no

Font
Theme

အပိုင်း ၁၉ ထာဝရ ရှင်သန်ခြင်း


ဟာနယ် ဘာတွန့်တွင် လှပသည့် မျက်နှာအသွင်အပြင်များ ရှိလေသည်။ သူ ဆန္ဒရှိလျှင် အားလုံးက သူ့အတိုက်အခိုက်ဝတ်စုံအောက်တွင် ခြေဆင်းသွားကြရမည် ဖြစ်သည်။


"ဘော့စ်လိုလူမျိုးက အဝေးကနေပဲ မျှော်ကြည့်ခွင့်ရတဲ့သူမျိုး။ ဂျိန်း ဝေါလ်လေ့စ်လို လူမျိုးကမှ မိန်းမတွေ အိပ်မက်မက်လို့ရတဲ့ယောကျာ်းမျိုးကွ။ မင်း သူနဲ့ တွေ့ဖို့အခွင့်ကြုံလာခဲ့ရင် သူ့ဆီကနေ ပညာတွေ သင်ယူထားသင့်တယ် ငါ့ညီ ဟားဟား"


ရှောင်ယန် အသောက်လွန်သွားသည်။ အထူးတပ်ဖွဲ့ဝင်များသည် သူတို့ခန္ဓာကိုယ်ထဲရှိ x ဗိုင်းရပ်စ်ကြောင့် အစာခြေစနစ် ကောင်းမွန်ပြီး တော်ရုံတန်ရုံနှင့် အရက်မမူးကြပေ။ သို့သော် ရှောင်ယန်ကတော့မူ မူးလွန်း၍ သန့်စင်ခန်းဆီ ပြေးသွားချင်ရင်တောင် ဦးတည်ရာ မရှာနိုင်တော့ပေ။


"ဟေး ဘယ်ဘက်ကွ ဘယ်ဘက် ဘုရားရေ ငါ့ညီ မင်း ဘယ်နဲ့ညာနဲ့ မခွဲတတ်တော့ဘူးလား" မာရာသည် စားပွဲပေါ်တွင် ပျင်းရိပျင်းတွဲ မှီနေရင်း ပြောလိုက်သည်။ သူ့တွင် ရှောင်ယန့်ကို လာကူရန် စိတ်ကူးရှိမနေပေ။


ရှောင်ယန် ဟိုတိုက် ဒီတိုက်နှင့် နောက်ဆုံးတွင် သန့်စင်ခန်းအတွင်းသို့ ဝင်သွားနိုင်ခဲ့သည်။ ရီဝေဝေဖြစ်နေသေးသဖြင့် သူ့ခေါင်းနှင့် ဘေးတိုက်တံခါး တိုက်မိသွားပြန်သည်။ သူ လဲကျတော့မလိုဖြစ်သွားချိန်တွင် လူတစ်ယောက်က သူ့အား လှမ်းဆွဲလိုက်ပြီး သန့်စင်ခန်းတစ်ခုအတွင်းသို့ ဆွဲခေါ်သွားလေသည်။


"အား ----" အထဲရောက်တော့ ရှောင်ယန် အန်ချပါလေတော့သည်။


တစ်ဖက်လူ၏ လက်ချောင်းများက ရှောင်ယန့်လည်ပင်းနောက်ကို သူ့ခေါင်း အိမ်သာခွက်ထဲ ကျမသွားရုံလေး ကုပ်ကိုင်ထားလေသည်။


"ဟား..." အန်ချလိုက်သည့်အခါ ရှောင်ယန် အတော် နေလို့ထိုင်လို့ကောင်းသွားသည်။


သူ၏လည်ထွက်နေသောအမြင်အာရုံများလည်း အဆုံးတွင် ပြန်တည့်မတ်သွားလေသည်။ သူ အနောက်ကို ဖြည်းဖြည်းလေး ပြန်လှည့်လိုက်ပြီး သူ့ကိုယ်သူ လဲကျမသွားအောင် သူ့လက်များက အိမ်သာခန်းနံရံကို ထောက်ထားလိုက်သည်။ သူ့အရှေ့တွင် တည်တည်တံ့တံ့ ကျော့ကျော့ရှင်းရှင်း ရပ်နေသည့်သူမှာ ဟာနယ် ဘာတွန် ဖြစ်နေသည်။


"...ကိုလိုနယ်..."


ထိုအချိန်တွင် တစ်ဖက်လူ၏လက်ဝါးက သူ့နားရွက်ကို လာဖိပြီး သူ့အား နံရံတွင်ကပ်ကာ ဖျစ်ညှစ်နေလေသည်။


ရှောင်ယန် အံ့အားသင့်သွားသည်။ ဘာတွေ ဖြစ်နေတာလဲ။ သူ ဟာနယ့်ကိုယ်ပေါ် မတော်တဆ အန်လိုက်မိလို့လား။ အဲဒါကြောင့်မို့ အခု အထိုးခံရတော့မှာလား။


ဟာနယ့်လက်ဝါးများက ရှောင်ယန့်ပါးပြင်ကို ဖုံးအုပ်လာသည်။ မျက်နှာ ဘေးတစ်ဖက်သို့ စောင်းနေပြီး မျက်လုံးများ နိမ့်ဆင်းနေကာ ဟာနယ်သည် သူ့မျက်နှာအား တယုတယ ပွတ်သပ်နေလေသည်။ အားလုံးက မယုံနိုင်စရာပင်။ ထို့နောက် သူ့နှုတ်ခမ်းများပေါ်သို့ နှုတ်ခမ်းတစ်စုံ ဖိကပ်လာပြီး သူ့လျှာက ရှောင်ယန့်အပေါ်နှုတ်ခမ်းသားကို နမ်းချလိုက်သည့်အချိန်တွင် လောကကြီး ရုတ်တရက် ပြောင်းပြန်ဇောက်ထိုး ဖြစ်သွားလေသည်။


ညင်သာသည့် အနမ်းတစ်ခု ဖြစ်သည်။ တစ်ဖက်လူ၏လျှာသည် ရှောင်ယန့်ပါးစပ်အတွင်းသို့ ဖြည်းဖြည်းချင်း လျှောဆင်းလာပြီး ညင်ညင်သာသာ စုပ်ယူလိုက်သည့်နောက်တွင် အနမ်းက အဆုံးမရှိ နက်ရှိုင်းသွားလေသည်။ ရှောင်ယန့်ခန္ဓာကိုယ် တဖြည်းဖြည်း အောက်သို့ လျှောကျသွားသည့်အခါ တစ်ဖက်လူ၏ဒူးက သူ့ခြေထောက်နှစ်ခုကြားထဲသို့ တွန်းဝင်လာသည်။ သူ့ပေါင်တစ်လျှောက် ဖြည်းဖြည်းချင်း တက်သွားပြီး သူ့တွင် တုံ့ပြန်မှုတစ်ခုရှိနေသည့် ဧရိယာအား ပွတ်သပ်နေလေသည်။


"မင်း အခန်းပြန်ပြီး အနားယူသင့်ပြီ"


အေးစက်နေသည့်အသံက လောကကြီးကို နှစ်ပိုင်း ပိုင်းချလိုက်သကဲ့သို့ပင်။ ရှောင်ယန် ရုတ်တရက် အသိပြန်လည်လာ၏။ သူ့အရှေ့တွင် ဟာနယ်က လက်များဘေးမှာချထားလျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။


ထိုအနမ်းသည်... ထင်ယောင်ထင်မှားသာလျှင် ဖြစ်သည်။


ရှောင်ယန် မျက်တောင်များကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီးနောက် စိတ်ထဲမှနေ ကျိန်ဆဲမိသွားသည်။ 


ဘုရားရေ တစ်ကြိမ်လည်းမဟုတ် နှစ်ကြိမ်လည်းမဟုတ်။ ဒါက သက်သက်မဲ့ သေကြောင်းကြံနေတာပဲ။ ငါ့မှာ ဒီလိုမျိုး ....ဟာနယ် ဘာတွန်နဲ့ ထင်ယောင်ထင်မှားတွေ ဘာလို့များ ရှိလာရ တာ လဲ။


ဒါက တစ်ဖက်လူရဲ့တံတွေးကို ယူမိလိုက်လို့ ဘေးထွက်ဆိုးကျိုးဖြစ်တာများလား။ ဟာနယ့်တံတွေးတွင် X ဗိုင်းရပ်စ်ပါသည်ကို သူသိထားသည်။ သို့သော် တစ်ဖက်လူက မြက်ရွက်ဖျားတွင်တင်ကာ သူ့ပါးစပ်ထဲ ထိုးထည့်ပေးခဲ့သည့် ထို X ဗိုင်းရပ်စ်သည် အခုလောက်ဆိုလျှင် အစာကြေသွားတာ ကြာတောင် ကြာလောက်နေပြီ။ ပြီးတော့ သူ ဒီလိုမျိုးစိတ်ကူးယဉ်အတွေးတွေ ဖြစ်နေရတာက X ဗိုင်းရပ်စ်ကြောင့်လို့ ဆိုရင်လည်း ဘာလို့ လီလီမဟုတ်ဘဲ အမြဲတမ်း ဟာနယ် ဘာတွန်ပဲ ဖြစ်နေရတာလဲ ။


ထိုအချိန်တွင် ဟာနယ့်လက်ကောက်ဝတ်ပေါ်မှ ဆက်သွယ်ရေးစက်က မီးလင်းလာသည်။ သူ လက်ချောင်းနှင့် အသာလေး ထိလိုက်သည့်အခါ ဆက်သွယ်ရေးအရာရှိ၏ ဟိုလိုဂရက်ဖစ် ပုံရိပ်တစ်ခု ပေါ်လာသည်။


"ကိုလိုနယ် ဘာတွန်။ မေဆွန့်ဦးနှောက်ကနေ အဖြေတွေ ထွက်လာပါပြီ"


မေဆွန့်နာမည်ကို ကြားလိုက်ရသည့်အခါ ရှုပ်ထွေးနေသည့် ရှောင်ယန့်စိတ်များသည်လည်း ချက်ချင်း ရှင်းလင်းသွားသည်။


သူ့နှလုံးသားထဲတွင် ဒုက္ခပေးနေသည့် ပဟေဠိတစ်ခု ရှိနေသည်။ သူ့အိပ်မက်ထဲတွင်တောင် အကြိမ်ပေါင်းများစွာ ထိုအကြောင်း တွေးမိနေသည်။ မေဆွန်က ချားလ်စ်ကို ဘယ်အရာကြောင့် သစ္စာဖောက်သွားတာလဲ။ ဒီရေလှိုင်းအဖွဲ့အစည်းက ဘာကိုသုံးပြီး သူ့ကို သွေးဆောင်သွားတာလဲ။


ထိုမေးခွန်းများကို အဖြေမရလျှင် ရှောင်ယန် ဆက်တိုက်စဉ်းစားမိနေမည်ဖြစ်သည်။ တကယ်လို့ တစ်နေ့မှာ သူလည်း အဲဒီအကြောင်းနဲ့ပဲ သွေးဆောင်ခံရရင် ဘယ်လိုလုပ်မလဲဟုတောင် မနေနိုင် မထိုင်နိုင် အတွေးဝင်မိသွားသည်။


သူ့အရှေ့တွင်ရှိနေသည့်လူက သူ့ဘက်ပြန်လှည့်လာပြီး ဟိုလိုဂရမ်ကို ပိတ်ချလိုက်သည်။


"မေးမြန်းစစ်ဆေးရေးအဖွဲ့က မေဆွန့်ဦးနှောက်ထဲကနေ အဖြေတွေ ထုတ်ယူပြီးသွားပြီ" သူ့အသံက တည်ငြိမ်နေ၏။ ထိုကဲ့သို့ လျှို့ဝှက်သတင်းများကို လွယ်လွယ် ထုတ်ပြောလို့ရသကဲ့သို့ပင်။


"ဪ ဘာတဲ့လဲ" ရှောင်ယန်သည် သူ့တွင် မေးခွင့်မရှိမှန်းသိသော်လည်း မေးချလိုက်သည်။


"ဒီရေလှိုင်းအဖွဲ့အစည်းက "ထာဝရ ရှင်သန်ခြင်း" ကို ငါးစာအဖြစ် အသုံးချပြီး မေဂျာ ဂျန်နရယ် မေဆွန်ကို သူတို့ထဲဝင်အောင် မျှားခေါ်သွားတာ။ သူက သူ့ကိုယ်သူ ငါးစာအဖြစ်အသုံးချပြီး အထူးတပ်ဖွဲ့ကို အဲဒီမြေအောက်ခန်းထဲ မျှားခေါ်လာပေးရမယ်။ အဲဒါက သူ့အတွက် ဒီရေလှိုင်းအဖွဲ့အစည်းရဲ့ ဝင်ခွင့်စာမေးပွဲပဲ။ ငါတို့အားလုံးသေသွားခဲ့ရင် သူ့စာမေးပွဲက အောင်မြင်သွားလိမ့်မယ်။


ဟာနယ့်အသံတွင် ခံစားချက် ကင်းမဲ့နေသည်။ ကတ်ဆတ်တိပ်ခွေတစ်ခု ဖွင့်ပြနေသလိုပင်။


"ထာဝရ ရှင်သန်ခြင်းတဲ့လား" ရှောင်ယန့်မျက်တောင်များ ပုတ်ခတ်သွားကြသည်။ "ဒီကမ္ဘာပေါ်မှာ ထာဝရ ရှင်သန်ခြင်းဆိုတဲ့အရာမျိုး မရှိဘူး..."


ဟာနယ့်မျက်နှာသည် ဘေးသို့ တဖြည်းဖြည်းလှည့်သွားသည်။ သူ့မျက်နှာပေါ် အလင်းနှင့်အမှောင် စီးဆင်းနေမှုက ရှောင်ယန့်အကြည့်အား ဆွဲဆောင်သွားသည်။


" 'ထာဝရ ရှင်သန်ခြင်း' ရှိဖို့ မဖြစ်နိုင်တာလား ဒါမှမဟုတ် 'ထာဝရ ရှင်သန်ခြင်း' ရှိဖို့ ခွင့်မပြုတာလား"


ပရော်ဖက်ဆာ မေဆွန်အကြောင်း မေးခွန်းဆုံးသွားချိန်တွင် ဟာနယ် ရှောင်ယန့်ကို နောက်ထပ်မေးခွန်းတစ်ခု မေးလာသည်။


"မေဆွန်နဲ့ပတ်သက်သမျှအရာအားလုံးကို လျှို့ဝှက်ထားရမယ်"


ထိုကဲ့သို့ ပြောပြီးသွားသည်နှင့် ဟာနယ် လှည့်ထွက်သွားလေသည်။


ရှောင်ယန် အလွန်နားလည်ရခက်သွားသည်။ လျှို့ဝှက်ချက်ဆိုရင်လည်း သူ့ကို ဘာလို့ ပြောပြသေးလဲ။


"မင်းရဲ့ဦးနှောက်က ပိုအဓိပ္ပာယ်ရှိတဲ့ အရာတွေအတွက်ပဲ အသုံးချသင့်တယ်" 


သူ့အသံသည် တည်ငြိမ်နေသည်။ အကျိုးအကြောင်းသင့်လျော်သည့် အချက်အလက်တစ်ခုကို ထုတ်ပြောလိုက်သကဲ့သို့ပင်။


သို့သော် ရှောင်ယန်စိတ်များ အလွန်ရှုပ်ထွေးသွားသည်။ သူ ဘာတွေတွေးနေလဲဆိုတာကို ဟာနယ်က ဘာလို့ ဂရုစိုက်နေရတာလဲ။


မနက်ဖြန် တစ်နေကုန် အိပ်လို့ရသဖြင့် ရှောင်ယန်သည် တာမီနယ်ကို ထုတ်လိုက်ကာ ဗဟိုသိပ္ပံအကယ်ဒမီ၏ စကားပြောခန်းထဲသို့ ဝင်သွားလိုက်သည်။ ထိုချန်နယ်တွင် သူ့သူငယ်ချင်းဟောင်း ကေဆီ့ကို ရှာတွေ့လိုက်သည်။ သူ သူမကို ထပ်ပြီးမဆက်သွယ်လျှင် သူမ သေလောက်တဲ့အထိ စိတ်ပူနေမည်ကို သူသိနေလေသည်။


"ခွေးကောင် နင်က အသက်ရှင်သေးသားပဲ"


ရှောင်ယန် လိုင်းပေါ်တက်လာသည်နှင့်ချက်ချင်း တစ်ဖက်လူက ကျိန်ဆဲပါလေတော့သည်။


"ဆောရီး ငါ အသက်ရှင်နေတုန်းပဲ" ရှောင်ယန် နှုတ်ခမ်းများကို ဟကာ မေးစေ့ကို လက်ညှိုးဖြင့် ပွတ်လိုက်သည်။ ထိုအမူအရာသည် တစ်ဖက်လူ၏စိတ်တွင် 3D ပုံရိပ်အဖြစ် ပြသသွားလေမည်။


"ဟင့် နင် ပရော်ဖက်ဆာမေဆွန့်ကို ကယ်တဲ့မစ်ရှင်မှာ ပါတယ်လို့ ငါကြားမိတယ်၊ ပြီးတော့ ပရော်ဖက်ဆာ သေသွားတယ်လို့ ထပ်ကြားမိလိုက်ပြန်ရော။ ဟာနယ် ဘာတွန့်လို ပုဂ္ဂိုလ်မျိုးကတောင် မကယ်နိုင်ဘူးဆိုတော့... နင်တို့တွေ တကယ်ပဲ ဘာတွေ ကြုံလာရတာလဲ"


"ဇွန်ဘီတွေ" ရှောင်ယန် ရယ်လိုက်သည်။ သူ ကေဆီကို အမှန်အတိုင်း ပြောလို့မရပေ။


"ဘယ်လိုလုပ် ဇွန်ဘီတင်ပဲ ဖြစ်နိုင်မှာလဲ။ ဇွန်ဘီတွေပဲဆိုရင် ဟာနယ် ဘာတွန်က ပရော်ဖက်ဆာ မေဆွန်ရဲ့ ခေါင်းကိုပဲ ပြန်ယူလာနိုင်ခဲ့တယ်ဆိုတာကို ငါတော့ မယုံပါဘူး အား...အား... ပရော်ဖက်ဆာ မေဆွန်ရဲ့ ခေါင်းထဲမှာ ဘာတွေဖြစ်နေတာလဲဆိုတာကို မြင်ရဖို့ မှုခင်းစုံစမ်းရေးအဖွဲ့ထဲကို တကယ်ဝင်သွားလိုက်ချင်တယ်"


"ဟင်း... အင်း ငါတို့တွေ ဒီရေလှိုင်းက လူသတ်သမားတွေနဲ့လဲ တိုးခဲ့သေးတယ်"


"ဘုရားရေ နင်က ဒီရေလှိုင်းက လူသတ်သမားတွေနဲ့ မျက်နှာချင်းဆိုင်လာရတယ်ပေါ့၊ နင် အဆင်ရော ပြေရဲ့လား" ကေဆီ့မျက်နှာတွင် စိုးရိမ်ရိပ်များ ထင်ဟပ်သွားလေသည်။ ထိုအခါ ရှောင်ယန် အောင်နိုင်သူအပြုံးဖြင့် ပြုံးပြလိုက်သည်။


"ဒါပေါ့ ငါ အဆင်ပြေချက်ပဲ။ သူတို့ထဲကတစ်ယောက်ကိုတောင် ခေါင်းကို သေနတ်နဲ့ ပစ်ချခဲ့သေးတယ်" 


ကေဆီ ဟန်လုပ်ကာ သက်ပြင်းချလိုက်သည်။ "ရှောင်ယန် နင်ကလေ မကြွားလိုက်ရရင် မစားနိုင် မသောက်နိုင် ဖြစ်သွားမှာမို့လို့လား"


သူမကိုယ်တိုင် မျက်စိနှင့်တပ်အပ် မမြင်လိုက်ရလျှင် ယုံနိုင်စရာမရှိသည်ကို သူ သိနေသည်။ ထားလိုက်ပါတော့။ သူ့တွင် ကေဆီကို မေးစရာများ ရှိနေသေးသည်။


"ဟေး... နင်က X ဗိုင်းရပ်စ်ကို သုတေသနလုပ်တဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်ဆိုတော့ ငါ့မှာ နင့်ကို မေးစရာတစ်ခုရှိတယ်။ ငါသာ အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဆီကနေ မတော်တဆ X ဗိုင်းရပ်စ်ကို စုပ်ယူမိလိုက်ရင် ငါ့မှာ...အမ်... အဲဒီလူနဲ့ပတ်သက်ပြီး...စိတ်ကူးယဉ်တာတွေ ဘာတွေ ရှိလာနိုင်လား" ရှောင်ယန် ပါးစပ်ကနေ ခက်ခက်ခဲခဲနှင့် ထုတ်မေးလိုက်သည်။ 


ကေဆီ့ကို သူငယ်ချင်းဖြစ်နေလို့ မေးလိုက်တာဖြစ်သည်။ တခြား X ဗိုင်းရပ်စ် သုတေသနပညာရှင်များကို ထိုကဲ့သို့ မေးခွန်းမျိုး သူ သွားမမေးရဲပါ။ သူ့တွင် ဟာနယ် ဘာတွန်နှင့် ပတ်သက်သည့် မသင့်လျော်သည့် စိတ်ကူးယဉ် ထင်ယောင်ထင်မှားများ သုံးခါတောင် ရှိသွားပြီဖြစ်သည်။ သူ သီချင်းနားထောင်ပြီး အိပ်ပျော်သွားတုန်းက တစ်ကြိမ်၊ လေဥမင်လိုဏ်ခေါင်းထဲမှာ တစ်ကြိမ်၊ လတ်တလောလေး သန့်စင်ခန်းထဲမှာ တစ်ကြိမ်။


ထိုကဲ့သို့ ထင်ယောင်ထင်မှားများသည် ပုံမှန်လည်း မဟုတ်သလို အလွန်လည်း အန္တရာယ်များသည်။


"ဟမ်" ကေဆီ အံ့အားသင့်သွားသည့်ပုံပင်။ ထို့နောက် ချက်ချင်း တည်တံ့သွားလေသည်။ " ဘယ်လိုစုပ်ယူမှုမျိုးကို နင်ပြောတာလဲ။ နမ်းတာလား ဒါမှမဟုတ် အိပ်တာလား ဘာတွေလဲ နင် အထူးတပ်ဖွဲ့ထဲက အမျိုးသမီးစစ်သားတစ်ယောက်နဲ့ ငြိသွားတာလား။ ရှောင်ယန် နင် အသက်မသေချင်သေးဘူးဆိုရင် အဲဒီကနေ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ထွက်လာဖို့ ငါ သတိပေးလိုက်မယ်။ X ဗိုင်းရပ်စ်က ဆေးစွဲသလိုမျိုးပဲ စွဲတယ်။ ပြီးတော့ သာမာန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အထူးတပ်ဖွဲ့ဝင်စစ်သားတစ်ယောက် အထိန်းအချုပ်လွတ်သွားတဲ့ဒဏ်ကို ခံနိုင်ရည်မရှိဘူးဟဲ့"


ကေဆီက ဟာနယ့်ကို အထူးတပ်ဖွဲ့ဝင် အမျိုးသမီးစစ်သားတစ်ယောက်ဟု တွေးမိလိုက်သည့်အခါ ရှောင်ယန် စိတ်အေးသွားသည်။ အနည်းဆုံးတော့ အမျိုးသမီးစစ်သားဆိုတာက အမျိုးသမီး ဖြစ်နေသေးတယ်လေ။


"...အင်း သူက...အရမ်း ဆွဲဆောင်မှုရှိတော့... စိတ်မပူပါနဲ့ ငါ သူနဲ့ အဲဒီအဆင့်အထိ မရောက်သေးပါဘူး" ရှောင်ယန်သည် ကေဆီအရှေ့တွင် လိမ်ရသည်ကို အသားမကျသေးပေ။ ပုံမှန်ဆိုလျှင် ကေဆီသည် ရှောင်ယန့်အလိမ်များကို အသာလေး ဖော်ထုတ်နိုင်သည်။ သူတို့နှစ်ယောက်သည် အဲဒီလောက်အထိ တစ်ယောက်နှင့်တစ်ယောက် အတွင်းသိ အဆင်းသိ ခင်ကြသူများ ဖြစ်ကြသည်။


"အဲဒီအဆင့်ကို တားမြစ်ထားတယ်" ကေဆီ့အသံသည် ပိုပြီး တည်တံ့သွားသည်။


"ငါသိတယ် ငါသိတယ် ဒီအတိုင်း ငါ သူ့ကို နမ်းလိုက်ရင် ... နင်သိပါတယ်... သူ့တံတွေးလေး နည်းနည်းလောက် ငါမျိုမိသွားရင်... အဲဒါက ငါ့ကို သူ့အကြောင်း စိတ်ကူးယဉ်စေမှာလားဆိုတာကို သိချင်လို့ အဲဒီလိုဆိုရင် ငါ ဘယ်လိုလုပ်မှ သူ့အကြောင်း စိတ်ကူးယဉ်တာကို ရပ်လို့ ရမှာလဲ"


"...အဲဒီလိုဖြစ်တဲ့အခါမျိုးမှာ သူက နင့်အရှေ့မှာ ရှိနေလား" ကေဆီ ခေါင်းကို ကိုင်ကာ သက်ပြင်းချလိုက်သည်။


"တစ်ခါတလေ ရှိတယ်... တစ်ခါတလေကျ မရှိဘူး"


"နားထောင် သူက နင့်အရှေ့ရှိနေတဲ့အချိန် နင့်မှာ အဲဒီလိုစိတ်ကူးမျိုးဝင်လာရင် အဲဒါ သူ့မှာ နင့်အပေါ် လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒတွေ ရှိနေလို့ပဲ။ X ဗိုင်းရပ်စ်က သူ့ခန္ဓာကိုယ်ထဲက ဟော်မုန်းထုတ်လွှတ်မှုကို မြန်ဆန်စေပြီး လေထဲကတစ်ဆင့် ပျံ့သွားစေတယ်။ ပြီးတော့ နင့်ခန္ဓာကိုယ်ထဲဝင်လာပြီး နင့်ကို... အဲဒီလို စိတ်ကူးယဉ်အတွေးတွေ ရှိလာစေတာ"


"...သူက ငါ့အရှေ့မှာ ရှိမနေတဲ့အခါကျတော့ကော" သူ ဟာနယ့်အကြောင်း အိပ်မက်မက်ပြီး နိုးလာသည့်တစ်ခေါက် စောင်ကိုလှန်ကြည့်လိုက်သည့်အခိုက်တွင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းသလဲဆိုသည်ကို မှတ်မိနေသေးသည်။ အဲဒါကရော ဒီအတိုင်း အိပ်မက်သက်သက်လား ဒါမှမဟုတ် တခြားသူလွှမ်းမိုးမှုကို ခံလိုက်ရတာလား။


"နင်က သူနဲ့ လုပ်ချင်နေလို့ပဲ ဖြစ်ရင်ဖြစ် မဟုတ်ရင် သူက နင့်ဦးနှောက်ကို ကျူးကျော်လာလို့ပဲ" ကေဆီသည် ဘာမှမတတ်နိုင်သည့်ပုံမျိုးဖြင့် ပခုံးတွန့်ပြလိုက်သည်။ "ရှောင်ယန် နင် အဲဒီကနေ အမြန်ဆုံး ထွက်လာခဲ့လိုက်တော့။ တစ်နေ့ ငါ နင့်အလောင်းကို ဆေးစစ်ဖို့ ခွဲစိတ်တာမျိုး မလုပ်ချင်ဘူးနော်"


ရှောင်ယန် ရယ်လိုက်သည်။ "အဲဒီနေ့က ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး" 


ရှောင်ယန်သည် ဟာနယ်နှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ တစ်ခါမျှ အတွေးမဝင်ဖူးခဲ့ပါ။ သူအမြဲတွေးမိသည်မှာ လီလီ့လို အချောအလှတစ်ယောက် ဖြစ်သည်။ ဟာနယ်က ထိုနေရာမျိုးတွင် ကျွမ်းကျင်အဆင့်ပညာရှင်ဖြစ်နေသော်လည်း သူ့တွင်လည်း ရှောင်ယန့်ဦးနှောက်ကို ကျုးကျော်လာစရာ ဘာအကြောင်းမှ မရှိပါ။


ရုတ်တရက် အိပ်ရာ၏တစ်ခြားတစ်ဖက်တွင် လူတစ်ယောက် ရှိနေသည်ကို သူ သတိထားမိလိုက်သည်။ သူ့မျက်နှာ ချက်ချင်းတည်တံ့သွားသည်။


"ရှောင်ယန် အရူးကောင် နင်ဘာလို့ ရုတ်တရက် ငြိမ်ကျသွားတာလဲ"


ကေဆီနှင့်ဆက်သွယ်မှု ပြတ်တောက်သွား၏။


အိပ်ရာဘေးတွင်ရှိနေသည့်သူသည် အိပ်ရာပေါ်တွင် သူ့ဘယ်ဘက်ဒူးကို ထောက်ထားကာ ရှောင်ယန်ရှိရာသို့ ငုံ့ကျလာသည်။ မေးကိုမော့ကာ မျက်လုံးကို အနည်းငယ် ငုံ့ထားရာ သမာသမတ်ကျနေသလိုလို မြှူဆွယ်နေသလိုလိုပင်။


ရှောင်ယန် အနောက်သို့ အလိုလို ဆုတ်သွားမိသည်။


"ကိုလိုနယ် ...ဘာတွန်..."


သူ ဘာလို့ ငါ့အခန်းထဲမှာ ရှိနေရတာလဲ။


 သူဝင်လာတယ်ဆိုရင် ဝင်လာတာကို ငါဘာလို့ မသိလိုက်တာလဲ။ 


ဟာနယ်သည် တစ်လှမ်းပြီး တစ်လှမ်း ပိုပြီးနီးကပ်လာသည်။ သူ၏ချောမောသောမျက်နှာက ရှောင်ယန့်မျက်လုံးထဲတွင် ရှင်းလင်းစွာ မြင်လာရသည်။


ဒါက သူမြင်ဖူးသမျှထဲတွင် သူ့ကို အခြောက်လှန့်နိုင်ဆုံး အရာပင် ဖြစ်လေသည်။


"ကိုလိုနယ် ကျွန်တော့်ကို ပြော..."


ရှောင်ယန့်စကား မဆုံးသေးခင်တွင်ပင် ဟာနယ်သည် သူ့မျက်နှာကို စောင်းလိုက်ကာ သူ့နှုတ်ခမ်းများအား နမ်းပါလေတော့သည်။


အပြုအမူသည် ညင်သာနေသော်လည်း အနမ်းကတော့မူ ရုန်းကန်ခွင့်မရှိလောက်အောင် ခိုင်မာပြတ်သားနေသည်။ အနမ်းသည် နက်သထက် နက်ရှိုင်းလာကာ ရှောင်ယန့်ဝိညာဉ်ကိုပင် စုပ်ယူလိုက်တော့မလိုပင်။ တစ်ဖက်လူလျှာဖျားက သူ့ပါးစပ်အတွင်းထဲနေရာအနှံ့ကို အားပါပါနှင့် မွှေနှောက်နေခြင်းသည် သူ့ဆီက အရာအားလုံးကို နောက်ပြန်လှည့်လို့မရလောက်တဲ့အထိ ယူငင်သွားသလိုပင်။


ရှောင်ယန် ကြောက်လန့်မိသဖြင့် ရုန်းကန်ရန် ကြိုးစားပါသော်လည်း သူ့ခန္ဓာကိုယ်သည် တစ်လက်မလေးတောင် ရွေ့လို့မရသည်ကိုသာ သိရသွားသည်။


ဟာနယ်သည် သူ့အား ခေါင်းအုံးပေါ်တွင် ဖိထားရင်း သူ့ကိုယ်ပေါ်က အဝတ်အားလုံးကို သူ့လက်ချောင်းများနှင့် ဆွဲဖြဲလိုက်ကာ သူ့အရေပြားအနှံ့ မက်မက်မောမောဖြင့် ပွတ်သပ်ယုယနေသည်။ သူ့သွေးကြောထဲမှ သွေးများစီးဆင်းမှုကိုတောင် သူ့လက်ဝါးနှင့် ထိန်းချုပ်နေချင်သကဲ့သို့ပင်။


အသိမပေးဘဲ ရုတ်တရက် သူ့ခြေထောက်များကို လေထဲသို့ မြှောက်ချလိုက်ပြီး ဟာနယ်က သူ့အတွင်းထဲကို ဒိုင်ဗင်ထိုးချသွားလေသည်။ သူ့ရှေ့တွင် ဖြစ်ပျက်နေသည့်အရာအားလုံးကို ရှောင်ယန် ပါးစပ်အဟောင်းသားနှင့် ခြောက်ချားစွာ ကြည့်နေမိသည်။ အဆက်မပြတ် ဆောင့်တိုက်နေမှုက ရူးသွပ်စရာကောင်းလွန်းလို့ တစ်ဖက်လူ တည်ရှိနေမှုမှလွဲ၍ တခြားအာရုံခံစားမှုအားလုံးကို သူ ဆုံးရှုံးသွားသည်။


"ဘာလို့လဲ" ရှောင်ယန်သည် ထိုမေးခွန်းကို သူ့လည်ပင်းမှနေ ဖျစ်ညှစ်ကာ ထုတ်မေးလိုက်သည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment