အပိုင်း ၁၀ စိတ်ကူးယဉ်အတွေးအိပ်မက်
အကုန်လုံးကို ပြုပြင်ပြီးစီးရန် ရှောင်ယန် ထိုအခန်းတွင် သုံးရက်ကြာ နေခဲ့ရသည်။ စင်ပေါ်တွင် တင်ထားသည့် အရောင်လက်နေသည့် လက်နက်များကို ကြည့်လိုက်သည့်အခါ သူ အလွန်အမင်း ဂုဏ်ယူမိသွားလေသည်။ နောက်ဆုံးတော့ အားလပ်ရက် ပြန်ရခဲ့ပြီ။ ဒီအားလပ်ရက်ပြီးသွားရင် သူသည် ကျောင်းသားတစ်အုပ်နှင့်အတူ စခန်း ၁၄ သို့ လိုက်ပါသွားလေမည်။
အခုချိန်တွင် သူအလိုချင်ဆုံးအရာသည် သူ တွေ့ကြုံရသမျှအားလုံးကို မေ့ပျောက်အောင် လုပ်ပေးနိုင်မည့်အရာတစ်ခု ဖြစ်သည်။ ထိုအခါ သမုဒ္ဓရာများ၏ ဆင့်ကဲ့ပြောင်းလဲမှု ဟုခေါ်သည့် စာအုပ်ဟောင်းတစ်ခုကို သူ သတိရသွားသည်။ ထိုစာအုပ်သည် ရှောင်ယန် ကလေးဘဝက အလွန်ကြိုက်နှစ်ခဲ့သည့်စာအုပ် ဖြစ်သည်။
ရှောင်ယန့်အဖေသည် အမည်မသိ ပင်လယ်သုတေသနပညာရှင် ဖြစ်သည်။ သို့သော် လူသားများ ချားလ်စ်တွင် ပြောင်းရွှေ့နေထိုင်ကြသောအခါ ပင်လယ်သုတေသနသည် မလိုအပ်တော့ပေ။ ရှောင်ယန်ငယ်စဉ်က အိပ်မပျော်သည့်အခါတိုင်း သူ့အဖေသည် သူ့ဘေးတွင်လှဲကာ ထူးခြားဆန်းကြယ်သည့် ပင်လယ်နေသတ္တဝါများအကြောင်းကို နားထောင်ကောင်းသည့်အသံမျိုးဖြင့် သူ့အား ဖတ်ပြလေသည်။
ထိုစာအုပ်သည် ရှောင်ယန့်အား အမြဲတိုင်း ဆွဲဆောင်နိုင်ပြီး သူသည် ပင်လယ်သမုဒ္ဒရာများအကြောင်း စိတ်ကူးယဉ်၍ အိပ်ပျော်သွားလေသည်။ သူ့အဖေသေဆုံးသွားသည့်အခါ ရှောင်ယန် ဗဟိုသိပ္ပံအကယ်ဒမီသို့ ဝင်ရောက်ခဲ့သည်။ စာကြည့်တိုက်တာမီနယ်တွင် ထိုစာအုပ်ကို တွေ့ရှိသွားသည့်အခါ သူ လွန်စွာ စိတ်ဝင်စားသွားလေသည်။
စခန်း ၂ ကလည်း သုတေသနတွေ ဆက်တိုက်လုပ်ဆောင်တဲ့စခန်းဆိုတော့ ဒီမှာလည်း စာကြည့်တိုက် ရှိရမယ်။ ဒီဒေတာဘေ့စ်ထဲမှာ အဲဒီစာအုပ်ကို ရှာတွေ့ပါစေ။ တာမီနယ် ချိတ်ဆက်သည့်စက်အား တပ်ဆင်လိုက်သည့်အခါ ကံကောင်းစွာဖြင့် ရှောင်ယန် ထိုစာအုပ်အား ရှာတွေ့သွားသည်။ အကြောင်းအရာများ သူ့စိတ်ထဲသို့ ဝင်ရောက်လာသည့်အခါ သူ့စိတ်များ ငြိမ်ကျသွားသည်။
လက်တွေ့လောကနှင့်ဝေးကွာသော တခြားကမ္ဘာတစ်ခု ရှောင်ယန့်မျက်လုံးရှေ့တွင် ပေါ်လာခဲ့သည်။ သူ့စိတ်ကူးများကို စိတ်ကြိုက်လွင့်ပျံခွင့်ပြုသည့် ကမ္ဘာတစ်ခု။ တဖြည်းဖြည်း အိပ်ချင်စိတ် စိုးမိုးလာပြီး ရှောင်ယန့်မျက်လုံးများ ငိုက်ဆင်းသွားသည်။ သူ့အတွေးများက ပင်လယ်ထဲတွင် နိမ့်ချည် ပေါ်ချည်နှင့်။
ရုတ်တရက် လက်တစ်စုံ ပင်လယ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး ရှောင်ယန့်ခါးကို ငြင်းဆိုခွင့်မပေးဘဲ အားပါပါနှင့် လာဖက်လေသည်။ ရှောင်ယန့်နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားသည်။ သူ့နောက်ကျောသည် ခက်ထန်သည့်ရင်ဘတ်တစ်ခုနှင့် ဖိသပ်သွားလေသည်။ နောက်လှည့်ကြည့်လိုက်သည့်အခါ တစ်ဖက်လူ၏ နက်ရှိုင်းသည့်မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားပြီး အကြောက်တရားများ ချက်ချင်း လွင့်ပျံသွားကာ အံ့ဩမှုများ ပျံ့နှံ့သွားခဲ့သည်။
"ကိုလိုနယ် ဘာတွန် .... ခင်ဗျားက ဘယ်လိုလုပ်ပြီး..." ဒီကိုရောက်နေတာလဲ။
သူ့စကားမဆုံးသေးခင် တစ်ဖက်လူ၏နှုတ်ခမ်းများက သူ့နှုတ်ခမ်းများနှင့် ဝင်တိုးသွားပြီး ထိုသူ၏လျှာဖျားက ရှောင်ယန့်ပါးစပ်ကို ဆွဲဟလိုက်ပြီး အပေါ်မေးရိုးနှင့် လာထိလေသည်။ ရှောင်ယန့်မသိစိတ်က ဖယ်ရှားရန်ကြိုးစားပါသော်လည်း တစ်ဖက်လူသည် ရှောင်ယန့်လျှာ၏တခြားတစ်ဘက်သို့ ချောမွေ့သော ကျောက်စရစ်ခဲများအပေါ် နွေးထွေးသည့်ရေစီးကြောင်းတစ်ခု ဖြတ်သွားသကဲ့သို့ လျှပ်တိုက်သွားလေသည်။
ရှောင်ယန် အရသာကို မခံစားလိုက်ရသေးခင် တစ်ဖက်လူသည် ချက်ချင်း လျှာ,လျှာချင်း ရစ်ပတ်လိုက်ပြီး ပြင်းပြင်းပြပြ မွှေနှောက်လိုက်သည်။ သူ့အာခေါင်အတွင်းရှိ နူးညံ့သည့်အရာအားလုံးအတွင်းသို့ ကျူးကျော်လာကာ အစည်းအတားမရှိ သူ့အား နမ်းလာသည်။ မယုံကြည်နိုင်လောက်သည့် ရူးသွပ်မှုတစ်ခုပင်။
ရှောင်ယန် ရုန်းကန်လေလေ သူ့အနမ်းတွေက ပို၍ ပြင်းထန်လာသဖြင့် သူ ငြင်းဆို၍ မရနိုင်ခဲ့ပေ။ အားပြင်းသည့် ဖိအားတစ်ခု သူ့အပေါ် မိုးကျလာပြီး ရှောင်ယန့်မေးကိုမော့စေကာ အားလုံးကို ခါးစည်းခံရလေသည်။
ဤသည်မှာ ဟာနယ် ဘာတွန်၏ အနမ်းဖြစ်သည်။ လောကတစ်ခုလုံးကို အကွာအဝေးမရှိလောက်တော့တဲ့အတိ ဖိသိပ်လိုက်သည့်အလားပင်။
သူ၏ သွယ်လျကာ အားပါသည့် လက်ချောင်းများက ရှောင်ယန့်ဆံပင်ထဲသို့ တိုးဝင်ကာ အရိုးများ ကျိုးကြေသွားနိုင်သည့်အထိ သူ့အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။
ရှောင်ယန့်မျက်လုံးများ ပြူးထွက်သွားပြီး သူမြင်နိုင်လိုက်သည်မှာ ဟာနယ်၏ နိမ့်ဆင်းနေသောမျက်လုံးများသာဖြစ်သည်။ သူ့ခြေထောက်များသည် တစ်ဖက်လူ၏ခါးတွင် ရစ်ခွေနေသည်။ လက်ဝါးသည် သူ့ခေါင်းနောက်ပိုင်းတစ်လျှောက် ဆင်းသက်သွားပြီး ရှောင်ယန့်နောက်ကျောတစ်လျှောက် ပွတ်သပ်ကာ နှလုံးခုန်ရပ်သွားနိုင်သည့် အက်ကြောင်းတစ်ခုအတွင်းသို့ ရောက်သွားကာ အားပါပါ နှိပ်နယ်နေသည်။ စိုးမိုးခြယ်လှယ်ခံရတော့မည်ဆိုသည့်အတွေးက ရှောင်ယန့်အား ကြောက်လန့်သွားစေသည်။
မသိစိတ်က ဆန့်ကျင်နေသည်။ ရှောင်ယန်သည် သူ့လက်များကို ဆန့်ကာ တခြားသူပခုံးအား တွန်းဖယ်နေပါသော်လည်း အချည်းနှီးသာပင်။
နောက်ဆုံးတွင် ဟာနယ်၏နှုတ်ခမ်းများ နောက်ဆုတ်သွားသည်။ အဆုံးမရှိသောအမှောင်ထဲတွင် အလင်းတန်းတစ်ခုကို မြင်လိုက်ရသလိုပင်။
သို့သော် တစ်ဖက်လူသည် သူ့အား ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားနေဆဲပင်။
ရှောင်ယန်သူ့မျက်လုံးများကို စိုက်ကြည့်ကာ ထိုမှန်းရခက်သည့် အပြာရောင် အသူတစ်ရာချောက်အထဲမှ အဖြေကို ရှာကြည့်နေမိသည်။
"ဘာ ဘာလို့...."
ဟာနယ်သည် ဘာမှမပြောဘဲ သူ့မျက်နှာကိုသာ သူ့လက်များဖြင့် ကိုင်ထားခဲ့သည်။ သူ့လက်ချောင်းများက ရှောင်ယန့်ပါးပြင်ကို အားပါပါနှင့် ဖြေးညှင်းစွာ ပွတ်သပ်နေသည်။ တစ်ခုခုကို အတည်ပြုရန် ကြိုးစားနေသကဲ့သို့ပင်။
ဟာနယ် သူ့အား လွှတ်ပေးလိုက်သည့်အချိန်တွင် သူ၏ အမြဲ မှန်းဆမရသည့်မျက်လုံးများတွင် တစ်ချက် တုန်လှုပ်သွားသည့်အလားပင်။
ပထမဆုံးအကြိမ် အရာအားလုံး ပြိုလဲသွားစေချင်သည့်စိတ်များ ရှောင်ယန့်တွင် ဖြစ်ပေါ်လာသည်။
ရုတ်တရက် ရှောင်ယန် မျက်လုံးပွင့်သွားကာ တစ်ချက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့နောက်ကျောတွင် ချွေးများ စိုရွှဲနေသည်။ သူ့ခြေထောက်အကြားသို့ ငုံ့ကြည့်လိုက်သည့်အခါ စိုစွတ်နေသည်ကို သူတွေ့လိုက်ရသည်။
"အား---- ဒါက မဖြစ်နိုင်ဘူး"
ရှောင်ယန် အိပ်ရာပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားကာမှ သူသည် တာမီနယ်နှင့် ချိတ်ဆက်နေဆဲကို သတိပြုမိသွားသည်။ ဟဲမက်ကို အမြန်ချွတ်ကာ ရေချိုးခန်းဆီသို့ တစ်ရှိန်ထိုး ပြေးသွားလေသည်။
သူ့ခေါင်းပေါ်တွင် ရေများ စီးကျလာသောအခါ ရှောင်ယန် မျက်လုံးများကို မှိတ်ထားလိုက်သည်။
တကယ်အဲဒီလိုအိပ်မက်မျိုးမက်ရတယ်လို့....မင်းတော့ ရူးနေပြီပဲ။ အဲဒါက ဟာနယ် ဘာတွန်။ တကယ်ပဲ သူ့ကိုမှ အိပ်မက်မက်ရတယ်လို့....
ဘုရားရေ။ ဟာနယ်သာ ဒီအကြောင်းကို သိသွားခဲ့ရင် သူ့အရိုးများ တစ်ခုပြီးတစ်ခု အချိုးခံရမည်ကို ရှောင်ယန် သေချာသိနေသည်။
ရေများ သူ့ကျောရိုးမှတစ်ဆင့် အချိုင့်တစ်ခုအတွင်းသို့ စီးဆင်းသွားချိန်တွင် ရှောင်ယန်နှလုံးခုန်သံများ မြန်ဆန်သွားသည်။
အိပ်မက်ထဲက ဟာနယ်၏အားပါသည့်အနမ်း ၊ သူ့လက်ချောင်းများ၏အထိအတွေ့တို့သည် တကယ်ဖြစ်သကဲ့သို့ ခံစားရမိသဖြင့် ရှောင်ယန် အာရုံကြောများ ပြတ်ကျလုနီးပါးပင်။
ဘာလို့ သူ အဲဒီလိုအိပ်မက်မျိုး မက်ရသလဲဆိုသည်ကို သူမသိပါ... အဲဒီလူရဲ့နှုတ်ခမ်းနဲ့ သူ့နှုတ်ခမ်းနဲ့ မတော်တဆပွတ်မိသွားလို့ သူ့မှာ ဒီလိုဖန်တဆီမျိုး ရှိလာရတာလား။
ဟာနယ်ဘာတွန်က မင်းမြင်ဖူးသမျှထဲမှာ ပြစ်ချက်အကင်းဆုံးမျက်နှာရှိတယ်ဆိုတာနဲ့ သူ့ကို စိတ်ကူးယဉ်ချလိုက်လို့ မရဘူးလေ။
ရေကို ပိတ်လိုက်ပြီးနောက် ရှောင်ယန် ရေချိုးခန်းမှ ထွက်လာခဲ့သည်။ ကံကောင်းသည်။ အားလပ်ရက်ရနေသဖြင့် မနက်ဖြန်တစ်ရက်လုံး သူ အိပ်နေလို့ရသည်....
ထိုကဲ့သို့ ရေရွတ်ကာ ရှောင်ယန် အိပ်ရာပေါ်တက်သွားပြိး စောင်ကိုဖက်ကာ အိပ်ပျော်သွားလေသည်။
ငါ တကယ် ဇွန်ဘီတွေနဲ့ ဟာနယ် ဘာတွန်မရှိတဲ့နေရာကို သွားချင်တယ်....
သူ အိပ်တဝက် နိုးတဝက်ဖြစ်နေသည့်အချိန်တွင် တစ်ယောက်က သူ့အား အိပ်ရာပေါ်မှ ဆွဲချလိုက်သည်။ မျက်လုံးများကို ဖွင့်လိုက်သည့်အခါ မာ့ခ်၏ အပြုံးမှာ တကယ်ကြောက်စရာကောင်းနေသဖြင့် ရှောင်ယန် လန့်နိုးသွားသည်။
"ဟေး ဂွတ်မောနင်း အသစ်လေး"
"ဂွတ်...ဂွတ်မောနင်း..."
ဘာလို့ ဒီတစ်ယောက်က သူ့အခန်းထဲ ရောက်နေတာလဲ။
သူ.... သူ ဘာလုပ်ချင်နေလို့လဲ။
သူ့ပခုံးကို ထုချေလိုက်တာနဲ့တင် ဟာနယ် ဘာတွန့်ရဲ့ အမုန်းတရားတွေက မလုံလောက်သေးဘူးလား အဲဒါကြောင့် သူ့ကိုအပြစ်ပေးဖို့ မာ့ခ်ကို လွှတ်လိုက်တာလား။
"မင်းပစ္စည်းတွေကို သိမ်းဆည်းပြီး မစ်ရှင်အတွက် အသင့်ပြင်လိုက်တော့"
"ဘာမစ်ရှင်လဲ ကျွန်တော်က အားလပ်ရက် ရထားတာလေ"
"အားလပ်ရက်ကို ဖျက်လိုက်ပြီ" မာ့ခ်မျက်နှာ မည်းမှောင်သွားသည်။ "ဘာလို့လဲ မင်းက မဖျက်ချင်ဘူးလား"
ရှောင်ယန် တံတွေးများ မျိုချမိသွားသည်။ "ကျွန်တော် အထက်ကလူတွေကို တစ်ချက် မေးကြည့်လိုက်အုံးမယ် ..." ဘယ်လိုလုပ်ပြီး သူ့လို ဘီအဆင့်ကျောင်းသားတစ်ယောက်မှာ မစ်ရှင်ရှိလာရတာလဲ။ ပြီးတော့ အထူးတပ်ဖွဲ့နဲ့ အတူတူလုပ်ရတဲ့ မစ်ရှင်တဲ့လား။
သူ ဆက်သွယ်စက်ကို ဖွင့်လိုက်သည့်အခါ ချက်ချင်း မစ်ရှင်းအကြောင်းကြားစာတစ်ခု ပေါ်လာသည်။
မစ်ရှင်လုပ်ရမည့်အချိန်သည် ဒီနေ့ဖြစ်ပြီး တည်နေရာမှာ စခန်းအပြင်ရှိ စွန့်ပစ်မြို့ဟောင်းတစ်ခု ဖြစ်သည်။ မစ်ရှင်ရည်ရွယ်ချက်မှာ မြို့ထဲတွင် ပုန်းအောင်းနေသည့် ဒီရေလှိုင်းအဖွဲ့အစည်းကို ရှင်းလင်းသုတ်သင်ပြီး ပြန်ပေးဆွဲခံရသူများကို ကယ်ဆယ်ရန်ဖြစ်သည်။
အန္တရာယ် လယ်ဗယ် - အေအဆင့် - အချိန်မရွေး အသက်ဆုံးရှုံးနိုင်သည်ဟု ဆိုလိုနေခြင်းပင်။
"မ...မဖြစ်နိုင်တာ"
ရှောင်ယန့်အတွက် မိုးပြိုကျလာသလိုပင်။
"ဘာကို မဖြစ်နိုင်တာလဲ"
မာ့ခ်သည် သူ့အား ကျောပိုးအိတ်တစ်လုံး လှမ်းပေးလိုက်သည်။
"ဒါက ဘာလဲ"
"ဗုံး"
"ဟင်"
သူ မတုံ့ပြန်နိုင်ခင် ရှောင်ယန် အခန်းထဲမှနေ အပြင်သို့ ဆွဲခေါ်ခံသွားရသည်။
ကော်ရစ်ဒါတွင် ပစ္စည်းအပြည့်အစုံတပ်ဆင်ထားသည့် ရိဗ့်သည် နံရံတွင် မှီကာ ရှောင်ယန်အား စိတ်အေးစေရန်အလို့ငှာ ပြုံးပြလိုက်သည်။ "စိတ်မပူနဲ့"
ရိဗ့်ဘေး၌ လက်ထဲတွင် ပိုးမျှင်ကြိုးလိုမျိုးအရာတစ်ခုကို ဆွဲငင်နေသည့် မာရာရှိနေသည်။ ထို ပိုးမျှင်ကြိုးမျိုးကို အလုပ်ရုံတွင် ရှောင်ယန် တစ်ခါ တွေ့ဖူးသည်။ ကြိုး၏အချင်းမှာ မိုက်ခရွန်အနည်းငယ်မျှသာ ရှိသည်။ သို့သော် ထိုကြိုးသည် သတ္တုများကို ရွှံကိုဖြတ်သကဲ့သို့ ပြတ်အောင်ဖြတ်နိုင်သည်။ ထိုကဲ့သို့သောကြိုးများသည် ထိန်းချုပ်ရန် မလွယ်ကူပါ။ အတိုက်အခိုက်စကေး အလွန်ကျွမ်းကျင်သည့်သူမျိုးမှသာ သုံးနိုင်ကြသည်။ မဟုတ်လျှင် ကိုယ့်ကိုယ်ကိုယ် ပြန်ထိနိုင်သည်။ ထိုကဲ့သို့သော ပိုးမျှင်ကြိုးကို အသုံးပြုနိုင်သည့် မာရာသည် အထူးတပ်ဖွဲ့ဝင်များအတွင်းတွင် ပထမတန်းစား တိုက်ရည်ခိုက်ရည်ရှိသူ ဖြစ်သည်။ အဲဒါကြောင့်မို့လို့ မာ့ခ်က ဒုဗိုလ်အဆင့်ပဲ ရှိသေးပေမဲ့ မာရာကတော့ ဗိုလ်ဖြစ်နေပြီကိုး။
ထိုအချိန်တွင် မာရာသည် ရှောင်ယန့်အား မျက်စိတစ်ဖက်မှိတ်ကာ ပြုံးပြလိုက်သည်။ "ဘေဘီ ကိုယ့်ကို လွမ်းနေလား"
သူ ကျောချမ်းသွားသည်။ ရှောင်ယန် မာရာ့မမြင်ကွယ်ရာသို့ မျက်နှာမူလိုက်သည်။ လျှောက်လှမ်းတွင် တခြားသော အထူးတပ်ဖွဲ့ဝင်စစ်သား ၆ ယောက်လည်း ရှိနေသည်။ တချို့က သူတို့ဓားများကို သုတ်နေကြပြီး တချို့ကမူ ပစ္စည်းများကို စစ်ဆေးနေသည်။ အထူးတပ်ဖွဲ့တစ်ဖွဲ့လုံး ပါဝင်သည့် မစ်ရှင်သည် သာမန်ပေါ့သေးသေး မစ်ရှင် မဟုတ်ပေ။
သေသပ်သည့် ခြေသံများထွက်ပေါ်လာပြီး ဟာနယ် ဘာတွန်သည် ရှောင်ယန့်အရှေ့မှ ဖြတ်လျှောက်သွားသည်။ အောက်သို့ချထားသည့် သူ့မျက်ခုံးများက တည်ကြည်လေးနက်နေပြီး သူ့ဆီမှ ထွက်နေသည့် ပြင်းထန်သည့်အရှိန်အဝါကြောင့် ရှောင်ယန် အနောက်သို့ ခြေ ၁ လှမ်း ၂ လှမ်းခန့် ယိုင်သွားလေသည်။ မနေ့ညအိပ်မက်ထဲမှ မြင်ကွင်းများ သူ့စိတ်ထဲတွင် ပြန်မြင်ယောင်လာပြန်သည်။ ဟာနယ် တစ်ခုခုရိပ်မိသွားမှာကို စိုးရိမ်သည်နှင့် ရှောင်ယန် ရိဗ့်ဘက်သို့ အမြန်အကြည့်လွှဲလိုက်သည်။
မင်းမက်တဲ့အိပ်မက်တွေကို ဟာနယ်သာ သိသွားရင် မင်းတော့ အသေပဲ သေတာတောင် ဆိုးဆိုးဝါးဝါး အသေဆိုးမျိုးနဲ့ သေရမှာ။
"စထွက်မယ်"
ရှောင်ယန့်နောက်ကျောတွင် အိတ်တစ်ခုကို လွယ်ထား၏။ ကျောတွင် အတောင်ပံတပ်ထားသကဲ့သို့ မြန်ဆန်စွာ လျှောက်လှမ်းနေကြသော အထူးတပ်ဖွဲ့ဝင်များနှင့် အမှီလိုက်ရန် ရှောင်ယန် အပြေးသွားနေရသည်။ သူ လေယာဉ်ပေါ်မတက်ရသေးခင်ပင် ရှောင်ယန် တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေခဲ့သည်။
စစ်တပ်ရာထူးအရဆိုလျှင် မာရာသည် ဟာနယ့်အနောက်မှ လိုက်ပါရမည်ဖြစ်သော်လည်း သူသည် ရှောင်ယန့်ဘေးသို့ လျှောက်လာခဲ့သည်။
"ဘေဘီ ကိုယ် မင်းကို သယ်သွားပေးမယ်လေ" မာရာလက်များက ရှောင်ယန့်ခါးကို ကိုင်ရန် ဆန့်ထုတ်လာသည်။
"မလိုဘူး ကျေးဇူးပဲ ဗုံးတွေ ပေါက်သွားလိမ့်မယ်" ရှောင်ယန် အမြန် ဘေးသို့ ရှောင်ချလိုက်သည်။ သို့သော် မာရာသည် သူ့အနားသို့ ဆက်၍ ကပ်လာခဲ့သည်။
"မာ့ခ် သူ အရမ်းနှေးနေတယ်" ဟာနယ် နောက်သို့ လှည့်မကြည့်ပေ၊ သို့သော် မာခ့်သည် ဟာနယ် ဘာကိုဆိုလိုတာလဲဆိုသည်ကို သဘောပေါက်သည်။
မာ့ခ်သည် အရှေ့မှနေ ပြန်လှည့်လာပြီး ရှောင်ယန့်ကို သူ့ပခုံးပေါ်တွင်တင်ကာ ခြေ ၂ လှမ်း ၃ လှမ်းနှင့် အရှေ့သို့ ပြန်ရောက်သွားလေသည်။
"ဟေး သူ့ကို သယ်ဖို့လိုတယ်ဆိုရင်လည်း သယ်ရမဲ့သူက ငါ ဖြစ်ရမှာပေါ့" မာရာ အနောက်မှ ပြေးလိုက်လာသည်။
မာ့ခ်သည် သူ့အား ရွံရှာသည့်အမူအရာတစ်ခု လုပ်ပြလိုက်သည်။
"ဟေး ဘော့စ် ဒီတစ်ယောက်ကလဲ လေယာဉ်ပေါ်ကနေ ဆင်းရဦးမှာလား"
ရှောင်ယန် စိတ်ထဲတွင် ကြိတ်၍ ဆုတောင်းမိသည်။ သူ့ကို မဆင်းခိုင်းပါနဲ့။ လွန်ခဲ့သည့် နှစ် ၂၀၀ ၌ မြို့များသည် လူနေထူထပ်သောကြောင့် ကူးစက်မှုသည်လည်း အဆိုးဆုံးဖြစ်သည်။ ယခုထိတိုင် ကမ္ဘာပေါ်ရှိ သုံးပုံနှစ်ပုံခန့် ဇွန်ဘီများသည် မြို့ပြနေရာများတွင် စုစည်းနေကြသည်။
"ဒါပေါ့"
ဟာနယ်စကားလုံးများသည် ရှောင်ယန့်နှလုံးသားအပေါ် အုတ်နီခဲများ ပစ်ချလိုက်သကဲ့သို့ပင်။
ငါတော့ ဒီတစ်ခေါက် သေတော့မှာပဲ။ သူ သေချာပေါက် သေကိုသေတော့မည်။
ရှောင်ယန် လေယာဉ်ပေါ်သို့ ပစ်တင်ခံလိုက်ရပြီး သူတို့သည် လေယာဉ်ပျံသန်းရာလမ်းကြောင်းမှတစ်ဆင့် စခန်းမှ ထွက်ခွာလာခဲ့ကာ ပူပြင်းနေသောနေရောင်ထဲသို့ တစ်ရှိန်ထိုး ပျံတက်သွားလေသည်။
"ဟေး ရှောင်ယန် ငါ့ကိုယုံ ဒီတစ်ခေါက်က သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ခရီးဖြစ်မှာ" ရိဗ့်သည် ရှောင်ယန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ မာရာကတော့မူ လေယာဉ်မောင်းနေရာတွင် ထိုင်နေရသဖြင့် ရှောင်ယန့်အား လာမနှောင့်ယှက်နိုင်တော့ချေ။
အထူးတပ်ဖွဲ့ဝင်တွေအတွက် စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတာက ငါ့အတွက်တော့ အန္တရာယ်များတယ်လို့ ဆိုလိုတာပဲ။
ထိုအချိန်မှသာ ရှောင်ယန် စိတ်ငြိမ်သွားပြီး လက်ရှိအခြေအနေကို ရင်ဆိုင်နိုင်တော့သည်။
"ဟေး ငါက ဘာလို့ နင်တို့တွေနဲ့ လိုက်ဖို့ လိုအပ်တာလဲ" ရှောင်ယန် အသံတိုးတိုးနှင့် လှမ်းမေးလိုက်သည်။
"ဘာလို့လဲဆိုတော့ မင်းတစ်ယောက်တည်းပဲ ကျန်တော့လို့" မာ့ခ်သည် သူ့လက်မောင်းကို ရှောင်ယန့်ပခုံးပေါ်သို့ တင်ချလိုက်သည်။ သူ့ပခုံး ကျိုးသွားတော့မလို့ပင်။
"မင်းတစ်ယောက်တည်းပဲ ကျန်တော့လို့ ဆိုတာက ဘာကို ပြောတာလဲ ကျွန်တော်က အလုပ်သင်ပဲ ရှိသေးတယ်လေ အရံနည်းပညာစစ်သားဆိုတာ ဘာလဲဆိုတာကို ခင်ဗျားတို့ နားမလည်ကြဘူးလား ကျွန်တော့်ကို ဒီဆွဲခေါ်လာလို့လဲ အပိုပဲ"
မာ့ခ် ပခုံး တွန့်ပြလိုက်သည်။ "အရင်တစ်ခေါက် မင်းနဲ့လေယာဉ်တစ်စီးထဲမှာ အတူပါလာကြတဲ့ကောင်တွေအားလုံး သေသွားလို့ ကျန်တဲ့နည်းပညာစစ်သားတွေကလဲ ငါတို့က သူတို့ကို တိုက်ပွဲမှာ မထင်ရင်မထင်သလို ချန်ထားခဲ့မှာလို့ ထင်သွားကြတယ်။ ဒုကိုလိုနယ်ရေဗန်ကလဲ သူ့ရဲဘော်တွေကို ငါတို့နဲ့ ထည့်ပေးလိုက်ရမှာကို စိတ်ပူတယ်လို့ ပြောလာတယ်။ အဲဒါကြောင့်..."
"အဲဒါကြောင့် ဘာဖြစ်လဲ"
"အဲဒါကြောင့် မင်းတစ်ယောက်ပဲ ရွေးချယ်စရာရှိတော့တယ်။ မင်းက အရမ်းစွမ်းတယ်လေ။ တံခါးကိုလဲ ဖွင့်နိုင်သလို ယူရေနီယမ်ကုန်ကြမ်းတွေ သိုလှောင်ထားတဲ့စက်ကိုလဲ ဖြုတ်ပေးနိုင်တယ်။ ဒီတစ်ခေါက် ဗုံးခွဲတာကလဲ မင်းအတွက် ခက်မှာမဟုတ်ဘူးလို့ ငါ ယုံတယ်"
"ဗုံး...ဗုံးခွဲတာ..."
ပုံမှန်ဆိုလျှင် ဇွန်ဘီများက အပူစွမ်းအင်ကို စုပ်ယူကာ သူတို့စွမ်းရည်များကို တိုးမြှင့်နိုင်သဖြင့် တိုက်ခိုက်ရာတွင် လက်နက်အေးများကိုသာ အသုံးပြုကြသည်။ သို့သော် ဒီရေလှိုင်းအဖွဲ့ဝင်များမှာ လူများဖြစ်သည်။ သူတို့နှင့် တိုက်ခိုက်ရာတွင် ဗုံးများက အကျိုးရှိသည့်နည်းလမ်းတစ်ခု ဖြစ်သည်။
" ဘာလို့ သူတို့ကို ဒုံးကျည်နဲ့ မပစ်တာလဲ"
"သူတို့မှာ ပြန်ပေးဆွဲထားတဲ့သူတွေ ရှိနေလို့"
"ဒါဆိုလဲ ပြန်ပေးဆွဲခံရတဲ့သူတွေကို ကယ်ပြီးမှ ဒုံးကျည်နဲ့ ပစ်ရအောင်လေ" ဒီလူတွေ ဘယ်လိုစစ်ဆင်ရေးမျိုးတွေ ဆွဲထားကြတာလဲဟု ရှောင်ယန် တွေးမိသွားသည်။
မာ့ခ်မျက်နှာ မှောင်ကျသွားသည်။ နှစ်စက္ကန့်ကြာသောအခါ သူ မနေနိုင်ဘဲ ရယ်ချလိုက်သည်။ " အသစ်လေး မင်းက ချစ်ဖို့ကောင်းသား။ မင်းကို ဗုံးဖောက်ဖို့အတွက် ခေါ်လာတယ်လို့ပြောတာကို ယုံသွားတဲ့အထိ မင်း တုံး မတုံး ငါနဲ့ ရိဗ့်နဲ့ လောင်းကြေးတောင် ထပ်ထားတာ။ အဲဒီလိုကိစ္စလောက်တော့ နည်းပညာစစ်သားတွေ မလိုဘူး ငါတို့ဘာသာငါတို့ လုပ်လိုက်လို့ရတယ်"
ရှောင်ယန့်နဖူးရှိ သွေးကြောများ ထောင်သွားသလိုပင်။ "ဒါဆို ကျွန်တော့်ကို ဘာလုပ်စေချင်ကြတာလဲ"
"ဒီရေလှိုင်းအဖွဲ့အစည်းက လွန်ခဲ့တဲ့နှစ် ၂၀၀ က အဆောက်အအုံပစ္စည်းတွေကို အသုံးပြုပြီး စခန်းသေးတစ်ခု ဆောက်ထားကြတယ်။ သူတို့က ကြိုးမဲ့ဆင်ဂနယ်တွေအားလုံးကို ပိတ်ထားပြီး သူတို့အထဲက အင်တာနယ်(အတွင်း)ကွန်ရက်ကိုပဲ သုံးကြတယ်။ ငါတို့နည်းပညာစစ်သားအများစုက ဒေတာတွေကို တာမီနယ်နဲ့ပဲ လုပ်ဆောင်ကြတာ ဒါပေမဲ့ အဲဒီရှေးကျတဲ့နည်းလမ်းတွေကို သူတို့ မသိကြဘူး။ အရင်တစ်ခေါက် မင်း နျူကလီးယားဓာတ်အားပေးရုံထဲမှာ လုပ်သွားတာတွေကို ကြည့်ပြီး ဒီမစ်ရှင်အတွက် တာမီနယ်ကိုပဲ အားကိုးတဲ့ အဲဒီနည်းပညာစစ်သားတွေထက် မင်းက ပိုပြီးသင့်တော်မယ်လို့ ကိုလိုနယ်က ယုံကြည်သွားတယ်လေ။ ဘယ်လိုပြောရမလဲ။ မင်းက အဲဒီရှေးဟောင်းပစ္စည်းတွေကိုင်တဲ့နေရာမှာ ကျွမ်းကျင်အဆင့်နီးပါးလို့ ထင်သွားပုံပဲ"
"ဘယ်လို။ ဘယ်ကိုလိုနယ်ကလဲ"
ရိဗ့်နှင့်မာ့ခ် နှစ်ယောက်စလုံးက ယာဉ်မောင်းအခန်းကို ထိုးပြလေသည်။
ယာဉ်မောင်းအခန်းတွင် ကိုလိုနယ်တစ်ယောက်သာ ရှိသည်။ ဟာနယ် ဘာတွန်။
"ကိုလိုနယ်က နင့်ကို မုန်းတယ်လို့ ထင်နေတာလား" ရိဗ့်က ပြုံးပြုံးနှင့် မေးလာသည်။