အပိုင်း ၂၀ ရေကူးကန်
"မင်းက စဉ်းစားတဲ့နေရာမှာ ကျွမ်းတယ် မဟုတ်ဘူးလား"
ဟာနယ် ငုံ့ချလိုက်သည့်အခါ သူ၏ရွှေရောင်ဆံပင်ဖျားများက ရှောင်ယန့်ပါးပြင်အား ပွတ်သပ်သွားလေသည်။ တကယ်ပဲ ထိတွေ့လိုက်ရသလို နူးညံ့နေသည်။ သူ့လျှာဖျားတွင် ခုနတုန်းကကဲ့သို့ အုပ်စိုးခံရသည့် ခံစားချက်များ ရှိမနေတော့သော်လည်း သူ လွန်ဆန်၍ မရသေးပေ။
သူသာ နည်းနည်းလေ ရုန်းကန်လိုက်သည်နှင့် သူ ချက်ချင်း အမှုန့်ကျေသွားမည်ကို ရှောင်ယန် အကြွင်းမဲ့ ယုံကြည်မိသည်။
သူ့ခန္ဓာကိုယ်ကို မမှန်းဆဖူးသည့် ထောင့်တစ်ခုအနေအထားသို့ ကွေးထားခံရသည်။ သူ့ခြေထောက်များကို ပြန်ပူးရန် ကြိုးစားပါသော်လည်း တစ်ဖက်လူ၏ခွန်အားအောက်တွင် အချည်းနှီးသာပင်။
နာကျင်မှုသည် စစ်မှန်လွန်းသဖြင့် ရှောင်ယန့်အား ပုံကျသွားစေသည်။
တစ်ဖက်လူ ခေါင်းငုံ့လိုက်ပြီး သူ့အား ဦးနှောက်အာရုံကြောများအထိ ရိုက်ခတ်နိုင်မည့် အကြည့်တစ်မျိုးနှင့် စိုက်ကြည့်နေသည်။ တစ်ခေါက်ပြီးတစ်ခေါက် နက်ရှိုင်းစွာ ရိုက်ခတ်ခံရမှုကြောင့် ရှောင်ယန့်သည် အချိန်မရွေး ကျိုးကြေသွားနိုင်သည့် လှိုင်းပုတ်ဒဏ်ခံနေရသော ကျောင်ဆောင် တစ်ခုကဲ့သို့ပင်။
ရုတ်တရက် တစ်ဖက်လူက သူ့အား ကောက်ပွေ့လိုက်ကာ ချက်ချင်းပင် သူ၏အနက်ရှိုင်းဆုံးနေရာသို့ အားပြင်းပြင်းဖြင့် ဝင်ရောက်သွားခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ရှောင်ယန့်စိတ်သည်လည်း ဗလာကျင်းသွား၏။ ပုံမှန်ဆိုလျှင် ခပ်တည်တည်နှင့်နေတတ်သည့်သူက သူ့ပါးပြင်အား ညင်သာစွာ ပွတ်သပ်နေပြီး သူ့နဖူးအား လာနမ်းနေသည်ကိုသာ သူ တွေ့လိုက်ရသည်။
ထို့နောက် ရှောင်ယန်၏အတွေးများက နောက်ဆုံးတွင် မှောင်မည်းနေသည့်လိုဏ်ခေါင်းတစ်ခုမှနေ အလင်းရှိရာသို့ ပြေးနိုင်သွားသကဲ့သို့ပင်။
"ရှောင်ယန်။ ရှောင်ယန်။ နင်ဘာတွေဖြစ်နေတာလဲ ရှောင်ယန်"
ကေဆီ့အော်ဟစ်သံများ သူ့နားထဲတွင် ကြားလာသည့်အခါ ရှောင်ယန် တစ်ချက် အသက်ပြင်းပြင်းရှူသွင်းလိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားလေသည်။
အခန်းသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ အိပ်ရာတစ်ဖက်ခြမ်းကို ရှောင်ယန် အကြောင်သား ကြည့်လိုက်မိသည်။ ထိုနေရာတွင် ဘယ်သူမျှ ရှိမနေပါ။
ဟာနယ် ဘာတွန်ကရော ဘယ်ရောက်သွားတာလဲ။
ခုနက ဖြစ်သွားတာတွေက သူ့ရဲ့ နောက်ထပ် ထင်ယောင်ထင်မှားတစ်ခု ဖြစ်ရုံသက်သက်ပဲလား။
"နင် ဘာတွေဖြစ်နေတာလဲ။ ငါ့ကို ခြောက်ဖို့လုပ်နေတာလား။ နင် ဦးနှောက်သွေးကြောပျက်သွားတယ်လို့တောင် ငါ ထင်သွားတာ" ကေဆီ အလွန်အမင်း ဒေါသထွက်နေလေသည်။
"မဟုတ်ပါဘူး ငါ ဒီအတိုင်း... စဉ်းစားမိနေတာပါ"
ဘာတွေဖြစ်နေတာလဲ။ ငါ့မှာ ဘာလို့ ဟာနယ်နဲ့ပတ်သက်တဲ့ ထင်ယောင်ထင်မှားတွေ ရှိလာရပြန်တာလဲ။ ဟာနယ်က အခုချိန်မှာ ငါ့အပေါ် မသက်ရောက်နိုင်လောက်တော့ဘူး မဟုတ်လား။ သူသာ ငါ့ဦးနှောက်ကို ကျူးကျော်ခဲ့တယ်ဆိုရင်လည်း ငါ အခု ကေဆီနဲ့ ချိတ်ဆက်ထားတာလေ။ ကေဆီက စနစ်တွေထိန်းချုပ်တဲ့နေရာမှာ ဆရာတစ်ဆူပဲ။ ငါ့ဦးနှောက်သာ ကျူးကျော်ခံရရင် ကေဆီက သတိမထားမိဘဲ နေမလား။
"နင် ဘာတွေစဉ်းစားနေတာလဲ။ ဘာလဲ ပရော်ဖက်ဆာ မေဆွန့်အကြောင်းလား"
ရှောင်ယန် အတွေးများကို ရှင်းထုတ်လိုက်ပြီး စကားလွှဲလိုက်သည်။ "အမ်..ကေဆီ နင် ထာဝရ ရှင်သန်ခြင်း ဆိုတာကို ယုံလား"
"ထာဝရ ရှင်သန်ခြင်း ဆိုတာ လုံးဝမဖြစ်နိုင်ဘူး" ကေဆီသည် အသေအချာ ပြန်ဖြေလိုက်သည်။
"ရှိဖို့ မဖြစ်နိုင်တာလား ဒါမှမဟုတ် ရှိဖို့ ခွင့်မပြုထားတာလား"
"ရှိဖို့မဖြစ်နိုင်တာ ရှောင်ယန် စကြဝဠာကြီးမှာ သူ့သက်တမ်းဆိုတာ ရှိတယ်၊ စကြဝဠာကို ဘယ်အရာကများ ကျော်လွှားနိုင်လို့လဲ"
ရှောင်ယန် ပြုံးလိုက်သည်။ ဟာနယ် မေးခဲ့သည့်မေးခွန်းကို ကေဆီက အလွယ်လေး ဖြေလိုက်နိုင်သည်။
"ကေဆီ နင်က တကယ့်ကို ဉာဏ်ကြီးရှင်ပဲ"
"လိုင်းပေါ်မှာ ဒိတ်တာတွေ အဲဒီဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ သမိုင်းဟောင်းတွေ ဇာတ်ကားဟောင်းတွေ ရှာတဲ့နေရာမှာ အားစိုက်ထုတ်တာရဲ့ တစ်ဝက်လောက်ကို သုတေသနစာမေးပွဲတွေဆီ ထားလိုက်ရင် နင်လဲ ဉာဏ်ကြီးရှင်ဖြစ်သွားမယ်လို့ ငါ လောင်းရဲတယ်"
"ကေဆီ ငါတို့က အခု လိုင်းပေါ်ကနေ ဒိတ်နေကြတာလား"
"သွားသေဟေ့"
ဆက်သွယ်ရေး ပြတ်တောက်သွား၏။ ကေဆီကို စနောက်နေရာမှ ရွှင်မြူးနေသည့် သူ့စိတ်သည်လည်း ဝေခွဲမရကာ နားမလည်နိုင်သည့်အခြေအနေသို့ ပြောင်းလဲသွားလေသည်။
သူ ခြေထောက်နှစ်ချောင်းကြားသို့ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ထိုနေရာ စိုစွတ်နေသည်ကို တွေ့လိုက်ရသည်။
ခုနက ဟာနယ် ဘာတွန်က တကယ်ပဲ ဘယ်သူလဲ။
သူ့စိတ်ကူးသက်သက်သာဆိုရင် အထိအတွေ့တွေက ဘာလို့ တကယ်ကြီးဖြစ်နေသလိုမျိုး ကွင်းကွင်းကွက်ကွက် ခံစားမိနေရတာလဲ။ တစ်ယောက်ယောက်က စနစ်ကနေ သူ့ဦးနှောက်ကို ချိတ်ဆက်လိုက်ပြီး သူ့စိတ်ထဲတွင် မြင်ကွင်းတစ်ခုကို တည်ဆောက်လိုက်သလိုမျိုးပင်... တကယ်ဖြစ်နိုင်သည့်အရာ မဟုတ်သော်လည်း ဟာနယ်သာ သူ့ဦးနှောက်ထဲကို တကယ်ကျူးကျော်လာတာဆိုလျှင် ဒါက အတွေးနှင့်အာရုံလောကတွင် တကယ်ဖြစ်သွားသည့်အရာ မဟုတ်ပါလား။
ဘုရားရေ ရှောင်ယန် သေချာပေါက် မင်းဦးနှောက်မှာ တစ်ခုခုဖြစ်နေတာ ဖြစ်ရမယ်။ ဟာနယ် ဘာတွန်က မင်းဦးနှောက်ထဲကို ဘာကိစ္စဝင်လာရမှာလဲ။ သူ့လိုလူမျိုးမှာ တဏှာရာဂတွေ ရှိတယ်ဆိုတာက လုံးဝ လုံးဝကို မဖြစ်နိုင်ဘူး။ ပြီးတော့ ကေဆီ့ဦးနှောက်ကလည်း မင်းဦးနှောက်နဲ့ စနစ်တစ်ခုတည်းမှာ အတူရှိနေခဲ့တာလေ။ သုတေသနပညာရှင်တစ်ယောက်အနေနဲ့ ကြားဖြတ်သမားတွေကို ခုခံဖို့ ကေဆီ လေ့ကျင့်ရေးတွေ ဆင်းဖူးလောက်တယ်။ ဘယ်လိုလုပ် ဟာနယ်က ကေဆီသတိမထားမိအောင် လုပ်နိုင်ရတာလဲ။
...ဒါပေမဲ့လည်း... ဟာနယ်က တစ်ချိန်တုန်းက ဗဟိုသိပ္ပံအကယ်ဒမီရဲ့ ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်ခဲ့သေးတယ်လေ...
ဟာကွာ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ ငါ စိတ်ရောဂါကုကိုပဲ သွားပြရမလား ဦးနှောက်ဆရာဝန်ပဲ သွားပြရမလား။
စိတ်ရောဂါကုက သူ့ဦးနှောက်ထဲကို ဝင်လာပြီး ဒီထင်ယောင်ထင်မှားဖြစ်ရတာရဲ့ အကြောင်းရင်းကို လာရှာကြည့်မယ်လို့ တွေးလိုက်မိရင် ဘယ်လိုပဲ ဆရာဝန်-လူနာ နှုတ်လုံဖို့ ခံဝန်ကတိတွေ ရှိနေပါစေ တစ်ခြားသူတွေသာ သူ့စိတ်ထဲမှာ သူနဲ့ဟာနယ် ဘာတွန်နဲ့ ဟိုဒင်း ဟိုဟွာတွေ လုပ်နေကြသည်ကို သိသွားကြရင်... အဲဒါက တကယ့်ကို အိပ်မက်ဆိုးပဲ။ ပြီးတော့ အရင်က သူ လီလီ့ကို စိတ်ကူးယဉ်ခဲ့တာတွေ မာရာ့ဆွဲဆောင်မှုကြောင့် သူ့စိတ်ထဲမှာ ဖြစ်လာတဲ့ဟာတွေ ရှောင်ယန် မင်း တကယ်ပဲ အဲဒါတွေကို သူများတွေကို မြင်စေချင်တာ သေချာရဲ့လား
လုံးဝ လုံးဝ မရဘူး အဲဒီအစား ကုလို့မရတဲ့အထိပဲ အဖြစ်ခံလိုက်မယ်။
သူ ရေချိုးခန်းထဲကို ပြေးဝင်သွားလိုက်သည်။ နွေးထွေးသည့်ရေများ သူ့ခေါင်းမှနေတစ်ဆင့် တစ်ကိုယ်လုံးပေါ် ကျဆင်းသွားသည့်အချိန်တွင်တောင် သူ့စိတ်ထဲက အတွေးများက ရေနဲ့အတူ မျောပါမသွားကြပေ။
သူ ဘာလုပ်သင့်လဲ။ ဒီမဟုတ်မမှန် ထင်ယောင်ထင်မှားတွေ ရှိနေတာမျိုးကို ဘယ်လိုရပ်တန့်ပစ်ရမလဲ။
အဲဒီလူက အမြဲတမ်း လက်လှမ်းမမှီတဲ့ အမြင့်တစ်ခုကနေပဲ ရပ်ပြီး အားလုံးကို အေးတိအေးစက်နဲ့ ကြည့်တဲ့သူမျိုးကွ။ သူက မင်း စိတ်ကူးယဉ်လို့ရတဲ့သူမျိုး မဟုတ်ဘူး။
သူ့မျက်နှာက ဘယ်လောက်ပဲ ခြောက်ပြစ်ကင်း သဲလဲစင်နေပါစေ။ အန္တရာယ်တွေ ကြုံလာတဲ့အခါမှာ မင်း သူ့ကို ဘယ်လောက်ပဲ ယုံကြည်အားကိုးနေပါစေ။ မင်းနဲ့သူက... ဘယ်တော့မှ အဲဒီလိုမျိုး ဖြစ်လာမှာမဟုတ်ဘူး။
ကိုယ့်ဦးနှောက်ကိုယ် ထိန်းထားစမ်း ရှောင်ယန်။
မဟုတ်ရင် တစ်နေ့ကျ ကိုလိုနယ် ဘာတွန်ရဲ့ဓားက မင်းခေါင်းကို လာခုတ်လိမ့်မယ်။
သူ အခန်းထဲတွင် ဆက်နေ၍ မရတော့ပေ။ အပြင်ထွက် လမ်းလျှောက်ပြီး လုပ်စရာတစ်ခုခု ရှာလုပ်သင့်သည်။ သူသာ ဆက်အသက်ရှင်ချင်သေးတယ်ဆိုရင် ဒီရူးချင်စရာ ထင်ယောင်ထင်မှားတွေကို အတတ်နိုင်ဆုံး ရှင်းထုတ်ပစ်ရမည်။
ရှောင်ယန် အခန်းထဲမှထွက်ကာ ကော်ရစ်ဒါတွင် လမ်းလျှောက်နေခဲ့သည်။ နည်းပညာစစ်သားဝတ်စုံနှင့် အမျိုးသမီးတစ်ဦး သူ့ဆီ လျှောက်လာနေသည်။ သူမရဲ့ ရွှေရောင်ဆံပင်များကို ခေါင်းအနောက်တွင် သပ်သပ်ရပ်ရပ် ချည်နှောင်ထား၏။ သူမသည် ရှောင်ယန့်ဘေးကနေ ဖြတ်သွားသည့်အခါ သူ့အားခေါင်းငြိမ့်ပြလိုက်သည်။ ရှောင်ယန့်နှလုံးသား လွတ်ထွက်သွားသလိုပင်။
"လီလီ ခဏနေ ရေကူးကန်မှာ သွားနားကြရအောင်"
"အင်း အတူတူ သွားကြမယ်လေ"
ဘုရားရေ လီလီက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ။ အာ... အရင်တစ်ပတ်က ကျောင်းသားတစ်ဖွဲ့ကို အလုပ်သင် စစ်ဆေးရေးအနေနဲ့ ဒုကိုလိုနယ်ရေဗန်ရဲ့စခန်းဆီကို အလွှတ်ခံလိုက်ရတယ်။ လီလီကလည်း သူတို့ထဲကတစ်ယောက် ဖြစ်မယ်။
လီလီသည် သူ့အတန်းဖော်ဖြစ်ရုံတင်မကပါ။ သူ့အိပ်မက်ထဲက နတ်ဘုရားမလည်း ဖြစ်သည်။ သူ အကြိမ်ကြိမ်အခါခါ သေလုနီးပါး ဖြစ်ခဲ့သည့်အချိန်များတွင်ပင် သူ လီလီနှင့် မအိပ်ခဲ့ရသည်ကိုပဲ အကြီးအကျယ် နောင်တရမိခဲ့သည်။
ဒီဟာနယ်နဲ့ပတ်သက်တဲ့ ထင်ယောင်ထင်မှား အားလုံးက သူ့တံတွေးကို စားမိလိုက်လို့ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် သူ ချားလ်စ်ကို ပြန်ရောက်သွားရင် သူနဲ့ ဟာနယ်နဲ့ ဆုံမိဖို့အခွင့်အရေးက သုညမှ သုညပဲ။ ဘာမှစိုးရိမ်စရာ မလိုတော့ဘူး။
ရှောင်ယန် ချက်ချင်းပင် ရေကူးကန်သို့သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။ လှုပ်ရှားတက်ကြွပြီး မဖြစ်နိုင်သည့်စိတ်ကူးများနှင့် ရှောင်ယန် စခန်းထဲရှိ တစ်ခုတည်းသော အပူချိန်တစ်သမတ်တည်းထားထားသည့် ရေကူးကန်သို့ လာခဲ့သည်။ ဒီစခန်းတွင် ပြည်သူများမရှိသဖြင့် စစ်သားများနှင့် သုတေသနသမားများသာ ဒီမှာတာတန်ကျနေကြသည်။ သူတို့ကလည်း ခွင့်ရက်ရှိမှသာ ဒီကိုလာပြီး အပန်းဖြေနိုင်ကြသည်။
ရေကူးကန်သို့ ရှောင်ယန် ရောက်သွားသည့်အခါ လီလီနှင့် သူမသူငယ်ချင်းက ကန်ဘောင်တွင် လှဲကာ စကားပြောနေကြသည်ကို တွေ့လိုက်ရ၍ မနေနိုင် မထိုင်နိုင် စိတ်လှုပ်ရှားသွားလေသည်။ အခုချိန်က သူတို့နဲ့ သူနဲ့ နီးကပ်ဖို့ အကောင်းဆုံး အခွင့်အရေးပင် မဟုတ်ပါလား။
ရှောင်ယန်သည် ရေထဲသို့ တိတ်တိတ်လေး ဒိုင်ဗင်ထိုးဆင်းပြီး လီလီရှိရာသို့ ရေကူးသွားခဲ့သည်။
ကြည်လင်နေသည့်ရေထဲတွင် လီလီ၏ သေးသွယ်ပြီးဆက်ဆီကျနေသည့် ခြေထောက်များကို ဝိုးတဝါး မြင်လိုက်ရသည့်အခါ ရှောင်ယန်နှာခေါင်းမှ သွေးများထွက်တော့မလိုပင်။
ကြည့်လေ တွေ့တဲ့အတိုင်းပဲ ငါ့အကြိုက်ဆုံးက လီလီလိုမျိုး မိန်းမချောတစ်ယောက် ဖြစ်နေတုန်းပါ။
ရှောင်ယန်သည် သူ လီလီရှေ့သို့ ဘယ်လိုမျိုး ရောက်သွားရင်ကောင်းမလဲဆိုသည်ကို စဉ်းစားနေခဲ့သည်။ လီလီဘက်ခြမ်းကို မတော်တဆနဲ့ ရေကူးသွားချင်ယောင် ဆောင်လိုက်ရမလား ဒါမှမဟုတ်...
ရှောင်ယန် အတွေးနွံထဲနစ်နေတုန်းတွင် သူ့အရှေ့ကလူရိပ်တစ်ခုက သူ့ဆီသို့ အားနှင့်မာန်နှင့် ကူးခတ်လာနေသည်။
ရေများ သူ့ပခုံးသို့ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး ဘာမှမတုံ့ပြန်နိုင်သေးခင်တွင်ပင် သူ ရေအောက်ကြမ်းပြင်သို့ ကျလုနီးပါး ဖြစ်သွားသည်။
တစ်ဖက်လူက သူ့ဆီ အားပါပါနှင့် ကူးခတ်လာပြီး အဆိုးဆုံးမှာ သူ့ပါးစပ်က ဒဏ်အခံလိုက်ရဆုံးဖြစ်သည်။
သူ့နှုတ်ခမ်းများကို သွားများဖြင့်ကိုက်မိသွားသည်။ နာကျင်မှုက သူ ရေအောက်တွင်ရှိနေသည်ကိုပင် မေ့သွားစေသဖြင့် အော်ရန် ပါးစပ်ဟလိုက်သည့်အခါ အပြင်းအထန် ချောင်းဆိုးသွားပါလေတော့သည်။
နောက်တစ်ခဏတွင် ခွန်အားတစ်ခုက သူ့အား ဖိချလိုက်သည်။ သူ့မျက်နှာကို လက်ဝါးတစ်ခုက လာဖိလေရာ အားပြင်းသဖြင့် မျက်နှာရွဲ့သွားသလိုပင်။ ခေါင်းနောက်ခြမ်းကလည်း ကန်အောက်ခြေနှင့် ရိုက်မိသွားသည်။ မူးနောက်ကာ မျက်လုံးကို ဖွင့်တယ်ဆိုရုံလေး ဖွင့်လိုက်သည့်အခါမှ သူ့ဗိုက်အောက်ပိုင်းအား တစ်ဖက်လူ၏ဒူးက အန္တရာယ်ကြီးစွာ ဖိထားသည်ကို မြင်လိုက်ရသည်။
ရှောင်ယန့်မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ဘဝတွင် တစ်ခါမှ ဒီလောက် အဖြစ်မဆိုးဖူးချေ။
ရွှေရောင်ဆံပင်တွေက နေရောင်ခြည်များ ရေထဲသို့ ဖြာကျနေသကဲ့သို့ ကျော့ရှင်းကာ အရောင်လက်နေကြသည်။
တစ်ဖက်လူ၏မျက်လုံးများသည် ရေခဲဖုံးထားသည့် ပင်လယ်မျက်နှာပြင်တစ်ခုကဲ့သို့ ရှိနေသည်။ အထဲတွင် စွမ်းအားတစ်ခုက ရေခဲပြင်ကို ဖြတ်ဖောက်ပြီး ထွက်လာတော့မလိုလိုပင်။
ဟာနယ် ဘာတွန်။
ဘာလို့ ဒီလူ ရောက်လာပြန်တာလဲ။ ဒါက အိပ်မက်ဆိုးများလား။
မျှော်လင့်ထားသည့် နာကျင်မှု ရောက်မလာပါ။ ရေအောက်တွင် ရွဲ့စောင်းနေသည့်မျက်နှာက ရှောင်ယန်ဖြစ်နေသည်ကို သိလိုက်ရသည့်အခါ ဟာနယ် သူ့ဒူးကို မလိုက်သည်။ သူ့လက်ချောင်းများက ရှောင်ယန့်ဆံပင်ထဲ တိုးဝင်သွားပြီးနောက် သူ့အား ရေထဲမှ မ၍ထုတ်လိုက်သည်။
"အဟွတ်... အဟွတ်… အဟွတ်..."
ရှောင်ယန့်နှာခေါင်းတွင် ရေအပြည့်ပင်။ ချောင်းဆိုးသွားသည့်အခါ အဆုတ်ပင် အပြင်သို့ ခုန်ထွက်လာသလိုပင်။
သူ ဟာနယ့်မျက်လုံးအကြည့်ကို မှတ်မိနေသည်။ ထိုအကြည့်သည် ဇွန်ဘီများကိုသတ်သည့်အခါ ကြည့်သည့်အကြည့်နှင့် အတူတူပင်။
ဟာနယ် သူ့ဆံပင်များကို နောက်လှန်ချလိုက်သည့်အခါ ကျော့ရှင်းနေသည့် သူ့နဖူးပြင် ပေါ်လွင်သွားသည်။ သို့သော် သူ့တည်ငြိမ်မှုသည် မုန်တိုင်းမလာခင် လေငြိမ်သွားသကဲ့သို့ပင်။
လီလီနှင့် သူမသူငယ်ချင်းက ဒီဘက်ကို ကြည့်လာကြသည်။ ရှောင်ယန်သည် ယခုအချိန်တွင် အလွန်ပင် ပုံပန်းပျက်နေသည်။ သို့သော် သူ ပုံပျက်ပန်းပျက်ဖြစ်နေသည်ကို ဂရုစိုက်ရမည့် အချိန်မဟုတ်ပေ။
"ဒီတစ်ခေါက် ခင်ဗျား ကျွန်တော့်ကို ဝင်တိုက်တာနော်..."
ရှောင်ယန် တံတွေးမျိုမိသွားသည်။ သူ့တွင် ရန်ဖြစ်ရန် သတ္တိမရှိပေ။
ဟာနယ် နောက်ပြန်လှည့်ပြီး ရေကူးကန်တခြားဘက်ကို ကူးခတ်သွားရာ သူရွေ့သွားတိုင်း ရေများက သူ့ဆီ ရိုက်ခတ်သွားကြသည်။ သူ့ပခုံးများက နိမ့်ချည် မြင့်ချည်ဖြစ်နေသည်က ရေကူးကန်တစ်ဖက်မှာရှိနေသည့် အမျိုးသမီးနှစ်ယောက်၏အမြင်အာရုံကို ညှို့ယူသွားလေသည်။
"အဲဒါ ဘယ်သူလဲ" လီလီသည် ဟာနယ့်ကျောပြင်အား ကြည့်နေဆဲပင်။
"အဲဒါက... အထူးတပ်ဖွဲ့က ဟာနယ် ဘာတွန် ဖြစ်မယ်ထင်တယ် ငါလဲ သေချာမသိဘူး"
ဟာနယ်သည် လူမရှိသည့် ရေကူးကန်တစ်ဖက်ခြမ်းကို ကူးခတ်သွားသည်။ သူ့ပိုင်နက်သို့ ဘယ်သူမှ ကျူးကျော်မလာရန် ထပ်ပြင်ဆင်နေသကဲ့သို့ပင်။
ရှောင်ယန် လက်ကို နဖူးပေါ်တင်လိုက်သည်။ ဒီလိုမျိုး ဟာနယ်က ဒရာမာဆန်ဆန် ပေါ်လာပြီးမှတော့ အခု သူက ဟာနယ့်အတွက် နောက်ခံပိတ်ကားသာ ဖြစ်သွားတော့မည်...
လီလီ သူ့ကို သတိထားမိစရာအကြောင်း မရှိတော့ပါ။ ရှောင်ယန် သူ့ကံတရားကို လက်ခံလိုက်ပြီး ရေကန်မှနေ ထွက်သွားလိုက်သည်။ ဟာနယ် ဘာတွန်နှင့် တစ်ရေထဲတွင် အတူနေရဲလောက်သည့်အထိ သူ့တွင် သတ္တိမရှိပါ။ ထို့ကြောင့် ရေချိုးခန်းသို့ အမြန်ပြေးထွက်သွားလိုက်သည်။
ဟာနယ် သူ့ကို နမ်းသည့်ပုံရိပ်က ရှောင်ယန့်စိတ်တွင် ပြန်မြင်ယောင်လာသည့်အခါ သူ့အသက်ရှူသံများ ရပ်တန့်သွားသည်။
ထိုလူ၏ခန္ဓာကိုယ်ကို ဒီတစ်ခါမှ ပထမဆုံးအနေဖြင့် ရှောင်ယန် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သေလောက်အောင် ဆက်ဆီကျသည်...
ထိုခန္ဓာကိုယ်က တစ်ခါက သူ့အပေါ် ဖိကပ်ကာ လုပ်ချင်ရာ လုပ်သွားခဲ့သေးသည်... သူ့စိတ်ကူးထဲက အတွေးဆိုပေမဲ့လည်းလို့ပေါ့။
ခပ်သွက်သွက် ရေချိုးပြီး ရှောင်ယန် ခလုတ်ကို နှိပ်ချလိုက်သည်။ သို့သော် တံခါးသည် ပွင့်မလာခဲ့ပေ။
ထပ်နှိပ်သော်လည်း ဘာမှ အကြောင်းမထူးပေ။
ဘာတွေဖြစ်နေတာလဲ သူ ဒီလောက်ထိတော့ ကံမဆိုးလောက်ဘူးမို့လား။
သူ လက်ကောက်ဝတ်ကိုမြှောက်ပြီး ဆက်သွယ်ရေးစက်ကို အသုံးပြုကာ စီမံရေးစင်တာကို ဆက်သွယ်ရန် ကြိုးစားပါသော်လည်း ရလာသည့် အဖြေမှာ " ကုဒ် နှိပ်၍မရပါ" တဲ့။
ထိုအခါကျမှ သူတို့ ရေအောက်ထဲသို့ရောက်သွားသည့်အချိန်တွင် ဟာနယ် သူ့လက်ကောက်ဝတ်ကို ဆွဲချလိုက်သည်ကို သူပြန်မှတ်မိသွားသည်။ ဟာနယ့်ဆွဲအားက ပြင်းလွန်းလို့ ဆက်သွယ်ရေးစက်တောင် အက်ကွဲသွားသည် ...
"အပြင်မှာ တစ်ယောက်ယောက် ရှိနေလား။ ရှိရင် ကျွန်တော့်ကို စီမံရေးစင်တာဆီ အကြောင်းလေး ကြားပေးလို့ရမလား။ ခလုတ်က ပျက်နေလို့ တံခါးဖွင့်လို့ မရတော့လို့ပါ"
ရှောင်ယန် တံခါးကို ဆောင့်ကန်ချလိုက်သော်လည်း တံခါးက တုပ်တုပ်တောင် မလှုပ်ပေ။
သောက် စခန်း ၁၄။ ချားလ်စ်မှာဆိုရင် ရေချိုးခန်းတံခါးတွေအကုန်လုံးက ဆင်ဆာနဲ့ အလုပ်လုပ်တာ။ ဒီဟောင်းနွမ်းစုတ်ပြတ်နေတဲ့နေရာမျိုးမှာပဲ ခလုတ်နှိပ်တံခါးမျိုး သုံးကြတုန်း။
"တစ်ဆိတ်လောက်၊ အပြင်မှာ တစ်ယောက်ယောက် ရှိလားဗျ"
ရှောင်ယန် သက်ပြင်းပဲ ချနိုင်တော့သည်။ ဘယ်လိုလုပ် အပြင်မှာ တစ်ယောက်ယောက် ရှိနိုင်ရမှာလဲ။ ရေကူးကန်တစ်ခုလုံးမှာ ယောကျာ်းဆိုလို့ သူရယ် ဟာနယ်ရယ် နှစ်ယောက်သာ ရှိနေသည်။
ထိုအချိန်တွင် တံခါးသည် ဘန်းခနဲမြည်ကာ ပွင့်ထွက်သွားလေသည်။ ရေချိုးခန်းတစ်ခုလုံးတောင် တုန်လှုပ်သွားသလိုပင်။
ရှောင်ယန် ကြောင်သွားသည်။ သူ့အရှေ့တွင် ရပ်နေသည့်သူက တခြားသူ မဟုတ်ဘဲ ဟာနယ်ဘာတွန် ဖြစ်နေလေသည်။
ရေစက်များသည် သူ့ဆံပင်မှနေ ပခုံးပေါ်သို့ ကျနေပြီး ခန္ဓာကိုယ်ကောက်ကြောင်းတစ်လျှောက် မြေကြီးပေါ်သို့ စီးကျသွားလေသည်။ သူသည် ရေကူးဘောင်းဘီတစ်ခုကိုသာ ဝတ်ထားသည်။ သူ့ကြွက်သားများမှာ ကောင်းမွန်စွာလေ့ကျင့်ထားပြီး ခွန်အားအပြည့်ပင်။ မာ့ခ်၏ ကြွက်
သားများကဲ့သို့ ထွားထွားကျိုင်းကျိုင်းမျိုးလည်း မဟုတ်ပေ။ ထိုကြွက်သားများမှာ ဂျင်မ်တွင် လေ့ကျင့်ထားသည်မျိုး မဟုတ်ဘဲ အခေါက်ပေါင်းများစွာ သတ်ဖြတ်မှုများမှ ပေါ်ထွက်လာသည့်ကြွက်သားမျိုး ဖြစ်သည်။