမ့်မည်။

ကျန်ရှိတဲ့ဒုတိယမျိုးဆက်သူငယ်ချင်းတွေအကုန်လုံးက မကောင်းတဲ့သူတွေဖြစ်ကြသည်။အရင်ဘဝတုန်းက မနာလိုနေတဲ့သူ့ကို ပိုင်ရန်ကို gang rape ရန် လူရှာဖို့ နှိုးဆွပေးခဲ့တာလည်း သူတို့ပဲ။ဒီဘဝမှာတော့ သူတို့နဲ့ စည်းခြားလုနီးပါးပဲ။

ပိုင်ရန် လုပ်ပေးတဲ့မနက်စာကို စားပြီးနောက် မုယောင် အိမ်ပြန်သွားလိုက်သည်။

နေ့လယ်မှာ အလွန်နာမည်ကြီးတဲ့ စိတ်ပညာကျွမ်းကျင်သူနဲ့ ရက်ချိန်းပြုလုပ်ခဲ့သည်။သူ့အခြေအနေကို တစ်ချက် ကြည့်စေချင်သည့် ရည်ရွယ်ချက်ကြောင့်ပေ။

သူ အိမ်ပြန်ရောက်လာတော့ မုယွင်ဇီက အလုပ်ကိုသွားပြီဖြစ်သည်။မုယောင် တန်တန်နဲ့ ခဏလောက် ကစားပြီး နေ့လယ်စာစားလိုက်သည်။ထို့နောက် ဒေါက်တာဆီ သွားလိုက်သည်။

သူ ရက်ချိန်းလုပ်ခဲ့တဲ့ဒေါက်တာ​က နာမည်ကြီးနိုင်ငံခြားတက္ကသိုလ်ကနေ PhDဘွဲ့ရထားသည့် အသက်သုံးဆယ်ဝန်းကျင် ဒေါက်တာချန်ဆိုသူဖြစ်၏။

ထိုလူ့မှာ သာမန်ဆန်တဲ့မျက်နှာရှိပြီး သူ့မျက်လုံးများက ညင်သာသည်။၎င်းက လူတွေကို သဘာဝအလျောက် သူနဲ့နီးကပ်စေ၏။မုယောင်၏ စိတ်ကူးထဲက စိတ်ပညာကျွမ်းကျင်သူ(စိတ်ရောဂါဆရာဝန်)တစ်ယောက်၏ စံနှုန်းနဲ့ ကိုက်ညီပေသည်။

 ​ဒေါက်တာချန်ကို သူ့အတိတ်ဘဝကို အိမ်မက်တစ်ခုအဖြစ် အကျဥ်းချုံး ပြောပြလိုက်၏။

ဒေါက်တာချန်က သူအကျဥ်းချုံးပဲ ပြောပြတာကို ကန့်ကွက်လာတာမျိုး မရှိပေ။လူတိုင်းက သူတို့ရဲ့ဆိုးဆိုးဝါးဝါးအတိတ်ကို အခြားသူတွေ မြင်အောင် ထားလိုစိတ်မရှိပေ။သူသည် ဇာတ်လမ်းမျိုးစုံနဲ့အိမ်မက်မျိုးစုံကို မြင်ဖူးကြားဖူးပြီး အချို့ကဆို သူငယ်ချင်းဖြစ်သူတွေနဲ့ စတင်ကြသည်။

(TN/ ဒေါက်တာချန်ပြောချင်တာက သူ့ဆီလာတဲ့သူတွေက သူတို့အကြောင်းကို ဇာတ်လမ်းပုံစံ အိမ်မက်ပုံစံနဲ့ ပြောပြကြတယ်။ အချို့ကဆို သူငယ်ချင်းကဖြစ်နေတာဆိုပြီး ​ပြောကြတာ။ ဥပမာ  သူငယ်ချင်းတစ်ယောက်က သူ့ဘဝမှာ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ဘာညာပြောတာ။အမှန်က သူတို့ကိုယ်တိုင်တွေ့ကြုံနေရတာကို သူငယ်ချင်းက တွေ့ကြုံနေလို့  လာမေးတာဆိုပြီး ပြောကြတာ... အဲလိုမျိုးပါ)

"ဆိုလိုတာက မင်းသတိရှိနေတဲ့အချိန် သာမန်လူတွေ မင်းကိုထိတွေ့လာလို့ ခံစားရတဲ့အကြောက်တရားကို မင်းထိန်းချုပ်နိုင်တယ်။ဒါပေမယ့် မင်းသတ်မှတ်ထားတဲ့လူတွေနဲ့တော့ မထိန်းချုပ်နိုင်ဘူး။ ဟုတ်တယ်မလား"

"ဟုတ်ပါတယ် ဒေါက်တာ " မုယောင် ခေါင်းငြိမ့်လိုက်၏။

"ဒါဆိုရင်တော့ မင်းရဲ့သတိထားရှိမှုက ငါထင်ထားတဲ့ထက်တောင် ပိုအားကောင်းတာပဲ" ဒေါက်တာက ညင်ညင်သာသာပြောလာ၏။

"ဒါတွေက အိမ်မက်တစ်ခုလေးပဲ ဖြစ်နေလို့နေမယ်" မုယောင် တိူးလျစွာပြောလိုက်သည်။

တကယ်တော့ အိမ်မက် မဟုတ်ချေ။ညစ်ညမ်းသွားတဲ့မုယောင်က သေဆုံးသွားပြီဖြစ်သည်။သူ့မှာ ထိုကြောက်စရာကောင်းတဲ့မှတ်ဉာဏ်များ ရှိပေမယ့် ဒီခန္ဓာကိုယ်ကတော့ အဲဒါတွေကို မတွေ့ကြုံဖူးသေးပေ။သူက မြင့်မြတ်ပြီးသန့်ရှင်းတဲ့မုယောင် ဖြစ်နေတုန်းပဲ။

ဒါပေမယ့် တစ်နေ့နဲ့တစ်နေ့ အတိတ်ကအိမ်မက်ဆိုးကြီးထဲ သူပိတ်မိသွားပြီး အဆုံးမှာ သူက ဘယ်သူလဲဆိုတာကိုတောင်  မပြောနိုင်တော့မှာကို မုယောင် ကြောက်သည်။

"မင်းအခုလေးတင် ပြောလိုက်တယ်မလား။မင်းအိမ်မက်ထဲမှာ ကြောက်စိတ်ဝင်နေတဲ့အချိန် မင်းကို ပြန်ပြီး သတိဝင်အောင် ကူညီပေးခဲ့တဲ့လူရှိတယ်လို့လေ" ဒေါက်တာချန်က မုယောင်ရဲ့ ဆိုးရွားသောဆင်ခြင်ကို မဖော်ထုတ်ဘဲ ပိုင်ရန်အကြောင်း ပြောလာခဲ့သည်။

"ဟုတ်ပါတယ်။အဲ့လူက.အိမ်မက်ထဲမှာ ကျွန်တော် အနိုင်ကျင့်ချင်ခဲ့တဲ့ လူပဲ။အခုကျွန်တော်ကသာ အဲ့အိမ်မ​က်ထဲက မုယောင်လိုမျိုးဆိုရင် သူ ကျွန်တော့်ကို ဒီလိုမျိုး ဆက်ဆံမှာ မဟုတ်ဘူး။" မုယောင်ရဲ့အသံတွင် မသိစိတ်ကနေ တောင်းပန်သည့် အရိပ်အမြွက်များ ပါဝင်နေ၏။

ဒေါက်တာချန် စိတ်ထဲကနေ သက်ပြင်းချလိုက်ပေမယ့် သူ့အသံကတော့ ညင်သာနေဆဲပေ။

"ဒါဆိုရင် မင်း အဲ့လူနဲ့ ပိုပြီး အဆက်အသွယ်လုပ်သင့်တယ်။ဒီကမ္ဘာမှာ အဲ့လူက မင်းရဲ့ နယ်နိမိတ်လိုပဲ။မင်း ပုံရိပ်ယောင်ထဲ ရောက်နေလား တကယ့်လောကမှာ ရောက်နေလားဆိုတာ မင်းကိုယ်မင်း မပြောနိုင်တော့တဲ့အချိန် အဲ့လူရဲ့ မင်းအပေါ် ပြုမူတဲ့ အပြုအမူကိုကြည့်ပြီး ဆုံးဖြတ်လို့ရတယ်။"

"....သူနဲ့ အဆက်အသွယ်ပိုလုပ်ရမှာလား" မုယောင်၏အသံက နည်းနည်းတိုးနေသည်။

"ကျွန်တော်က သူနဲ့အခြားသူတွေနဲ့ အဝေးမှာ နေချင်တာ"

"မင်းရဲ့အခြေအနေက အရမ်းကြီး မပြင်းထန်လို့ ငါက ဆေးဝါးတော့ မညွှန်းပေးချင်ဘူး။နောက်ပြီး ထွက်ပြေးနေတာက ပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။မင်းရဲ့အစ်ကို​က ဒီမှာဖြစ်ပြီး မင်းကလည်း သူနဲ့အတူ နေ့နေညည နေထိုင်နေတယ်။ဆိုတော့ မင်း သူ့ကို လုံးလုံးကြီး ရှောင်နေလို့ မရဘူးလေ။"

".....ဟုတ်ပါပြီ။ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်" မုယောင်တွေးကြည့်လိုက်တော့လည်း ဒေါက်တာပြောတာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားရသည်။

"မင်း လဝက် တစ်ခါ ဒါမှမဟုတ် တစ်လ တစ်ခါ  မင်းရဲ့အခြေအနေပေါ်မူတည်ပြီး ဒီကိုလာလို့ရတယ်။" ဒေါက်တာက သူ့ကို အပြင်လိုက်ပို့ရင်း ပြောလာ၏။

"ကောင်းပါပြီ" မုယောင် ခေါင်းငြိမ့်ပြလိုက်၏။

Chapter 15 end

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment